K(5)
အိပ်ပျော်နေတဲ့ ငယ်လေး အနားကို အသာသွားလို့ ကုတင်ဘေးမှာ အသာလေး ဝင်ထိုင်လိုက်သည်
တစ်ကယ်ပါ အိပ်ပျော် နေတာတောင် ကယ်လေးက ချစ်ဖို့ ကောင်းလွန်းတယ်
နဖူးလေးကို အသာနမ်းတော့ အအိပ်ဆတ် တဲ့ ငယ်လေးက အထိအတွေ့ကို ခံစားမိလို့ထင် လူးလွန့်လာသည်
မျက်လုံးတွေ ပွင့်လာပြီး မိမိကို မြင်တော့ ချက်ချင်း မျက်လုံး ပြန်ပိတ်ကာ တခြားဘက်ကို လှည့်ပြီး ကျောခိုင်းသွားသည်
ဒီ အဆိုးအဆာလေး သူ့ကို တစ်ကယ် ကောက်နေတာပဲ....
"ငယ်လေး..... ငယ်လေးလို့..... "
တစ်ခွန်း ခေါ်တယ် မထူး.. နှစ်ခွန်း ခေါ်တယ် မထူးသေး....
မရတော့... နောက်ဆုံးနည်း သုံးမှပဲ ရတော့မယ်..
သူလေး အိပ်နေတဲ့ ကျောဘက်ကနေ အသာ ဝင်လှဲလို့ ...
ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲ ဆွဲသွင်းရင်း ဖက်ထားလိုက်သည်
လှိမ့်လိုက်တာမို့ ဝတ်ရုံက လျှောသွားတာကြောင့် ပေါ်လာတဲ့ ဂုတ်ပိုး နေရာလေးကို အသာ ဖွဖွနမ်းလိုက်သည်
ကြာလာတော့ မနေတတ်တဲ့ ကလေးလေးက လှုပ်လာပြီး သူ့ဘက်ကို လှည့်ကာ မကျေမနပ်နဲ့ ကြည့်နေသည်
သဘောက အိပ်နေတာ မမြင်ဘူးလား ဆိုတဲ့သဘော
သဘောကျစွာ ရယ်မိရင်း ကလေးရဲ့ ဂုတ်ပိုးလေးကို ပိုတိုးလို့ မးနမ်းလိုက်ပြီး အမှတ်အသားလေးတွေ ထင်လာအောင် လုပ်လိုက်သည်
ကလေးရဲ့ အားနည်းချက် ဖြစ်တဲ့ နားသည်စပ် လေးကို ဆွဲငုံလိုက်တော့ ထွက်လာတဲ့ ငြီးသံ ပိစိလေး...
"အ... ! "
"အရှင်.... ဘယ်လို ဖြစ်နေတာလဲ ဒီမှာ အိပ်နေတာကို.. "
စကားပြန်ပြောဖော်တော့ ရလာပြီ....
ဒါပေမယ့် စိတ်ဆိုးနေတုံး ဆိုတာ စိသာစွာပင် အသံက စွာနေတုံး
"ငယ်လေးက ကိုကို့ကိုမှ စကား ပြန်မပြောတာ အဲ့တော့ ကိုကိုလည်း မရရတဲ့ နည်းကို သုံးရတော့တာပေါ့"
"ဘယ်မှာ စိတ်ဆိုးလို့လဲ ပြည့်ရှင်မင်းကို စိတ်ဆိုးရအောင် အထိ ကျွန်တော်မျိုး သတ္တိ မရှိသေးပါဘူး"
BẠN ĐANG ĐỌC
ခိုလှုံရာ...... သူ (နှလုံးသားပဲ့ကိုင်ရှင် S2)
Fanfictionကိုကို့သားတွေအရမ်းဆိုးတယ် ငယ်လေးစကားလည်းနားမထောင်ကြဘူး ဒါဆို ငယ်လေးစကားနားထောင်မယ့် ကလေးလေး ထပ်မွေးကြမယ်လေ
