Extra-10

6.9K 869 40
                                    

(zawgyi)
ဝိုင့်ရဲ့ရှေ့မှာမြင်တွေ့နေရသည့် အရာတွေသည်
ရုတ်ချည်း တစ်လက်လက်လင်းလက်လာကာ အခန်းတစ်ခုလုံး လင်းထိန်သွားခဲ့သည်။ဝိုင် မျက်လုံးတွေ ကျိန်းစပ်နေသည့်ကြားက မနည်းအားယူပြီး မရမက ဖွင့်ကြည့်လိုက်မိသည်။ဝိုင့်အကြည့်တို့ကြောင့်ထင် အခန်းထဲကအလင်းတွေဟာ မှေးမှိန်
သွားခဲ့သည်။

ဝိုင် သေသေချာချာကြည့်လိုက်တော့
အရှိန်အဝါတွေတောက်ပကာနှင့် သူ့ကိုရပ်ကြည့်နေကြသည့် ဝိဉာဉ်မလေးနှင့်ဝိဉာဉ်ကလေးလေးကို
တွေ့လိုက်ရသည်။အပြုံးတွေတောက်တောက်ပပနှင့် ဝိုင့်ကို နှစိယောက်သား လက်ပြနေကြသည်။ဝိုင် မျက်ရည်တွေနဲ့ ပြုံးပြီးနှုတ်ဆက်လိုက်မိသလားပဲ။

အဖြူရောင်ပုံရိပ်လေးတွေဟာ အမှုန်လေးတွေအဖြစ်ကွဲထွက်သွားသည့်အခါ ဝိုင့်ရှေ့မှာရှိနေသည့် အရာတွေဟာ ပျောက်ကွယ်သွားခဲ့တော့သည်။

ကောင်းရာမွန်ရာ ရောက်ပါစေ...
ဝိုင် ဆုတော့တောင်းပေးလိုက်ဖြစ်သည်ပဲ။
ဝိုင့် မျက်ဝန်းတွေစိုစွတ်ကာ နိုးထလာခဲ့တော့ ခေါင်းတွေတစ်ခုလုံး အုံခဲနေခဲ့သည်။ရောက်နေသည့်နေရာကို ဘယ်နေရာလည်း သိဖို့ကြိုးစားလိုက်တော့
လက်မှာပိုက်တန်းလန်းဖြစ်နေသည်ကို တွေ့လိုက်ရသည်။
မဟုတ်ဘူးလေ ဝိုင် ကိုတိမ်လွှာ့အိမ်ကြီးမှာရှိနေတာမဟုတ်လား...

" ဝိုင် သတိရလာပြီလား..."
သော်က ဝိုင်သတိရလာကာ ကုတင်ပေါ်ကနေကုန်းရုန်းထနေသည်ကိုတွေ့တော့ ဝိုင့်အနား အပြေးရောက်လာခဲ့သည်။

" ငါ ဘယ်ရောက်နေတာလဲ..."

" မင်း အခန်းရှေ့မှာမေ့လဲနေတာတွေ့လို့ ဟိုရဲက ခေါ်လာပေးတာ...မင်းကိုပွေ့ချီပြီး ဒီဆေးရုံကိုရောက်လာတော့ ကိုယ့်မှာစိုးရိမ်လိုက်ရတာကွာ ဒါကြောင့် မသွားပါနဲ့လို့ ကိုယ်မပြောဘူးလား ဘာမှလုပ်မရ
ဆေးရုံမှာရှိနေတဲ့သူက မင်းနောက်ဘယ်လိုလိုက်ပေးနိုင်မလဲ...မင်းကိုဘယ်လိုကာကွယ်ပေးနိုင်မှာလဲ
ကိုယ့်စကားဆို ဘယ်တော့မှ နားမထောင်ဘူး မင်းလုပ်ချင်တာကိုပဲ မင်းလုပ်တယ်...မင်းတစ်ခုခုဖြစ်ရင်ကိုယ်ပဲရင်ကျိုးရမှာ...အဲ့ဒါကိုသိရဲ့လား.."
သော်တရစပ် ဝိုင့်ကိုဆူလိုက်သော်လဲ ဝိုင်ကဘာမှပြန်မပြော။ဆေးရုံအပြင်ပြတင်းပေါက်ဘက်သို့သာ ဝမ်းနည်းနေသည့် မျက်ဝန်းတွေနှင့်ကြည့်နေခဲ့သည်။နောက် မျက်ရည်တွေကစီးကျလာပြန်သည်။

I Can Hear Your Voice (Completed)Where stories live. Discover now