FOD _Extra 4_ Chapter (6) _Honeymoon on Beast-man Planet

2.9K 314 0
                                    

FOD _Extra _ Chapter (6) _Honeymoon on Beast-man Planet

က်ိဳးယြင္ရွန္႔က သူတို႔ယာယီေနတဲ့ လိႈဏ္ဂူဆီကို ျပန္လာတဲ့လမ္းမွာ ေရွာင္အန္းခၽြမ္ကို ေမးျမန္းခဲ့ေပမယ့္ သူသိထားတာထက္ပိုၿပီး ဘာမွမသိရဘူး။ ေရွာင္အန္းခၽြမ္က အႀကိမ္ႀကိမ္ေျဖၾကားေပမယ့္ တစ္စံုတစ္ခုကို ေသခ်ာဖံုးကြယ္ထားပံုရတယ္။

ေရွာင္အန္းခၽြမ္ရဲ့နာမည္ရင္းက အန္းခၽြမ္။ သူက ဒီကိုေရာက္မလာခင္က ေဆးေက်ာင္းသားတစ္ေယာက္ျဖစ္ၿပီး ေဆး႐ံုတစ္႐ံုက တိုင္းရင္းေဆးဌာနမွာ လက္ေထာက္အေနနဲ႔ လုပ္ကိုင္ခဲ့တယ္။ သူ႔မ်ိဳး႐ိုးက ေဆးဆရာမ်ိဳး႐ိုးျဖစ္လို႔ တုိင္းရင္းေဆးေတြကို ပိုမိုသိရွိထားတဲ့အတြက္ သူ႔ကိုအလုပ္ခန္႔ထားတာလို႔ ေျပာျပတယ္။

ဒီသားရဲၿဂိဳလ္မွာ ေဆးဝါးသိပၸံပညာဆိုတာ ကနဦးအဆင့္ပဲရွိေသးတယ္။ သားရဲေတြမွာ ကုသေပးတဲ့ ေဆးဆရာရွိေပမယ့္ မ်ိဳးႏြယ္တိုင္းမွာ ေဆးဆရာမရွိၾကဘူး။ ဒါေၾကာင့္ သားရဲအမ်ားစုက ဖ်ားနာတဲ့အခါကုသဖို႔ ရွာမန္ဆီကိုပဲသြားရတယ္။ ရွာမန္က မန္းမႈတ္ေပးတာပဲျဖစ္ျဖစ္၊ သားရဲနတ္ဘုရားဆီက ေရစင္ေတာ္တစ္ခြက္ျဖစ္ျဖစ္ တိုက္ေကၽြးေပးလိုက္တယ္။ အခု အန္းခၽြမ္ေရာက္ေနတဲ့ ေဘယန္မ်ိဳးႏြယ္မွာ သမားေတာ္မရွိဘူး။ အန္းခၽြမ္က သူ႔တိုင္းရင္းေဆးကုသစနစ္ကို ျဖန္႔ေဝေပးခ်င္ေပမယ့္ တစ္ခါမွ အခြင့္အေရးမရရွိခဲ့ဘူး။

"နတ္ဘုရားေလး.. အရွင္ဖ်ားနာတာျဖစ္ရင္၊ ဒဏ္ရာရရင္ ကၽြန္ေတာ့္ဆီကိုလာခဲ့ပါ.. ကၽြန္ေတာ့္တိုင္းရင္းေဆးပညာက ဒီၿဂိဳလ္မွာ ၿပိဳင္ဖက္ကင္းပဲ.."

ေရွာင္အန္းခၽြမ္က ဝံ့ၾကြားစြာနဲ႔ ေျပာၾကားလိုက္တယ္။ သူက ဒီလိုစကားစျမည္မေျပာရတာ ၾကာၿပီ။ ဒီသားရဲၿဂိဳလ္ေပၚက အမသတၱဝါေတြက သူ႔ကိုမနာလိုျဖစ္ၿပီး ဝိုင္းပယ္ထားၾကသလို အထီးေတြက သူ႔ဆီလာရင္ တပ္မက္မႈနဲ႔ လိင္ဆက္ဆံဖို႔လာတာျဖစ္လို႔ ဘယ္သူမွ စကားမေျပာၾကဘူူး။ တကယ္လို႔ သူတို႔ကေျပာခဲ့ရင္ေတာင္ သူ ဘာေျပာေနသလဲဆိုတာလည္း သူတို႔က နားမလည္ၾကဘူး။ အခု ဒီနတ္ဘုရားေလးကို စကားေျပာရတာ ဟိုသားရဲေတြကိုေျပာရတာနဲ႔ လံုးဝမတူဘူး။ နတ္ဘုရားေလးက သူ႔ကို တခါတရံမွ စကားျပန္ေျပာေပမယ့္ သူေျပာတဲ့အခါတိုင္း ၿပံဳးျပတာ၊ သူ႔ကိုၾကည့္တာလုပ္လို႔ ဒီလိုစကားေျပာခ်ိန္မွာ သူ႔အတြက္ ေက်နပ္ေပ်ာ္ရႊင္မႈကို ခံစားလိုက္ရၿပီး နတ္ဘုရားေလးက သူေျပာတာအားလံုး နားလည္တယ္ဆိုတာ ခံစားမိတယ္။

"ေကာင္းၿပီ.. ငါတစ္ခုခုျဖစ္ရင္ မင္းကိုလာရွာပါ့မယ္.."

က်ိဳးယြင္ရွန္႔က ေရွာင္အန္းခၽြမ္စကားေျပာေနတာကို စိတ္မပ်က္ပါဘူး။ ဒီလို ကမာၻဦးစသာသာ သားရဲၿဂိဳလ္မွာ တစ္ေယာက္တည္း အထီးက်န္ခံစားေနရတာကို သူနားလည္တယ္။ ဒါေပမယ့္ ေက်ာက္ရႊမ္ကေတာ့ ဒီေကာင္ေလးေျပာတာကို နားေထာင္ၿပီး သူ႔ကိုလ်စ္လ်ဴမ႐ႈဖို႔ လက္နဲ႔ပုတ္ၿပီး သတိေပးလိုက္တယ္။

ေရွာင္အန္းခၽြမ္က ေရႊေရာင္ျခေသၤ့ႀကီး စိုက္ၾကည့္ေနတာေတြ႕လို႔ ပါးစပ္ပိတ္ၿပီး သူ႔လက္ေတြနဲ႔အုပ္ထားလိုက္ၿပီး ထြက္သြားတယ္။ က်ိဳးယြင္ရွန္႔က ထပ္တလဲလဲရယ္ေမာလိုက္ၿပီး ျခေသၤ့ႀကီးရဲ့ႏွာႏုဖ်ားကို နမ္းလိုက္ၿပီး နားရြက္ေတြကို လက္နဲ႔ကုတ္ျခစ္ေပးရင္း အေမြးပြပြေတြၾကား ခ်စ္ခင္စြာနဲ႔ မ်က္ႏွာအပ္လိုက္တယ္။

ေက်ာက္ရႊမ္က ေက်နပ္သြားၿပီး အၿမီးနဲ႔ သူ႔ခ်စ္သူေလးကိုရစ္ပတ္ၿပီး ရွည္လ်ားတဲ့ေျခတံေတြကို အၿမီးနဲ႔ပြတ္သပ္ရင္း ေနာက္ဆံုး ရတနာေလးဆီကိုေရာက္ေတာ့ ထပ္တလဲလဲ အၿမီးနဲ႔ပြတ္သပ္ေပးေနတယ္။ က်ိဳးယြင္ရွန္႔ရဲ့မ်က္ႏွာကလည္း နီျမန္းလာၿပီး တစ္ကိုယ္လံုး ေလာင္ကၽြမ္းမလိုျဖစ္လာတယ္။ ျခေသၤ့ႀကီးကလည္း က်ိဳးယြင္ရွန္႔ရဲ့ေနာက္ပိုင္းကို ထပ္တလဲလဲ တြန္းတိုက္လို႔ေနတယ္။ ႏွစ္ေယာက္သား ဂူထဲလံုးေထြးၿပီး ႏွစ္နာရီၾကာသြားေတာ့မွ အထြတ္အထိပ္ေရာက္သြားၾကတယ္။ ေက်နပ္မႈရသြားၿပီးမွ ညစာစားဖို႔ျပင္ဆင္လိုက္တယ္။ သူက ျခေသၤ့ႀကီးေက်ာေပၚကို ခုန္တက္လိုက္ၿပီး ဗိုက္ျဖည့္ၿပီး သစ္သီးသြားရွာဖို႔ ေရွာင္အန္းခၽြမ္ကိုေခၚလိုက္တယ္။

ေရွာင္အန္းခၽြမ္က တားလိုက္ၿပီး ဒီကိစၥကို သူ႔တာဝန္ထားလို႔ ေျပာလိုက္တယ္။ သူက ျခေသၤ့ႀကီးကိုက္ခ်ီလာတဲ့ ဒိုင္ႏိုေဆာအသားတံုးႀကီးကေန အသားတစ္ႏွစ္ခုကို လွီးျဖတ္လိုက္ၿပီး သစ္ကိုင္းႏွစ္ခုကိုပြတ္တိုက္လို႔ မီးေမႊးလိုက္တယ္။ ၿပီးေတာ့ သူက 100kg ေက်ာ္တဲ့ အသားတံုးကို ႐ိုး႐ိုးေလးျပင္ဆင္ၿပီး မီးပံုေပၚမွာ ကင္ဖို႔တင္လိုက္တယ္။

ေရွာင္အန္းခၽြမ္က အသားကင္ဖို႔လုပ္ရင္း ဒီနတ္ဘုရားေလးက သူ႔ထက္အရပ္နည္းနည္းျမင့္ေပမယ့္ ပိန္လြန္းတယ္။ သူ႔ကိုကာကြယ္ေပးထားတဲ့ ျခေသၤ့ႀကီးရွိိလို႔သာ ေတာ္ေသးတယ္လို႔ ေတြးလိုက္မိၿပီး ေလးလံပင္ပန္းတဲ့အလုပ္ကို သူပဲ ဒိုင္ခံလုပ္မယ္လို႔ ေတြးၿပီး အသားတံုးႀကီးကို မီးပံုေပၚတင္ဖို႔ လုပ္လိုက္ေပမယ့္ အသားတံုးကေလးလြန္းလို႔ သူပါ မီးပံုထဲထိုးက်သြားမလိုျဖစ္လို႔ က်ိဳးယြင္ရွန္႔က ခ်က္ခ်င္းလွမ္းဆြဲလိုက္ရတယ္။

"ကၽြန္ေတာ္က ေသၿပီထင္လို႔ အရမ္းေၾကာက္သြားတာ.."

အသားတံုးႀကီးက ေလးလြန္းလို႔ ေရွာင္အန္းခၽြမ္က ဘယ္လိုမွႏိုင္ေအာင္ မ,မႏိုင္ဘူးျဖစ္ေနတယ္။ မီးဟပ္လို႔ သူ႔ဆံပင္ေတြေတာင္ ေလာင္သြားေသးတယ္။ နတ္ဘုရားေလးသာ လွမ္းမဆြဲရင္ သူ႔ရင္ဘတ္ေတြ မီးေလာင္သြားေလာက္ၿပီ။ သူက အိတ္ထဲက အသီးတခ်ိဳ႕ကိုယူၿပီး သန္႔တဲ့ေက်ာက္ျပားေပၚတင္လို႔ ေက်ာက္တံုးနဲ႔ႀကိတ္လိုက္တယ္။ ၿပီးေတာ့ ရလာတဲ့သစ္သီးေရေတြနဲ႔ ဒိုင္ႏိုေဆာအသားေပၚ ျဖန္းလိုက္တယ္။

"ဒါ ဘာေတြလဲ.."

"ဒီဟာက ေဆးဖက္ဝင္ ဟင္းခတ္အေမႊးႀကိဳင္တစ္မ်ိဳးပဲ.. အသားကင္တဲ့အခါ ေမႊးလာေအာင္ ဒီဟာကို ထည့္နယ္ၾကတယ္.. ဒီဟာက နည္းနည္းစပ္ၿပီး ခင္ဗ်ား အစပ္စားလို႔ရမရေတာ့ ကၽြန္ေတာ္မသိဘူး.. ဒါေၾကာင့္ အသားရဲ့တစ္ျခမ္းကိုပဲ ျဖန္းလိုက္တာ.."

ေရွာင္အန္းခၽြမ္က သူ႔အဝတ္ထဲမွာသိမ္းထားတဲ့ သစ္ရြက္နဲ႔ထုပ္ထားတဲ့ ဆားၾကမ္းကို ယူၿပီး အသားတံုးေပၚျဖဴးလိုက္တယ္။ ေရွာင္အန္းခၽြမ္က သူေနတဲ့မ်ိဳးႏြယ္စုထဲမွာ အသားေတြကို ေဝမွ်ေပးတာမခံရလို႔ သူ႔ဘာသာပဲ အမဲလိုက္ထြက္ရတယ္။ ဒါေၾကာင့္ အသားကင္ရင္သံုးရမယ့္ ဟင္းခတ္အေတာ္မ်ားမ်ားကို တစ္ပါတည္း ယူလာေလ့ရွိတယ္။

ဒီၿဂိဳလ္က သားရဲၿဂိဳလ္ျဖစ္ေပမယ့္ ကမာၻၿဂိဳလ္ေပၚကအပင္ေတြလည္းရွိသလို သူမေတြ႕ဖူးတဲ့အပင္ေတြလည္း အမ်ားႀကီးရွိတယ္။ ဒီအပင္ေတြကို အၾကာႀကီးစူးစမ္းေလ့လာၿပီးမွ ဘယ္ဟာကစားလို႔ရတယ္၊ ဘယ္ဟာက စားလို႔မရဘူးလဲဆိုတာ သူသိလာတာျဖစ္တယ္။ ေရွာင္အန္းခၽြမ္က င႐ုတ္ေကာင္းျဖဴ၊ င႐ုတ္ေကာင္းနက္နဲ႔ င႐ုတ္မႈန္႔ေတြကို ေရြးခ်ယ္ခူးဆြတ္ၿပီး သယ္လာတတ္တယ္။

က်ိဳးယြင္ရွန္႔က ဒီငံုးငွက္ေလးသာသာ ေကာင္ငယ္ေလးက သူ႔အဝတ္အိတ္ေလးထဲကေန ဟင္းခတ္အေမႊးႀကိဳင္ေတြ တစ္ခုၿပီးတစ္ခု ဆြဲထုတ္လာတာၾကည့္ၿပီး တအံ့တၾသျဖစ္ေနတယ္။ ေရွာင္အန္းခၽြမ္က ဟင္းခတ္တစ္ခုၿပီးတစ္ခု အသားတံုးေပၚျဖဴးၿပီးေနာက္ ေလထုထဲမွာ ေမႊးပ်ံ႕တဲ့အသားကင္ရနံ႔က ႀကိဳင္လိႈင္လာေတာ့တယ္။ ပထမေတာ့ ေက်ာက္ရႊမ္က က်ိဳးယြင္ရွန္႔ေျခရင္းမွာ အိပ္ေနရာကေန ဒီအသားကင္နံ႔ေၾကာင့္ ႏိုးလာၿပီး ထထိုင္လို႔ၾကည့္ေနတယ္။

အေစာပိုင္းကေတာ့ သူဟာ ဒီေရွာင္အန္းခၽြမ္ဆိုတဲ့ ငခၽြတ္ေလးကို သူတို႔ခ်စ္သူႏွစ္ေယာက္ၾကား လူပိုျဖစ္ၿပီး ဝင္႐ႈပ္ေနလို႔ မၾကည္ျဖဴေပမယ့္ ေနာက္တစ္နာရီလည္းၾကာေရာ အသားကင္ကိုလက္စြမ္းျပႏိုင္လို႔ ဒီေကာင္ေလးကို ထြက္မသြားေစခ်င္ေတာ့ဘူး။

က်ိဳးယြင္ရွန္႔က ပထမတုန္းက အရသာမရွိတဲ့အသားကင္ကို စားရဖို႔ပဲ ေမွ်ာ္လင့္ထားရာကေန ဒီသားရဲၿဂိဳလ္အဆင့္နဲ႔ ဘာမွမဆိုင္တဲ့ အနံ႔အရသာျပည့္စံုတဲ့ အသားကင္ႀကီးစားရဖို႔ ျဖစ္လာတယ္။ သူတို႔ ဒီသားရဲၿဂိဳဟ္ကိုလာစဥ္က ဒီဌာေနလူမ်ိဳးလိုဝတ္၊ ဒီလူမ်ိဳးလိုစားၿပီး ဒီလူမ်ိဳးနဲ႔ တစ္သားတည္းျဖစ္ေနဖို႔ စီစဥ္ထားတာပဲ။ ေရွာင္အန္းခၽြမ္ကေတာ့ သူတို႔လို အလည္လာတာမဟုတ္ဘူး။ ကမာၻၿဂိဳလ္ကေန တစ္နည္းနည္းနဲ႔ ဒီၿဂိဳလ္ေပၚကိုေရာက္ရွိလာတာျဖစ္ၿပီး က်ိဳးယြင္ရွန္႔တို႔လာခဲ့တဲ့ အင္ပါယာကလိုမ်ိဳး မဖြံ႕ၿဖိဳးေသးတဲ့ၿဂိဳလ္နဲ႔ပတ္သက္ၿပီး စည္းကမ္းတင္းက်ပ္တာမရွိဘူး။ ဒါေၾကာင့္ ေရွာင္အန္းခၽြမ္က သူသိထားတဲ့ဗဟုသုတကိုသံုးၿပီး သူ႔ပတ္လည္ကအရာေတြကို ေျပာင္းလဲေနတာျဖစ္တယ္။

အခုခ်ိန္မွာ သူ႔မိတ္ေဆြႏွစ္ေယာက္က ပိန္ေနတာေတြ႕လို႔ သူက ေစတနာနဲ႔ ေကာင္းေကာင္းစားရဖို႔ လုပ္ကိုင္ေပးေနတာျဖစ္တယ္။ အသားကင္က်က္တာနဲ႔ ေက်ာက္ရႊမ္က အသားတံုးရဲ့အေကာင္းဆံုးအပိုင္းကို ကိုက္ဖဲ့ၿပီး က်ိဳးယြင္ရွန္႔ကိုေပးလိုက္တယ္။ က်ိဳးယြင္ရွန္႔က ျခေသၤ့ႀကီးရဲ့တံေတြးေတြေပေနတာကို လံုးလံုးဂ႐ုမစိုက္ဘဲ စားလိုက္တယ္။ ေက်ာက္ရႊမ္က ေနာက္ထပ္တစ္ကိုက္ကိုက္ၿပီး ေကၽြးျပန္တယ္။ က်ိဳးယြင္ရွန္႔က လက္ယမ္းျပၿပီး ေျပာလိုက္တယ္။

"ခင္ဗ်ားဘာသာ စားလိုက္ဦး.. ကေန႔ ခင္ဗ်ားက ႀကိဳးႀကိဳးစားစား အမဲလိုက္ထားရတာ.. ခင္ဗ်ားကို အရမ္းခ်စ္တာပဲ.."

ေက်ာက္ရႊမ္ရဲ့ႏွာေခါင္းကိုနမ္းလိုက္ေတာ့ ေက်ာက္ရႊမ္က အရမ္းကိုေပ်ာ္သြားၿပီး က်ိဳးယြင္ရွန္႔ေဘးကို လွည့္ပတ္ေလွ်ာက္ၿပီး သူ႔လက္ဖဝါးႏွစ္ဖက္ကို က်ိဳးယြင္ရွန္႔ပုခံုးေပၚတင္လိုက္ၿပီး သူ႔ခ်စ္သူေလးရဲ့ နဖူး၊ ပါးျပင္နဲ႔ ေမးေစ့တို႔ကို လွ်ာနဲ႔လ်က္ရင္း ခ်စ္ခင္ေၾကာင္းေဖာ္ျပေနတယ္။

နတ္ဘုရားလူငယ္နဲ႕ ျခေသၤ့ႀကီးရဲ႕အမူယာက တဖက္သားကို အရမ္း ဆြဲေဆာင္နုိင္တယ္။ ေရွာင္အန္းခြ်မ္က သူတို႕နွစ္ေယာက္ရဲ႕ဖက္လဲတကင္း နဲ႕ ကစားေနတဲ့အမူယာကို ႀကည့္ျပီး အားက်မနာလိုစိတ္ေတာင္ ဝင္လာခဲ့တယ္။ အရင္တုနး္က သူသိထားတဲ့သားရဲနဲ႕ လူနဲ႕ေပါင္းစပ္ျခင္းက ရက္စက္ႀကမ္းႀကဳတ္ျပီး အနုိင္က်င့္မႈေတြနဲ႕ျပည့္ေနတယ္။ ဒါေပမယ့္ အခု အတြဲကိုႀကည့္ရတာ နတ္ဖက္ထားတဲ့စံုတြဲေတြအလား ျမင္ရံုနဲ႕ႀကည္နူးဖြယ္ေကာငး္လွတယ္။
အခု နတ္ဘုရားလူငယ္နဲ႕ သူ႕အေဖာ္က တေယာက္ကိုတေယာက္ျပံဳးႀကည့္ေနတာေတြ၊ အနမ္းေတြက သိမ္ေမြ႕နူးညံ့လွျပီး တစ္ေယာက္ကို တစ္ေယာက္ မိတ္ေဆြေကာင္းေတြဆိုတဲ့ စိတ္ဓါတ္ကိုလည္း အရင္းခံတယ္။ အခ်စ္ကိုလည္း သိသာျမင္နုိင္တယ္။ ဒီအခ်က္ကိုေတြးမိေတာ့ ေရွာင္အန္းခြ်မ္ သက္ျပင္းသာခ်မိတယ္။ ဒီလို လိုက္ဖက္ညီတဲ့ စံုတြဲက ဒီျဂိဳလ္မွာ ဒါေႀကာင့္ အသက္ရွင္ေနထိုင္နုိင္တာေပါ့။

က်ိဳးယြင္ရွန္႕နဲ႕ေရွာင္အန္းခြ်မ္က လက္တစ္ဖဝါးေလာက္ အရြယ္ အသားကင္ကို စားရံုနဲ႕လံုေလာက္ျပီး က်န္တဲ့ အသားကင္အားလံုး မိုက္မဲတဲ့ျခေသၤ့ႀကီးပါးစပ္ထဲပဲေရာက္ကုန္ေတာ့တယ္။ ေရွာင္အန္းခြ်မ္ကလည္း အသားကင္ကိုစားရင္း နတ္ဘုရားေလး ေမးသမွ် ဒိုင္နိုေဆာကင္မွာ ထည့္တဲ့ ဟင္းခတ္အေမႊးအႀကိဳင္အားလံုးကို ေျပာျပေနတယ္။ သူက ဒီမွာေနတာ အေတာ္ႀကာျပီျဖစ္လို႕ သူ႕ဇာတိလိုျဖစ္ျပီး အေတာ္ေလးကို ေလ့လာလို႕သူ႕အတြက္ အဆင္ေျပေအာင္ ဖန္တီးေနနိုိင္ျပီျဖစ္တယ္။

နတ္ဘုရားလူငယ္ေလးက သူ႕လက္ရာကို နွစ္သက္တယ္ဆုိတာ သိရလို႕ အေသးစိ္တ္ကိုေ ျပာျပရံဳတင္မကဘူး ဆားႀကမ္းတအိ္တ္ကိုလည္း လက္ေဆာင္ေပးလိုက္ေသးတယ္။

" မင္း ဆားကို ဘယ္ေနရာက ရသလဲ "

က်ိဳးယြင္ရွန္႕က ဆားကို လက္ခံလိုက္ျပီး ရနုိင္မယ့္ ေနရာကို ေမးလိုက္တယ္။ ဆားကသက္ရွိသတၱဝါမ်ားအတြက္အေရးႀကီးတယ္။ အဲဒါမရွိရင္ လူေတြဟာခြန္အားေတြ ဆုံးရႈံးၿပီးတျဖည္းျဖည္းေသဆုံး ၾကရလိမ့္မယ္။

" ဆားကို ပင္လယ္နားက ငါးမန္းတပိုင္း လူတပိုင္း မိန္းမဆီကလဲခဲ့တာ။ ဆားႀကမ္းတအိတ္အတြက္ အနီေရာင္သလင္းေက်ာက္ တခုလိုတယ္။ ငါတုိ႕ မ်ိဳးနြယ္စုက ေယာက်ား္ေလးေတြက ေျခာက္လႀကိမ္ ဆားကိုလဲဖုိ႕သြားႀကတယ္။ အဲ့ဒီေနရာကိုေရာက္ဖို႕ ခ်ိဳင့္ဝွမ္းေတြကို ေက်ာ္လႊားသြားရျပီး  အဲဒီကိုေရာက္ဖို႔ ၂ လမွသုံးလေလာက္ၾကာတယ္။ ဒါကအရမ္းအႏၲရာယ္မ်ားတယ္။ ဒီလမ္းခရီးမွာ လူအေတာ္မ်ားမ်ားေသေႀကပ်က္စီးႀကရတယ္"

ေရွာင္အန္းခြ်မ္က ဒီအေႀကာင္းကို ေျပာျပရင္း ေၾကာက္စိတ္ႏွင့္စိုးရိမ္မႈကိုျပသခဲ့တယ္။

က်ိဳးယြင္ရွန္႕က ဒီသတင္းအခ်က္အလက္မ်ားကို သူ၏စိတ္ထဲတြင္ထားျပီး ဆက္ေမးလို္က္တယ္။

" အနီေရာင္ေက်ာက္သလင္းကို ဘယ္မွာရႏိုင္မလဲ"

 "အနီေရာင္ေက်ာက္သလင္းက ရွားပါးသတၱဳျဖစ္တယ္။ အဲ့ဒါထြက္တဲ့ေနရာက  သစ္ေတာအေနာက္ဘက္မွာ တည္ရွိၿပီး အေရွ႕ဘက္တိုက္မွာ အင္အားအေကာင္းဆုံးအႏြယ္ေတြက ဒီေဒသကို အုပ္ခ်ဳပ္တယ္။ အနီေရာင္သလင္းေက်ာက္နဲ႕ အစားအစာ၊အဝတ္အထည္၊ ဆား၊ လက္နက္ကို လဲလွယ္လုိ႕ရတယ္။ ဒါေႀကာင့္ အနီေရာင္သလင္းေက်ာက္ ပိုင္ဆိုင္တဲ့ မ်ိဳးႏြယ္စုက အင္အားပိုပိုႀကီးထြားလာႀကတယ္။ အနီေရာင္ၾကည္လင္တဲ့သလင္းေက်ာက္က သတၱဝါေတြရဲ႕စြမ္းအားကို တိုးျမႇင့္ဖို႔အတြက္ သုံးႏိုင္တယ္၊ ဒါေၾကာင့္ အနီေရာင္သလင္းေက်ာက္ ထြက္ရွိတဲ့ ေဒသမွာ မ်ိဳးနြယ္စု ၆ ခုက အင္အားအႀကီးဆံုးျဖစ္ျပီး သူတို႔ရဲ႕ စစ္သည္ေတြဟာ အင္အားအေကာင္းဆံုးျဖစ္ႀကတယ္။ ဒီမ်ိဳးနြယ္ ၆ ခုက အေရွ႕ပိုင္းတိုက္ႀကီးရဲ႕စစ္မွန္တဲ့အုပ္စိုးရွင္ေတြျဖစ္တယ္။ က်န္မ်ိဳးနြယ္စုအားလံုး သူတို႕ အမိ္န္႕ကို နာခံႀကရတယ္။"

ေရွာင္အန္းခြ်မ္က နတ္ဘုရားလူငယ္က ဗဟုသုတနည္းပါတယ္လို႕ ခံစားလိုက္ရတယ္။ ဒါေပမယ့္ သူက အားလံုးကို အေသးစိတ္ေသခ်ာရွင္းျပလိုက္တယ္။ နတ္ဘုရားလူငယ္လိုအပ္သမွ်ကို ျခေသၤ့ႀကီးကပဲ ယူလာေပးတယ္ထင္တယ္။ ႀကည့္ရတာ နတ္ဘုရားလူငယ္ရဲ႕မ်ိဳးႏြယ္စုက အစာေရစာေပါမ်ားျပီး ဘာမွ ပူစရာမလိုရဘူးထင္ပါရဲ႕။ နတ္ဘုရားလူငယ္ရဲ႕ လွပျပီး နူးညံ့တဲ့ အသားအေရာင္ကို ႀကည့္ရံုနဲ႕သိသာနိုင္တယ္။

ျခေသၤ့သည္ ေရွးဦးဘိုးေဘးသားရဲသတၱဝါတစ္ေကာင္ျဖစ္တယ္။  ထို႔ေၾကာင့္အနီေရာင္ေက်ာက္ေတြမလိုအပ္ဘူး။ နတ္ဘုရားလူငယ္လည္း အုပ္ခ်ုပ္သူ မ်ိုးႏြယ္ ၆ ခုရွိတဲ့ ေဒသကို သြားစရာမလိုဘူးလို႕ သူက ေတြးလို္က္တယ္။
" အနီေရာင္သလင္းေက်ာက္ရွိတဲ့ေဒသက လူေတြက ရမ္ေနာ့ လူမ်ိုးစုေတြျဖစ္တယ္။ သူတို႕က လွပတဲ့ အမ်ိဳးသမီးေတြကို ေတြ႕ရင္ ခ်က္ခ်င္းဖမ္းေခၚသြားတတ္တယ္။ တကယ္လို႕ နတ္ဘုရားအရွင္သာ ဆားလိုရင္ ကြ်န္ေတာ္ယူလာေပးပါ့မယ္။   "

ေရွာင္အမ္းခြ်မ္ ကသူ႔ကိုထပ္ခါတလဲလဲေျပာခဲ့သည္။

က်ိဳးယြင္ရွန္႕ကျပံုးရံဳပဲျပံုးလိုက္ျပီး သိလိုတာကို ေမးလိုက္တယ္။ ဒီတိုက္ႀကီးနဲ႕ပတ္သတ္ျပီး သူပိုနားလည္လာခဲ့တယ္။
သားရဲသတၱ၀ ါေတြက ထူးျခားေသာ စိုက္ပ်ိဳးမႈစနစ္ကို ဆုပ္ကိုင္ထားၿပီး ခြန္အားအရ ခြဲျခားထားသည္။ အနီေရာင္ သလင္းေက်ာက္က အင္အားႀကီးမ်ိဳးႏြယ္ေတြရဲ႕ ေသာ့ခ်က္ျဖစ္တယ္။

ဒါေပမယ့္ေရွာင္အန္းခြ်မ္ ေျပာသလို ဒီကဟာေတြက သူ႕အတြက္ ဘာမွ မလိုအပ္ဘူး။

"ဆားကအရမ္းအဖိုးတန္တယ္။ မင္းမ်ိဳးႏြယ္စုမွာရွားပါးတဲ့ဟာျဖစ္တယ္။ ဒါကိုမင္းကိုယ္တိုင္သုံးဖို႔သိမ္းထားပါ။ ငါ့ဖာသာ နည္းလမ္းရွာျပီး ဆားကို ရေအာင္ယူပါ့မယ္။ "

သူက ေရွာင္အန္းခြ်မ္ေပးတာကို ျငင္းပယ္ခဲ့ၿပီး မိုက္မဲေသာျခေသၤ့ႏွင့္ အတူရက္အနည္းငယ္အတြင္း ဆားရွိတဲ့ပင္လယ္ကို သြားဖို႕ ဒါမွမဟုတ္ ကုန္းတြင္းပိုင္းဆားရွိတဲ့ေနရာကို ရွာေဖြရန္စီစဥ္ခဲ့တယ္။

ေရွာင္အန္းခြ်မ္က သူေျပာတာကိုႀကားေတာ့ ဒီနတ္ဘုရားလူငယ္က တကယ့္ကို စိတ္ေကာင္းရွိတယ္ဆိုတာ ပိုသိလာတယ္။သူက ေက်းဇူးတင္စြာနဲ႕ ဒိုင္နုိေဆာအသားနည္းနည္းကို ယူျပီး သူ႕မ်ိဳးႏြယ္စုရွိရာကို ျပန္လာခဲ့တယ္။

==============

FOD _Extra _ Chapter (6) _Honeymoon on Beast-man Planet

ကျိုးယွင်ရှန့်က သူတို့ယာယီနေတဲ့ လှိုဏ်ဂူဆီကို ပြန်လာတဲ့လမ်းမှာ ရှောင်အန်းချွမ်ကို မေးမြန်းခဲ့ပေမယ့် သူသိထားတာထက်ပိုပြီး ဘာမှမသိရဘူး။ ရှောင်အန်းချွမ်က အကြိမ်ကြိမ်ဖြေကြားပေမယ့် တစ်စုံတစ်ခုကို သေချာဖုံးကွယ်ထားပုံရတယ်။

ရှောင်အန်းချွမ်ရဲ့နာမည်ရင်းက အန်းချွမ်။ သူက ဒီကိုရောက်မလာခင်က ဆေးကျောင်းသားတစ်ယောက်ဖြစ်ပြီး ဆေးရုံတစ်ရုံက တိုင်းရင်းဆေးဌာနမှာ လက်ထောက်အနေနဲ့ လုပ်ကိုင်ခဲ့တယ်။ သူ့မျိုးရိုးက ဆေးဆရာမျိုးရိုးဖြစ်လို့ တိုင်းရင်းဆေးတွေကို ပိုမိုသိရှိထားတဲ့အတွက် သူ့ကိုအလုပ်ခန့်ထားတာလို့ ပြောပြတယ်။

ဒီသားရဲဂြိုလ်မှာ ဆေးဝါးသိပ္ပံပညာဆိုတာ ကနဦးအဆင့်ပဲရှိသေးတယ်။ သားရဲတွေမှာ ကုသပေးတဲ့ ဆေးဆရာရှိပေမယ့် မျိုးနွယ်တိုင်းမှာ ဆေးဆရာမရှိကြဘူး။ ဒါကြောင့် သားရဲအများစုက ဖျားနာတဲ့အခါကုသဖို့ ရှာမန်ဆီကိုပဲသွားရတယ်။ ရှာမန်က မန်းမှုတ်ပေးတာပဲဖြစ်ဖြစ်၊ သားရဲနတ်ဘုရားဆီက ရေစင်တော်တစ်ခွက်ဖြစ်ဖြစ် တိုက်ကျွေးပေးလိုက်တယ်။ အခု အန်းချွမ်ရောက်နေတဲ့ ဘေယန်မျိုးနွယ်မှာ သမားတော်မရှိဘူး။ အန်းချွမ်က သူ့တိုင်းရင်းဆေးကုသစနစ်ကို ဖြန့်ဝေပေးချင်ပေမယ့် တစ်ခါမှ အခွင့်အရေးမရရှိခဲ့ဘူး။

"နတ်ဘုရားလေး.. အရှင်ဖျားနာတာဖြစ်ရင်၊ ဒဏ်ရာရရင် ကျွန်တော့်ဆီကိုလာခဲ့ပါ.. ကျွန်တော့်တိုင်းရင်းဆေးပညာက ဒီဂြိုလ်မှာ ပြိုင်ဖက်ကင်းပဲ.."

ရှောင်အန်းချွမ်က ဝံ့ကြွားစွာနဲ့ ပြောကြားလိုက်တယ်။ သူက ဒီလိုစကားစမြည်မပြောရတာ ကြာပြီ။ ဒီသားရဲဂြိုလ်ပေါ်က အမသတ္တဝါတွေက သူ့ကိုမနာလိုဖြစ်ပြီး ဝိုင်းပယ်ထားကြသလို အထီးတွေက သူ့ဆီလာရင် တပ်မက်မှုနဲ့ လိင်ဆက်ဆံဖို့လာတာဖြစ်လို့ ဘယ်သူမှ စကားမပြောကြဘူူး။ တကယ်လို့ သူတို့ကပြောခဲ့ရင်တောင် သူ ဘာပြောနေသလဲဆိုတာလည်း သူတို့က နားမလည်ကြဘူး။ အခု ဒီနတ်ဘုရားလေးကို စကားပြောရတာ ဟိုသားရဲတွေကိုပြောရတာနဲ့ လုံးဝမတူဘူး။ နတ်ဘုရားလေးက သူ့ကို တခါတရံမှ စကားပြန်ပြောပေမယ့် သူပြောတဲ့အခါတိုင်း ပြုံးပြတာ၊ သူ့ကိုကြည့်တာလုပ်လို့ ဒီလိုစကားပြောချိန်မှာ သူ့အတွက် ကျေနပ်ပျော်ရွှင်မှုကို ခံစားလိုက်ရပြီး နတ်ဘုရားလေးက သူပြောတာအားလုံး နားလည်တယ်ဆိုတာ ခံစားမိတယ်။

"ကောင်းပြီ.. ငါတစ်ခုခုဖြစ်ရင် မင်းကိုလာရှာပါ့မယ်.."

ကျိုးယွင်ရှန့်က ရှောင်အန်းချွမ်စကားပြောနေတာကို စိတ်မပျက်ပါဘူး။ ဒီလို ကမ္ဘာဦးစသာသာ သားရဲဂြိုလ်မှာ တစ်ယောက်တည်း အထီးကျန်ခံစားနေရတာကို သူနားလည်တယ်။ ဒါပေမယ့် ကျောက်ရွှမ်ကတော့ ဒီကောင်လေးပြောတာကို နားထောင်ပြီး သူ့ကိုလျစ်လျူမရှုဖို့ လက်နဲ့ပုတ်ပြီး သတိပေးလိုက်တယ်။

ရှောင်အန်းချွမ်က ရွှေရောင်ခြင်္သေ့ကြီး စိုက်ကြည့်နေတာတွေ့လို့ ပါးစပ်ပိတ်ပြီး သူ့လက်တွေနဲ့အုပ်ထားလိုက်ပြီး ထွက်သွားတယ်။ ကျိုးယွင်ရှန့်က ထပ်တလဲလဲရယ်မောလိုက်ပြီး ခြင်္သေ့ကြီးရဲ့နှာနုဖျားကို နမ်းလိုက်ပြီး နားရွက်တွေကို လက်နဲ့ကုတ်ခြစ်ပေးရင်း အမွေးပွပွတွေကြား ချစ်ခင်စွာနဲ့ မျက်နှာအပ်လိုက်တယ်။

ကျောက်ရွှမ်က ကျေနပ်သွားပြီး အမြီးနဲ့ သူ့ချစ်သူလေးကိုရစ်ပတ်ပြီး ရှည်လျားတဲ့ခြေတံတွေကို အမြီးနဲ့ပွတ်သပ်ရင်း နောက်ဆုံး ရတနာလေးဆီကိုရောက်တော့ ထပ်တလဲလဲ အမြီးနဲ့ပွတ်သပ်ပေးနေတယ်။ ကျိုးယွင်ရှန့်ရဲ့မျက်နှာကလည်း နီမြန်းလာပြီး တစ်ကိုယ်လုံး လောင်ကျွမ်းမလိုဖြစ်လာတယ်။ ခြင်္သေ့ကြီးကလည်း ကျိုးယွင်ရှန့်ရဲ့နောက်ပိုင်းကို ထပ်တလဲလဲ တွန်းတိုက်လို့နေတယ်။ နှစ်ယောက်သား ဂူထဲလုံးထွေးပြီး နှစ်နာရီကြာသွားတော့မှ အထွတ်အထိပ်ရောက်သွားကြတယ်။ ကျေနပ်မှုရသွားပြီးမှ ညစာစားဖို့ပြင်ဆင်လိုက်တယ်။ သူက ခြင်္သေ့ကြီးကျောပေါ်ကို ခုန်တက်လိုက်ပြီး ဗိုက်ဖြည့်ပြီး သစ်သီးသွားရှာဖို့ ရှောင်အန်းချွမ်ကိုခေါ်လိုက်တယ်။

ရှောင်အန်းချွမ်က တားလိုက်ပြီး ဒီကိစ္စကို သူ့တာဝန်ထားလို့ ပြောလိုက်တယ်။ သူက ခြင်္သေ့ကြီးကိုက်ချီလာတဲ့ ဒိုင်နိုဆောအသားတုံးကြီးကနေ အသားတစ်နှစ်ခုကို လှီးဖြတ်လိုက်ပြီး သစ်ကိုင်းနှစ်ခုကိုပွတ်တိုက်လို့ မီးမွှေးလိုက်တယ်။ ပြီးတော့ သူက 100kg ကျော်တဲ့ အသားတုံးကို ရိုးရိုးလေးပြင်ဆင်ပြီး မီးပုံပေါ်မှာ ကင်ဖို့တင်လိုက်တယ်။

ရှောင်အန်းချွမ်က အသားကင်ဖို့လုပ်ရင်း ဒီနတ်ဘုရားလေးက သူ့ထက်အရပ်နည်းနည်းမြင့်ပေမယ့် ပိန်လွန်းတယ်။ သူ့ကိုကာကွယ်ပေးထားတဲ့ ခြင်္သေ့ကြီးရှိလို့သာ တော်သေးတယ်လို့ တွေးလိုက်မိပြီး လေးလံပင်ပန်းတဲ့အလုပ်ကို သူပဲ ဒိုင်ခံလုပ်မယ်လို့ တွေးပြီး အသားတုံးကြီးကို မီးပုံပေါ်တင်ဖို့ လုပ်လိုက်ပေမယ့် အသားတုံးကလေးလွန်းလို့ သူပါ မီးပုံထဲထိုးကျသွားမလိုဖြစ်လို့ ကျိုးယွင်ရှန့်က ချက်ချင်းလှမ်းဆွဲလိုက်ရတယ်။

"ကျွန်တော်က သေပြီထင်လို့ အရမ်းကြောက်သွားတာ.."

အသားတုံးကြီးက လေးလွန်းလို့ ရှောင်အန်းချွမ်က ဘယ်လိုမှနိုင်အောင် မ,မနိုင်ဘူးဖြစ်နေတယ်။ မီးဟပ်လို့ သူ့ဆံပင်တွေတောင် လောင်သွားသေးတယ်။ နတ်ဘုရားလေးသာ လှမ်းမဆွဲရင် သူ့ရင်ဘတ်တွေ မီးလောင်သွားလောက်ပြီ။ သူက အိတ်ထဲက အသီးတချို့ကိုယူပြီး သန့်တဲ့ကျောက်ပြားပေါ်တင်လို့ ကျောက်တုံးနဲ့ကြိတ်လိုက်တယ်။ ပြီးတော့ ရလာတဲ့သစ်သီးရေတွေနဲ့ ဒိုင်နိုဆောအသားပေါ် ဖြန်းလိုက်တယ်။

"ဒါ ဘာတွေလဲ.."

"ဒီဟာက ဆေးဖက်ဝင် ဟင်းခတ်အမွှေးကြိုင်တစ်မျိုးပဲ.. အသားကင်တဲ့အခါ မွှေးလာအောင် ဒီဟာကို ထည့်နယ်ကြတယ်.. ဒီဟာက နည်းနည်းစပ်ပြီး ခင်ဗျား အစပ်စားလို့ရမရတော့ ကျွန်တော်မသိဘူး.. ဒါကြောင့် အသားရဲ့တစ်ခြမ်းကိုပဲ ဖြန်းလိုက်တာ.."

ရှောင်အန်းချွမ်က သူ့အဝတ်ထဲမှာသိမ်းထားတဲ့ သစ်ရွက်နဲ့ထုပ်ထားတဲ့ ဆားကြမ်းကို ယူပြီး အသားတုံးပေါ်ဖြူးလိုက်တယ်။ ရှောင်အန်းချွမ်က သူနေတဲ့မျိုးနွယ်စုထဲမှာ အသားတွေကို ဝေမျှပေးတာမခံရလို့ သူ့ဘာသာပဲ အမဲလိုက်ထွက်ရတယ်။ ဒါကြောင့် အသားကင်ရင်သုံးရမယ့် ဟင်းခတ်အတော်များများကို တစ်ပါတည်း ယူလာလေ့ရှိတယ်။

ဒီဂြိုလ်က သားရဲဂြိုလ်ဖြစ်ပေမယ့် ကမ္ဘာဂြိုလ်ပေါ်ကအပင်တွေလည်းရှိသလို သူမတွေ့ဖူးတဲ့အပင်တွေလည်း အများကြီးရှိတယ်။ ဒီအပင်တွေကို အကြာကြီးစူးစမ်းလေ့လာပြီးမှ ဘယ်ဟာကစားလို့ရတယ်၊ ဘယ်ဟာက စားလို့မရဘူးလဲဆိုတာ သူသိလာတာဖြစ်တယ်။ ရှောင်အန်းချွမ်က ငရုတ်ကောင်းဖြူ၊ ငရုတ်ကောင်းနက်နဲ့ ငရုတ်မှုန့်တွေကို ရွေးချယ်ခူးဆွတ်ပြီး သယ်လာတတ်တယ်။

ကျိုးယွင်ရှန့်က ဒီငုံးငှက်လေးသာသာ ကောင်ငယ်လေးက သူ့အဝတ်အိတ်လေးထဲကနေ ဟင်းခတ်အမွှေးကြိုင်တွေ တစ်ခုပြီးတစ်ခု ဆွဲထုတ်လာတာကြည့်ပြီး တအံ့တသြဖြစ်နေတယ်။ ရှောင်အန်းချွမ်က ဟင်းခတ်တစ်ခုပြီးတစ်ခု အသားတုံးပေါ်ဖြူးပြီးနောက် လေထုထဲမှာ မွှေးပျံ့တဲ့အသားကင်ရနံ့က ကြိုင်လှိုင်လာတော့တယ်။ ပထမတော့ ကျောက်ရွှမ်က ကျိုးယွင်ရှန့်ခြေရင်းမှာ အိပ်နေရာကနေ ဒီအသားကင်နံ့ကြောင့် နိုးလာပြီး ထထိုင်လို့ကြည့်နေတယ်။

အစောပိုင်းကတော့ သူဟာ ဒီရှောင်အန်းချွမ်ဆိုတဲ့ ငချွတ်လေးကို သူတို့ချစ်သူနှစ်ယောက်ကြား လူပိုဖြစ်ပြီး ဝင်ရှုပ်နေလို့ မကြည်ဖြူပေမယ့် နောက်တစ်နာရီလည်းကြာရော အသားကင်ကိုလက်စွမ်းပြနိုင်လို့ ဒီကောင်လေးကို ထွက်မသွားစေချင်တော့ဘူး။

ကျိုးယွင်ရှန့်က ပထမတုန်းက အရသာမရှိတဲ့အသားကင်ကို စားရဖို့ပဲ မျှော်လင့်ထားရာကနေ ဒီသားရဲဂြိုလ်အဆင့်နဲ့ ဘာမှမဆိုင်တဲ့ အနံ့အရသာပြည့်စုံတဲ့ အသားကင်ကြီးစားရဖို့ ဖြစ်လာတယ်။ သူတို့ ဒီသားရဲဂြိုဟ်ကိုလာစဉ်က ဒီဌာနေလူမျိုးလိုဝတ်၊ ဒီလူမျိုးလိုစားပြီး ဒီလူမျိုးနဲ့ တစ်သားတည်းဖြစ်နေဖို့ စီစဉ်ထားတာပဲ။ ရှောင်အန်းချွမ်ကတော့ သူတို့လို အလည်လာတာမဟုတ်ဘူး။ ကမ္ဘာဂြိုလ်ကနေ တစ်နည်းနည်းနဲ့ ဒီဂြိုလ်ပေါ်ကိုရောက်ရှိလာတာဖြစ်ပြီး ကျိုးယွင်ရှန့်တို့လာခဲ့တဲ့ အင်ပါယာကလိုမျိုး မဖွံ့ဖြိုးသေးတဲ့ဂြိုလ်နဲ့ပတ်သက်ပြီး စည်းကမ်းတင်းကျပ်တာမရှိဘူး။ ဒါကြောင့် ရှောင်အန်းချွမ်က သူသိထားတဲ့ဗဟုသုတကိုသုံးပြီး သူ့ပတ်လည်ကအရာတွေကို ပြောင်းလဲနေတာဖြစ်တယ်။

အခုချိန်မှာ သူ့မိတ်ဆွေနှစ်ယောက်က ပိန်နေတာတွေ့လို့ သူက စေတနာနဲ့ ကောင်းကောင်းစားရဖို့ လုပ်ကိုင်ပေးနေတာဖြစ်တယ်။ အသားကင်ကျက်တာနဲ့ ကျောက်ရွှမ်က အသားတုံးရဲ့အကောင်းဆုံးအပိုင်းကို ကိုက်ဖဲ့ပြီး ကျိုးယွင်ရှန့်ကိုပေးလိုက်တယ်။ ကျိုးယွင်ရှန့်က ခြင်္သေ့ကြီးရဲ့တံတွေးတွေပေနေတာကို လုံးလုံးဂရုမစိုက်ဘဲ စားလိုက်တယ်။ ကျောက်ရွှမ်က နောက်ထပ်တစ်ကိုက်ကိုက်ပြီး ကျွေးပြန်တယ်။ ကျိုးယွင်ရှန့်က လက်ယမ်းပြပြီး ပြောလိုက်တယ်။

"ခင်ဗျားဘာသာ စားလိုက်ဦး.. ကနေ့ ခင်ဗျားက ကြိုးကြိုးစားစား အမဲလိုက်ထားရတာ.. ခင်ဗျားကို အရမ်းချစ်တာပဲ.."

ကျောက်ရွှမ်ရဲ့နှာခေါင်းကိုနမ်းလိုက်တော့ ကျောက်ရွှမ်က အရမ်းကိုပျော်သွားပြီး ကျိုးယွင်ရှန့်ဘေးကို လှည့်ပတ်လျှောက်ပြီး သူ့လက်ဖဝါးနှစ်ဖက်ကို ကျိုးယွင်ရှန့်ပုခုံးပေါ်တင်လိုက်ပြီး သူ့ချစ်သူလေးရဲ့ နဖူး၊ ပါးပြင်နဲ့ မေးစေ့တို့ကို လျှာနဲ့လျက်ရင်း ချစ်ခင်ကြောင်းဖော်ပြနေတယ်။

နတ်ဘုရားလူငယ်နဲ့ ခြင်္သေ့ကြီးရဲ့အမူယာက တဖက်သားကို အရမ်း ဆွဲဆောင်နိုင်တယ်။ ရှောင်အန်းချွမ်က သူတို့နှစ်ယောက်ရဲ့ဖက်လဲတကင်း နဲ့ ကစားနေတဲ့အမူယာကို ကြည့်ပြီး အားကျမနာလိုစိတ်တောင် ဝင်လာခဲ့တယ်။ အရင်တုန်းက သူသိထားတဲ့သားရဲနဲ့ လူနဲ့ပေါင်းစပ်ခြင်းက ရက်စက်ကြမ်းကြုတ်ပြီး အနိုင်ကျင့်မှုတွေနဲ့ပြည့်နေတယ်။ ဒါပေမယ့် အခု အတွဲကိုကြည့်ရတာ နတ်ဖက်ထားတဲ့စုံတွဲတွေအလား မြင်ရုံနဲ့ကြည်နူးဖွယ်ကောင်းလှတယ်။
အခု နတ်ဘုရားလူငယ်နဲ့ သူ့အဖော်က တယောက်ကိုတယောက်ပြုံးကြည့်နေတာတွေ၊ အနမ်းတွေက သိမ်မွေ့နူးညံ့လှပြီး တစ်ယောက်ကို တစ်ယောက် မိတ်ဆွေကောင်းတွေဆိုတဲ့ စိတ်ဓါတ်ကိုလည်း အရင်းခံတယ်။ အချစ်ကိုလည်း သိသာမြင်နိုင်တယ်။ ဒီအချက်ကိုတွေးမိတော့ ရှောင်အန်းချွမ် သက်ပြင်းသာချမိတယ်။ ဒီလို လိုက်ဖက်ညီတဲ့ စုံတွဲက ဒီဂြိုလ်မှာ ဒါကြောင့် အသက်ရှင်နေထိုင်နိုင်တာပေါ့။

ကျိုးယွင်ရှန့်နဲ့ရှောင်အန်းချွမ်က လက်တစ်ဖဝါးလောက် အရွယ် အသားကင်ကို စားရုံနဲ့လုံလောက်ပြီး ကျန်တဲ့ အသားကင်အားလုံး မိုက်မဲတဲ့ခြင်္သေ့ကြီးပါးစပ်ထဲပဲရောက်ကုန်တော့တယ်။ ရှောင်အန်းချွမ်ကလည်း အသားကင်ကိုစားရင်း နတ်ဘုရားလေး မေးသမျှ ဒိုင်နိုဆောကင်မှာ ထည့်တဲ့ ဟင်းခတ်အမွှေးအကြိုင်အားလုံးကို ပြောပြနေတယ်။ သူက ဒီမှာနေတာ အတော်ကြာပြီဖြစ်လို့ သူ့ဇာတိလိုဖြစ်ပြီး အတော်လေးကို လေ့လာလို့သူ့အတွက် အဆင်ပြေအောင် ဖန်တီးနေနိုင်ပြီဖြစ်တယ်။

နတ်ဘုရားလူငယ်လေးက သူ့လက်ရာကို နှစ်သက်တယ်ဆိုတာ သိရလို့ အသေးစိတ်ကိုေ ပြာပြရုံတင်မကဘူး ဆားကြမ်းတအိတ်ကိုလည်း လက်ဆောင်ပေးလိုက်သေးတယ်။

" မင်း ဆားကို ဘယ်နေရာက ရသလဲ "

ကျိုးယွင်ရှန့်က ဆားကို လက်ခံလိုက်ပြီး ရနိုင်မယ့် နေရာကို မေးလိုက်တယ်။ ဆားကသက်ရှိသတ္တဝါများအတွက်အရေးကြီးတယ်။ အဲဒါမရှိရင် လူတွေဟာခွန်အားတွေ ဆုံးရှုံးပြီးတဖြည်းဖြည်းသေဆုံး ကြရလိမ့်မယ်။

" ဆားကို ပင်လယ်နားက ငါးမန်းတပိုင်း လူတပိုင်း မိန်းမဆီကလဲခဲ့တာ။ ဆားကြမ်းတအိတ်အတွက် အနီရောင်သလင်းကျောက် တခုလိုတယ်။ ငါတို့ မျိုးနွယ်စုက ယောကျာ်းလေးတွေက ခြောက်လကြိမ် ဆားကိုလဲဖို့သွားကြတယ်။ အဲ့ဒီနေရာကိုရောက်ဖို့ ချိုင့်ဝှမ်းတွေကို ကျော်လွှားသွားရပြီး  အဲဒီကိုရောက်ဖို့ ၂ လမှသုံးလလောက်ကြာတယ်။ ဒါကအရမ်းအန္တရာယ်များတယ်။ ဒီလမ်းခရီးမှာ လူအတော်များများသေကြေပျက်စီးကြရတယ်"

ရှောင်အန်းချွမ်က ဒီအကြောင်းကို ပြောပြရင်း ကြောက်စိတ်နှင့်စိုးရိမ်မှုကိုပြသခဲ့တယ်။

ကျိုးယွင်ရှန့်က ဒီသတင်းအချက်အလက်များကို သူ၏စိတ်ထဲတွင်ထားပြီး ဆက်မေးလိုက်တယ်။

" အနီရောင်ကျောက်သလင်းကို ဘယ်မှာရနိုင်မလဲ"

 "အနီရောင်ကျောက်သလင်းက ရှားပါးသတ္တုဖြစ်တယ်။ အဲ့ဒါထွက်တဲ့နေရာက  သစ်တောအနောက်ဘက်မှာ တည်ရှိပြီး အရှေ့ဘက်တိုက်မှာ အင်အားအကောင်းဆုံးအနွယ်တွေက ဒီဒေသကို အုပ်ချုပ်တယ်။ အနီရောင်သလင်းကျောက်နဲ့ အစားအစာ၊အဝတ်အထည်၊ ဆား၊ လက်နက်ကို လဲလှယ်လို့ရတယ်။ ဒါကြောင့် အနီရောင်သလင်းကျောက် ပိုင်ဆိုင်တဲ့ မျိုးနွယ်စုက အင်အားပိုပိုကြီးထွားလာကြတယ်။ အနီရောင်ကြည်လင်တဲ့သလင်းကျောက်က သတ္တဝါတွေရဲ့စွမ်းအားကို တိုးမြှင့်ဖို့အတွက် သုံးနိုင်တယ်၊ ဒါကြောင့် အနီရောင်သလင်းကျောက် ထွက်ရှိတဲ့ ဒေသမှာ မျိုးနွယ်စု ၆ ခုက အင်အားအကြီးဆုံးဖြစ်ပြီး သူတို့ရဲ့ စစ်သည်တွေဟာ အင်အားအကောင်းဆုံးဖြစ်ကြတယ်။ ဒီမျိုးနွယ် ၆ ခုက အရှေ့ပိုင်းတိုက်ကြီးရဲ့စစ်မှန်တဲ့အုပ်စိုးရှင်တွေဖြစ်တယ်။ ကျန်မျိုးနွယ်စုအားလုံး သူတို့ အမိန့်ကို နာခံကြရတယ်။"

ရှောင်အန်းချွမ်က နတ်ဘုရားလူငယ်က ဗဟုသုတနည်းပါတယ်လို့ ခံစားလိုက်ရတယ်။ ဒါပေမယ့် သူက အားလုံးကို အသေးစိတ်သေချာရှင်းပြလိုက်တယ်။ နတ်ဘုရားလူငယ်လိုအပ်သမျှကို ခြင်္သေ့ကြီးကပဲ ယူလာပေးတယ်ထင်တယ်။ ကြည့်ရတာ နတ်ဘုရားလူငယ်ရဲ့မျိုးနွယ်စုက အစာရေစာပေါများပြီး ဘာမှ ပူစရာမလိုရဘူးထင်ပါရဲ့။ နတ်ဘုရားလူငယ်ရဲ့ လှပပြီး နူးညံ့တဲ့ အသားအရောင်ကို ကြည့်ရုံနဲ့သိသာနိုင်တယ်။

ခြင်္သေ့သည် ရှေးဦးဘိုးဘေးသားရဲသတ္တဝါတစ်ကောင်ဖြစ်တယ်။  ထို့ကြောင့်အနီရောင်ကျောက်တွေမလိုအပ်ဘူး။ နတ်ဘုရားလူငယ်လည်း အုပ်ချုပ်သူ မျိုးနွယ် ၆ ခုရှိတဲ့ ဒေသကို သွားစရာမလိုဘူးလို့ သူက တွေးလိုက်တယ်။
" အနီရောင်သလင်းကျောက်ရှိတဲ့ဒေသက လူတွေက ရမ်နော့ လူမျိုးစုတွေဖြစ်တယ်။ သူတို့က လှပတဲ့ အမျိုးသမီးတွေကို တွေ့ရင် ချက်ချင်းဖမ်းခေါ်သွားတတ်တယ်။ တကယ်လို့ နတ်ဘုရားအရှင်သာ ဆားလိုရင် ကျွန်တော်ယူလာပေးပါ့မယ်။   "

ရှောင်အမ်းချွမ် ကသူ့ကိုထပ်ခါတလဲလဲပြောခဲ့သည်။

ကျိုးယွင်ရှန့်ကပြုံးရုံပဲပြုံးလိုက်ပြီး သိလိုတာကို မေးလိုက်တယ်။ ဒီတိုက်ကြီးနဲ့ပတ်သတ်ပြီး သူပိုနားလည်လာခဲ့တယ်။
သားရဲသတ္တ၀ ါတွေက ထူးခြားသော စိုက်ပျိုးမှုစနစ်ကို ဆုပ်ကိုင်ထားပြီး ခွန်အားအရ ခွဲခြားထားသည်။ အနီရောင် သလင်းကျောက်က အင်အားကြီးမျိုးနွယ်တွေရဲ့ သော့ချက်ဖြစ်တယ်။

ဒါပေမယ့်ရှောင်အန်းချွမ် ပြောသလို ဒီကဟာတွေက သူ့အတွက် ဘာမှ မလိုအပ်ဘူး။

"ဆားကအရမ်းအဖိုးတန်တယ်။ မင်းမျိုးနွယ်စုမှာရှားပါးတဲ့ဟာဖြစ်တယ်။ ဒါကိုမင်းကိုယ်တိုင်သုံးဖို့သိမ်းထားပါ။ ငါ့ဖာသာ နည်းလမ်းရှာပြီး ဆားကို ရအောင်ယူပါ့မယ်။ "

သူက ရှောင်အန်းချွမ်ပေးတာကို ငြင်းပယ်ခဲ့ပြီး မိုက်မဲသောခြင်္သေ့နှင့် အတူရက်အနည်းငယ်အတွင်း ဆားရှိတဲ့ပင်လယ်ကို သွားဖို့ ဒါမှမဟုတ် ကုန်းတွင်းပိုင်းဆားရှိတဲ့နေရာကို ရှာဖွေရန်စီစဉ်ခဲ့တယ်။

ရှောင်အန်းချွမ်က သူပြောတာကိုကြားတော့ ဒီနတ်ဘုရားလူငယ်က တကယ့်ကို စိတ်ကောင်းရှိတယ်ဆိုတာ ပိုသိလာတယ်။သူက ကျေးဇူးတင်စွာနဲ့ ဒိုင်နိုဆောအသားနည်းနည်းကို ယူပြီး သူ့မျိုးနွယ်စုရှိရာကို ပြန်လာခဲ့တယ်။

==============


ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now