Trying for beautiful fate System
TBFS
ညစာစားဖို့အိမ်အကူ တစ်ယောက်ကလာခေါ်၍ Yifanလိုက်သွားလိုက်သည်။ ဒီကမ္ဘာကိုရောက်တည်းက ဘာမှကိုမစားသေးတာကို ကျယ်ဝန်းလှတဲ့အိမ်ကြီး ထမင်းစားခန်းရောက်ဖို့ တော်တော်လျှောက်လိုက်ရတယ်။...
ထမင်းစားခန်းထဲမှာ အသင့်ရှိနေတာကတော့ ခပ်ချောချောဦးလေးကြီးတစ်ယောက်ပင်။ ဖြစ်နိုင်တာကတော့ Krisရဲ့အဖေဖြစ်မည်ထင်။
ဘယ်လိုနှုတ်ဆက်ရမှာလဲ ဒီအတိုင်းAppaလို့ ခေါ်ရမလား ဒါမှမဟုတ် Paလိုပဲခေါ်မလား..
"သား ထိုင်လေ..."
"Nae...."
စုံလင်လှသောဟင်းပွဲတွေကြောင့် Krisစကားမပြောချင်တော့ ထမင်းကိုသာအာရုံစိုက်စားလိုက်သည်။ အငမ်းမရစားနေသော Krisကိုကြည့်ပီး ဗိုလ်ချုပ်Wuပြောလိုက်တယ်..
"ဖြေးဖြေးစားလေ သားရဲ့.."
ပါးစပ်မအားတာကြောင့် ပလုတ်ပလောင်းဖြင့်သာ ခေါင်းကိုညိမ့်ပြလိုက်၏။.. စားပီးသောက်ပီးတော့ စကားပြောမယ်တဲ့..
Yifanကသရုပ်ဆောင်လည်း မဟုတ်တာမို့ သူများနေရာနေရသည်မှာ လုံးဝကိုပီပြင်မည် မဟုတ်ချေ။ စကားပြောရင်းနှင့် တခုခုမှားသွားရင်ဒုက္ခ..
"မနက်ဖြန်ကျောင်းတက်ရတော့မှာ ဒီနှစ်ကနောက်ဆုံးနှစ်ဖြစ်လို့ စာကိုကြိုးစားစေချင်တယ် ကျောင်းပီးတာနဲ့ သားကြိုက်တာလုပ်လို့ရတယ်.."
"Nae...."
"Krisလေး တခုခုဖြစ်နေလား?.. အရင်ဆိုWuက စာကြိုးစားဖို့ပြောတိုင်း အမြဲတမ်းစိတ်တိုနေပီးတော့..."
ပြုံးစစနဲ့ပြောလာတဲ့စကားကြောင့် Yifanတွန့်သွားတယ် လူကြီးကစာကြိုးစားလို့ ပြောရင် ဟုတ်ကဲ့လိုခေါင်းညိမ့်ရမှာပင်။ နောက်မှကြိုးစားသည်ဖြစ်စေ မကြိုးစားသည်ဖြစ်စေပေါ့။ ခုဟာကတော့...
Yifanလည်း ပါးစပ်ထဲရှိရာရှင်းပြလိုက်ပီး KrisWuလို့ဂျစ်ကန်ကန် ဖြစ်အောင်ပြောကျိရတယ်။ ပါးစပ်ထဲထူးဆန်းတာဆိုတာကို ပီးတော့ သူကသူ့အဖေကို Appaတို့Paတို့မဟုတ်ပဲ Wuလို့ခေါ်သည်တဲ့....
အသင့်ချပေးထားသော ကျောင်းဝတ်စုံကိုကြည့်ကာ သက်ပြင်းချမိသည်။ ဘယ်နှယ့်စာကျက်ရမှာပျင်းပါတယ်ဆို အထက်တန်းကျောင်းသား ပြန်ဖြစ်ရတဲ့ဘ၀ အမလေးဘ၀ကြီးက လွယ်ကူမနေဘူး..
YOU ARE READING
Trying for Beautiful Fate System (Zaw&uni)
FanfictionChanyeol+Yifan(Kris) yoai Cover by Baby Pyae Wai Shan
