Extra-11(Final Part)

12.4K 1.1K 112
                                    

(zawgyi)
ညနေသုံးနာရီလောက်မှာ ဝိုင်တို့ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းနှင့်တောင်ထိပ်သို့ရောက်သွားခဲ့ကြသည်။
ဝိုင့်ခြေထောက်နာနေတာကြောင့် တောင်တက်ရသည့်ခရီးကနည်းနည်းဖင့်သွားခဲ့သည်။ဆယ့်နှစ်ခွဲ တစ်ရီလောက်ဆို တောင်ထိပ်ကိုရောက်နိုင်ပြီဖြစ်သော်လည်း
သုံးနာရီလောက်မှရောက်သွားကြသည်မလား။

တောင်ထိပ်ရောက်ခါနီးလေ တက်ရသည့်လမ်းတွေက ပြေပြစ်လာသည့်အတွက် ဝိုင့်ကိုသော်က ကျောပိုးပြီး တက်လို့လွယ်သွားခဲ့သည်။သော်တို့သယ်ပေးရသည့်ခွဲတမ်းလွယ်အိတ်တွေကိုတော့ ဘိုကောင်းနှင့်စစ်သွေးက မနိုင်မနင်းသယ်လာပေးခဲ့ကြသည်။တောင်ထိပ်ကို ရောက်လေတော့ အားလုံးစုပြုံပြီးလုပ်
သည့်အရာက လွယ်အိတ်တွေကိုပစ်ချပြီး အင်္ကျီတွေအကုန်ချွတ်လိုက်ခြင်းပင်။ယောကျာ်းလေးတွေဆို အကုန်စွပ်ကျယ်အပါးလေးတွေနှင့်။ကိုခင်မောင်လွင်ကတော့တောင်ထိပ်ရောက်သည်နှင့် သော်တို့စခန်းချသင့်သည့်နေရာကို လိုက်ရှာပေးသည်။

၁၅မိနစ်လောက်နားကြပြီး Tentထိုးရန်ပြင်ဆင်ကြတော့သည်။ဝိုင်ကတော့ မနီးမဝေးကျောက်တုံးလေး
ပေါ်မှာထိုင်ပြီး သော်တို့ပြင်ဆင်နေသည်ကိုကြည့်နေ
လိုက်သည်။ဝိုင်က ခြေထောက်နာနေသည်မို့ ဘာမှမလုပ်ဖို့တားမြစ်ခံထားရပြီး ငုတ်တုတ်လေးထိုင်နေရသည်။အားလုံးပြီးစီးသွားတော့ ကိုခင်မောင်လွင်
ကတောင်အောက်ဆင်းဖို့လုပ်တော့သည်။အချိန်ကနေဝင်ရီတရောဖြစ်လာသည့်အပြင် အအေးဓါတ်က စိမ့်ထွက်လာတာမို့ အနွေးထည်တွေကိုယ်စီပြန်ဝတ်ခဲ့ကြသည်။

" အစ်ကိုရေ အစ်ကိုပြန်မဆင်းတာကောင်းမယ်ထင်တယ် တစ်ခုခုဆို ညီမတို့လည်း မလုပ်တတ်မကိုင်တတ်ဖြစ်နေမှာ အစ်ကိုရှိတော့ စိတ်အေးလက်အေးရှိတာပေါ့ ဝိုင်ကလည်း ခြေထောက်ထိခိုက်သွားတော့တောင်ပေါ်ကပြန်ဆင်းရင် အစ်ကိုရှိနေမှ အဆင်ပြေမှာမို့လို့ပါ..."

" ကျုပ်က ထင်းခုတ်စရာတွေ တစ်ပုံကြီးရှိသေးတ်ာဗျ တစ်ခြားလုပ်စရာအလုပ်တွေလည်း ရှိသေးတယ်..."

" ဒီမှာ ဟေ့လူ...အုပ်ချုပ်ရေးမှူးက ခင်ဗျားကို ပိုက်ဆံပေးပြီးငှားထားတာမဟုတ်လား အစအဆုံး တာဝန်ယူပေးလေဗျာ ဘာလဲ နည်းလို့လား ဒါဆိုလည်း တောင်အောက်ပြန်ရောက်ရင် ပိုက်ဆံထပ်ပေးမယ်ဗျာ..."

I Can Hear Your Voice (Completed)Where stories live. Discover now