Arc(1.32)

11.9K 1.7K 53
                                    

Unicode

Arc(1.32)

The Wild Dragon Proud Day

လီလျိုသတိပြန်ရတဲ့အချိန်မှာတော့ သူ့ကိုယ်သူအိပ်ယာပေါ်မှာလဲလျောင်း နေတာကိုတွေ့ရှိသွားရသည်။သူ့မျက်လုံး များကိုဖွင့်ပြီးပြီးခြင်းလီလျိုကချက်ချင်း ပင်ပတ်ပတ်လည်ကိုလှည့်ပတ်ကြည့် လိုက်သောအခါအခန်းထဲမှာချင်ယုရဲ့ ပုံသဏ္ဍာန်လုံးဝမတွေ့ရတာကိုသိသွား ရသည်။

လီလျိုကစိတ်သက်သာရာရစွာသာ သက်ပြင်းချလိုက်မိသော်လည်းသူ အိပ်ယာပေါ်မှထရန်ပြင်လိုက်သည့် အချိန်မှာတစ်ခုခုမှားနေသလိုခံစား လိုက်ရသည်။သူ့ခေါင်းကိုအနည်းငယ် ငုံ့ပြီးကြည့်လိုက်သည့်အခါသူ့ကိုယ် အပေါ်ပိုင်းကဗလာဖြစ်နေပြီးသူ့ပုခုံးပေါ် မှာသာပါးလွှာသည့်အနီရောင်ခြုံထည် တစ်ခုကိုလွှမ်းခြုံထားကာအခြေခံအရ ပြောရရင်တော့ဘာမှမဝတ်ထားတာ နဲ့အတူတူပဲဖြစ်သည်။

အဝတ်အစားမှတစ်ဆင့်သူ့ရင်ဘက် ပေါ်မှအစက်သေးသေးလေးနှစ်ခုကို ပင်ရှင်းရှင်းလင်းလင်းမြင်နေရပြီး သူ့ရဲ့နူးညံ့သည့်ကျောက်စိမ်းကဲ့သို့ အသားအရည်ကအဝတ်၏အနီရောင် ကိုရောင်ပြန်နေသောကြောင့်သူ့ အသားအရည်ကိုပိုလို့ပင်နူးညံ့ပြီး ကြည်စိမ်းနေစေသည်။

လီလျို : : "......"

ခဏလေးနေပါဦး!ဒီမှာဘာတွေ ဖြစ်နေတာလဲ?

လီလျိုကသူ့ကိုယ်ပေါ်မှစောင်ကိုဖယ် လိုက်သည့်အခါမှာတော့သေချာပေါက် ပင်....သူလုံးဝဘောင်းဘီမဝတ်ထားဘူး ဖြစ်သည်။ထို့အပြင်သူ့ကိုယ်ခန္တာတစ်ခု လုံးကိုအပေါ်မှအောက်ခြေထိအနီရောင် ခြုံပဝါဖြင့်သာလွှမ်းခြုံထားသည်။ ထပ်ပေါင်းပြောရရင်တော့သူ့ခါးက အနီရောင်ခါးပတ်ကြိုးဖြင့်ခြည်ထား သောကြောင့်သူ့ရဲ့မူလပါးလွှာသည့်ခါး ကပိုလို့ပါးလွှာသည့်ပုံပေါက်နေရသည်။

လီလျိုမှာသူ့ကိုယ်ပေါ်မှအဝတ်အစား များကိုကြည့်ပြီးအားမရှိတော့သလို တောင်ခံစားလိုက်ရသည်။ထို့နောက် အလျင်အမြန်ပဲသူ့စိတ်ထဲမှတိုးတက်မှု ကိုစစ်ဆေးလိုက်သောအခါမှာတော့ အဲ့ဒါက(၉၉%)ထိတိုးတက်နေပြီးနေပြီ ဖြစ်၏။နောက်ဆုံးအကြိမ်သူစစ်ဆေး တုန်းကတော့အဲ့ဒါကအလွန်တိုးတက် နေခဲ့တာဖြစ်သော်လည်းအခုတော့ ချက်ချင်းပင်ထိုနေရာမှာသာရပ်နေပြီး ပြောင်းလဲမှုမရှိတော့ဘူးဖြစ်နေသည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now