ဦးချစ်​သည်း 32

459 33 12
                                    

"ဘာ​ပြောတယ်​...သူကသားကိုအဲ့လိုပဲ​ပြောလိုက်​တယ်​​ပေါ့
ဟုတ်​လား...."

အဲ့ဒါ​ကြောင့်​ သား​လေး​ဖျော့​တော့မှိုင်​ကျသွားတာကိုး...

Minho ကိုတအံ့တသြပြန်​​မေးမိရင်း Minho
ခေါင်းညိတ်​မပြခင်​မှာပင်​ နည်းနည်းမှထူမတ်​မလာ​တော့
သည့်​ သားအဖြစ်​ကိုရိပ်​စားမိသွားသည်​။

အဲ့ဒီ​နေ့​နောက်​ပိုင်းကတည်းက အစားလည်းမစား​တော့။
ဘယ်​သူ့ကိုမှလည်း စကားမ​ပြော​တော့ဘဲ အခန်း​အောင်း​နေ
တော့၏

သားပုံစံကလိုချင်​တာမရလို့ ဆန္ဒပြ​နေတာလည်းမဟုတ်
အချိန်​တိုင်း ဘယ်​သူမှမရှိတဲ့တစ်​ဖက်​အိမ်​ကိုပဲလှမ်းကြည့်
နေတတ်​ကာ တစ်​​ယောက်​တည်းစိတ်​ထိခိုက်​ပြီး ခံစား​နေရ
တာမျိုးပါ....

"အန်​တီ...hannie ကဦးကိုတကယ်​ကြီးချစ်​​နေတာ
ဦးထွက်​သွားမှာသိ​တော့ လူလယ်​​ကောင်​ကြီး ဦးနဲ့မခွဲနိုင်​ဘူး
ဆိုပြီးထိုင်​ငိုတာ..ဦးထွက်​သွားမှာစိုးလို့ ကိုယ်​ဝန်​ရှိတယ်​လို့
တောင်​ညာပြီး​ပြောခဲ့တာ အဲ့ဒါ​ကြောင့်​ ကိုကို​ပြောတာကို
သူ အရမ်းခံစားသွားရတာ...."

တကယ်​​တော့လည်း hannie က က​လေးစိတ်
Sehun ကလည်း​ဖောက်​ပြားတတ်​သူမဟုတ်​ပါ...
အ​ခြေအ​နေအချိန်​အခါအရဖြစ်​ကုန်​ပြီးမှ Sehun က
နောင်​တနဲ့​နောက်​ဆုတ်​ဖို့ကြိုးစားချိန်​မှာ hannie က
ကိုယ်​ဝန်​ရှိတယ်​လို့ ညာပြီးဆွဲထားခဲ့သည်​။

ဒီလိုနဲ့အ​ခြေအ​နေ​တွေ လွန်​ကျွံကုန်​ပြီးလူသိရှင်​ကြား
အရှက်​တကွဲဖြစ်​ကုန်​ခြင်းဖြစ်​သည်​။ Sehun သူ့လုပ်​ငန်း
တွေကို​ရောင်းပစ်​​နေကတည်းက ပြဿနာကြီးကြီးမားမား
တစ်​ခုရှိ​နေပြီဆိုတာ သူမတို့လင်​မယားရိပ်​မိခဲ့သည်​။

ကူညီ​ပေးဖို့လည်း Sehun ဘာဖြစ်​​နေတာလည်း
တိတ်​တဆိတ်​စုံစမ်းခဲ့ကြ​သေးသည်​။ တကယ့်​ပြဿနာက
အတွင်းလှိုက်​စား​နေတာ သူတို့မသိခဲ့....။

သားနဲ့ Sehun ဒီလို​တွေပတ်​သက်​​နေမိကြမှန်း
သူတို့လုံးဝမရိပ်​မိခဲ့။ တကယ်​ဆိုအ​မေဖြစ်​ပြီး သူမညံ့ခဲ့တာ
သားအမူအရာ​ပြောင်း​နေတာ ဦးဆိုတာကိုပါးစပ်​ကမချတာ
Sehun ကိုတစိမ့်​စိမ့်​လိုက်​ကြည့်​​နေတာ​တွေ သိ​နေမြင်​​နေပါလျက်​ အမှုမဲ့အမှတ်​မဲ့.....။

ဉ်ီးချစ်​သည်းWhere stories live. Discover now