အခန်း (၇)/အခနျး (၇)

9.5K 1.2K 23
                                    

Zawgyi~

အခန်း (၇)

"တော်လိုက်တော့ အားထင်း... မင်း ဒီည ငါ့ကို မနိုင်နိုင်ဘူး..." ယန်မော့ဖေး သည် ကြင်နာစွာဖြင့်သူ့ကိုပြောလာသည်။ ဒီလိုရူးမိုက်သည့်အရာတစ်ခုအတွက် ဘယ်အားထုတ်မှုမျိုးကိုမှ သူ့ကိုအလဟဿ မဖြုန်းလိုက်စေချင်။

ဟန်လော့ထင်းသည်လည်း မိုက်မဲတတ်သူတစ်ယောက်မဟုတ်။ ဒုတိယအကြိမ်မြောက်ထပ်မံလှဲချခံရပြီးနောက်တွင်တော့ သူ့ဒေါသသည်လည်း အဝေးသို့ လွှင့်စင်သွားရတော့သည်။

သူ့ဦးနှောက်ထဲတွင် မေးခွန်း ထောင်ပေါင်းများစွာ ရှိနေသည်။ တုလင်းလန် ၏တာဝန်ချိန်သည် သူနှင့်တူလေ့မရှိသည့်အတွက် သူမနှင့် အများဆုံးအတူရှိနေတတ်သူမှာ ယန်မော့ဖေးဖြစ်သည်ကြောင့် ယန်မော့ဖေးကို သူမေးစရာတွေရှိသည်။

"မော့ဖေး... လင်းလန်နဲ့ နီးနီးစပ်စပ်ရှိတတ်တာ ဘယ်သူလဲ မင်းသိလား? ..."

"မင်းဘာလို့ ဒါကိုမေးလဲ? ..." ဒီလိုမျိုးမေးခွန်းသည် မဟုတ်တန်းတရား အတင်းအဖျင်းတွေကိုပြောတတ်သည့် မိန်းမတစ်ယောက်ထံမှ မေးခွန်းနှင့်အလားသဏ္ဍာန်တူပြီး ဒါသည် ဟန်လော့ထင်းပါးစပ်မှ ထွက်လာတာဖြစ်သည်။ ဒါသည် သူ့ကို အနည်းငယ်မျှ အံ့အားသင့်စေသည်... သို့သော်... ဒါကို သူမျှော်လင့်ထားပြီးသားလည်းဖြစ်သည်။ ဒီအကြောင်းအရာကို ဟန်လော့ထင်း ဘယ်တော့မေးလာမလဲဆိုတာကိုသာ တွေးနေခဲ့တာဖြစ်သည်။

"ဘာလို့လဲဆိုတော့ ငါတွေ့ခဲ့တယ် သူ့ရဲ့..." နောက်ထပ်စကားသည် တုလင်းလန် တခြားသူကို မသိစေချင်လောက်မည့် အကြောင်းအရာဖြစ်သည်ကို သတိရမိလိုက်သည်နှင့် ဟန်လော့ထင်း သူ့ပါးစပ်ကို ပိတ်ထားလိုက်တော့သည်။ "အဖြေကဘာလဲဆိုတာကို မင်းငါ့ကို ပြောပြရင် ရပြီ..."

ယန်မော့ဖေးသည် သူ့နံဘေးတွင်ထိုင်နေရင်း အကဲခတ်နေသည်။ အတန်ကြာ ဆိတ်ဆိတ်နေပြီးသည့်နောက်တွင်တော့ ဖြေးဖြေးချင်း မေးခွန်းထုတ်လိုက်သည်။ "ငါ အချိန်အကြာကြီး သိချင်နေခဲ့တာတစ်ခုရှိတယ်... မမလေး၅ က မင်းအတွက်ဘာလဲ? ..."

"မမလေး ၅ က ငါ့အတွက် အရေးပါဆုံးလူပဲ... သူ့ကြောင့်သာမဟုတ်ရင် ငါ အခုထိ အဲ့ဒီ ညစ်ပတ်နေတဲ့ လမ်းတွေမှာရှိနေပြီး... မဟုတ်တာမှန်သမျှ လုပ်နေဦးမှာ... ငါတတ်နိုင်သမျှ အရာရာကိုသုံးပြီး သူ့ကို ကာကွယ်ဖို့ တွေးထားတယ်..." ဒီအချက်ကိုတော့ သံသယ ၀င်စရာပင်မလို...

Who Allowed you to Get on the Bed? |Completed|Where stories live. Discover now