ဦးချစ်​သည်း 21

385 29 18
                                    

"ဒီအချိန်​​ရောက်​မှ​တော့ မပြန်​ပါနဲ့​တော့ဆရာ..အပိုအ​ဖော်
တစ်​​ယောက်​​လောက်​ထည့်​​ပေးဖို့လည်း တစ်​​ယောက်​မှ
မရှိ​တော့ဘူး...အကုန်​ပြန်​သွားကြပြီ"

"သား​လေးအ​မေကို စိတ်​မပူလို့​ပြော​နေတာမဟုတ်​ပါဘူး
ဟိုကိုချက်​ချင်းပြန်​​ရောက်​မှာမှ မဟုတ်​တာ...."

"မဟုတ်​ဘူး Kim.. Yoona ကိုစိတ်​ပူတာသက်​သက်​ပဲ
မဟုတ်​ဘူး..."

"hannie ကိုဒီမှာဆက်​​နေခိုင်းလို့ အဆင်​​မ​ပြေတာ
လေကြီးမိုးကြီးပြန်​မ​ရ​တော့မှ ကျွန်း​ပေါ်မှာမုန်​တိုင်းမိပြီး
ဒုက္ခ​ရောက်​သွားမယ်​...ကျုပ်​ကဘာဖြစ်​ဖြစ်​ကိစ္စမရှိဘူး..."

"hannie က​တော့ ဒီကျွန်း​ပေါ်မှာ မုန်​တိုင်းမိသွားလို့
လုံးဝမဖြစ်​ဘူး...Yoona တို့အရမ်းစိုးရိမ်​​ကြလိမ့်​မယ်​"

"ကျွန်း​ပေါ်မှာ မုန်​တိုင်းမိသွားလည်း ဘာစိုးရိမ်​စရာရှိလို့လဲ
ဆရာရယ်​...ကျွန်းမြုပ်​ရ​လောက်​​အောင်​​တော့ ​ရေမကြီးပါဘူး
ကြီးလည်း ကျွန်​​တော်​တို့ Hotel ကကုန်းမြင့်​မှာ
ရေဘယ်​​လောက်​တက်​တက်​ အ​ပေါ်ထိမ​ရောက်​ပါဘူး
လေတိုက်​ရင်​လည်း အလုပ်​သမားတန်းလျားထဲဆင်း​နေရင်
တောင်​ ​တောင်​နှစ်​လုံးကြားထဲ​ရောက်​သွား​တော့ အဆင်​​ပြေ
တယ်​..​လေကွယ်​ပြီးသားပဲ..."

"အလွန်​ဆုံး​လေပြင်းလို့ ဟိုဘက်​ကမ်းကူးမရတာ​လောက်​ဘဲ
ဒုက္ခဖြစ်​မယ်​...ဒါလည်းကျွန်​​တော်​တို့ဆီမှာ ရိက္ခာအစုံအလင်
ရှိပြီးသား ပြီး​တော့ မုန်​တိုင်းသတိ​ပေးထားလို့သာ ကြိုတင်
ပြင်​ဆင်​ထားတာ Jeju မှာဘယ်​တုန်းကများ မုန်​တိုင်း
ကြီးကြီးမားမားတိုက်​ဖူးလို့လဲ..."

hannie ကို​သေချာနားချပြီး သူငယ်​ချင်း​တွေနဲ့အတူ
ပြန်​ခိုင်းသင့်​ပါလျက်​ hannie သ​ဘောအတိုင်း​နေခဲ့မယ်
ဆိုတာကို ခွင့်​ပြုခဲ့မိသည့်​က သူ့အပြစ်​မို့မ​ပြောသာ။

သူ​ဋ္ဌေးက သူ့ကိုအပြစ်​မတင်​​ပေမယ့်​ ကိုယ့်​ကိုယ်​ကို
အပြစ်​ရှိသလို ခံစားမိ၏ ခု​တော့ သူ hannie ကို
အလိုလိုက်​မိတဲ့အဖြစ်​​ကြောင့်​ ​နေလည်းသိပ်​မ​ကောင်း​သေးဘဲ ဆရာခရီးထွက်​ရ​တော့မည်​။

ဉ်ီးချစ်​သည်းWhere stories live. Discover now