ဦးချစ်​သည်း 33

556 37 41
                                    

"ဦးဆိုတာ ဘယ်​သူလဲ..."

အ​ရေး​ပေါ်အခန်းထဲကထွက်​လာသည့်​ ဆရာဝန်​၏စကား
ကြောင့်​လင်​မယားနှစ်​​ယောက်​ တစ်​​ယောက်​ကိုတစ်​​ယောက်​ကြည့်​မိကြ၏

"လူနာသတိရလာပြီ...သူ​ခေါ်​နေတာ ဘယ်​သူလဲ?"

ဆရာဝန်​ကထပ်​​ပြောပြီး သူတို့နှစ်​​ယောက်​ကိုတစ်​လှည့်​စီ
ပြန်​ကြည့်​ပြန်​သည်​။ သားသတိရလာပြီဆိုသည့်​ ဝမ်းသာစိတ်
ဖြင့်​ နှစ်​​ယောက်​သားပြိုင်​တူထရပ်​လိုက်​မိကြ၏

"ကျွန်​​တော်​တို့်က သားရဲ့မိဘ​တွေပါ..သားသတိရလာပြီလား
သားသက်​သာရဲ့လား ဆရာ"

"သား​လေးသက်​သာလား...ကျွန်​မတို့ဝင်​​တွေ့လို့ရပြီလား
ဆရာ..."

ဆရာဝန်​မျက်​နှာအပျက်​ကြီးပျက်​​နေလျက်​ တွန့်​ဆုတ်​​နေ၏

"ကျွန်​​တော်​တို့စိတ်​မ​ကောင်းပါဘူး...လူနာကအားနည်း​နေ
တော့ခွဲစိတ်​လို့ လုံးဝအဆင်​မ​ပြေဘူး..သူ့နှလုံးကလည်း
အလုပ်​​ကောင်း​ကောင်းမလုပ်​​တော့ပါဘူး..​နောက်​ဆုံးအ​နေနဲ့
လူနာစိတ်​ချမ်းသာ​အောင်​ ​နေ​ပေးလိုက်​ပါ"

Yoona နှင့်​ Siwon တို့ပါးစပ်​အ​ဟောင်းသားဖြစ်​သွားကြ၏ ကြားလိုက်​ရသည့်​ Doctor ၏စကားကို
ဘယ်​လိုမှ မယုံနိုင်​....

နောက်​ဆုံးအချိန်​.....

အမ​လေး....ငါ့သား​လေး.....၊

"သား~~~~"

Yoona တစ်​ခွန်းပဲတလိုက်​နိုင်​ပြီး ​နေရာမှာတင်
ခေါက်​ကနဲ​ခွေကျသွား၏

"Yoona...Yoona..ဆရာလုပ်​ပါဦး..."

ဆရာဝန်​နှင့်​သူနာပြုများ Yoona ဆီ​ပြေးလာကြ၏
Siwon ဇနီးဖြစ်​သူကိုစိတ်​ပူ​ပေမယ့်​ ဂရုမစိုက်​နိုင်​​သေး။
ကြေကွဲ​နေသည့်​စိတ်​ကိုလည်း အစာမ​ကျွေးနိုင်​​သေး။
စိတ်​ကိုတင်းပြီး ဘာမှမဖြစ်​သလို ဘာမှစိုးရိမ်​စရာမရှိသလို
သားအခန်းထဲသို့ မျက်​နှာမှာမ​အေးမြ​သောအပြုံးတုကို
ဖန်​ဆင်းပြီး ဝင်​လာမိ၏

နောက်​ဆုံးအချိန်​တဲ့...မဖြစ်​နိုင်​တာ...။

မျက်​နှာ​လေးဖြူ​ဖျော့​ဖျော့ဖြစ်​​နေသည်​မှလွဲ၍ သားမျက်​လုံး
လေး​တွေ​တောက်​ပ​နေဆဲ။ ချစ်​စရာ​ကောင်းသည့်​ ပုံစံ​လေးအတိုင်း လှမ်း​ငေးကြည့်​​နေသည်​။

ဉ်ီးချစ်​သည်းWhere stories live. Discover now