FOD Extra 2 _ Chapter (11) - Yu Cang Hai

3.5K 401 7
                                    

FOD Extra 2 _ Chapter (11) - Yu Cang Hai

ယြန္ခြန္ဖုန္းရဲ႕သိုင္းစြမ္းရည္က မုေလြ႕လင္ထက္ သာတဲ့အတြက္ မုေလြ႔လင္က သူအေႀကာပိတ္ထားတာေတြကို ပြင့္ေအာင္ မလုပ္နုိင္ပဲ ပစ္ထားတဲ့အတုိင္း ေအးစက္တဲ့ႀကမ္းျပင္ေပၚမွာ လဲေလ်ာင္းရင္း သူမကို လာေခၚမွာကိုပဲ ေစာင့္ဆုိ္င္းေနရတယ္။ မုေလြ႕လင္က ထင္တုိင္းမေပါက္လို႕ ေဒါသအႀကီးက်ယ္ထြက္တဲ့အျပင္ ခုလို ျဖစ္ပ်က္သြားတဲ့အေပၚ စိတ္ဓါတ္အက်ႀကီး က်ေနတယ္။

တစ္နာရီေက်ာ္ေစာင့္ၿပီးသည့္ေနာက္၊ အိမ္ေဖာ္ႏွစ္ဦးက ေရေအးဇလံုကို သယ္ျပီး အခန္းထဲကို ၀င္လာတယ္။ အေစခံမေလးနွစ္ေယာက္က ႀကမ္းျပင္ေပၚလဲေနတဲ့ မုေလြ႕လင္ကို ထူေပးျပီး ကုတင္ေပၚ ထုိင္နုိင္ေအာင္ လုပ္ေပးတယ္။ ျပီးေတာ့ မုေလြ႕လင္ အ၀တ္လဲဖို႕၊ ဘာမွ ကူညီေပးတာမလုပ္၊ အ၀တ္သစ္ေတြ မေပးပဲ မုေလြ႕လင္ကို ဒီလို အ၀တ္ဗလာနီးပါးျဖစ္ေနတဲ့အတုိင္း ထားရစ္ျပီး အခန္းထဲက ထြက္သြားႀကတယ္။ မုေလြ႕လင္က သူမ မတရားက်င့္ခံရေပမယ့္ လူတစ္ေယာက္လို သေဘာမထားပဲ ရက္ရက္စက္စက္ ဆက္ဆံခံရတဲ့အတြက္ အရမ္းကို နာက်င္ခံစား လိုက္ရတယ္။ ဒါေပမယ့္ သူမရဲ႕ ခႏၶာကိုယ္က အရမ္းကို အားနည္းေနတဲ့အတြက္ သူမကို ဒီလို ဆက္ဆံတဲ့ အေစခံမေလးေတြကိုေရာ ယြန္ခြန္ဖုနး္ကိုေရာ ဘာမွ လက္တုန္႕မျပန္နုိင္ဘူး။ မႀကာခင္မွာပဲ အားနည္းေနတဲ့ သူမရဲ႕ ကိုယ္က အေအးဒဏ္ကို ခံစားလာရျပီး မ်က္ေတာင္ေတြ တျဖည္းျဖည္းေလးလာခဲ့တယ္။

မုေလြ႕လင္က အခု အရမ္းကို စိတ္ရႈပ္ေထြးေနခဲ့တယ္။ အရင္တစ္ခါ သူ ဒီေတာင္ပိုင္း ဗိုလ္ခ်ဳပ္ႀကီးရဲ႕ နန္းေတာ္ကို လာခဲ့တုန္းက ရတနာတစ္ပါးလို တန္ဖိုးထားျမတ္နိုးခံရျပီး ခုတစ္ခါေတာ့ လူလို႕ေတာင္ သေဘာမထားပဲ ရက္ရက္စက္စက္ နင္းေျခခံရတာကို နိႈင္းယွဥ္ႀကည့္မိျပီး ခါးခါးသည္းသည္း ငိုေႀကြးလိုက္ေတာ့တယ္။

ေနာက္တစ္ေန႕မွာ ယြန္ခြန္ဖုန္းရဲ႕ အိမ္ေတာ္ထိန္းတစ္ေယာက္က မုေလြ႕လင္ကို  ေငြသားတစ္ေသာင္းနွစ္ေထာင္တန္တဲ့ ေငြလႊဲစာရြက္ကို ကမ္းေပးျပီး သူမကို မုအိမ္ေတာ္ကို ျပန္ပို႕ဖို႕ရထားလံုး အသင့္ျဖစ္ေနပါျပီလို႕ ေျပာခဲ့တယ္။

"ရွင္ ....ဘာကိုဆိုလိုတာလဲ"

မုေလြ႕လင္က ေငြလႊဲလက္မွတ္ကို ကိုင္ျပီး ရက္စက္ႀကမး္ႀကဳတ္တဲ့ မ်က္နွာထားနဲ႕ ေမးလိုက္တယ္။

Mu Ruiling သည္ေငြလက္မွတ္ကိုလႈပ္ခါလိုက္ၿပီးရက္စက္ေသာမ်က္ႏွာတစ္ခုရွိခဲ့သည္။ ယြန္ခြန္ဖုန္းက သူမကို နင္းေျချပီး ေငြေပးတယ္ဆုိတာ ဘာကို ဆိုလုိတာလဲ။ သူမကို ျပည့္တန္ဆာလို သေဘာထားတာလား။

" မိန္းကေလးက ဗိုလ္ခ်ဳပ္ႀကီးအတြက္ အံ့အားသင့္စရာ အေတြ႕ႀကံဳကို ေပးခဲ့ပါတယ္။ ဒီေငြပမာဏက နည္းတယ္လို႕ထင္ေသးရင္ ေငြတိုက္ကေန မိန္းကေလးကို ေနာက္ထပ္ နွစ္ေထာင္ ထပ္ေပးပါ့မယ္။ နွစ္ေထာင္ထက္ပိုလိုခ်င္တယ္ဆိုရင္ေတာ့ ကြ်န္ေတာ္တုိ႕ ေငြတုိက္ထဲမွာ ေငြ မေလာက္ေတာ့ဘူး။"

အိမ္ေတာ္ထိန္းက မုေလြ႕လင္ကို မထီမဲ့ျမင္ႀကည့္ျပီး ျပည့္တန္ဆာတစ္ေယာက္ကို ေျပာသလို ေျပာဆိုဆက္ဆံတာကို ခံလိုက္ရတယ္။

မုေလြ႕လင္က ေဒါသအရမ္းထြက္တဲ့အတြက္ သူမယူလာတဲ့ ဓါးနဲ႕ အဲ့ဒီ အိမ္ေတာ္ထိန္းကို လွမ္းခုတ္လိုက္တယ္။ ဒါေပမယ့္ တဖက္လူက သိုင္းတတ္တဲ့အတြက္ လွမ္းေရွာင္လိုက္ျပီး ေငြလႊဲစာရြက္ကို ျပန္ယူသြားတယ္။ မုေလြ႕လင္က ေဒါသထြက္လြန္းလို႕ ရူးမတတ္ျဖစ္သြားျပီး မ်က္နွာကို လက္နဲ႕အုပ္ျပီး စူးစူး၀ါး၀ါး ေအာ္ဟစ္လိုက္ေတာ့တယ္။
 
ယြန္ခြန္ဖုန္းက သူ႕စစ္သည္ေတာ္ေတြေနတဲ့ အေဆာက္ဦးဘက္ကေန ၀ါးလမ္းအတုိင္း ေလွ်ာက္လာရင္း ရုတ္တရက္ စူးစူး၀ါး၀ါး ေအာ္သံကိုႀကားလို႕ နန္းေတာ္ထဲမွာ ေႀကာက္စရာ အျဖစ္ပ်က္မ်ားျဖစ္သြားျပီလားလို႕ စိုးရိမ္ျပီး အေလာတႀကီး လာခဲ့တယ္။ ဒါေပမယ့္ ဒီလိုေအာ္ဟစ္ေနတာက မုေလြ႕လင္ဆိုတာ သိရေတာ့ ေအာ္ဟစ္လိုက္တယ္။ ဒီမိန္းမကို ျမင္ရတာ ကံဆုိးတာပဲ။

" မင္းက အိမ္ေတာ္ထိန္းေပးတဲ့ ေငြကို မယူခ်င္ဘူးလို႕ႀကားတယ္။ မငး္ကို ငါ ေရြးစရာ နည္းနွစ္နည္းေပးမယ္။ ပထမ မင္း ဒီအတုိင္း အသာတႀကည္ျပန္သြားျပီး က်န္းခ်န္ရန္ကို လက္ထပ္လိုက္။ မင္းက အပ်ိဳမဟုတ္ရင္ေတာင္မွပဲ သူ႕ကို မေျပာရင္ သူ ဘယ္ေတာ့မွ မသိနုိင္ဘူး။ ဒုတိယ မင္းကို ငါ ကိုယ္လုပ္ေတာ္အျဖစ္ ေကာက္ယူမယ္ "

" ရွင္က ကြ်န္မကို ကိုယ္လုပ္ေတာ္အျဖစ္ယူမယ္ ဟုတ္လား "

မုေလြ႕လင္က မသကၤာစြာနဲ႕ ျပန္ေမးလိုက္တယ္။

" မင္းက ငါ့ရဲ႕ ကိုုယ္လုပ္ေတာ္ျဖစ္တယ္ဆုိရင္ မင္း ဂုဏ္ယူလိုက္ေတာ့။ ငါ...ယြန္ခြန္ဖုန္းက ဘယ္ေတာ့မွ ငါ့ အိမ္ေတာ္ထဲမွာ မသန္႕ရွင္းတဲ့ မိန္းမကို လက္ခံတယ္လို႕ မရွိဘူး။ "

ဒီစကားကိုႀကားတာနဲ႕ မုေလြ႕လင္က ေဒါသကို မထိန္းခ်ဳပ္နုိင္ေတာ့ပဲ ဓါးကိုေျမွာက္ျပီး ထုိးရင္းေျပာလိုက္တယ္။

" ရွင့္ကို အေသသတ္မယ္ "

ယြန္ခြန္ဖုန္းက မုေလြ႕လင္ကို ပါးရိုက္လိုက္တယ္။ မုေလြ႕လင္က လြင့္ထြက္သြားျပီး နံရံကို တုိက္မွျပဳတ္က်လာတယ္။ မုေလြ႕လင္က ဒဏ္ရာ ရတာ၊ မရတာကို ယြန္ခြန္ဖုန္း ဂရုမစိုက္ဘူး။ ယြန္ခြန္ဖုန္းက မုေလြ႕လင္ကိုႀကည့္ျပီး ေအးစက္စက္ရယ္ေမာရင္းေျပာလိုက္တယ္။

" မုေလြ႕လင္ မင္း ဘယ္ေတာ့မွ ငါ့ေရွ႕မွာမ်က္နွာ လာမျပနဲ႕။ မင္း ငါ့အေႀကာင္းကို တမင္ထုတ္ေျပာခဲ့တယ္ဆိုရင္ ငါ မင္းကို ဘယ္လို လုပ္မယ္ဆိုတာ ေစာင့္ႀကည့္ေနလိုက္။ မင္းကိုယ္မင္း အပ်ိဳစင္ မိန္းကေလးလိုမ်ိဳး လုပ္ျပခ်င္တယ္၊ တန္ဖိုးထားခံခ်င္တယ္ဆိုရင္ လက္မထပ္ခင္ မင္း ေယာက်ာ္းတစ္ေယာက္နဲ႕ မရႈပ္သင့္ဘူး။ မေန႕က မင္းသာ ငါ့ကို မင္းရဲ႕ အပ်ိဳစင္ဘ၀ကို ေပးခဲ့မယ္ဆုိရင္ ငါ မင္းကို  မယားအျဖစ္ ယူဖို႕ စိတ္ကူးခဲ့ေပမယ့္...မင္းက..... "

သူကခဏရပ္ၿပီးေခါင္းကိုခါလိုက္တယ္။ သူက ေနာက္ဆံုးစကားကို ေျပာျပီး တံခါးကို တြန္းဖြင့္ျပီး အျပင္ကို ထြက္သြားတယ္။ 

" ငါ ယြန္ခြန္ဖုန္းက ဘယ္ေတာ့မွ သူမ်ားအက်ကို မေကာက္ယူဘူး။ တကယ္လို႕ မင္းက ငါ့ကို မေန႕က အျဖစ္ေႀကာင့္ ေငြေတာင္းတယ္ဆိုရင္ေတာင္ ငါ မင္းကို တျပားမွာ ေပးမွာ မဟုတ္ဘူး။  "

ယြန္ခြန္ဖုန္းက ပထမ မုေလြ႕လင္ကို ကိုယ္လုပ္ေတာ္အျဖစ္ယူမယ္လို႕ ႀကံထားေပမယ့္ အခုေတာ့ လံုး၀ကို လက္မခံေတာ့ဘူး။

ကေလးဘ၀ကေန အခုခ်ိန္ထိ မုေလြ႕လင္က ခုလို လူမဆန္ေအာင္ ဆက္ဆံတာမ်ိဳး မခံစားခဲ့ဖူးဘူး။ ဒါေႀကာင့္ ဒီအျဖစ္ကို ႀကံဳရေတာ့ သူမ ပါးစပ္ကေန ေသြးအန္ခဲ့တယ္။ သူမလို အရွက္မရွိတဲ့ မိန္းမကို ဘယ္သူကမ်ား သနားမွာတဲ့လဲ။ သူမကို ေဆးဆရာေခၚေပးဖို႕ ေနေနသာသာ သူမကို ႀကည့္မယ့္သူေတာင္ တစ္ေယာက္မွ မရွိဘူး။

မုေလြ႕လင္က ေျမျပင္ေပၚ အႀကာႀကီးထုိင္ေနျပီး သူ႕ရင္ဘတ္ထဲက တစ္ဆို႕နာက်င္ေနတာကို သက္သာေလ်ာ့ပါးသြားတဲ့ အထိေစာင့္ေနျပီးမွာ မတ္တပ္ရပ္ျပီး တိတ္တဆိတ္ထြက္သြားေတာ့တယ္။ သူမ မတရားက်င့္ခံလိုက္ရတာကို လူအေတာ္မ်ားမ်ား သိသြားခဲ့ျပီ။ လူေတြရဲ႕မ်က္နွာကို သူ ဘယ္လို မ်က္နွာနဲ႕ ႀကည့္ရမွာလဲ။ သူနဲ႕ေစ့စပ္ထားတဲ့ ခင္ပြန္းေလာင္းရဲ႕ နားထဲကို ဒီသတင္းမေရာက္ဖုိ႕ပဲ ေမွ်ာ္လင့္ရေတာ့မွာပဲ။

ယြန္ခြန္ဖုန္းရဲ႕ ရက္စက္မႈေႀကာင့္ မုေလြ႕လင္က အတြင္းဒဏ္ရာရသြားျပီး တည္းခုိခန္းမွာေနရင္း ျဖည္းျဖည္းခ်င္း ေပ်ာက္ေအာင္ ကုေနရတယ္။ တစ္လေလာက္ႀကာေတာ့ ဘာမွမျဖစ္ခဲ့သလို မုေလြ႕လင္က အိမ္ကို ျပန္သြားေတာ့တယ္။
အိ္မ္ျပန္လာတဲ့ လမ္းတေလွ်ာက္လံုး ယြန္ခြန္ဖုန္းက သူ႕အေပၚ သူတုိ႕ ဘာလုပ္ခဲ့တယ္ဆုိတာ သိသြားျပီလားလို႕ မုေလြ႕လင္က သံသယျဖစ္ေနတယ္။ ဒါေပမယ့္ မျဖစ္နုိင္ပါဘူး။ တကယ္လို႕ ယြန္ခြန္ဖုန္းသာ သိသြားရင္ အခုလုိ သူ႕ကို အသက္ရွင္လ်က္ အိမ္ေတာ္ကေန လႊတ္လိုက္မွာ မဟုတ္ဘူး။ ျပီးေတာ့ ယြန္ခြန္ဖုန္းဆိုတဲ့ လူက သူ႕ရင္ထဲက အေတြးကို ဘယ္တုနး္ကမွ ဖံုးကြယ္တတ္ခဲ့တာ မဟုတ္ဘူး။
ဒါဆိုရင္ သူ ခတ္လို္က္တဲ့ ေဆးက ယြန္ခြန္ဖုန္းေပၚကို ဘာေႀကာင့္ အာနိသင္ မျပတာပါလိ္မ့္။ အဲ့ဒါေန႕က ယြန္ခြန္ဖုန္းက သူ႕ကို မတရားက်င့္ဖုိ႕အတြက္ တမင္ကို အရက္အလြန္အကြ်ံေသာက္တာထင္တယ္။ ျပီးေတာ့ သူက အတြင္းအားနဲ႕ အဆိပ္ေတြကို ေသြးေႀကာထဲကေန ညစ္ထုတ္လိုက္လို႕ သူ ခတ္တဲ့ အဆိပ္က သူ႕ကို ဘာမွ မလုပ္နုိင္တာျဖစ္မယ္။ ယြန္ခြန္ဖုန္း ဒီလို လုပ္နုိင္တယ္ဆိုတာ ထည့္မတြက္မိတာ သူ႕အမွားပဲ။


ယြန္ခြန္ဖုန္းက မနာလိုစိတ္ေႀကာင့္ သူ႕ကို ခပ္ခြာခြာေနတာလို႕ ႀကားလိုက္ရလို႕ က်န္းခ်န္ရန္ စိတ္သက္သာရာ ရသြားတယ္။

"  သူက မင္းေႀကာင့္ ငါ့ကို မနာလိုျဖစ္တယ္ဆုိရင္ မင္း သူ႕ကို လံုး၀ အလြတ္မေပးနဲ႕။ ငါ့အတြက္ သူ႕ကို အပို္င္ကိုင္ထားလိုက္။ ဒါဆိုရင္ ငါတုိ႕နွစ္ေယာက္ တစ္သက္လံုး ယြန္ခြန္ဖံုးကို အသံုးခ်လို႕ရျပီ။ "

မုေလြ႕လင္ရဲ႕ အသည္းနွလံုးက ေသြးစိမ္းရွင္ရွင္ထြက္လာသလို ခံစားလိုက္ရတယ္။ သူနဲ႕ ေစ့စပ္ထားတဲ့ သတို႕သားေလာင္းက သူ႕ထက္ အက်ိဳးအျမတ္ကိုပဲ ႀကည့္တယ္ဆုိတဲ့အခ်က္က မုေလြ႕လင္ကို ရင္ကြဲေစတယ္။

"သူက ကြ်န္မကို အခြင့္ေရးယူမွာ ရွင္မေႀကာက္ဘူးလား "
" လင္အယ္က အရမ္းေတာ္တာပဲ မဟုတ္လား။ ယြီခ်န္းဟိုင္လိုလူလက္ထဲမွာေတာင္ ဘာမွမျဖစ္တာ။ ယြန္ခြန္ဖုန္းလို ဥာဏ္မရွိတဲ့သူက ဘယ္လိုလုပ္ျပီး လင္အယ္ကို အခြင့္ေကာင္းယူနုိင္မွာလဲ။ ကိုယ္ မငး္ကို ယံုႀကည္တယ္။ "

မုေလြ႕လင္က သူ႕ခင္ပြန္းေလာင္းရဲ႕ စကားကိုႀကားေတာ့ ခက္ခက္ခဲခဲ ျဖစ္ညစ္ရယ္လိုက္မိတယ္။ သူ႕လက္ေတြကို က်စ္က်စ္ပါေအာင္ ဆုပ္ထားမိလို႕ လက္ဆစ္ေတြေတာင္ တဖ်စ္ဖ်စ္ျမည္ေတာ့မလိုပဲ။

မုေလြ႕လင္က သူမဖာသာ အရမ္းကို လိ္မ္မာပါးနပ္ျပီး သူတပါးကို အရူးလုပ္နုိင္စြမ္းရွိတယ္လို႕ အျမဲ ထင္ျမင္ခဲ့တယ္။ ဒါေပမယ့္ သူမနဲ႕ ရင္ဆိုင္ရတဲ့ တဖက္လူက ေတာ္တာထက္ပိုတဲ့ သူျဖစ္ေနတာက သူမကို ကံဆုိးေစတာပဲ။ အခု သူမကို ကစားဖို႕ေတာင္ အထင္ျမင္ေသးေနတယ္ဆိုေတာ့ မုေလြ႕လင္က ေတြးရင္း ေတြးရင္း သူမ စြမ္းရည္ေတြကို သံသယ ၀င္လာေတာ့တယ္။ ဒါေပမယ့္ သူမရင္ထဲက အေတြးေတြကို သူမ ဖခင္နဲ႕ ခင္ပြန္းေလာင္းသိေအာင္ ဖြင့္မေျပာရဲလို႕ ရင္ထဲ႕ မေက်နပ္ခ်က္ကို အသာျမိဳသိပ္ျပီး လွည့္ထြက္လာခဲ့တယ္။



မုေလြ႕လင္က ေတာင္ပိုင္း ဗိုလ္ခ်ဳပ္ရဲ႕နန္းေတာ္က ထြက္ခြာသြားျပီးေနာက္ က်ိဳးယြန္ရွန္႕လည္း ထြက္ဖို႕ျပင္တယ္။ သူက ယြန္ခြန္ဖုန္းရဲ႕ ၀ိုင္သိုေလွာင္ခန္းက ၀ို္င္အရက္ျပင္း ပုလင္းေပါင္းမ်ားစြာကို အေစခံေတြကို သယ္ခုိင္းျပီး သူ႕ျမင္းလွည့္ထဲ ထည့္ခုိင္းတယ္။

Mu Ruiling ထြက္ခြာသြားၿပီးေနာက္ Zhou Yunchengalso သည္ထြက္ခြာရန္ျပင္ဆင္ခဲ့သည္။ သူသည္ YuanKunpeng ၏ကိုယ္ပိုင္စတိုးဆိုင္မွစပ်စ္ရည္မ်ားစြာကိုစုေဆာင္းၿပီးသယ္ေဆာင္လာသည္ကိုသယ္ေဆာင္ရန္ကြၽန္မ်ားအားအမိန႔္ေပးခဲ့သည္။

" ဒီရက္ေတြမွာ သခင္ယု ဒီအျဖစ္ပ်က္ေတြမွာ ေက်နပ္မႈ ရပါရဲ႕လား။ သခင္ယုက ကြ်န္ေတာ္ ယြန္ခြန္ဖုန္းကို လက္နက္အျဖစ္ အသံုးျပဳရတဲ့ ပထမဆံုးေသာသူပါ။ "

" ဗိုလ္ခ်ဳပ္ယြန္ရဲ႕စကားေတြက မမွန္ဘူး။ တကယ္လို႕ ကြ်န္ေတာ္သာ ခင္ဗ်ားနဲ႕ မေတြ႕ဘူးဆိုရင္ ခင္ဗ်ားက ထက္ျမက္တဲ့ လက္နက္လို လူသားတစ္ေယာက္ျဖစ္ခ်င္လည္း ျဖစ္လာမယ္။ မျဖစ္ခ်င္လည္း မျဖစ္လာနုိင္ဘူး။ တကယ္လို႕ ထက္ျမက္တဲ့ လူတစ္ေယာက္ျဖစ္လာတယ္ဆိုရင္ေတာင္ အခုလို ျမန္ျမန္ဆန္ဆန္ျဖစ္လာနုိင္မယ္တဲ့လား။ အမွန္တရားကို ေျပာလို႕ ခင္ဗ်ား နားခါးမယ္ဆုိတာ သိေပမယ့္ ကြ်န္ေတာ္ ေျပာရမွာပဲ။ ခင္ဗ်ားရဲ႕ ေပ်ာ္ရႊင္မႈက ဘာျဖစ္မွရယ္လို႕ ဆုိတာ ကြ်န္ေတာ္ မသိေပမယ့္ ကြ်န္ေတာ္သာ ခင္ဗ်ားေနရာမွာဆုိရင္ ေအးခဲေနတဲ့ လူထက္ ဒီလို ရွင္သန္လႈပ္ရွားတဲ့ လက္နက္လို လူသား တုိက္ခုိက္ေရးသမား တစ္ေယာက္ပဲျဖစ္ခ်င္တယ္။ "

က်ိဳးယြန္ရွန္႕က ေျပာျပီး ျပံဳးရင္း ရထားလံုးေပၚတက္သြားတယ္။
ယြန္ခြန္ဖုန္းက မွန္လြန္းတဲ့စကားေႀကာင့္ တုန္ယင္ေနျပီး စကားသံမထြက္နုိင္လို႕ ေခါငး္ကိုပဲ အျမန္ညိမ့္လိုက္တယ္။

 "ဂို္ဏ္းခ်ဳပ္သခင္ ေျပာတာမွန္ပါတယ္။ ဂိုဏ္းခ်ဳပ္နဲ႕ ေတြ႕ဆံုရတာ ကြ်န္ေတာ္ ကံေကာင္းတာပါ။ ကြ်န္ေတာ္ဒီက အေျခေနကို ထိန္းခ်ဳပ္ျပီးသြားရင္ ေနာက္ထပ္ ပူးေပါင္းလုပ္ေဆာင္နုိင္ဖုိ႕ ေမွ်ာ္လင့္ပါတယ္။ "

ယြန္ခြန္ဖုန္းက အျခားလူေတြကို လက္ေ၀့ယမ္းျပီး ထြက္သြားခုိင္းျပီးမွ ေျပာလိုက္တာျဖစ္တယ္။ က်ိဳးယြင္ရွန္႕က ယြန္ခြန္ဖုန္းကို စိုက္ႀကည့္ျပီး ေျပာလိုက္တယ္။

" ဒီကာလအတြင္းမွာ အားခ်ီကို ေကာင္းေကာင္းဂရုစိုက္ေပးပါ။ ေနာက္ ငါးနွစ္ႀကာရင္ သူ႕ကို ကြ်န္ေတာ္ ျပန္လာေခၚပါ့မယ္ "
 က်ိဳးယြန္ရွန္႕က နူတ္ဆက္ျပီး ျမင္းရထားကို ထြက္ခြာဖို႕ အမိန္႕ေပးလိုက္တယ္။

ဇီရႊမ္က အေ၀းတစ္ေနရာမွာ သရဲတစ္ေကာင္လိုမ်ိဳး လွ်ိဳ႕၀ွက္စြာ နဲ႕ ေနာက္ကေန ေတာက္ေလွ်ာက္လုိက္လာခဲ့တယ္။  က်ိဳးယြင္ရွန္႕က သူ႕အသြင္ျပင္ကို ဖံုးကြယ္ျခင္းမရွိပဲ သူအရင္က ၀တ္ဆင္ေနက်  ထူးျခားတဲ့ ဂိုဏ္းခ်ဳပ္ အ၀တ္စားကို ၀တ္ဆင္ျပီး လမ္းေတြ၊ ေစ်းေတြ စားေသာက္ဆုိင္ေတြ လူစည္ကားရာေတြမွာ ေလွ်ာက္သြားေနခဲ့တယ္။ သူ႕ကို လူေတြ မွတ္မိသြားမွာကို လံုး၀ စိုးရိမ္ေႀကာင့္ႀကမႈမရွိဘူး။

ဇီရႊမ္က စိတ္ပူလြန္းလို႕ မႀကာခဏ က်ိဳးယြင္ရွန္႕ကို ေျပးျပီး လက္ဆြဲျပီး အဲ့ေနရာကေန ထြက္သြားခ်င္စိတ္ ေပါက္ေနမိတယ္။ ဒါေပမယ့္ သူ႕စိိတ္ကို ထိိန္းျပီးေနာက္ကြယ္ကေနပဲ က်ိဳးယြင္ရွန္႕ကို လုပ္ႀကံသတ္ျဖတ္မယ့္လူေတြကို  တိတ္တဆိတ္ပဲ ရွင္းေပးေနတယ္။

ဇီရႊမ္က လူသတ္ရတာကို မလိုလားတဲ့ လူျဖစ္လို႕ က်ိဳးယြင္ရွန္႕ကို လာသတ္တဲ့ လူသတ္သမားေတြကို အျပတ္ရွင္းမျပစ္ပဲ ေသြးေႀကာပိတ္ျပီး ပစ္ထားခဲ့တယ္။ ဒီလိုလုပ္တာက မလုိလားအပ္တဲ့ အျဖစ္ေတြကို ျဖစ္ေစတယ္ဆိုတာ ဇီရႊမ္က လံုး၀မသိခဲ့ဘူး။ ဇီရႊမ္က နွစ္ေပါင္းမ်ားစြာ တရုတ္ျပည္တလႊားကို သြားလာခဲ့ေပမယ့္ သူ႕ဆရာရဲ႕ ဂုဏ္သတင္း၊ သူ႕ရဲ႕ သိုင္းစြမ္းရည္ထက္ျမက္မႈေႀကာင့္ နုိင္ငံတ၀ွမ္းက အႏၲရာယ္မ်ားကိုသူမသိခဲ့ပါ။ ဒါေႀကာင့္ အခုလုိ လူသတ္သမားေတြကို အျပတ္မရွင္းျပစ္တဲ့အတြက္ လူသတ္သမားေတြက ေဒါသထြက္လာျပီး က်ိဳးယြင္ရွန္႕ကို သတ္ဖို႕ သူတုိ႕ အခ်င္းခ်င္းပူးေပါင္းလာႀကတယ္။ သူတုိ႕က ပူးေပါင္းျပီး ဇီရႊမ္ကို သတ္ျပစ္မယ္။ ျပီးရင္ ဒီအျပစ္ေတြကို က်ိဳးယြင္ရွန္႕ေခါင္းေပၚပံုခ်လိုက္ရင္ ေရွာင္လင္ေက်ာင္းေတာ္က ဇီရႊမ္ရဲ႕ ဆရာသခင္က က်ိဳးယြင္ရွန္႕ကို ေသခ်ာေပါက္ ျပသနာရွာမွာျဖစ္တယ္။ ဒီလိုဆိုရင္ က်ိဳးယြင္ရွန္႕ ဘယ္ေလာက္ သို္င္းေတာ္ေတာ္ ေရွာင္လင္ဂိုဏ္းက ဂိုဏ္းခ်ဳပ္နဲ႕ ၀ါရင့္ ဂုိဏ္းသားေတြကို ယွဥ္နုိင္မွာ မဟုတ္ဘူး။

ဇီရႊမ္က အသက္ငယ္ေပမယ့္ ေရွာင္လင္ဂိုဏ္းမွာ ၀ါစဥ္အေတာ္ႀကီးတယ္။ ေရွာင္လင္ဂိုဏ္းခ်ဳပ္ဆရာသခင္ရဲ႕ တုိက္ရိုက္တပည့္ႀကီးျဖစ္လို႕ သူ႕ရဲ႕၀ါစဥ္က က်န္ဂိုဏ္းထဲက ဘုန္းႀကီးေတြထက္ကို ျမင့္မားတယ္။ ဇီရႊမ္ရဲ႕ ဆရာက Zhi -၀ါစဥ္ဘုန္းေတာ္ႀကီးျဖစ္ျပီး က်န္ ဘုန္းေတာ္ႀကီးေတြက Jue ၀ါစဥ္ဘုန္းေတာ္ႀကီးရဲ႕ တပည့္ေတြျဖစ္တယ္။ ဒါေႀကာင့္ သြားေလရာတေလွ်ာက္မွာ ဇီရႊမ္က က်န္ဘုန္းေတာ္ႀကီးအားလံုးကို  "Shi Shu" လို႔ေခၚရတာျဖစ္တယ္။ ျပီးေတာ့ ဇီရႊမ္က ေနာက္တက္မယ့္ ေရွာင္လင္ဂိုဏ္းခ်ဳပ္အေလာင္းလ်ာျဖစ္တယ္။ ဇီရႊမ္ အသတ္ခံရတယ္ဆိုရင္ ေရွာင္လင္ဂိုဏ္းက ဘယ္နည္းနဲ႕မွ က်ိဳးယြင္ရွန္႕ကို အလြတ္ေပးမွာမဟုတ္ဘူး။

အရင္တုန္းက ဒီလူေတြက ျပည္မက ေရွာင္လင္ေက်ာင္းေတာ္ကို အလြယ္တကူ မဆန္႕က်င္ရဲႀကဘူး။ ဒါေပမယ့္ ဇီရႊမ္နဲ႕ အႀကိမ္ႀကိမ္တိုက္ခုိက္ျပီးတဲ့ေနာက္ပိုင္းမွာ ဇီရႊမ္က အတြင္းဒဏ္ရာ အႀကီးက်ယ္ရေနျပီး တျဖည္းျဖည္း အတြင္းအားေတြ ေလ်ာ့နည္းလာတယ္ဆိုတာ သိရေတာ့ သူတို႕က ဇီရႊမ္ကို ျပစ္မွတ္ထားျပီး သတ္ျပစ္ဖို႕ ၊ ဒီလို ညစ္ပတ္တဲ့ အလုပ္ကို သူတုိ႕ကိုယ္တုိင္မလုပ္ပဲ အျခားလူကို ဌားျပီး လုပ္ဖုိ႕ ဆံုးျဖတ္္လိုက္ႀကတယ္။


-----------------------------------------------
FOD Extra 2 _ Chapter (11) - Yu Cang Hai

ယွန်ခွန်ဖုန်းရဲ့သိုင်းစွမ်းရည်က မုလွေ့လင်ထက် သာတဲ့အတွက် မုလွေ့လင်က သူအကြောပိတ်ထားတာတွေကို ပွင့်အောင် မလုပ်နိုင်ပဲ ပစ်ထားတဲ့အတိုင်း အေးစက်တဲ့ကြမ်းပြင်ပေါ်မှာ လဲလျောင်းရင်း သူမကို လာခေါ်မှာကိုပဲ စောင့်ဆိုင်းနေရတယ်။ မုလွေ့လင်က ထင်တိုင်းမပေါက်လို့ ဒေါသအကြီးကျယ်ထွက်တဲ့အပြင် ခုလို ဖြစ်ပျက်သွားတဲ့အပေါ် စိတ်ဓါတ်အကျကြီး ကျနေတယ်။

တစ်နာရီကျော်စောင့်ပြီးသည့်နောက်၊ အိမ်ဖော်နှစ်ဦးက ရေအေးဇလုံကို သယ်ပြီး အခန်းထဲကို ဝင်လာတယ်။ အစေခံမလေးနှစ်ယောက်က ကြမ်းပြင်ပေါ်လဲနေတဲ့ မုလွေ့လင်ကို ထူပေးပြီး ကုတင်ပေါ် ထိုင်နိုင်အောင် လုပ်ပေးတယ်။ ပြီးတော့ မုလွေ့လင် အဝတ်လဲဖို့၊ ဘာမှ ကူညီပေးတာမလုပ်၊ အဝတ်သစ်တွေ မပေးပဲ မုလွေ့လင်ကို ဒီလို အဝတ်ဗလာနီးပါးဖြစ်နေတဲ့အတိုင်း ထားရစ်ပြီး အခန်းထဲက ထွက်သွားကြတယ်။ မုလွေ့လင်က သူမ မတရားကျင့်ခံရပေမယ့် လူတစ်ယောက်လို သဘောမထားပဲ ရက်ရက်စက်စက် ဆက်ဆံခံရတဲ့အတွက် အရမ်းကို နာကျင်ခံစား လိုက်ရတယ်။ ဒါပေမယ့် သူမရဲ့ ခန္ဓာကိုယ်က အရမ်းကို အားနည်းနေတဲ့အတွက် သူမကို ဒီလို ဆက်ဆံတဲ့ အစေခံမလေးတွေကိုရော ယွန်ခွန်ဖုန်းကိုရော ဘာမှ လက်တုန့်မပြန်နိုင်ဘူး။ မကြာခင်မှာပဲ အားနည်းနေတဲ့ သူမရဲ့ ကိုယ်က အအေးဒဏ်ကို ခံစားလာရပြီး မျက်တောင်တွေ တဖြည်းဖြည်းလေးလာခဲ့တယ်။

မုလွေ့လင်က အခု အရမ်းကို စိတ်ရှုပ်ထွေးနေခဲ့တယ်။ အရင်တစ်ခါ သူ ဒီတောင်ပိုင်း ဗိုလ်ချုပ်ကြီးရဲ့ နန်းတော်ကို လာခဲ့တုန်းက ရတနာတစ်ပါးလို တန်ဖိုးထားမြတ်နိုးခံရပြီး ခုတစ်ခါတော့ လူလို့တောင် သဘောမထားပဲ ရက်ရက်စက်စက် နင်းခြေခံရတာကို နှိုင်းယှဉ်ကြည့်မိပြီး ခါးခါးသည်းသည်း ငိုကြွေးလိုက်တော့တယ်။

နောက်တစ်နေ့မှာ ယွန်ခွန်ဖုန်းရဲ့ အိမ်တော်ထိန်းတစ်ယောက်က မုလွေ့လင်ကို  ငွေသားတစ်သောင်းနှစ်ထောင်တန်တဲ့ ငွေလွှဲစာရွက်ကို ကမ်းပေးပြီး သူမကို မုအိမ်တော်ကို ပြန်ပို့ဖို့ရထားလုံး အသင့်ဖြစ်နေပါပြီလို့ ပြောခဲ့တယ်။

"ရှင် ....ဘာကိုဆိုလိုတာလဲ"

မုလွေ့လင်က ငွေလွှဲလက်မှတ်ကို ကိုင်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ မျက်နှာထားနဲ့ မေးလိုက်တယ်။

Mu Ruiling သည်ငွေလက်မှတ်ကိုလှုပ်ခါလိုက်ပြီးရက်စက်သောမျက်နှာတစ်ခုရှိခဲ့သည်။ ယွန်ခွန်ဖုန်းက သူမကို နင်းခြေပြီး ငွေပေးတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။ သူမကို ပြည့်တန်ဆာလို သဘောထားတာလား။

" မိန်းကလေးက ဗိုလ်ချုပ်ကြီးအတွက် အံ့အားသင့်စရာ အတွေ့ကြုံကို ပေးခဲ့ပါတယ်။ ဒီငွေပမာဏက နည်းတယ်လို့ထင်သေးရင် ငွေတိုက်ကနေ မိန်းကလေးကို နောက်ထပ် နှစ်ထောင် ထပ်ပေးပါ့မယ်။ နှစ်ထောင်ထက်ပိုလိုချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ ငွေတိုက်ထဲမှာ ငွေ မလောက်တော့ဘူး။"

အိမ်တော်ထိန်းက မုလွေ့လင်ကို မထီမဲ့မြင်ကြည့်ပြီး ပြည့်တန်ဆာတစ်ယောက်ကို ပြောသလို ပြောဆိုဆက်ဆံတာကို ခံလိုက်ရတယ်။

မုလွေ့လင်က ဒေါသအရမ်းထွက်တဲ့အတွက် သူမယူလာတဲ့ ဓါးနဲ့ အဲ့ဒီ အိမ်တော်ထိန်းကို လှမ်းခုတ်လိုက်တယ်။ ဒါပေမယ့် တဖက်လူက သိုင်းတတ်တဲ့အတွက် လှမ်းရှောင်လိုက်ပြီး ငွေလွှဲစာရွက်ကို ပြန်ယူသွားတယ်။ မုလွေ့လင်က ဒေါသထွက်လွန်းလို့ ရူးမတတ်ဖြစ်သွားပြီး မျက်နှာကို လက်နဲ့အုပ်ပြီး စူးစူးဝါးဝါး အော်ဟစ်လိုက်တော့တယ်။
 
ယွန်ခွန်ဖုန်းက သူ့စစ်သည်တော်တွေနေတဲ့ အဆောက်ဦးဘက်ကနေ ဝါးလမ်းအတိုင်း လျှောက်လာရင်း ရုတ်တရက် စူးစူးဝါးဝါး အော်သံကိုကြားလို့ နန်းတော်ထဲမှာ ကြောက်စရာ အဖြစ်ပျက်များဖြစ်သွားပြီလားလို့ စိုးရိမ်ပြီး အလောတကြီး လာခဲ့တယ်။ ဒါပေမယ့် ဒီလိုအော်ဟစ်နေတာက မုလွေ့လင်ဆိုတာ သိရတော့ အော်ဟစ်လိုက်တယ်။ ဒီမိန်းမကို မြင်ရတာ ကံဆိုးတာပဲ။

" မင်းက အိမ်တော်ထိန်းပေးတဲ့ ငွေကို မယူချင်ဘူးလို့ကြားတယ်။ မင်းကို ငါ ရွေးစရာ နည်းနှစ်နည်းပေးမယ်။ ပထမ မင်း ဒီအတိုင်း အသာတကြည်ပြန်သွားပြီး ကျန်းချန်ရန်ကို လက်ထပ်လိုက်။ မင်းက အပျိုမဟုတ်ရင်တောင်မှပဲ သူ့ကို မပြောရင် သူ ဘယ်တော့မှ မသိနိုင်ဘူး။ ဒုတိယ မင်းကို ငါ ကိုယ်လုပ်တော်အဖြစ် ကောက်ယူမယ် "

" ရှင်က ကျွန်မကို ကိုယ်လုပ်တော်အဖြစ်ယူမယ် ဟုတ်လား "

မုလွေ့လင်က မသင်္ကာစွာနဲ့ ပြန်မေးလိုက်တယ်။

" မင်းက ငါ့ရဲ့ ကိုယ်လုပ်တော်ဖြစ်တယ်ဆိုရင် မင်း ဂုဏ်ယူလိုက်တော့။ ငါ...ယွန်ခွန်ဖုန်းက ဘယ်တော့မှ ငါ့ အိမ်တော်ထဲမှာ မသန့်ရှင်းတဲ့ မိန်းမကို လက်ခံတယ်လို့ မရှိဘူး။ "

ဒီစကားကိုကြားတာနဲ့ မုလွေ့လင်က ဒေါသကို မထိန်းချုပ်နိုင်တော့ပဲ ဓါးကိုမြှောက်ပြီး ထိုးရင်းပြောလိုက်တယ်။

" ရှင့်ကို အသေသတ်မယ် "

ယွန်ခွန်ဖုန်းက မုလွေ့လင်ကို ပါးရိုက်လိုက်တယ်။ မုလွေ့လင်က လွင့်ထွက်သွားပြီး နံရံကို တိုက်မှပြုတ်ကျလာတယ်။ မုလွေ့လင်က ဒဏ်ရာ ရတာ၊ မရတာကို ယွန်ခွန်ဖုန်း ဂရုမစိုက်ဘူး။ ယွန်ခွန်ဖုန်းက မုလွေ့လင်ကိုကြည့်ပြီး အေးစက်စက်ရယ်မောရင်းပြောလိုက်တယ်။

" မုလွေ့လင် မင်း ဘယ်တော့မှ ငါ့ရှေ့မှာမျက်နှာ လာမပြနဲ့။ မင်း ငါ့အကြောင်းကို တမင်ထုတ်ပြောခဲ့တယ်ဆိုရင် ငါ မင်းကို ဘယ်လို လုပ်မယ်ဆိုတာ စောင့်ကြည့်နေလိုက်။ မင်းကိုယ်မင်း အပျိုစင် မိန်းကလေးလိုမျိုး လုပ်ပြချင်တယ်၊ တန်ဖိုးထားခံချင်တယ်ဆိုရင် လက်မထပ်ခင် မင်း ယောကျာ်းတစ်ယောက်နဲ့ မရှုပ်သင့်ဘူး။ မနေ့က မင်းသာ ငါ့ကို မင်းရဲ့ အပျိုစင်ဘဝကို ပေးခဲ့မယ်ဆိုရင် ငါ မင်းကို  မယားအဖြစ် ယူဖို့ စိတ်ကူးခဲ့ပေမယ့်...မင်းက..... "

သူကခဏရပ်ပြီးခေါင်းကိုခါလိုက်တယ်။ သူက နောက်ဆုံးစကားကို ပြောပြီး တံခါးကို တွန်းဖွင့်ပြီး အပြင်ကို ထွက်သွားတယ်။ 

" ငါ ယွန်ခွန်ဖုန်းက ဘယ်တော့မှ သူများအကျကို မကောက်ယူဘူး။ တကယ်လို့ မင်းက ငါ့ကို မနေ့က အဖြစ်ကြောင့် ငွေတောင်းတယ်ဆိုရင်တောင် ငါ မင်းကို တပြားမှာ ပေးမှာ မဟုတ်ဘူး။  "

ယွန်ခွန်ဖုန်းက ပထမ မုလွေ့လင်ကို ကိုယ်လုပ်တော်အဖြစ်ယူမယ်လို့ ကြံထားပေမယ့် အခုတော့ လုံးဝကို လက်မခံတော့ဘူး။

ကလေးဘဝကနေ အခုချိန်ထိ မုလွေ့လင်က ခုလို လူမဆန်အောင် ဆက်ဆံတာမျိုး မခံစားခဲ့ဖူးဘူး။ ဒါကြောင့် ဒီအဖြစ်ကို ကြုံရတော့ သူမ ပါးစပ်ကနေ သွေးအန်ခဲ့တယ်။ သူမလို အရှက်မရှိတဲ့ မိန်းမကို ဘယ်သူကများ သနားမှာတဲ့လဲ။ သူမကို ဆေးဆရာခေါ်ပေးဖို့ နေနေသာသာ သူမကို ကြည့်မယ့်သူတောင် တစ်ယောက်မှ မရှိဘူး။

မုလွေ့လင်က မြေပြင်ပေါ် အကြာကြီးထိုင်နေပြီး သူ့ရင်ဘတ်ထဲက တစ်ဆို့နာကျင်နေတာကို သက်သာလျော့ပါးသွားတဲ့ အထိစောင့်နေပြီးမှာ မတ်တပ်ရပ်ပြီး တိတ်တဆိတ်ထွက်သွားတော့တယ်။ သူမ မတရားကျင့်ခံလိုက်ရတာကို လူအတော်များများ သိသွားခဲ့ပြီ။ လူတွေရဲ့မျက်နှာကို သူ ဘယ်လို မျက်နှာနဲ့ ကြည့်ရမှာလဲ။ သူနဲ့စေ့စပ်ထားတဲ့ ခင်ပွန်းလောင်းရဲ့ နားထဲကို ဒီသတင်းမရောက်ဖို့ပဲ မျှော်လင့်ရတော့မှာပဲ။

ယွန်ခွန်ဖုန်းရဲ့ ရက်စက်မှုကြောင့် မုလွေ့လင်က အတွင်းဒဏ်ရာရသွားပြီး တည်းခိုခန်းမှာနေရင်း ဖြည်းဖြည်းချင်း ပျောက်အောင် ကုနေရတယ်။ တစ်လလောက်ကြာတော့ ဘာမှမဖြစ်ခဲ့သလို မုလွေ့လင်က အိမ်ကို ပြန်သွားတော့တယ်။
အိမ်ပြန်လာတဲ့ လမ်းတလျှောက်လုံး ယွန်ခွန်ဖုန်းက သူ့အပေါ် သူတို့ ဘာလုပ်ခဲ့တယ်ဆိုတာ သိသွားပြီလားလို့ မုလွေ့လင်က သံသယဖြစ်နေတယ်။ ဒါပေမယ့် မဖြစ်နိုင်ပါဘူး။ တကယ်လို့ ယွန်ခွန်ဖုန်းသာ သိသွားရင် အခုလို သူ့ကို အသက်ရှင်လျက် အိမ်တော်ကနေ လွှတ်လိုက်မှာ မဟုတ်ဘူး။ ပြီးတော့ ယွန်ခွန်ဖုန်းဆိုတဲ့ လူက သူ့ရင်ထဲက အတွေးကို ဘယ်တုန်းကမှ ဖုံးကွယ်တတ်ခဲ့တာ မဟုတ်ဘူး။
ဒါဆိုရင် သူ ခတ်လိုက်တဲ့ ဆေးက ယွန်ခွန်ဖုန်းပေါ်ကို ဘာကြောင့် အာနိသင် မပြတာပါလိမ့်။ အဲ့ဒါနေ့က ယွန်ခွန်ဖုန်းက သူ့ကို မတရားကျင့်ဖို့အတွက် တမင်ကို အရက်အလွန်အကျွံသောက်တာထင်တယ်။ ပြီးတော့ သူက အတွင်းအားနဲ့ အဆိပ်တွေကို သွေးကြောထဲကနေ ညစ်ထုတ်လိုက်လို့ သူ ခတ်တဲ့ အဆိပ်က သူ့ကို ဘာမှ မလုပ်နိုင်တာဖြစ်မယ်။ ယွန်ခွန်ဖုန်း ဒီလို လုပ်နိုင်တယ်ဆိုတာ ထည့်မတွက်မိတာ သူ့အမှားပဲ။


ယွန်ခွန်ဖုန်းက မနာလိုစိတ်ကြောင့် သူ့ကို ခပ်ခွာခွာနေတာလို့ ကြားလိုက်ရလို့ ကျန်းချန်ရန် စိတ်သက်သာရာ ရသွားတယ်။

"  သူက မင်းကြောင့် ငါ့ကို မနာလိုဖြစ်တယ်ဆိုရင် မင်း သူ့ကို လုံး၀ အလွတ်မပေးနဲ့။ ငါ့အတွက် သူ့ကို အပိုင်ကိုင်ထားလိုက်။ ဒါဆိုရင် ငါတို့နှစ်ယောက် တစ်သက်လုံး ယွန်ခွန်ဖုံးကို အသုံးချလို့ရပြီ။ "

မုလွေ့လင်ရဲ့ အသည်းနှလုံးက သွေးစိမ်းရှင်ရှင်ထွက်လာသလို ခံစားလိုက်ရတယ်။ သူနဲ့ စေ့စပ်ထားတဲ့ သတို့သားလောင်းက သူ့ထက် အကျိုးအမြတ်ကိုပဲ ကြည့်တယ်ဆိုတဲ့အချက်က မုလွေ့လင်ကို ရင်ကွဲစေတယ်။

"သူက ကျွန်မကို အခွင့်ရေးယူမှာ ရှင်မကြောက်ဘူးလား "
" လင်အယ်က အရမ်းတော်တာပဲ မဟုတ်လား။ ယွီချန်းဟိုင်လိုလူလက်ထဲမှာတောင် ဘာမှမဖြစ်တာ။ ယွန်ခွန်ဖုန်းလို ဉာဏ်မရှိတဲ့သူက ဘယ်လိုလုပ်ပြီး လင်အယ်ကို အခွင့်ကောင်းယူနိုင်မှာလဲ။ ကိုယ် မင်းကို ယုံကြည်တယ်။ "

မုလွေ့လင်က သူ့ခင်ပွန်းလောင်းရဲ့ စကားကိုကြားတော့ ခက်ခက်ခဲခဲ ဖြစ်ညစ်ရယ်လိုက်မိတယ်။ သူ့လက်တွေကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိလို့ လက်ဆစ်တွေတောင် တဖျစ်ဖျစ်မြည်တော့မလိုပဲ။

မုလွေ့လင်က သူမဖာသာ အရမ်းကို လိမ်မာပါးနပ်ပြီး သူတပါးကို အရူးလုပ်နိုင်စွမ်းရှိတယ်လို့ အမြဲ ထင်မြင်ခဲ့တယ်။ ဒါပေမယ့် သူမနဲ့ ရင်ဆိုင်ရတဲ့ တဖက်လူက တော်တာထက်ပိုတဲ့ သူဖြစ်နေတာက သူမကို ကံဆိုးစေတာပဲ။ အခု သူမကို ကစားဖို့တောင် အထင်မြင်သေးနေတယ်ဆိုတော့ မုလွေ့လင်က တွေးရင်း တွေးရင်း သူမ စွမ်းရည်တွေကို သံသယ ဝင်လာတော့တယ်။ ဒါပေမယ့် သူမရင်ထဲက အတွေးတွေကို သူမ ဖခင်နဲ့ ခင်ပွန်းလောင်းသိအောင် ဖွင့်မပြောရဲလို့ ရင်ထဲ့ မကျေနပ်ချက်ကို အသာမြိုသိပ်ပြီး လှည့်ထွက်လာခဲ့တယ်။



မုလွေ့လင်က တောင်ပိုင်း ဗိုလ်ချုပ်ရဲ့နန်းတော်က ထွက်ခွာသွားပြီးနောက် ကျိုးယွန်ရှန့်လည်း ထွက်ဖို့ပြင်တယ်။ သူက ယွန်ခွန်ဖုန်းရဲ့ ဝိုင်သိုလှောင်ခန်းက ဝိုင်အရက်ပြင်း ပုလင်းပေါင်းများစွာကို အစေခံတွေကို သယ်ခိုင်းပြီး သူ့မြင်းလှည့်ထဲ ထည့်ခိုင်းတယ်။

Mu Ruiling ထွက်ခွာသွားပြီးနောက် Zhou Yunchengalso သည်ထွက်ခွာရန်ပြင်ဆင်ခဲ့သည်။ သူသည် YuanKunpeng ၏ကိုယ်ပိုင်စတိုးဆိုင်မှစပျစ်ရည်များစွာကိုစုဆောင်းပြီးသယ်ဆောင်လာသည်ကိုသယ်ဆောင်ရန်ကျွန်များအားအမိန့်ပေးခဲ့သည်။

" ဒီရက်တွေမှာ သခင်ယု ဒီအဖြစ်ပျက်တွေမှာ ကျေနပ်မှု ရပါရဲ့လား။ သခင်ယုက ကျွန်တော် ယွန်ခွန်ဖုန်းကို လက်နက်အဖြစ် အသုံးပြုရတဲ့ ပထမဆုံးသောသူပါ။ "

" ဗိုလ်ချုပ်ယွန်ရဲ့စကားတွေက မမှန်ဘူး။ တကယ်လို့ ကျွန်တော်သာ ခင်ဗျားနဲ့ မတွေ့ဘူးဆိုရင် ခင်ဗျားက ထက်မြက်တဲ့ လက်နက်လို လူသားတစ်ယောက်ဖြစ်ချင်လည်း ဖြစ်လာမယ်။ မဖြစ်ချင်လည်း မဖြစ်လာနိုင်ဘူး။ တကယ်လို့ ထက်မြက်တဲ့ လူတစ်ယောက်ဖြစ်လာတယ်ဆိုရင်တောင် အခုလို မြန်မြန်ဆန်ဆန်ဖြစ်လာနိုင်မယ်တဲ့လား။ အမှန်တရားကို ပြောလို့ ခင်ဗျား နားခါးမယ်ဆိုတာ သိပေမယ့် ကျွန်တော် ပြောရမှာပဲ။ ခင်ဗျားရဲ့ ပျော်ရွှင်မှုက ဘာဖြစ်မှရယ်လို့ ဆိုတာ ကျွန်တော် မသိပေမယ့် ကျွန်တော်သာ ခင်ဗျားနေရာမှာဆိုရင် အေးခဲနေတဲ့ လူထက် ဒီလို ရှင်သန်လှုပ်ရှားတဲ့ လက်နက်လို လူသား တိုက်ခိုက်ရေးသမား တစ်ယောက်ပဲဖြစ်ချင်တယ်။ "

ကျိုးယွန်ရှန့်က ပြောပြီး ပြုံးရင်း ရထားလုံးပေါ်တက်သွားတယ်။
ယွန်ခွန်ဖုန်းက မှန်လွန်းတဲ့စကားကြောင့် တုန်ယင်နေပြီး စကားသံမထွက်နိုင်လို့ ခေါင်းကိုပဲ အမြန်ညိမ့်လိုက်တယ်။

 "ဂိုဏ်းချုပ်သခင် ပြောတာမှန်ပါတယ်။ ဂိုဏ်းချုပ်နဲ့ တွေ့ဆုံရတာ ကျွန်တော် ကံကောင်းတာပါ။ ကျွန်တော်ဒီက အခြေနေကို ထိန်းချုပ်ပြီးသွားရင် နောက်ထပ် ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်။ "

ယွန်ခွန်ဖုန်းက အခြားလူတွေကို လက်ဝေ့ယမ်းပြီး ထွက်သွားခိုင်းပြီးမှ ပြောလိုက်တာဖြစ်တယ်။ ကျိုးယွင်ရှန့်က ယွန်ခွန်ဖုန်းကို စိုက်ကြည့်ပြီး ပြောလိုက်တယ်။

" ဒီကာလအတွင်းမှာ အားချီကို ကောင်းကောင်းဂရုစိုက်ပေးပါ။ နောက် ငါးနှစ်ကြာရင် သူ့ကို ကျွန်တော် ပြန်လာခေါ်ပါ့မယ် "
 ကျိုးယွန်ရှန့်က နူတ်ဆက်ပြီး မြင်းရထားကို ထွက်ခွာဖို့ အမိန့်ပေးလိုက်တယ်။

ဇီရွှမ်က အဝေးတစ်နေရာမှာ သရဲတစ်ကောင်လိုမျိုး လျှို့ဝှက်စွာ နဲ့ နောက်ကနေ တောက်လျှောက်လိုက်လာခဲ့တယ်။  ကျိုးယွင်ရှန့်က သူ့အသွင်ပြင်ကို ဖုံးကွယ်ခြင်းမရှိပဲ သူအရင်က ဝတ်ဆင်နေကျ  ထူးခြားတဲ့ ဂိုဏ်းချုပ် အဝတ်စားကို ဝတ်ဆင်ပြီး လမ်းတွေ၊ ဈေးတွေ စားသောက်ဆိုင်တွေ လူစည်ကားရာတွေမှာ လျှောက်သွားနေခဲ့တယ်။ သူ့ကို လူတွေ မှတ်မိသွားမှာကို လုံး၀ စိုးရိမ်ကြောင့်ကြမှုမရှိဘူး။

ဇီရွှမ်က စိတ်ပူလွန်းလို့ မကြာခဏ ကျိုးယွင်ရှန့်ကို ပြေးပြီး လက်ဆွဲပြီး အဲ့နေရာကနေ ထွက်သွားချင်စိတ် ပေါက်နေမိတယ်။ ဒါပေမယ့် သူ့စိတ်ကို ထိန်းပြီးနောက်ကွယ်ကနေပဲ ကျိုးယွင်ရှန့်ကို လုပ်ကြံသတ်ဖြတ်မယ့်လူတွေကို  တိတ်တဆိတ်ပဲ ရှင်းပေးနေတယ်။

ဇီရွှမ်က လူသတ်ရတာကို မလိုလားတဲ့ လူဖြစ်လို့ ကျိုးယွင်ရှန့်ကို လာသတ်တဲ့ လူသတ်သမားတွေကို အပြတ်ရှင်းမပြစ်ပဲ သွေးကြောပိတ်ပြီး ပစ်ထားခဲ့တယ်။ ဒီလိုလုပ်တာက မလိုလားအပ်တဲ့ အဖြစ်တွေကို ဖြစ်စေတယ်ဆိုတာ ဇီရွှမ်က လုံးဝမသိခဲ့ဘူး။ ဇီရွှမ်က နှစ်ပေါင်းများစွာ တရုတ်ပြည်တလွှားကို သွားလာခဲ့ပေမယ့် သူ့ဆရာရဲ့ ဂုဏ်သတင်း၊ သူ့ရဲ့ သိုင်းစွမ်းရည်ထက်မြက်မှုကြောင့် နိုင်ငံတဝှမ်းက အန္တရာယ်များကိုသူမသိခဲ့ပါ။ ဒါကြောင့် အခုလို လူသတ်သမားတွေကို အပြတ်မရှင်းပြစ်တဲ့အတွက် လူသတ်သမားတွေက ဒေါသထွက်လာပြီး ကျိုးယွင်ရှန့်ကို သတ်ဖို့ သူတို့ အချင်းချင်းပူးပေါင်းလာကြတယ်။ သူတို့က ပူးပေါင်းပြီး ဇီရွှမ်ကို သတ်ပြစ်မယ်။ ပြီးရင် ဒီအပြစ်တွေကို ကျိုးယွင်ရှန့်ခေါင်းပေါ်ပုံချလိုက်ရင် ရှောင်လင်ကျောင်းတော်က ဇီရွှမ်ရဲ့ ဆရာသခင်က ကျိုးယွင်ရှန့်ကို သေချာပေါက် ပြသနာရှာမှာဖြစ်တယ်။ ဒီလိုဆိုရင် ကျိုးယွင်ရှန့် ဘယ်လောက် သိုင်းတော်တော် ရှောင်လင်ဂိုဏ်းက ဂိုဏ်းချုပ်နဲ့ ဝါရင့် ဂိုဏ်းသားတွေကို ယှဉ်နိုင်မှာ မဟုတ်ဘူး။

ဇီရွှမ်က အသက်ငယ်ပေမယ့် ရှောင်လင်ဂိုဏ်းမှာ ဝါစဉ်အတော်ကြီးတယ်။ ရှောင်လင်ဂိုဏ်းချုပ်ဆရာသခင်ရဲ့ တိုက်ရိုက်တပည့်ကြီးဖြစ်လို့ သူ့ရဲ့ဝါစဉ်က ကျန်ဂိုဏ်းထဲက ဘုန်းကြီးတွေထက်ကို မြင့်မားတယ်။ ဇီရွှမ်ရဲ့ ဆရာက Zhi -ဝါစဉ်ဘုန်းတော်ကြီးဖြစ်ပြီး ကျန် ဘုန်းတော်ကြီးတွေက Jue ဝါစဉ်ဘုန်းတော်ကြီးရဲ့ တပည့်တွေဖြစ်တယ်။ ဒါကြောင့် သွားလေရာတလျှောက်မှာ ဇီရွှမ်က ကျန်ဘုန်းတော်ကြီးအားလုံးကို  "Shi Shu" လို့ခေါ်ရတာဖြစ်တယ်။ ပြီးတော့ ဇီရွှမ်က နောက်တက်မယ့် ရှောင်လင်ဂိုဏ်းချုပ်အလောင်းလျာဖြစ်တယ်။ ဇီရွှမ် အသတ်ခံရတယ်ဆိုရင် ရှောင်လင်ဂိုဏ်းက ဘယ်နည်းနဲ့မှ ကျိုးယွင်ရှန့်ကို အလွတ်ပေးမှာမဟုတ်ဘူး။

အရင်တုန်းက ဒီလူတွေက ပြည်မက ရှောင်လင်ကျောင်းတော်ကို အလွယ်တကူ မဆန့်ကျင်ရဲကြဘူး။ ဒါပေမယ့် ဇီရွှမ်နဲ့ အကြိမ်ကြိမ်တိုက်ခိုက်ပြီးတဲ့နောက်ပိုင်းမှာ ဇီရွှမ်က အတွင်းဒဏ်ရာ အကြီးကျယ်ရနေပြီး တဖြည်းဖြည်း အတွင်းအားတွေ လျော့နည်းလာတယ်ဆိုတာ သိရတော့ သူတို့က ဇီရွှမ်ကို ပြစ်မှတ်ထားပြီး သတ်ပြစ်ဖို့ ၊ ဒီလို ညစ်ပတ်တဲ့ အလုပ်ကို သူတို့ကိုယ်တိုင်မလုပ်ပဲ အခြားလူကို ဌားပြီး လုပ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။


-----------------------------------------------

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now