Hold Me 🌻 1

11.9K 766 115
                                    

ကုန်ဆုံးသွားတဲ့ အချိန်တွေကို နောက်ပြန်လှည့်လို့ရတဲ့ စက်ယန္တရားတွေသာရှိခဲ့ရင်...

မင်းနဲ့ စတွေ့တဲ့နေ့ကို ကိုယ်ပြန်သွားလိုက်မှာပါ။

ကိုယ် ပထမဆုံးမြင်ခဲ့ရတဲ့ မျက်ရည်စလေးတွေကို နောက်တဖန် မကျဆင်းရလေအောင် ကြိုးစားနိုင်ခဲ့မယ် ထင်ပါရဲ့....
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.

ဆိုင်အဝင်ဝမှန်ပြားပေါ်မှာ *Open* ဆိုတဲ့ ဆိုင်းဘုတ်လေးချိတ်ပြီး တံခါးသော့ဖွင့်လိုက်သည်။ မွှေးပျံ့ပျံ့ ကော်ဖီရနံ့နဲ့ ကိတ်မုန့်မျိုးစုံ၏ ချိုအီအီရနံ့တို့က ဆိုင်တံခါးဖွင့်လိုက်သည့် ချန်းယောလ်နဲ့အတူ ကော်ဖီဆိုင်အပြင်ဖက်သို့ အလုအယက် ထွက်လာကြသည်။

" ဒီနေ့ရာသီဥတုသာယာတာပဲ "

အပြုံးတစဖြစ်ထွန်းနေသော သူ့မျက်နှာကို နေရောင်ခြည်နွေးနွေးက ထိတွေ့ကျီစယ်လာသည်။ အေးမြသော လေပြည်ညှင်းက သူ့ဆံသား ညိုညိုတွေပေါ် လျှပ်တိုက်သွားသည်။

Delight ဟု အမည်ပေးထားသည့် သူ့အပိုင် ကော်ဖီဆိုင်လေးရှေ့မှာ ဘတ်စ်ကားဂိတ်တခုရှိသည်မို့ မနက်ရုံးသွားချိန်တွေမှာ လူစည်နေတတ်သည်။ သူ ဆိုင်ဖွင့်ပြီးမကြာခင်မှာပဲ ဝယ်သူတွေတယောက်ပြီးတယောက် ဝင်လာတတ်တာကြောင့် သူနဲ့ ဆိုင်ဝန်ထမ်းတွေအားလုံး လက်မလည်ရအောင် အလုပ်ရှုပ်နေကြသည်။

" Hyung က ဘာလာလုပ်တာလဲ။
ကောင်တာသွားထိုင်လေ "

" ဟမ် !! ဘာဖြစ်လို့ "

ကော်ဖီဖျော်ဖို့ပြင်နေတဲ့ ချန်းယောလ်ကို ရင်းနှီးနေတဲ့ ဝန်ထမ်းလေးတယောက်က ကောင်တာဖက်တွန်းပို့ကာ ကော်ဖီဆက်ဖျော်သည်။ အနုပညာတက္ကသိုလ်နဲ့နီးပြီး မိန်းကလေး Customer တွေများတာကြောင့် ကောင်တာမှာ ချန်းယောလ်မျက်နှာပြထားမှ စောင့်ဆိုင်းရတာ စိတ်ရှည်ကြပုံပေါ်သည်။

order ကောက်သူက ချန်းယောလ်မဟုတ်ပဲ တခြားဝန်ထမ်းဆိုရင် မစောင့်နိုင်လို့ ပွက်စိပွက်စိတွေဖြစ်ကုန်ကြသည်။ order စောင့်ရင်း ချန်းယောလ်နဲ့ စကားရောဖောရောပြောရတာမျိုးဆို မိန်းကလေးတချို့က တော်တော်လေး ဣနြေ္ဒပျက်တာမျိုးတွေ့ရသည်။* Oppaက ညီမရဲ့ type ပဲ.. သဘောကျတယ် ဖုန်းနံပါတ်လေးပေးပါလား ကောင်မလေးရှိလား * စသည်ဖြင့် မဖြေချင်သော မေးခွန်းတွေကို ခပ်ပြုံးပြုံးသာရှောင်ရှားသည်။

Hold Me (Z+U) 🌻 Where stories live. Discover now