၃၄။ သူက ကျွန်မ ခင်ပွန်းလေ....

4.7K 590 5
                                    

လုချင်းယီနဲ့ သူမဝမ်းကွဲအစ်မတို့ ဒီဆိုင်ကို မရောက်ခင်ကပင် ရှန်းရီနှင့် ချောင်ဟဲတို့က အရင်ရောက်နှင့်နေပြီး တိတ်တဆိတ် ဆွေးနွေးမှုကို ပြုလုပ်ပြီးနေပြီ ဖြစ်သည်။ သူတို့ VIPနေရာက ထွက်လာတော့ ရှန်းရီက သူ့ဇနီးလေးနဲ့ မိန်းကလေးတစ်ယောက် ယှဉ်တွဲလျက်ဝင်လာတာကို မြင်လိုက်ရသည်။ ဘေးက အမျိုးသမီးက ဘယ်သူမှန်း သူ မသိပေမယ့် သူမတို့စကားပြော​နေတာကို ကြည့်ရင် သူ့ဇနီးလေးနဲ့ အရမ်းရင်းနှီးလိမ့်မည်။ ထို့နောက် ရှန်းရီက သူ့နေရာမှာ သွားပြန်ထိုင်လိုက်တော့ ချောင်ဟဲတစ်ယောက် ကြောင်သွားသည်။ ဘော့စ်က သူ့ဇနီးကို စကားသွားမပြောဘူးလား..?
VIP ခုံတွေနဲ့ ပုံမှန် ခုံတွေက နည်းနည်းခြားနေပေမယ့် စကားပြောသံတွေကိုတော့ သေချာကြားရသည်။ ရွှမ်းရှုက ချင်းယီကို စော်ကားနေတုန်းက သူ့မျက်နှာဟာ ရုတ်တရက် အရောင်ပြောင်းသွားသည်။ ရှန်းရီက ထိုမိန်းမကြီးကို စိုက်ကြည့်နေပြီး သူ့ ဇနီးလေးက ထိုအဖွားကြီးကို ပြန်ချေပ တော့ သူအံသြ သွားရသည်။

ချောင်ဟဲတစ်ယောက် သူ့ဘော့စ်နားမှာ ထိုင်နေပြီး ဇောချွေးပြန်နေ၏။ မိန်းမကြီးတစ်ယောက်က
သခင်မလေးကို စော်ကားနေသည်တဲ့လေ။
' ဒီအဖွားကြီး က သခင်လေးရှိနေလျက်နဲ့ ဘာဖြစ်လို့  သခင်မလေးကို သွားထိနေတာလဲ ..
စောစော သေချင်နေတာလား...?'

ထို့နောက် ကုန်းယီကျွင်းနဲ့ မန်ကျောက် ဝင်လာ၏။ ရှန်းရီအတွက် လုချင်းယီရဲ့ ရည်းစားဟောင်းနဲ့ သူမသူငယ်ချင်းကို တွေ့ရတာ ပထမဆုံးအကြိမ်ပင်။

"ချင်းချင်း..၊ စကားသွားပြောရအောင်...
ကိုယ်ပြောတာ နားထောင်ပါဦး...!''
ယီကျွင်းက ကြေကွဲစွာနဲ့ပြောလာ၏။

ရှန်းရီတစ်ယောက် ဒေါသ ထွက်လာ၏။
ဒီကောင်က သူ့မိန်းမရဲ့ နာမည်ကို ဘာလို့ တယုတယ ခေါ်နေရတာလဲ...?
အရင်တုန်းက သူတို့ရဲ့ ဇာတ်လမ်းဟာ ဘယ်လိုပဲရှိခဲ့...အခုတော့ သူမဟာ သူ့ဇနီး ဖြစ်နေပြီ....
ဒီကောင်ကို ထိခွင့် မပြုတော့ဘူး...

" ကျွန်မကို မထိနဲ့...!''
ချင်ယီ အော်လိုက်ပြီး နောက်ဆုတ်လိုက်သည်။

" ကျွန်မကို အရင်တုန်းကပဲ အရူးလုပ်လို့ရမယ်....၊ ရှင် အရှက်မရှိဘူးလား...တစ်ယောက်နဲ့လည်းတွဲလာသေးတယ်..၊ ကျွန်မကိုလည်းထိဖို့ကြိုးစားနေတယ်...''
သူမရဲ့စကားတွေက မှန်လွန်းတော့ ကုန်းယီကျွင်း ရပ်တန့်သွားရသည်။
ရှန်းရီက အရင် ဟို အဖွားကြီးနဲ့ ပြဿနာ ဖြစ်တုန်းက သူမအဆင်မပြေမှာစိုး၍ မသွားပေမယ့် အခုတော့ သူ မသွားလို့ မရတော့ပြီ။ ရှန်းရီ ထသွကာ လုချင်းယီရဲ့ခါးကို ဖက်လိုက်တော့ သူမလန့်သွားသည်။ ရှန်းရီက ဒီနေရာကို ဘာလာလုပ်တာလဲ...?

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now