ဖြန်း...ဒုန်း...။
"အား...ဦးရေ..."
ကြောက်နေပါတယ်ဆိုမှ ဘယ်ကသစ်ကိုင်းမှန်းမသိ
ကားပေါ်ကျိုးကျလာသည်။ hannie ကိုယ်လေး
ဆတ်ခနဲတုန်သွားပြီး အလန့်တကြားထအော်မိသည်။ဦးထွက်သွားသည့် အရပ်မျက်နှာအမှောင်ထဲသို့
လှမ်းမျှော်ကြည့်မိပြန်သည်။ မိုးရယ် လေပြင်းရယ်
ပိန်းပိတ်သောအမှောင်ထုနှင့် တစ်ချက်တစ်ချက်
လင်းလက်သွားတတ်သော လျှပ်စီးမှလွဲ၍
ဘာဆိုဘာမျှမရှိ...."ဦး..."
ဘယ်နှကြိမ်မြောက်မှန်းမသိ...
တမ်းတမ်းတတခေါ်မိပြန်၏ စက္ကန့်တွေကြာညောင်းလွန်း
သည်။ အချိန်တွေကုန်ခဲလွန်းလှ၏ဦးပြန်မလာတာ တကယ်ပဲကြာနေပြီလား
ဒါမှမဟုတ်...သူကပဲအရမ်းမျှော်နေမိတာလား
ကြောက်လွန်းလို့ hannie တစ်ယောက်တည်း
အသံတိတ် ငိုနေမိသည်။ဒုန်း...။
ကားကိုတစ်စုံတစ်ခုလာတိုက်သည့်အသံ...
hannie လန့်ပြီးတောင့်တောင့်မတ်မတ်လေးဖြစ်သွား၏
ကားကိုလာတိုက်တာ ဘာလဲ...။
hannie ကြောက်နေသည့်စိတ်ကို အားတင်းထားပြ်ီး
ကား Display screen မှ ကားပတ်ပတ်လည်
Camera များအား ဖွင့်ကြည့်မိသည်။ဟင်...။
ဦးဆောင်းသွားသည့် ထီး...။အပြင်မှာပွင့်လျက်သားအတိုင်းနှင့်ကားကိုလာတိုက်ပြီး
လေကြောင့်ဟိုလိုလို ဒီလိုလိုလွင့်နေပုံက
ခြောက်ခြားစရာ...။ဦး..ဦးတစ်ခုခုဖြစ်နေပြီ..
hannie စိတ်ကဆုံးမဖြတ်ရသေးခင် ကားပေါ်ကဆင်းမိ
ပြီးသားဖြစ်သွား၏ ဖြန်းခနဲကိုယ်ပေါ်ကျလာသော
မိုးရေစက်များက အလုံးအရင်းလေနှင့်ရောကာ
အရှိန်ပြင်းပြင်းဖြစ်သည်။မိုးနှင့်ထိသည့်ခဏလေးအတွင်း အေးစိမ့်တုန်ခိုက်သွားသည်။
hannie ဘာကိုမှဂရုမစိုက်တော့ဘဲ ဦးထွက်သွားသည့်
လမ်းရှိရာဘက်ကို ပြေးထွက်လာမိသည်။
ကားက အနိမ့်ပိုင်းမှာ လမ်းကအပေါ်မှာမို့ hannie
လမ်းဆီ ပြေးတက်မိသည်။