အခန်း (၁၀)/အခနျး (၁၀)

9.9K 1.2K 36
                                    

Zawgyi~

အခန်း (၁၀)

"ဘေးဖယ်လိုက်... ငါ့ကို အတင်းအကြပ်မလုပ်မိစေနဲ့..."
တုလင်းလန် ဆက်တောင့်မထားနိုင်မှန်း ခံစားမိသည်နှင့် ယန်မော့ဖေး မျက်မှောင်သာကျုံ့ထားလိုက်ရင်း စိတ်မရှည်စွာ အမိန့်ပေးသည်...
"အားထင်း... မင်းကို ငါ အထင်သေးအောင် မလုပ်မိစေနဲ့ကွာ..."

ကြားလိုက်ရသည့် ဟန်လော့ထင်းကတော့ ပြင်းထန်စွာပင် ရှော့ခ်ရသွားသည်။ တုလင်းလန်ပေါ် သူ့အကြည့်တွေကတော့ ပြိုလဲတော့လုမတတ်ပင်...

ထိုတခဏတွင် တုလင်းလန်သည် ယန်မော့ဖေးကို တစ်ကိုယ်လုံးမှီထားခဲ့တာဖြစ်ပြီး သူ့ရှေ့တွင် ပြသနေကျ သူမ၏ အစွမ်းအစရှိသည့် ဟန်ပန်တို့ကို ပြသ၍မနေ။ ဘာကြောင့်များ ဒီလိုမျိုး အားနည်းသည့် ဟန်ပန်ကို သူ့ရှေ့တွင်ကျ သူမ မပြသတော့ပါသလဲ? သူ သူမ ကို ဘာများ လုပ်မိထားပါသလဲ?

ခပ်ပြင်းပြင်း ရိုက်ချက်တစ်ခုကို ခံလိုက်ရသည်နှင့်အတူ အပြစ်တင်နေသည့် သူ့ညီငယ်ကို ကြည့်ဖို့ သတ္တိအနည်းငယ်သာ သူ့တွင်ရှိတော့သည်။

လုံဟူသည်လည်း သူ့ကို စိုးရိမ်စွာကြည့်လို့နေသည်။ သူမ မှတ်မိသလောက်ကတော့ ဟန်လော့ထင်းသည် သူမကို အစောင့်အကြပ်ဝိဥာဉ်တစ်ခုလို ကျောက်စိုင်ကျောက်သားပမာ တည်ကြည်စွာ ရပ်တည်ရင်း ကာကွယ်ပေးခဲ့သည်ပင်။ ယခု သူမ မြင်နေရသည့် သူ၏ ပုံစံက လေလွင့်ဝိဥာဉ်များပေလား?

သို့သော်ငြား တုလင်းလန်၏ ၀မ်းနည်းသည့် ပုံရိပ်ကို တွေးမိလိုက်သည်နှင့် သူမ ရင်ထဲက အတွေးတို့က လွင့်ပျံသွားရတော့သည်... ဒါကြောင့်ပင် သူမ နှာခေါင်းရှုံ့လိုက်ရင်း လှည့်ကာထွက်သွားလိုက်ကာ အရူးအကြီးစားအား လျစ်လျုရှုလိုက်တော့သည်။

ဟန်လော့ထင်းသည် မှန်လုံအိမ်ထဲတွင် ကျောက်ဖြစ်ရုပ်ကြွင်း ရုပ်ထုကဲ့သို့ မတ်တပ်ရပ်ကာ ကျန်နေခဲ့တော့သည်။

စောစောတုန်းက တုလင်းလန်ကို ညှပ်ကိုင်ထားလိုက်မိသည့် လက်ကိုသာ သူ မတုန်မလှုပ် စိုက်ကြည့်နေမိသည်။ သူ့၏ တတ်နိုင်စွမ်းအပေါ် ပထမဆုံးအကြိမ် သူ မုန်းတီးသွားမိတာဖြစ်ပြီး... တစ်ဖက်တွင်လည်း ဒါသည် သူ့ကိုယ်ပိုင် ခံစားချက်အပေါ်တွင် ပထမဆုံးအကြိမ် အဖြစ် ရုတ်ချည်းဆိုသလို သဘောပေါက်မိသွားခြင်းဖြစ်သည်။ တုလင်းလန်အပေါ် ထားသည့် သူ၏ ခံစားချက်တွေသည် "အကို" တစ်ယောက်၏ "ညီမလေး" တစ်ယောက်အပေါ်ထားသည့် ခံစားချက်သက်သက်ပင် ဟုတ်၍မနေချေ။

Who Allowed you to Get on the Bed? |Completed|Where stories live. Discover now