အခန်း (၉)/အခနျး (၉)

9.5K 1.2K 17
                                    

Zawgyi~

အခန်း (၉)

တုလင်းလန် စကားမပြောပေ။ သူမ စောင့်နေသည်၊ ဟန်လော့ထင်း သူမကို ပို၍နာကြင်စေမည့် စကားတွေပြောလာမှာကို သူမ စောင့်၍နေသည်။

လုံဟူကို ကူဖို့ သူမ ရွေးချယ်ခဲ့မှတော့ တူညီသည့် တန်ဖိုးကို သူမ ပေးဆပ်ရပေလိမ့်မည်၊ ဒါဟာ သူ့အပေါ်ချစ်မိသွားခဲ့သည်နှင့် အလားသဏ္ဍာန်တူသည့် တန်ဖိုးပင်၊ အသည်းကွဲပြီးနာကြင်ရသလိုမျိုးနှင့် တူညီလှသည့် တန်ဖိုးတစ်ခုကိုပေါ့။

"မနေ့ကတော့ ဘယ်ကမှန်းမသိတဲ့ကောင်အတွက်နဲ့... ဒီနေ့ကျတော့ မမလေး၅ အတွက်၊ ကိုယ့်စကားကို နားမထောင်ပဲ အမြဲစောဒက တက်နေရအောင် မင်းက ဘာလဲ? ..." နတ်ဆိုးတစ်ကောင်လိုမျိုး သူ့ရဲ့အသက်ရှူသံက သူမရှေ့မှာ ပေါ်ထွက်လို့လာသည်။

သူ၏ သွယ်လျလှတဲ့လက်ငါးချောင်းသည် ကမ္ဘာ့အသန်မာဆုံး ထောင်၏ချိန်းကြိုးတွေလိုမျိုး သူမရဲ့ အောက်မေးဖျားကို နှောင်ဖွဲ့လာကာ သူ၏ ဒေါသထွက်နေသည့် မှင်နက်ရောင် မျက်ဝန်းတွေကို ရင်ဆိုင်စေနေသည့်အတွက် သူမ မျက်လုံးတွေကို ပိတ်ချဖို့စေခိုင်းနေသလိုပင်။ သူ၏ ဒေါသမီးတောက်တွေ သူမ မှာ ဘာမှမကျန်တော့အောင် လောင်မြိုက်ပစ်လိုက်မည့်အထိကို မတတ်သာစွာခွင့်ပြုဖို့ရာသာ သူမ တတ်နိုင်တော့သည်။ 

ဒီလိုမျိုးဖြစ်နေသည့် သူ... ကြောက်ရွံ့စိတ်ကို သူမ လည်းခံစားမိနေသော်ငြား သူမ ချစ်နေမိသူဟာ ဘယ်လိုလူမျိုးလည်းဆိုတာကို သူမ ပြတ်သားစွာ သိနှင့်ပြီးခဲ့ပြီမို့ သူမ၏ မျက်ဝန်းတွေကို ပိတ်ကာမထားလေတော့ပဲ သူ၏ မှင်နက်ရောင်မျက်ဝန်းတွေကို သတ္တိရှိစွာပင် ရင်ဆိုင်လိုက်တော့သည်။

သူ့မျက်လုံးတွေကို သူမ စေ့စေ့မကြည့်ရဲခဲ့တာ ဘယ်နှနှစ်တောင်ကြာသွားခဲ့ပြီလဲ? သူ့ကို ချစ်မိသွားပြီဆိုတာ သူမကိုယ်သူမ ရုတ်တရတ်နားလည်သွားခဲ့တဲ့ ထိုနေ့တစ်နေ့က စခဲ့တာဖြစ်ကောင်းဖြစ်လိမ့်မည်...

သူမ မျက်လုံးတွေထဲက သူမခံစားချက်တွေကို သူဖတ်၍ ရသွားခဲ့မှာကို သူမ စိုးရွံ့ခဲ့ရသည့်အတွက် ခေါင်းကိုအမြဲငုံ့ထားပြီး ဦးထိပ်နှင့်သာ သူ့ကို အရိုအသေပေးနေဖို့ သူမ ရွေးချယ်ခဲ့တာဖြစ်သည်။

Who Allowed you to Get on the Bed? |Completed|Where stories live. Discover now