သီချင်းသံသဲ့သဲ့ကိုကြားနေရသည်။
မိုးခြိမ်းသံ လေသံမိုးသံတွေကိုလည်းကြားနေရသည်။
အသံတွေကဝေးသွားလိုက် နီးသွားလိုက်နှင့်တစ်ချက်
တစ်ချက် တိတ်ကျသွား၏တစ်ကိုယ်လုံးတင်းတင်းကျပ်ကျပ်ကြီး ခံစားနေရတာ
ဘာကြောင့်မှန်းမသိ...အသက်ရှူကျပ်ပြီး ရင်ဘတ်အောင့်လာသည်။
တဖြည်းဖြည်းနှင့် သူသတိလည်လာသည်။hannie...။
ကားတိုက်မိတဲ့အဖြစ်ကိုသူသတိရမိသည်နှင့်
အရင်ဆုံးစိတ်ပူမိတာ hannie ကိုဖြစ်သည်။
မျက်လုံးတွေကို အတင်းဖွင့်ကြည့်မိလျှင် သူ့ကိုယ်သည်
လေအိတ်နှင့်ထိုင်ခုံကူရှင်တွေကြားမှာညပ်နေသည်။လေအိတ်တောင်ပွင့်တယ်ဆိုတော့ ကားတော်တော်ဖြစ်သွား
တာပဲ...။
အတွေးနှင့်အတူ ခေါင်းလှည့်ပြီး hannie ကိုကြည့်မိသည်
hannie သတိလစ်နေ၏ သူကားထဲက ကြိုးစားထွက်လိုက်ပြီး hannie ကိုအပြင်ဆွဲထုတ်ဖို့လုပ်ရသည်။အပြင်မှာမိုးသည်းနေသဖြင့် သူ့တစ်ကိုယ်လုံးမိုးရေတွေ
စိုရွှဲသွားသည်။ hannie ရှိနေသည့်ကားတံခါးကိုဆွဲဖွင့်ပြီး
hannie ကိုခက်ခက်ခဲခဲဆွဲထုတ်ရ၏hannie သတိလစ်နေလျက် ခွေခွေခေါက်ခေါက်လေး
ပါလာပြီး မိုးရေတွေမျက်နှာကိုစင်လာမှ လူးလွန့်လာသည်။"hannie...hannie သတိရပြီလား..."
"အား....."
"ဘာဖြစ်လို့လဲ...ဘယ်နေရာထိသွားတာလဲ..hannie
ဦးပြောနေတာ ကြားလား...""လက်...လက်နာတယ်..."
hannie ကဟိုနေ့ကထိမိထားသည့်လက်ကိုပဲဆုပ်ကိုင်
လျက် ငြီး၏ ဟိုနေ့ကတည်းကနာတာမပျောက်တာလား..
ဒါမှမဟုတ် ကားတိုက်မိမှ ပြန်ထိသွားတာလား သူမသိ။
တခြားခေါင်းတွေ ဘာတွေမထိ။ဒဏ်ရာကြီးကြီးမားမားမရှိ၍ hannie ကိုယ်ကိုတွဲပြီး
ကားနောက်ခန်းထဲထိုင်ခိုင်းလိုက်၏ သူရေစိုလက်စနှင့်
ကားထဲချက်ချင်းမဝင်ဘဲ ကားဘယ်လောက်ထိထိသွားလဲ
သိချင်၍ အင်ဂျင်ကိုသွားစစ်ကြည့်မိသည်။