၃၉။ သွား...ရေချိုးဇလုံမှာ သွားအိပ်... !

4.6K 554 9
                                    

သူမတို့ အခန်းက ဟိုတယ်ရဲ့ အမြင့်ဆုံးအထပ်မှာရှိပြီး မြို့ရဲ့အလှကို ရှုစားနိုင်သည်။
ဘုရားရေ....သူက ဒီလိုအခန်းမှာနေဖို့ ငွေဘယ်လောက်တောင် သုံးထားရမလဲ....?
လုချင်းယီတစ်ယောက် အံ့ သြမဆုံးဖြစ်နေသည်။

" ဒါပေမယ့် ဘာလို့ အိပ်ခန်း တစ်ခုပဲရှိတာကို ယူရတာလဲ....?..ကျွန်မ...ရှင်နဲ့ တစ်အိပ်ယာထဲ မအိပ်နိုင်ဘူး....!''

"ဒါက ကိုယ်မှာထားတာ မဟုတ်ဘူး...၊ ချောင်ဟဲက ကိုယ်တို့အတွက် မှာထားပေးတာ....၊ ကြည့်ရတာ...အသစ်စက်စက်ဇနီးမောင်နှံဆိုတဲ့ အတွေးနဲ့ မှာထားတာ ဖြစ်မှာပေါ့...''

" ဒါဆိုလည်း ရှင်...ဆိုဖာပေါ်မှာပဲ အိပ်လိုက်တော့....၊ ဇိမ်ခံ သင်္ဘောပေါ်က ဆိုဖာထက်လည်း ကြီးတယ်...''
လုချင်းယီ အကြံပေးလာ၏။
(ရှန်းရီ အတွက်မျက်ရည်နှစ်စက်...😢)

ရှန်းရီ...သူမကို မယုံကြည်နိုင်တဲ့ အကြည့်နဲကြည့်လိုက်သည်။

" မဖြစ်ဘူး...၊ ကိုယ့်ကို ဟိုတစ်ခါတုန်းကလို လုပ်ခွင့်မပြုတော့ဘူး...!''
သူတို့ လက်မထပ်ခင်တုန်းက သူမ...သူ့ကို ခွေးလှောင်အိမ်ထဲ သွားခိုင်းခဲ့သည်လေ။

ရှန်းရီက အထုပ်တွေကို ဗီရို ထဲထည့်နေတုန်း သူမက ရေချိုးခန်းထဲ ဝင်သွား၏။ ရေချိုးခန်းက အရမ်းကျယ်ပြီး အီတလီ ကျောက်တွေနဲ့ ဖန်တီးထားသည်။ အထဲမှာ နောက်ထပ် ရေပန်းနဲ့ချိုးရတဲ့ သီးသန့်အခန်းပါ ဖွဲ့ထား၏။ ပြီးနောက် ရေနွေးတစ်ခါတည်းထုတ်ပေးတဲ့ ရေစိမ်ဇလုံပါရှိသေးသည်။

" Sh*t..... ငါ့ရဲ့.... လစာတွေ အားလုံးပေါင်းရင်တောင် ဒီလို ခမ်းနားတဲ့ရေချိုးခန်းကြီးကို ရမှာမဟုတ်ဘူး....'' သူမကိုယ်သူမ ပြောမိသည်။

" ချမ်းသာတဲ့သူတွေကျတော့ ငွေကို ရေလိုသုံးနိုင်ကြတာပဲ...''
ထို့နောက် သူမ ရေချိုးခန်းထဲက ထွက်လာပြီး...

" ဝါး...၊ဒီအခန်းက ကျွန်မတို့အတွက် အရမ်းကြီးတာပဲ....''
ရှန်းရီက ကုတင်စွန်းမှာ ထိုင်နေပြီး သူ့ရဲ့ လက်ကအင်္ကျီ ကြယ်သီးကို ဖြုတ်နေ၏။
လုချင်းယီ.... သူမရဲ့ ခန္ဓာကိုယ်ကို ကုတင်ပေါ်သို့ ပစ်လှဲချလိုက်တော့ နူးညံ့ထဲအိပ်ယာထဲ နစ်ဝင်သွား၏။ ထို့နောက်သူမရဲ့ လက်က အမွေးပွပွ ခေါင်းအုံးဆီကို ရောက်သွားတော့ သူမယူလိုက်ပြီး ရင်ဘတ်ပေါ် တင်လိုက်၏။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now