အခန်း (၁၆)/အခနျး (၁၆)

9.4K 1.2K 54
                                    

Zawgyi~

အခန်း (၁၆)

"ငါက မင်းသူ့ကို သွားခွင့်မပေးဘူးလို့ထင်နေတာ..." ဒရာမာကြည့်ပြီးသွားချိန်တွင် ရှေ့ထွက်လာပြီး ပင်ကိုယ်ရက်စက်တတ်သော်ငြား ပိန်းလွန်းလှသည့် ထိုအမျိုးသားကို ထိုးပစ်လိုက်ချင်သည့် စိတ်ရိုင်းတို့သာ လုံချောင်တွင်ရှိနေတော့သည်။

ဟန်လော့ထင်း ဆိုဖာပေါ်တွင်ထိုင်ချလိုက်ပြီး မျက်လုံးတွေကိုဖုံးထားဖို့ လက်ကိုပင့်တင်လိုက်သည်... သူ လုံချောင်၏ မေးခွန်းကို မဖြေချင်...

"ဟန်လော့ထင်း... မင်းသူ့ကို တကယ်သွားခွင့်ပေးလိုက်ရင် မင်း သေချာပေါက် နောင်တရလိမ့်မယ်..."

"နောင်တ?" နှုတ်ခမ်းတွေကို ဟလိုက်ရင်း လှောင်သံစွက်ကာ သူဆိုလိုက်သည်... "ငါ အခု သောက်ရမ်းနောင်တရနေတယ်လေ... ဒါပေမယ့် အခုမှ နောင်တရတော့ရော ဘာအသုံးဝင်လို့လဲ? သူ့နောက်လိုက်သွားလို့ရော အသုံးဝင်သွားမှာမို့လား? ငါလိုက်သွားရင် အဲ့သောက်ကောင်ကို သူ မချစ်တော့ပဲ နေမှာမို့လား?"

ဒါ့အပြင် လက်ရှိသူ့အသိစိတ်တို့က အင်မတန်မှပင်ေ၀၀ါးနေပြီး မတ်မတ်ထရပ်ဖို့ပင် အားအင်ရှိမနေ...

"သောက် စိတ်ငြိမ်ဆေးတွေ..."

"မင်းရဲ့ နတ်ဆိုးခန္ဓာကိုယ်ပေါ်မှာ အဲ့ဆေးမတိုးဘူးလို့ ငါထင်ခဲ့တာ..."

ဟန်လော့ထင်း စကားမပြောတော့... အဆိပ်သည် သူ့ကိုယ်ပေါ်တွင် သက်ရောက်မှုရှိချင်မှ ရှိလိမ့်မည်... သို့သော် စိတ်ငြိမ်ဆေးကတော့ မတူ... ဒီ့အတွက်ကြောင့်ပင် ဆိုဖာပေါ်မှာ သူဒီလိုမျိုး လဲကျနေခြင်းဖြစ်သည်။

"လင်းလန် ပါးစပ်ထဲက အဲ့ဒီယောကျာ်းဘယ်သူဆိုတာ မင်းတကယ်မသိဘူးလား? သူ့ဗိုက်ထဲက ဘယ်သူ့သွေးသားဆိုတာကိုလေ?"

ဒီလူသည် တကယ့်ကိုပဲ ပိုပိုပြီး စိတ်တိုစရာကောင်း၍လာနေပြီဖြစ်သည်... ဟန်လော့ထင်း လုံချောင်ကို အေးစက်သည့် အကြည့်တို့နှင့်သာ တုန့်ပြန်လိုက်နိုင်သည်။ အဖြေကို သူသိနေလျက်နှင့် အဖြေကလည်း ထင်ရှားနေလျက်နှင့်ကို ထိုလူသည် ဒီမေးခွန်းကို ထပ်မေးနေဆဲဖြစ်သည်။

Who Allowed you to Get on the Bed? |Completed|Where stories live. Discover now