Real World-2

12.1K 1.7K 12
                                    

Unicode

Real World(2)

လီနင်ကပုခုံးတွန့်ပြလိုက်လေသည်။

"ငါလည်းမသေချာဘူး...ငါကဒီအတိုင်း ဒီမနက်သတင်းစာမှာတွေ့လိုက်လို့... လျိုလေးနင်နဲ့သူကသူငယ်ချင်းကောင်း တွေလို့သတ်မှတ်လို့ရတယ်ဒီနှစ်နှစ် သုံးနှစ်အတွင်းမှာနင်တို့နှစ်ယောက် အဆက်အသွယ်သိပ်မရှိခဲ့ပေမယ့် ငါထင်တာတော့ဒီကိစ္စနဲ့ပတ်သတ် ပြီးနင့်ကိုပြောပြဖို့လိုသေးတယ်လို့"

လီနင်ပြောသောစကားကိုနားထောင် ပြီးနောက်လီလျိုမှာတစ်နည်းနည်းနဲ့ ညစာစားရန်စိတ်မပါတော့ပေ။သူ့ကိုယ် တာတော့သူစားနေခဲ့သော်လည်းဒီအတိုင်း အစားအစာတွေကိုလိုက်မြည်းစမ်းသည့် ပုံစံဖြင့်သာစားနေမိ၏။

လီနင်ရဲ့ကားကိုစီးပြီးသူကိုယ်ပိုင်ငှားရမ်း ထားသောတိုက်ခန်းဆီသို့ပြန်သွားသော အခါလီလျိုကသူ့အိမ်ထဲမဝင်ခင်တံခါး ပေါက်ဝမှာထည့်ထားသည့်သတင်းစာကို ပါချက်ချင်းယူလိုက်သည်။လီလျိုက အထဲရောက်ပြီးဖိနပ်ချွတ်ပြီးသည်နှင့် အိမ်တွင်းစီးဖိနပ်ပါးကိုလဲလိုက်ပြီး သူ့လက်ထဲမှသတင်းစာအားအလျှင် အမြန်ပင်လှန်ဖတ်လိုက်လေသည်။

ပထမဆုံးစာမျက်နှာကိုလှန်လိုက်သည် နှင့်လီလျိုကသတင်းစာရဲ့မျက်နှာတစ် ဝက်ကျော်လောက်ကခေါင်းကြီးပိုင်းကို သိမ်းပိုက်ထားသည့်ဂျင်ချန်းဂျီရဲ့အ ကြောင်းအားတွေ့လိုက်ရသည်။ဟွာနိုင်ငံ ရဲ့စီးပွားရေးထက်ဝက်ကျော်လောက် ကိုလက်ဝါးကြီးအုပ်ချုပ်ကိုင်ထားနိုင် သည့်ဧရာမကုမ္ပဏီကြီးဖြစ်တဲ့ဂျင်ချန်းဂျီ အုပ်ချုပ်နေတဲ့ကုမ္ပဏီကိုစဉ်းစားလိုက် တဲ့အခါမှာတော့ဒီပမာဏကနားလည် လို့ရနိုင်ပါတယ်လေ။

ရှေ့သတင်းဆောင်းပါး၏ပထမစာပိုဒ် အနည်းငယ်မှာကားမတော်တဆဖြစ်မှု ၏အချိန်နှင့်နေရာ၊နောက်တွင်ကားမ တော်တဆမှုနှင့်ပတ်သက်၍ထင်မြင်ချက် များကိုဖော်ပြထားပြီးနောက်ပိုင်းမှာ တော့ဂျင်ချန်ဂျီ၏ကိုယ်ရေးကိုယ်တာ အကြောင်းအနည်းငယ်ကိုအဓိကထား ထားသည်။အလယ်မှာတော့ကားမတော် တဆဖြစ်မှု၏မြင်ကွင်းတစ်ခုဖြစ်ပြီး သွေးတွေစွန်းပေနေသည့်ကားပြတင်း ပေါက်မှပုံသဏ္ဍာန်တစ်ခုကိုရှင်းရှင်းလင်း လင်းကိုမြင်နိုင်လေ၏။လီလျိုကဘာမှ မတတ်နိုင်ပဲသူ့လက်များနှင့်သတင်စာ အားဆုပ်ထားလိုက်မိတော့သည်။ထို့ နောက်မှာမျက်မှောင်ကျုံ့၍အာရုံပြန် စိုက်လိုက်ကာဂျင်ချန်းဂျီတက်နေသည့် ဆေးရုံလိပ်စာကိုရှာရန်သတင်းစာအား နောက်တစ်ခါသေသေချာချာပြန်ဖတ် လိုက်လေသည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now