FOD _Extra 4_ Chapter (16) _Honeymoon on Beast-man Planet

2.7K 290 3
                                    

FOD _Extra 4_ Chapter (16) _Honeymoon on Beast-man Planet

ညစာစားခ်ိန္မွာ ေက်ာက္တံုးစားပြဲႀကီးထက္တြင္ ငါးေကာင္လံုးကင္နဲ႔ ခရမ္းခ်ဥ္သီးစြပ္ျပဳတ္အိုးက ထည္ဝါစြာခင္းက်င္းထားသည္။ က်ိဳးယြင္ရွန္႔က ခြက္ေလးခုထဲ ဟင္းရည္ခပ္ထည့္ေပးၿပီး ေျပာလိုက္သည္။

"ကေန႔ ဟင္းခ်ိဳရည္က special ပဲ.. အျမန္ေသာက္ၾက.."

သူ႔ရဲ့ ညစ္တစ္တစ္အၿပံဳးနဲ႔ အၾကည့္ေၾကာင့္ သူက ေထာင္ေခ်ာက္ဆင္ေနတဲ့သူပံု ေပါက္ေနတယ္။ ဘိုင္က ေၾကာက္လန္႔တၾကားနဲ႔ ေတာဘုရင္ႀကီးကို ၾကည့္လိုက္သည္။

ေက်ာက္ရႊမ္က အစပ္ကိုမစားႏိုင္ေသာေၾကာင့္ စိုစြတ္တဲ့ႏွာေခါင္းေတြနဲ႔ သူ႔ခ်စ္သူရဲ့ ေပ်ာ့ေျပာင္းတဲ့ဆံပင္ေတြကို တ႐ံႈ႕႐ံႈ႕လုပ္လိုက္သည္။ ဒီျမင္ကြင္းက ေရွာင္အမ္းခၽြမ္ရဲ့ကိုယ္ကို ၾကက္သီးေမြးညင္းေတြ ထလာေစသည္။

"ျခေသၤ့ႀကီး တစ္ခုခုျဖစ္ေနတာလား.. သူ ေနမေကာင္းဘူးလား.."

သူက ႐ိုးသားစြာေမးလိုက္သည္။

"သူေနေကာင္းပါတယ္.. အခ်ိန္မဆြဲနဲ႔ေတာ့.. စြပ္ျပဳတ္ကိုေသာက္ၾကေတာ့.."

က်ိဳးယြင္ရွန္႔က ခပ္ေပါ့ေပါ့ေျပာၿပီး သူ႔ဟင္းရည္ခြက္ကိုယူၿပီး ပါးစပ္အျပည့္ တစ္ငံုေသာက္ၿပီး ေက်နပ္ႏွစ္သိမ့္သည့္အမူအယာနဲ႔ အရသာခံေနသည္။

ေက်ာက္ရႊမ္သည္ ခ်စ္သူေလး၏အမူအယာကိုၾကည့္ၿပီး ပိုပိုလန္႔လာသည္။ သူ႔ခ်စ္သူေလးရဲ့ အစပ္ႀကိဳက္ပံုက ထူးကဲလွၿပီး ပံုမွန္င႐ုပ္သီးအစပ္ကို ၿဖံဳေတာင္မၿဖံဳေပ။ သူအႀကိဳက္ဆံုးက မိုးေမွ်ာ္င႐ုပ္သီးမ်ားျဖစ္သည္။ ဒီင႐ုပ္သီးေတြကို သစ္သီးျခင္းထဲထည့္ထားၿပီး ခ်ယ္ရီသီးကိုစားသလို ဒီအတိုင္းဝါးစားႏိုင္သူျဖစ္သည္။ သူ႔ခ်စ္ခ်စ္ေလး င႐ုပ္သီးစားတာျမင္တိုင္း ေက်ာက္ရႊမ္ရဲ့နဖူးမွာ ေခၽြးေတြစို႔လာၿပီး ေျခလက္ေတြေတာင္ တုန္ယင္လာတတ္သည္။ အခု သူ႔ခ်စ္သူေလးက သူ႔အႀကိဳက္ အစပ္ကဲတဲ့ဟင္းခ်ိဳကို ႏွစ္သက္စြာေသာက္လို႔ေနသည္။

သြားၿပီ.. ဒီကေန႔ေတာ့ ကပ္ဆိုက္ပါၿပီလို႔ေတြးၿပီး ေက်ာက္ရႊမ္က ဟင္းရည္ခြက္ကို ေသလုေမ်ာပါး စိုက္ၾကည့္လို႔ေနသည္။

ေတာဘုရင္ႀကီး၏အမူအယာက ဘိုင့္ကို တုန္လႈပ္သြားေစသည္။ ဒီဟင္းရည္ထဲမွာ တကယ္အဆိပ္ရွိေနသလား။ ဒါဆို ဘုရင္မႀကီးက ဘာေၾကာင့္ ေကာင္းေကာင္းမြန္မြန္ ေသာက္ေနႏိုင္တာလဲ။ ဘိုင္က စိတ္ပ်က္စြာႏွင့္ သူ႔အၿမီးႀကီးကို တဘုတ္ဘုတ္႐ိုက္ခတ္ေနသည္။

ေရွာင္အမ္းခၽြမ္တစ္ေယာက္တည္း ဘာမွမသိဘဲ ဟင္းရည္ခြက္ကို ေအးေအာင္မႈတ္ရင္း ေစာင့္ေနသည္။ ခြန္းက လက္သီးကိုတင္းတင္းဆုပ္ၿပီး လူႏွစ္ေယာက္နဲ႔ သားရဲႏွစ္ေကာင္ အဆိပ္မိလဲက်ေသဆံုးခ်ိန္ကို ေစာင့္ဆိုင္းလို႔ေနသည္။ ဒါေတြၿပီးဆံုးသြားလွ်င္ ဆုလာဘ္မ်ားစြာႏွင့္ ဘိုင္ယန္မ်ိဳးႏြယ္ဆီ ျပန္ရေတာ့မည္။ ဒီျမင္ကြင္းကိုျမင္ေယာင္ရင္း စိတ္လႈပ္ရွားေနသည္။

သားရဲႏွစ္ေကာင္ရဲ့အသားေတြက အဆိပ္သင့္ၿပီး စားမရဘဲ အလဟႆျဖစ္သြားမွာေတြးၿပီး စိတ္ပ်က္ေနမိသည္။ ဒီေရွးဦးသားရဲေတြက ထူးကဲတဲ့ဂုဏ္သတၱိရွိၿပီး သူတို႔အသားစားတာက သလင္းေက်ာက္ေတြရဲ့စြမ္းအင္ထက္ေတာ့ မညံ့ေပ။

ခြန္းက စိတ္လႈပ္ရွားၿပီး သူ႔ႏွလံုးသားက ဗံုသံလိုျမည္ေနတယ္။

က်ိဳးယြင္ရွန္႔က ေရွာင္အမ္းခၽြမ္နဲ႔ဘိုင့္ကို ဟင္းရည္အျမန္ေသာက္ဖို႔ ေလာလိုက္သည္။ ျခေသၤ့ႀကီးက ေက်ာက္တံုးစားပြဲကခုန္ထၿပီး ထြက္ေျပးဖို႔ႀကိဳးစားေပမယ့္ သူ႔ခ်စ္သူရဲ့ဆြဲေခၚျခင္းကိုသာ ခံလိုက္ရသည္။

"အခ်စ္.. ပါးစပ္ဟစမ္းပါ.. ဒီဟာေသာက္ၿပီးရင္ ညက် ဆုခ်မယ္.."

က်ိဳးယြင္ရွန္႔က မ်က္ခံုးပင့္ၿပီးေျပာလိုက္ေပမယ့္ သူ႔မ်က္လံုးေတြက ၿခိမ္းေျခာက္မႈႏွင့္ျပည့္လို႔ေနသည္။

ေက်ာက္ရႊမ္က သူ႔ခ်စ္သူကို ေလးေလးနက္နက္စိုက္ၾကည့္ၿပီး ပါးစပ္ကို အသာဖြင့္ေပးလိုက္သည္။ သူ႔ခ်စ္သူတိုက္တာကို ဘာမွမျငင္းဆန္ဝ့ံေပ။ ဒီဟင္းရည္တစ္ခြက္ေသာက္လို႔ ေသမယ္ဆိုရင္ေတာင္ ခ်စ္သူေလးဆႏၵကို မျငင္းဆန္ဝ့ံဘဲ သူ႔ပါးစပ္ထဲခြံ႕ေကၽြးတဲ့ ဟင္းရည္ကို ေသာက္လိုက္သည္။ ေရွာင္အမ္းခၽြမ္နဲ႔ဘိုင္လည္း ဟင္းရည္ကိုတစ္ငံုေသာက္ၿပီးေတာ့ ပါးစပ္က ႐ူး႐ူးရွဲရွဲျဖစ္ၿပီး အိမ္ေလးထဲက ေက်ာက္စည္ပိုင္းထဲထည့္ထားတဲ့ေရကို အငမ္းမရ ငံု႔ေသာက္လိုက္ေတာ့သည္။

တကယ္တမ္းေျပာရရင္ ေက်ာက္ရႊမ္က ေရွာင္အမ္းခၽြမ္နဲ႔ဘိုင္ထက္ င႐ုပ္သီးအစပ္အရသာကို ခံႏိုင္ရည္ရွိေအာင္ က်င့္သားရေနေပမယ့္ ဒီင႐ုပ္သီးကေတာ့ ထူးထူးျခားျခား စပ္လြန္းေနသည္။ ဒီင႐ုပ္သီးက ခါတိုင္းင႐ုပ္သီးေတြထက္ ပိုစပ္ေပမယ့္ သူ႔ခ်စ္သူေလးကေတာ့ ေအးေအးေဆးေဆး ဟန္မပ်က္ဘဲ စားေသာက္ေနႏိုင္တယ္။ ဒီင႐ုပ္သီးက သာမန္လူရဲ့အစာအိမ္ကို ေလာင္ကၽြမ္းေလာက္ေအာင္ ပူစပ္လြန္းလို႔ ေက်ာက္ရႊမ္က မီးဖိုထဲ တဟုန္ထိုးေျပးၿပီး ေက်ာက္စည္ပိုင္းထဲေခါင္းစိုက္ၿပီး ေရေအးေအးကို အငမ္းမရ ေသာက္သံုးလိုက္တယ္။ ေရွာင္အမ္းခၽြမ္နဲ႔ဘိုင္လည္း သတိရလာၿပီး လွ်ာတန္းလန္းနဲ႔ ေရစည္ပိုင္းဆီကို အျမန္ေျပးလိုက္ၿပီး ေရကို အလုအယက္ေသာက္လိုက္ၾကတယ္။ သားရဲႏွစ္ေကာင္ရဲ့အၿမီးေတြက စပ္လြန္းလို႔ ခါယမ္းလို႔ေနတယ္။

က်ိဳးယြင္ရွန္႔က ဒီျမင္ကြင္းကိုၾကည့္ၿပီး စားပြဲကို လက္နဲ႔ပုတ္ၿပီး တဟားဟားရယ္ေမာေနတယ္။ ၿပီးေတာ့မွ သူ႔ပန္းကန္လံုးကိုမၿပီး ဟင္းရည္ကို ဆက္ၿပီးေမာ့ေသာက္လိုက္သည္။

ခြန္းက သူ႔ကို ေကာင္းေကာင္းေဖ်ာ္ေျဖေပးႏိုင္ခဲ့တာပဲ။ ခြန္းရဲ့ေက်းဇူးနဲ႔သာမဟုတ္ရင္ ဒီလိုျမင္ကြင္းကို သူ အလြယ္တကူ ဘယ္ျမင္ရပါ့မလဲ။

ေရွာင္အမ္းခၽြမ္က ဗိုက္ထဲ ေရေတြျပည့္ေအာင္ေသာက္ၿပီးခ်ိန္မွာ အစပ္ေျပၿပီး ျပန္လာခဲ့တယ္။ ျခေသၤ့နဲ႔က်ားကေတာ့ သူ႔ထက္အစပ္ဒဏ္ကို ပိုခံေနရတယ္။ ေက်ာက္စည္ပိုင္းႀကီးထဲကေရေတြက မ်က္စိတစ္မွိတ္အတြင္း ေျပာင္သြားေတာ့သည္။ ေရွာင္အမ္းခၽြမ္က စားပြဲနားကို သတိနဲ႔ခ်ဥ္းကပ္လာၿပီး စြပ္ျပဳတ္ပန္းကန္ကို စိုက္ၾကည့္ေနတဲ့ဘိုင့္ကို လက္နဲ႔အသာေလးပုတ္ေပးလိုက္သည္။

သူတို႔နဲ႔မေဝးတဲ့ သစ္လံုးအိမ္ထဲမွာ ခြန္းက ဒီလူစု လဲက်ေသဆံုးမွာကို ေစာင့္ေမွ်ာ္ေနသည္။ ဒီဟင္းခ်ိဳကိုေသာက္ၿပီး သူတို႔တံု႔ျပန္မႈျပင္းထန္မွာကို ေမွ်ာ္လင့္ေနမိသည္။ ဒီအဆိပ္က ဘယ္ေလာက္ျပင္းသလဲဆိုရင္ ယုန္က မေသခင္ ႐ူးသလိုျဖစ္သြားတာကိုၾကည့္ၿပီး သိႏိုင္တယ္။ ဒီအဆိပ္က ေသေစ႐ံုသာမက ႐ူးသြပ္သြားေစလို႔ သူမျပန္ခင္ ဒီအသီးကိုယူသြားဖို႔ ဆံုးျဖတ္ထားသည္။

ဟင္းရည္ပန္းကန္ကို စစ္ေဆးၿပီးေနာက္ ေရွာင္အမ္းခၽြမ္ရဲ့ လင္းယုန္လိုစူးရွတဲ့မ်က္လံုးေတြက ခရမ္းခ်ဥ္သီးဖတ္နဲ႔ ဆင္တူယိုးမွားျဖစ္ေနသည့္ င႐ုပ္သီးဖတ္ကို သတိထားမိလိုက္သည္။

ခြန္းက ေရွာင္အမ္းခၽြမ္ရဲ့အမူအယာကို စူးစိုက္ၾကည့္ရင္း ေစာင့္ဆိုင္းေနလိုက္သည္။ ဒီလိုေစာင့္ဆိုင္းေနခ်ိန္ ေရွာင္အမ္းခၽြမ္ အဆိပ္ရွိသည့္သစ္သီးမ်ား ယူလာခ်ိန္က ခံစားခ်က္နဲ႔ ထပ္တူညီ စိတ္လႈပ္ရွားလို႔ေနသည္။

ဒီတစ္ႀကိမ္ေတာ့ သူ မလြဲႏိုင္ေတာ့ေပ။ ခပ္ရွည္ရွည္အနီေရာင္အသီးက တကယ္အဆိပ္ျပင္းတယ္ဆိုတာ ႐ူးၿပီးေသသြားတဲ့ယုန္က သက္ေသရွိေနၿပီျဖစ္သည္။

ခြန္းက ယံုၾကည္မႈအျပည့္ရွိေနခ်ိန္မွာ ေက်ာက္ရႊမ္နဲ႔ဘိုင္က ဗိုက္ထဲ ေရအျပည့္နဲ႔ ေက်ာက္တံုးစားပြဲမွာ ျပန္လည္ထိုင္ေနၾကသည္။

ဘိုင္က ဘုရင္မကို ေျဖရွင္းခ်က္လိုခ်င္ဟန္နဲ႔ၾကည့္ေနၿပီး ဘုရင္ႀကီးကိုလည္း ဂ႐ုတစိုက္ၾကည့္ေနသည္။

ေက်ာက္ရႊမ္က သူ႔ကိုစိုက္ၾကည့္ၿပီး လက္ေဝွ႔ယမ္းေခၚေနတဲ့ ခ်စ္သူေလးရဲ့အမူအယာေၾကာင့္ သတိနဲ႔ ေနာက္ကို ေျခႏွစ္လွမ္းဆုတ္သြားသည္။ သူ႔ခ်စ္သူေလးရဲ့မ်က္ဝန္းက အေရာင္လဲ့ေနၿပီး အၾကည့္ေတြက ႏူးညံ့လို႔ေနသည္။

သူက ေခါင္းကိုယမ္းလိုက္သည္။ ခ်ိဳၿမိန္တဲ့ သူေစာင့္ေနတဲ့အခ်ိန္ေလး ေရာက္လာေလၿပီ။ သူ႔ခ်စ္သူေလးက သူ႔ကို အရသာဆိုးတာေကၽြးၿပီး အခ်ိဳေကၽြးေတာ့မွာေသခ်ာသည္။

"ကၽြန္ေတာ္ေျပာထားသလိုပဲ.. ခင္ဗ်ားက စကားနားေထာင္တဲ့အတြက္ ဆုေပးမလို႔ေလ.. မလာေသးဘူးလား.."

က်ိဳးယြင္ရွန္႔က လက္ညိႈးနဲ႔ညႊန္ၿပီး ေတာက္ပတဲ့မ်က္ဝန္းေလးနဲ႔ လွမ္းေခၚလိုက္သည္။

ေက်ာက္ရႊမ္သည္ ေသဖို႔ရာ႐ုန္းကန္ေနရသလို တစ္လွမ္းခ်င္း လွမ္းလာခဲ့သည္။ အနားကိုေရာက္ေတာ့ သူ႔ခ်စ္သူက သူ႔ကိုဆြဲယူၿပီး ခပ္ျပင္းျပင္းနမ္းလိုက္ေတာ့သည္။ ပူစပ္ေနသည့္ခ်စ္သူေလး၏လွ်ာက သူ႔လွ်ာကိုရစ္ပတ္ယူၿပီး အာခံတြင္းထဲ လွည့္လည္သြားလာေနသည္။ ေက်ာက္ရႊမ္က သူ႔အာခံတြင္းထဲကလွ်ာေလးကို အသံျမည္ေအာင္ ရစ္ပတ္စုပ္ယူလိုက္သည္။

တစ္ဖက္က သူ႔ခ်စ္သူရဲ့လွ်ာဆီက စပ္တဲ့အရသာေၾကာင့္ မ်က္ရည္ဝဲေနသလို တစ္ဖက္ကလည္း ခ်စ္သူေလးရဲ့ နက္႐ိႈင္းတဲ့အနမ္းေၾကာင့္ သာယာမႈကိုခံစားေနရသည္။ ဒီအနမ္းက စြဲမက္စရာေကာင္းလြန္းလို႔ သူ႔ေျခလက္ေတြေတာင္ ေပ်ာ့ေခြကုန္သည္။

ဘိုင္ႏွင့္ ေရွာင္အမ္းခၽြမ္က လူတစ္ေယာက္နဲ႔သားရဲတစ္ေကာင္ နက္နက္႐ိႈင္း႐ိႈင္းနမ္းေနတာကို ေငးၾကည့္ေနရတယ္။ နတ္ဘုရားေလးက အနမ္းကိုရပ္တန္႔ၿပီး ျခေသၤ့ႀကီးရဲ့ စိုစြတ္တဲ့ႏွာေခါင္းေလးကို လွ်ာနဲ႔လ်က္ၿပီး ၿပံဳးရင္းေျပာလိုက္သည္။

"င႐ုပ္သီးစပ္တဲ့ဟင္းကို စားၿပီးရင္ နမ္းလိုက္တာက အေကာင္းဆံုး အစပ္ေပ်ာက္ေအာင္လုပ္တဲ့နည္းပဲ.."

သူတို႔ႏွစ္ေယာက္က အခုမွ သတိဝင္လာေတာ့တယ္။

ဘိုင္က ခ်က္ခ်င္း ပါးစပ္ဟၿပီး အစပ္ေၾကာင့္နီျမန္းေနတဲ့ သူ႔ပါးစပ္နဲ႔လွ်ာကို ေရွာင္အမ္းခၽြမ္ျမင္ေအာင္ျပလိုက္သည္။ ေရွာင္အမ္းခၽြမ္ရဲ့ႏွလံုးသားေလးက ဝုန္းဒိုင္းႀကဲခုန္လာေပမယ့္ သူက လူျမင္ကြင္းမွာမနမ္းရဲဘူး။ ဒါေၾကာင့္ သူက သံသယရွိတာကို ေျပာျပလိုက္သည္။
"နတ္ဘုရားေလး.. ဒီဟင္းရည္ထဲမွာ င႐ုပ္သီးတခ်ိဳ႕ေရာေနတာ ေတြ႕ရတယ္.. ဘယ္သူ ဒါကိုထည့္သလဲသိလိုက္လား.. ဒီင႐ုပ္သီးက ကၽြန္ေတာ္တို႔စားခဲ့သလို ထူးထူးကဲကဲ စပ္တဲ့အရသာရွိတယ္.."

ခရမ္းခ်ဥ္သီးဟင္းရည္ထဲ င႐ုပ္သီးဖတ္ေတြက ေရာေႏွာေနၿပီး ေတာ္႐ံုက ဒီႏွစ္ခုကို ခြဲျခားမသိႏိုင္ေပမယ့္ ေရွာင္အမ္းခၽြမ္လို ဟင္းသီးဟင္းရြက္မွာ ကၽြမ္းက်င္တဲ့ပညာရွင္ကေတာ့ အလြယ္တကူခြဲျခားျမင္ႏိုင္တယ္။ မွန္တယ္၊ ေရွာင္အမ္းခၽြမ္က တကယ့္ကို ဟင္းရြက္ပညာရွင္တစ္ဦးျဖစ္တယ္။

"ဒီမွာ င႐ုပ္သီးရွိၿပီဆိုေတာ့ ေနာက္ပိုင္း ကၽြန္ေတာ္တို႔ င႐ုပ္သီးေၾကာ္ကို ေၾကာ္စားလို႔ရၿပီ နတ္ဘုရားေလး.. ခင္ဗ်ား စားၾကည့္သင့္တယ္.. င႐ုပ္သီးေၾကာ္က တကယ္စားလို႔ေကာင္းတယ္.."

ေရွာင္အမ္းခၽြမ္က တက္ၾကြစြာေျပာတဲ့အမူအယာကို ၾကည့္ၿပီး က်ိဳးယြင္ရွန္႔ ဟက္ဟက္ပက္ပက္ ရယ္ေမာလိုက္သည္။

ေက်ာက္ရႊမ္က ေျခႏွစ္လွမ္းဆုတ္လိုက္ၿပီး ေရွာင္အမ္းခၽြမ္ကို တအံ့တၾသၾကည့္မိသည္။ ခုေလးတင္ သူ႔ပါးစပ္ထဲမွာ င႐ုပ္သီးအရသာက မီးက်ီခဲလိုပူေနတုန္းပဲ။ လူတိုင္းမွာ အားသာခ်က္၊ အားနည္းခ်က္ရွိတယ္ဆိုတာ တကယ္ႀကီးပဲ။

ဘိုင္က ေရွာင္အမ္းခၽြမ္ရဲ့အမူအယာအရ ဒီဟင္းခ်ိဳထဲ အဆိပ္မပါဘဲ ေကာင္းတဲ့အရာပါတာ သိလိုက္ေပမယ့္ ဘယ္လိုအရာက ဒီေလာက္အရသာဆိုးဝါးရတာလဲ။ ဒါက တကယ္ေၾကာက္စရာေကာင္းလွတယ္။

က်ိဳးယြင္ရွန္႔က ရယ္ရင္း သူ႔ကို ေသြးေဆာင္ႏိုင္ၿပီလို႔ ေတြးလိုက္သည္။

"ရႊမ္နဲ႔ငါက မီးဖိုနဲ႔နီးတဲ့ေနရာကို မလာခဲ့ဘူး.. ဘယ္သူက ဟင္းထဲ င႐ုပ္သီးထည့္မယ္ထင္သလဲ.."

ေရွာင္အမ္းခြၽမ္ သည္ ခြန္း ေနထိုင္ေသာ သစ္လုံးအိမ္ကို လည္ျပန္ၾကည့္လိုက္သည္။ နတ္ဘုရားေလးက ေမး႐ိုးကိုဆန႔္၍ သူ၏ေခါင္းကို ထိုအရပ္ဘက္ကို လွည့္ၾကည့္ၿပီး စိတ္ဝင္စားစြာ ၾကည့္လိုက္သည္။ သူ႔မ်က္ဝန္းထဲတြင္ စပ္စုလိုစိတ္တို႔ ထင္ဟပ္ေနသည္။


က်ိဳးယြင္ရွန႔္သည္ ေရွာင္အမ္းခြၽမ္အား စိတ္ရွည္လက္ရွည္ ဆက္လက္လမ္းၫႊန္ခဲ့သည္။

"ခြန္းကအစာစားခ်ိန္မွာ အၿမဲသတိထားတယ္။ အဆိပ္လို႔ သူယူဆတဲ့အစားအစာကို အရင္ဆုံး ဘယ္ေတာ့မွမထိဘူး။ ဒီအေၾကာင္းကို ျပန္စဥ္းစားၾကည့္လိုက္။ သူက မင္း ခူးဆြတ္ခဲ့တဲ့ ခရမ္းခ်ဥ္သီး၊ ခဝဲသီး နဲ႔မႈိေတြကို အရင္ဆုံးစားခဲ့လို႔လား။ ငါတို႔ အရင္စားၿပီးဘာမွမျဖစ္ေတာ့ဘူးဆိုေတာ့မွ သူက စားတာ မဟုတ္လား။ သူက မင္းကို ဘယ္တုန္းကမွ မယုံၾကည္ခဲ့ဘူး။ ဒီတစ္ခါေတာ့ သူလုပ္တာ သာမန္မဟုတ္ေတာ့ဘူး။ သူ မေတြ႕ဖူးတဲ့ င႐ုတ္သီးေတြကို ခူးလာၿပီး သူ႔သေဘာနဲ႔ ဟင္းခ်ိဳထဲ ထည့္လိုက္တယ္။ ၿပီးေတာ့ သူက အိပ္ခ်င္တယ္ေျပာၿပီး သူ႔သစ္လုံးအိမ္ကိုျပန္သြားခဲ့တယ္။ သူဘာေၾကာင့္ ထြက္သြားတယ္ ထင္သလဲ။ မင္း ဦး ေႏွာက္ကိုသုံးပါ၊ အျခားလူက မင္းကိုအသုံးမခ်ပါေစနဲ႔။"

ေရွာင္အမ္းခြၽမ္ သည္ စိတ္အားထက္သန္မႈႏွင့္ ၾကင္နာမႈအေပၚ မွီခိုျခင္းထက္ သူ၏ ဦး ေႏွာက္ကို အသုံးျပဳရန္ ဆႏၵရွိသည္။ သူသည္ ဘိုင္ယန္ လူမ်ိဳးစုတြင္ အဆင့္ျမင့္ရာထူးရရွိခဲ့ လိမ့္မည္။ က်ိဳးယြင္ရွန႔္သည္ ေရွာင္အမ္းခြၽမ္ ၏အျပစ္ကင္းစင္မႈ၊ ၾကင္နာမႈႏွင့္ ကိုယ္က်ိဳးစြန႔္သည့္စိတ္ဓာတ္ကို သေဘာက်ခဲ့သည္။ ထို႔ေၾကာင့္ သူသည္ ေရွာင္အမ္းခြၽမ္ ကို အသုံးျပဳ၍ သတ္ျဖတ္လိုေသာ ခြန္းကို ပို၍ ႐ြံရွာျခင္းျဖစ္သည္။

ေရွာင္အမ္းခြၽမ္  သည္သူ၏ ဦး ေႏွာက္ကို အသုံးမျပဳလိုေသာ္လည္း သူက မိုက္မဲသည္ဟု မဆိုလိုေပ။ သူက နည္းနည္းေလးပိုၿပီး နက္ရႈိင္းစြာ ေတြးၾကည့္ေတာ့ ဘာေတြျဖစ္ေန သည္ကို သိသြားေတာ့သည္။

ဒီင႐ုပ္သီးကို အဆိပ္ရွိသည္ဟု ခြန္းက ယုံၾကည္ၿပီး ခူးခဲ့ပုံရသည္။ ေတာက္ပသည့္ အေရာင္က သူ႔အထင္ကို ပိုမိုခိုင္မာေစပုံရသည္။ သူက ဒီအသီးကို ခူးၿပီးတိတ္တဆိတ္ ဟင္းအိုးထဲ ထည့္လိုက္တဲ့ ရည္႐ြယ္ခ်က္က သူတို႔ေတြကို ေသေစခ်င္လို႔ပဲျဖစ္မည္။

မိုးေမးႀကီး လင္းလိုက္ပါလား....

ေရွာင္အမ္းခြၽမ္ ရဲ႕မ်က္ဝန္းအစုံက က်ဥ္းေျမာင္းသြားၿပီး ခြန္းကို ဝါးစားခ်င္ေလာက္ေအာင္ ေဒါသထြက္လာခဲ့သည္။

သူ႔အေပၚကို တဖက္လူက ဒီလိုလုပ္ခ်င္ေနတာကို ေရွာင္အမ္းခြၽမ္  အံ့အားသင့္ေနမိသည္။ သူက ဘာအမွားက်ဴးလြန္ေနမိလို႔လဲ...။


"  ခြန္းက ဘိုင္ယန္မ်ိဳးႏြယ္က ေမာင္းထုတ္ခံခဲ့ရတာ။ အခုသူျပန္သြားရင္ သူ႔ေနရာကို တေယာက္ေယာက္က ယူထားေလာက္ၿပီ။ ဒါေၾကာင့္ သူ႔ေနရာကို ျပန္ရဖို႔ ျပန္သြားတဲ့အခ်ိန္ ဆားေတြ၊ အနီေရာင္သလင္းေက်ာက္နဲ႔ ေရွးဦးသားရဲႏွစ္ေကာင္ရဲ႕ အေရခြံကို ျပန္ယူသြားခ်င္ပုံရတယ္။ "

က်ိဳးယြင္ရွန႔္က ျခေသၤ့ႀကီးရဲ႕ လည္ဆံေမြးေတြကို အသာယာပြတ္သပ္ေပးၿပီး ႏူးညံ့တဲ့ ႏူတ္ခမ္းအစုံက ၿပဳံးရင္းေျပာေနေပမယ့္ သူ႔မ်က္ဝန္းအစုံက ေအးစက္ၿပီး ဓါးသြားလို စူးရွလို႔ေနသည္။


"သူ႔ကို ကြၽန္ေတာ္တို႔ ဘာလုပ္ၾကမလဲ...  "

ေရွာင္အမ္းခြၽမ္ က ေဒါသနဲ႔ ေမးလိုက္သည္။

ဘိုင္က ခြန္းကို သတ္ျဖတ္ၿပီး တစ္စစီလုပ္လို႔ ကန္ထဲကို သြားပစ္ထားခ်င္ေပမယ့္ ေတာဘုရင္ရဲ႕နယ္ေျမမွာ မသတ္ျဖတ္ဝံ့လို႔ သူ႔ေဒါသကို ၾကမ္းျပင္ေပၚ လက္သည္းနဲ႔ကုတ္ျခစ္ၿပီး ေျဖေဖ်ာက္ေနရသည္။

က်ိဳးယြင္ရွန႔္က ေရွာင္အမ္းခြၽမ္  ေမးသည္ကို လ်စ္လ်ဴရႈၿပီး ဟင္းရည္တစ္ခြက္ကို ေသာက္ၿပီး ေက်နပ္စြာနဲ႔ ႏူတ္ခမ္းကို လွ်ာနဲ႔သပ္ေနသည္။ ေက်ာက္႐ႊမ္သည္ ခ်စ္သူေလး၏ နီျမန္းေသာ ႏူတ္ခမ္းေလးကို စိုက္ၾကည့္ၿပီး တံေတြးေတာင္ၿမိဳခ်လိုက္မိသည္။ သူ႔ခ်စ္သူေလးက င႐ုပ္သီးစားတဲ့အခ်ိန္မွာ အရမ္းကို ဆြဲေဆာင္မႈရွိၿပီး ခ်ိဳၿမိန္သည့္ အမူယာရွိသည္ကို ၾကည့္ေနသည္။ စပ္ၿပီး ပူျပင္းသည့္ သူ႔ခ်စ္သူေလး၏ အနမ္းက အရမ္းကို ေက်နပ္ေစႏိုင္လြန္းသည္။


 ေရွာင္အမ္းခြၽမ္ က ဟင္းရည္ကို ခပ္ထည့္ၿပီး ေမးလိုက္သည္။

" နတ္ဘုရားေလးက ခြန္း ဟင္းရည္ထဲကို င႐ုပ္သီး ထည့္လိုက္တာကို ေတြ႕လိုက္ေပမယ့္ ဒီဟာ အဆိပ္မရွိတာကို ဘယ္လိုသိၿပီး ဟင္းရည္ကို ခပ္ေသာက္ရဲတာလဲ... "

နတ္ဘုရားေလးရဲ႕ မူလဇစ္ျမစ္ကို  ေရွာင္အမ္းခြၽမ္ လုံးဝမရိပ္မိေပ။ ဒီနတ္ဘုရားလူငယ္က ေခတ္သစ္လူသားသာျဖစ္ရင္ ျခေသၤ့နဲ႔ ဒီလို ဘယ္လိုလုံးေထြးေနႏိုင္မွာတဲ့လဲ။ ဒီလို လူနဲ႔ သားရဲ စပ္ယွက္တာက သူေတြးႏိုင္တာရဲ႕ဟိုးဘက္ကို ေက်ာ္လို႔ေနတယ္။

ဒါေပမယ့္  ေရွာင္အမ္းခြၽမ္ က ဒီသားရဲၿဂိဳလ္မွာ ေရာက္ေနတာ ၾကာလို႔သူ႔ အေတြးေတြလည္း ေမ့ေပ်ာက္လုမတတ္ျဖစ္ေနသည္။ ဒီၿဂိဳလ္မွာ လူနဲ႔သားရဲ စပ္ယွက္တယ္ဆိုတာ အထူးဆန္းေတာ့ မဟုတ္ေပ။

" ငါ ဒီအသီးကို ဌက္ေတြခ်ီသြားတာကို ေတြ႕ဖူးတယ္။ ဌက္ေတာင္စားလို႔ရရင္ လူလည္း စားလို႔ရမယ္ဆိုတာ သိတယ္ေလ။ ၿပီးေတာ့ ခြန္းရဲ႕ စိတ္က ဘယ္ေလာက္ ပုပ္သိုးတယ္ဆိုတာ သိခ်င္လို႔ ငါ သူလုပ္တာကို ေစာင့္ၾကည့္ေနတာပဲ ျဖစ္တယ္။ "

သူကေျပာၿပီး ဟင္းရည္စပ္စပ္ကို တလုပ္တည္းနဲ႔ ေမာ့ေသာက္လိုက္တယ္။

ႏို႔တိုက္သတၱဝါမ်ား၏အစာေၾကလမ္းေၾကာင္းမ်ားက င႐ုတ္သီးမ်ိဳးေစ့မ်ားကို အစာေၾကေအာင္ ေခ်ဖ်က္ျပီးမွ အျပင္သို႔ စြန္႕ထုတ္လိုက္ေသာေႀကာင့္ အပင္လည္း မေပါက္နုိ္င္ေတာ့ေပ။ သူတုိ႕ စားေသာက္ျပီးေနာက္ အပင္က ထပ္မပြားနုိင္ေတာ့ေပ။  ဒီလိုနဲ႕ အပင္တခ်ိဳ႕ မ်ိဳးတုန္းသြားႀကသည္။

ဌက္ေတြက ငရုပ္သီးရဲ႕စပ္တဲ့ အရသာကို မခံနုိင္လို႕ ငရုပ္သီးကို ဌက္အမ်ားစုက အရမ္းကို နွစ္သက္စြာစားသံုးႀကသည္။ ျပီးေတာ့ ဌက္ေတြရဲ႕ အစာအိမ္က အေစ့ကို ေႀကေအာင္ မေခ်ဖ်က္နုိင္သျဖင့္ သူတုိ႕ စားေသာက္ျပီး စြန္႕ထုတ္လိုက္သည့္ မစင္မွ တဆင့္ အပင္မ်ားကို ဆက္လက္မ်ိဳးပြားေစခဲ့သည္။






ေနာက္ဆုံးတြင္  ေရွာင္အမ္းခြၽမ္သည္ အေၾကာင္းရင္းမ်ားႏွင့္ အက်ိဳးဆက္မ်ားကို နားလည္သေဘာေပါက္သြားၿပီး နတ္ဘုရားေလးသည္ တကယ့္ကို ဥာဏ္ေကာင္းျပီး အေမွ်ာ္ျမင္ႀကီးလွသည္ဟု ထင္လိုက္သည္။ တကယ္လို႕ နတ္ဘုရားေလးက ေခတ္သစ္က လာတဲ့လူဆိုရင္ သူက ေသခ်ာေပါက္ ေအာင္ျမင္တဲ့ စီးပြားေရးသမားျဖစ္မွာပင္။

ခုအခ်ိန္တြင္  ေရွာင္အမ္းခြၽမ္၏အမ်က္ေဒါသ အနည္းငယ္ေလ်ာ့နည္းသြားလို႕ သူ႕လက္ေတြကိုပြတ္သပ္ၿပီးေမးလိုက္သည္။

"နတ္ဘုရားေလး  ျခေသၤ့ကအနံ႕ခံေတာ္တယ္ မဟုတ္လား။ ခြန္းသြားခဲ့တဲ့ ေနရာကို အနံ႕ခံျပီး သြားလုိ႕ရမလား။ "


" မင္း ငရုပ္သီးမ်ိဳးေစ့ကို သြားရွာမလို႕လား.... "

က်ိဳးယြင္ရွန္႕က ေပ်ာ္ရႊင္စြာေမးလိုက္သည္။

" ဟုတ္တယ္။ ကြ်န္ေတာ္က ငရုပ္သီးႀကိဳက္တယ္။  "

 ေရွာင္အမ္းခြၽမ္၏ မ်က္ဝန္းမ်ားက အနာဂါတ္မွာ ခ်က္ျပဳတ္မယ့္ ငရုပ္သီးစပ္စပ္ဟင္းမ်ားကို ျမင္ေယာင္ျပီး မ်က္ဝန္းက ေတာက္ပလို႕ေနသည္။


"  ငါတုိ႕ စားျပီးတာနဲ႕ သြားႀကတာေပါ့..."

က်ိဳးယြင္ရွန္႕က လြယ္လြယ္ပဲ ကတိေပးလိုက္သည္။ ေက်ာက္ရႊမ္နွင့္ ဘိုင္က နူတ္ဆိတ္စြာျဖင့္ ေနာက္က္ုိ ဆုတ္သြားႀကသည္။

ဘိုင္က သူ႕ေရွ႕က ေတာဘုရင္ႀကီးကို ႀကည့္ျပီး ဝမ္းနည္းသြားခဲ့သည္။ ျခေသၤ့ႀကီးက ငရုပ္သီးစပ္သြားလွ်င္ အနမ္းခံရနုိ္င္ေသးသည္။ သူ႕မွာေတာ့ ငရုပ္သီးစပ္လွ်င္ ေရေသာက္ရံုကလြဲျပီး ဘာမွ မလုပ္နုိ္င္ေတာ့ေပ။
သားရဲျခင္းတူတာေတာင္ ဘုန္းကံက နိႈင္းယွဥ္လို႕ေတာင္ မရပါလား။

ေက်ာက္ရႊမ္က သူ႕ညီငယ္ရဲ႕ မနာလိုတဲ့ မ်က္ဝန္းကို ေတြ႕ေတာ့ မသိစိတ္ကေန ဂုဏ္ယူစြာနဲ႕ ရင္ဘတ္ကို ေကာ့ထားလိုက္မိေတာ့သည္။

အစာစားျပီးေတာ့ သူတုိ႕က ခြန္းရဲ႕ အနံ႕ကို ခံျပီး ငရုပ္သီးပင္ရွိရာကို ရွာဖုိ႕ လမ္းေလွ်ာက္ထြက္လာႀကသည္။

🦁🌶🤦‍♂️💋🦁🌶🤦‍♂️💋🦁🌶🤦‍♂️💋🦁🌶🤦‍♂️💋

FOD _Extra 4_ Chapter (16) _Honeymoon on Beast-man Planet

ညစာစားချိန်မှာ ကျောက်တုံးစားပွဲကြီးထက်တွင် ငါးကောင်လုံးကင်နဲ့ ခရမ်းချဉ်သီးစွပ်ပြုတ်အိုးက ထည်ဝါစွာခင်းကျင်းထားသည်။ ကျိုးယွင်ရှန့်က ခွက်လေးခုထဲ ဟင်းရည်ခပ်ထည့်ပေးပြီး ပြောလိုက်သည်။

"ကနေ့ ဟင်းချိုရည်က special ပဲ.. အမြန်သောက်ကြ.."

သူ့ရဲ့ ညစ်တစ်တစ်အပြုံးနဲ့ အကြည့်ကြောင့် သူက ထောင်ချောက်ဆင်နေတဲ့သူပုံ ပေါက်နေတယ်။ ဘိုင်က ကြောက်လန့်တကြားနဲ့ တောဘုရင်ကြီးကို ကြည့်လိုက်သည်။

ကျောက်ရွှမ်က အစပ်ကိုမစားနိုင်သောကြောင့် စိုစွတ်တဲ့နှာခေါင်းတွေနဲ့ သူ့ချစ်သူရဲ့ ပျော့ပြောင်းတဲ့ဆံပင်တွေကို တရှုံ့ရှုံ့လုပ်လိုက်သည်။ ဒီမြင်ကွင်းက ရှောင်အမ်းချွမ်ရဲ့ကိုယ်ကို ကြက်သီးမွေးညင်းတွေ ထလာစေသည်။

"ခြင်္သေ့ကြီး တစ်ခုခုဖြစ်နေတာလား.. သူ နေမကောင်းဘူးလား.."

သူက ရိုးသားစွာမေးလိုက်သည်။

"သူနေကောင်းပါတယ်.. အချိန်မဆွဲနဲ့တော့.. စွပ်ပြုတ်ကိုသောက်ကြတော့.."

ကျိုးယွင်ရှန့်က ခပ်ပေါ့ပေါ့ပြောပြီး သူ့ဟင်းရည်ခွက်ကိုယူပြီး ပါးစပ်အပြည့် တစ်ငုံသောက်ပြီး ကျေနပ်နှစ်သိမ့်သည့်အမူအယာနဲ့ အရသာခံနေသည်။

ကျောက်ရွှမ်သည် ချစ်သူလေး၏အမူအယာကိုကြည့်ပြီး ပိုပိုလန့်လာသည်။ သူ့ချစ်သူလေးရဲ့ အစပ်ကြိုက်ပုံက ထူးကဲလှပြီး ပုံမှန်ငရုပ်သီးအစပ်ကို ဖြုံတောင်မဖြုံပေ။ သူအကြိုက်ဆုံးက မိုးမျှော်ငရုပ်သီးများဖြစ်သည်။ ဒီငရုပ်သီးတွေကို သစ်သီးခြင်းထဲထည့်ထားပြီး ချယ်ရီသီးကိုစားသလို ဒီအတိုင်းဝါးစားနိုင်သူဖြစ်သည်။ သူ့ချစ်ချစ်လေး ငရုပ်သီးစားတာမြင်တိုင်း ကျောက်ရွှမ်ရဲ့နဖူးမှာ ချွေးတွေစို့လာပြီး ခြေလက်တွေတောင် တုန်ယင်လာတတ်သည်။ အခု သူ့ချစ်သူလေးက သူ့အကြိုက် အစပ်ကဲတဲ့ဟင်းချိုကို နှစ်သက်စွာသောက်လို့နေသည်။

သွားပြီ.. ဒီကနေ့တော့ ကပ်ဆိုက်ပါပြီလို့တွေးပြီး ကျောက်ရွှမ်က ဟင်းရည်ခွက်ကို သေလုမျောပါး စိုက်ကြည့်လို့နေသည်။

တောဘုရင်ကြီး၏အမူအယာက ဘိုင့်ကို တုန်လှုပ်သွားစေသည်။ ဒီဟင်းရည်ထဲမှာ တကယ်အဆိပ်ရှိနေသလား။ ဒါဆို ဘုရင်မကြီးက ဘာကြောင့် ကောင်းကောင်းမွန်မွန် သောက်နေနိုင်တာလဲ။ ဘိုင်က စိတ်ပျက်စွာနှင့် သူ့အမြီးကြီးကို တဘုတ်ဘုတ်ရိုက်ခတ်နေသည်။

ရှောင်အမ်းချွမ်တစ်ယောက်တည်း ဘာမှမသိဘဲ ဟင်းရည်ခွက်ကို အေးအောင်မှုတ်ရင်း စောင့်နေသည်။ ခွန်းက လက်သီးကိုတင်းတင်းဆုပ်ပြီး လူနှစ်ယောက်နဲ့ သားရဲနှစ်ကောင် အဆိပ်မိလဲကျသေဆုံးချိန်ကို စောင့်ဆိုင်းလို့နေသည်။ ဒါတွေပြီးဆုံးသွားလျှင် ဆုလာဘ်များစွာနှင့် ဘိုင်ယန်မျိုးနွယ်ဆီ ပြန်ရတော့မည်။ ဒီမြင်ကွင်းကိုမြင်ယောင်ရင်း စိတ်လှုပ်ရှားနေသည်။

သားရဲနှစ်ကောင်ရဲ့အသားတွေက အဆိပ်သင့်ပြီး စားမရဘဲ အလဟဿဖြစ်သွားမှာတွေးပြီး စိတ်ပျက်နေမိသည်။ ဒီရှေးဦးသားရဲတွေက ထူးကဲတဲ့ဂုဏ်သတ္တိရှိပြီး သူတို့အသားစားတာက သလင်းကျောက်တွေရဲ့စွမ်းအင်ထက်တော့ မညံ့ပေ။

ခွန်းက စိတ်လှုပ်ရှားပြီး သူ့နှလုံးသားက ဗုံသံလိုမြည်နေတယ်။

ကျိုးယွင်ရှန့်က ရှောင်အမ်းချွမ်နဲ့ဘိုင့်ကို ဟင်းရည်အမြန်သောက်ဖို့ လောလိုက်သည်။ ခြင်္သေ့ကြီးက ကျောက်တုံးစားပွဲကခုန်ထပြီး ထွက်ပြေးဖို့ကြိုးစားပေမယ့် သူ့ချစ်သူရဲ့ဆွဲခေါ်ခြင်းကိုသာ ခံလိုက်ရသည်။

"အချစ်.. ပါးစပ်ဟစမ်းပါ.. ဒီဟာသောက်ပြီးရင် ညကျ ဆုချမယ်.."

ကျိုးယွင်ရှန့်က မျက်ခုံးပင့်ပြီးပြောလိုက်ပေမယ့် သူ့မျက်လုံးတွေက ခြိမ်းခြောက်မှုနှင့်ပြည့်လို့နေသည်။

ကျောက်ရွှမ်က သူ့ချစ်သူကို လေးလေးနက်နက်စိုက်ကြည့်ပြီး ပါးစပ်ကို အသာဖွင့်ပေးလိုက်သည်။ သူ့ချစ်သူတိုက်တာကို ဘာမှမငြင်းဆန်ဝံ့ပေ။ ဒီဟင်းရည်တစ်ခွက်သောက်လို့ သေမယ်ဆိုရင်တောင် ချစ်သူလေးဆန္ဒကို မငြင်းဆန်ဝံ့ဘဲ သူ့ပါးစပ်ထဲခွံ့ကျွေးတဲ့ ဟင်းရည်ကို သောက်လိုက်သည်။ ရှောင်အမ်းချွမ်နဲ့ဘိုင်လည်း ဟင်းရည်ကိုတစ်ငုံသောက်ပြီးတော့ ပါးစပ်က ရူးရူးရှဲရှဲဖြစ်ပြီး အိမ်လေးထဲက ကျောက်စည်ပိုင်းထဲထည့်ထားတဲ့ရေကို အငမ်းမရ ငုံ့သောက်လိုက်တော့သည်။

တကယ်တမ်းပြောရရင် ကျောက်ရွှမ်က ရှောင်အမ်းချွမ်နဲ့ဘိုင်ထက် ငရုပ်သီးအစပ်အရသာကို ခံနိုင်ရည်ရှိအောင် ကျင့်သားရနေပေမယ့် ဒီငရုပ်သီးကတော့ ထူးထူးခြားခြား စပ်လွန်းနေသည်။ ဒီငရုပ်သီးက ခါတိုင်းငရုပ်သီးတွေထက် ပိုစပ်ပေမယ့် သူ့ချစ်သူလေးကတော့ အေးအေးဆေးဆေး ဟန်မပျက်ဘဲ စားသောက်နေနိုင်တယ်။ ဒီငရုပ်သီးက သာမန်လူရဲ့အစာအိမ်ကို လောင်ကျွမ်းလောက်အောင် ပူစပ်လွန်းလို့ ကျောက်ရွှမ်က မီးဖိုထဲ တဟုန်ထိုးပြေးပြီး ကျောက်စည်ပိုင်းထဲခေါင်းစိုက်ပြီး ရေအေးအေးကို အငမ်းမရ သောက်သုံးလိုက်တယ်။ ရှောင်အမ်းချွမ်နဲ့ဘိုင်လည်း သတိရလာပြီး လျှာတန်းလန်းနဲ့ ရေစည်ပိုင်းဆီကို အမြန်ပြေးလိုက်ပြီး ရေကို အလုအယက်သောက်လိုက်ကြတယ်။ သားရဲနှစ်ကောင်ရဲ့အမြီးတွေက စပ်လွန်းလို့ ခါယမ်းလို့နေတယ်။

ကျိုးယွင်ရှန့်က ဒီမြင်ကွင်းကိုကြည့်ပြီး စားပွဲကို လက်နဲ့ပုတ်ပြီး တဟားဟားရယ်မောနေတယ်။ ပြီးတော့မှ သူ့ပန်းကန်လုံးကိုမပြီး ဟင်းရည်ကို ဆက်ပြီးမော့သောက်လိုက်သည်။

ခွန်းက သူ့ကို ကောင်းကောင်းဖျော်ဖြေပေးနိုင်ခဲ့တာပဲ။ ခွန်းရဲ့ကျေးဇူးနဲ့သာမဟုတ်ရင် ဒီလိုမြင်ကွင်းကို သူ အလွယ်တကူ ဘယ်မြင်ရပါ့မလဲ။

ရှောင်အမ်းချွမ်က ဗိုက်ထဲ ရေတွေပြည့်အောင်သောက်ပြီးချိန်မှာ အစပ်ပြေပြီး ပြန်လာခဲ့တယ်။ ခြင်္သေ့နဲ့ကျားကတော့ သူ့ထက်အစပ်ဒဏ်ကို ပိုခံနေရတယ်။ ကျောက်စည်ပိုင်းကြီးထဲကရေတွေက မျက်စိတစ်မှိတ်အတွင်း ပြောင်သွားတော့သည်။ ရှောင်အမ်းချွမ်က စားပွဲနားကို သတိနဲ့ချဉ်းကပ်လာပြီး စွပ်ပြုတ်ပန်းကန်ကို စိုက်ကြည့်နေတဲ့ဘိုင့်ကို လက်နဲ့အသာလေးပုတ်ပေးလိုက်သည်။

သူတို့နဲ့မဝေးတဲ့ သစ်လုံးအိမ်ထဲမှာ ခွန်းက ဒီလူစု လဲကျသေဆုံးမှာကို စောင့်မျှော်နေသည်။ ဒီဟင်းချိုကိုသောက်ပြီး သူတို့တုံ့ပြန်မှုပြင်းထန်မှာကို မျှော်လင့်နေမိသည်။ ဒီအဆိပ်က ဘယ်လောက်ပြင်းသလဲဆိုရင် ယုန်က မသေခင် ရူးသလိုဖြစ်သွားတာကိုကြည့်ပြီး သိနိုင်တယ်။ ဒီအဆိပ်က သေစေရုံသာမက ရူးသွပ်သွားစေလို့ သူမပြန်ခင် ဒီအသီးကိုယူသွားဖို့ ဆုံးဖြတ်ထားသည်။

ဟင်းရည်ပန်းကန်ကို စစ်ဆေးပြီးနောက် ရှောင်အမ်းချွမ်ရဲ့ လင်းယုန်လိုစူးရှတဲ့မျက်လုံးတွေက ခရမ်းချဉ်သီးဖတ်နဲ့ ဆင်တူယိုးမှားဖြစ်နေသည့် ငရုပ်သီးဖတ်ကို သတိထားမိလိုက်သည်။

ခွန်းက ရှောင်အမ်းချွမ်ရဲ့အမူအယာကို စူးစိုက်ကြည့်ရင်း စောင့်ဆိုင်းနေလိုက်သည်။ ဒီလိုစောင့်ဆိုင်းနေချိန် ရှောင်အမ်းချွမ် အဆိပ်ရှိသည့်သစ်သီးများ ယူလာချိန်က ခံစားချက်နဲ့ ထပ်တူညီ စိတ်လှုပ်ရှားလို့နေသည်။

ဒီတစ်ကြိမ်တော့ သူ မလွဲနိုင်တော့ပေ။ ခပ်ရှည်ရှည်အနီရောင်အသီးက တကယ်အဆိပ်ပြင်းတယ်ဆိုတာ ရူးပြီးသေသွားတဲ့ယုန်က သက်သေရှိနေပြီဖြစ်သည်။

ခွန်းက ယုံကြည်မှုအပြည့်ရှိနေချိန်မှာ ကျောက်ရွှမ်နဲ့ဘိုင်က ဗိုက်ထဲ ရေအပြည့်နဲ့ ကျောက်တုံးစားပွဲမှာ ပြန်လည်ထိုင်နေကြသည်။

ဘိုင်က ဘုရင်မကို ဖြေရှင်းချက်လိုချင်ဟန်နဲ့ကြည့်နေပြီး ဘုရင်ကြီးကိုလည်း ဂရုတစိုက်ကြည့်နေသည်။

ကျောက်ရွှမ်က သူ့ကိုစိုက်ကြည့်ပြီး လက်ဝှေ့ယမ်းခေါ်နေတဲ့ ချစ်သူလေးရဲ့အမူအယာကြောင့် သတိနဲ့ နောက်ကို ခြေနှစ်လှမ်းဆုတ်သွားသည်။ သူ့ချစ်သူလေးရဲ့မျက်ဝန်းက အရောင်လဲ့နေပြီး အကြည့်တွေက နူးညံ့လို့နေသည်။

သူက ခေါင်းကိုယမ်းလိုက်သည်။ ချိုမြိန်တဲ့ သူစောင့်နေတဲ့အချိန်လေး ရောက်လာလေပြီ။ သူ့ချစ်သူလေးက သူ့ကို အရသာဆိုးတာကျွေးပြီး အချိုကျွေးတော့မှာသေချာသည်။

"ကျွန်တော်ပြောထားသလိုပဲ.. ခင်ဗျားက စကားနားထောင်တဲ့အတွက် ဆုပေးမလို့လေ.. မလာသေးဘူးလား.."

ကျိုးယွင်ရှန့်က လက်ညှိုးနဲ့ညွှန်ပြီး တောက်ပတဲ့မျက်ဝန်းလေးနဲ့ လှမ်းခေါ်လိုက်သည်။

ကျောက်ရွှမ်သည် သေဖို့ရာရုန်းကန်နေရသလို တစ်လှမ်းချင်း လှမ်းလာခဲ့သည်။ အနားကိုရောက်တော့ သူ့ချစ်သူက သူ့ကိုဆွဲယူပြီး ခပ်ပြင်းပြင်းနမ်းလိုက်တော့သည်။ ပူစပ်နေသည့်ချစ်သူလေး၏လျှာက သူ့လျှာကိုရစ်ပတ်ယူပြီး အာခံတွင်းထဲ လှည့်လည်သွားလာနေသည်။ ကျောက်ရွှမ်က သူ့အာခံတွင်းထဲကလျှာလေးကို အသံမြည်အောင် ရစ်ပတ်စုပ်ယူလိုက်သည်။

တစ်ဖက်က သူ့ချစ်သူရဲ့လျှာဆီက စပ်တဲ့အရသာကြောင့် မျက်ရည်ဝဲနေသလို တစ်ဖက်ကလည်း ချစ်သူလေးရဲ့ နက်ရှိုင်းတဲ့အနမ်းကြောင့် သာယာမှုကိုခံစားနေရသည်။ ဒီအနမ်းက စွဲမက်စရာကောင်းလွန်းလို့ သူ့ခြေလက်တွေတောင် ပျော့ခွေကုန်သည်။

ဘိုင်နှင့် ရှောင်အမ်းချွမ်က လူတစ်ယောက်နဲ့သားရဲတစ်ကောင် နက်နက်ရှိုင်းရှိုင်းနမ်းနေတာကို ငေးကြည့်နေရတယ်။ နတ်ဘုရားလေးက အနမ်းကိုရပ်တန့်ပြီး ခြင်္သေ့ကြီးရဲ့ စိုစွတ်တဲ့နှာခေါင်းလေးကို လျှာနဲ့လျက်ပြီး ပြုံးရင်းပြောလိုက်သည်။

"ငရုပ်သီးစပ်တဲ့ဟင်းကို စားပြီးရင် နမ်းလိုက်တာက အကောင်းဆုံး အစပ်ပျောက်အောင်လုပ်တဲ့နည်းပဲ.."

သူတို့နှစ်ယောက်က အခုမှ သတိဝင်လာတော့တယ်။

ဘိုင်က ချက်ချင်း ပါးစပ်ဟပြီး အစပ်ကြောင့်နီမြန်းနေတဲ့ သူ့ပါးစပ်နဲ့လျှာကို ရှောင်အမ်းချွမ်မြင်အောင်ပြလိုက်သည်။ ရှောင်အမ်းချွမ်ရဲ့နှလုံးသားလေးက ဝုန်းဒိုင်းကြဲခုန်လာပေမယ့် သူက လူမြင်ကွင်းမှာမနမ်းရဲဘူး။ ဒါကြောင့် သူက သံသယရှိတာကို ပြောပြလိုက်သည်။
"နတ်ဘုရားလေး.. ဒီဟင်းရည်ထဲမှာ ငရုပ်သီးတချို့ရောနေတာ တွေ့ရတယ်.. ဘယ်သူ ဒါကိုထည့်သလဲသိလိုက်လား.. ဒီငရုပ်သီးက ကျွန်တော်တို့စားခဲ့သလို ထူးထူးကဲကဲ စပ်တဲ့အရသာရှိတယ်.."

ခရမ်းချဉ်သီးဟင်းရည်ထဲ ငရုပ်သီးဖတ်တွေက ရောနှောနေပြီး တော်ရုံက ဒီနှစ်ခုကို ခွဲခြားမသိနိုင်ပေမယ့် ရှောင်အမ်းချွမ်လို ဟင်းသီးဟင်းရွက်မှာ ကျွမ်းကျင်တဲ့ပညာရှင်ကတော့ အလွယ်တကူခွဲခြားမြင်နိုင်တယ်။ မှန်တယ်၊ ရှောင်အမ်းချွမ်က တကယ့်ကို ဟင်းရွက်ပညာရှင်တစ်ဦးဖြစ်တယ်။

"ဒီမှာ ငရုပ်သီးရှိပြီဆိုတော့ နောက်ပိုင်း ကျွန်တော်တို့ ငရုပ်သီးကြော်ကို ကြော်စားလို့ရပြီ နတ်ဘုရားလေး.. ခင်ဗျား စားကြည့်သင့်တယ်.. ငရုပ်သီးကြော်က တကယ်စားလို့ကောင်းတယ်.."

ရှောင်အမ်းချွမ်က တက်ကြွစွာပြောတဲ့အမူအယာကို ကြည့်ပြီး ကျိုးယွင်ရှန့် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

ကျောက်ရွှမ်က ခြေနှစ်လှမ်းဆုတ်လိုက်ပြီး ရှောင်အမ်းချွမ်ကို တအံ့တသြကြည့်မိသည်။ ခုလေးတင် သူ့ပါးစပ်ထဲမှာ ငရုပ်သီးအရသာက မီးကျီခဲလိုပူနေတုန်းပဲ။ လူတိုင်းမှာ အားသာချက်၊ အားနည်းချက်ရှိတယ်ဆိုတာ တကယ်ကြီးပဲ။

ဘိုင်က ရှောင်အမ်းချွမ်ရဲ့အမူအယာအရ ဒီဟင်းချိုထဲ အဆိပ်မပါဘဲ ကောင်းတဲ့အရာပါတာ သိလိုက်ပေမယ့် ဘယ်လိုအရာက ဒီလောက်အရသာဆိုးဝါးရတာလဲ။ ဒါက တကယ်ကြောက်စရာကောင်းလှတယ်။

ကျိုးယွင်ရှန့်က ရယ်ရင်း သူ့ကို သွေးဆောင်နိုင်ပြီလို့ တွေးလိုက်သည်။

"ရွှမ်နဲ့ငါက မီးဖိုနဲ့နီးတဲ့နေရာကို မလာခဲ့ဘူး.. ဘယ်သူက ဟင်းထဲ ငရုပ်သီးထည့်မယ်ထင်သလဲ.."

ရှောင်အမ်းချွမ် သည် ခွန်း နေထိုင်သော သစ်လုံးအိမ်ကို လည်ပြန်ကြည့်လိုက်သည်။ နတ်ဘုရားလေးက မေးရိုးကိုဆန့်၍ သူ၏ခေါင်းကို ထိုအရပ်ဘက်ကို လှည့်ကြည့်ပြီး စိတ်ဝင်စားစွာ ကြည့်လိုက်သည်။ သူ့မျက်ဝန်းထဲတွင် စပ်စုလိုစိတ်တို့ ထင်ဟပ်နေသည်။


ကျိုးယွင်ရှန့်သည် ရှောင်အမ်းချွမ်အား စိတ်ရှည်လက်ရှည် ဆက်လက်လမ်းညွှန်ခဲ့သည်။

"ခွန်းကအစာစားချိန်မှာ အမြဲသတိထားတယ်။ အဆိပ်လို့ သူယူဆတဲ့အစားအစာကို အရင်ဆုံး ဘယ်တော့မှမထိဘူး။ ဒီအကြောင်းကို ပြန်စဉ်းစားကြည့်လိုက်။ သူက မင်း ခူးဆွတ်ခဲ့တဲ့ ခရမ်းချဉ်သီး၊ ခဝဲသီး နဲ့မှိုတွေကို အရင်ဆုံးစားခဲ့လို့လား။ ငါတို့ အရင်စားပြီးဘာမှမဖြစ်တော့ဘူးဆိုတော့မှ သူက စားတာ မဟုတ်လား။ သူက မင်းကို ဘယ်တုန်းကမှ မယုံကြည်ခဲ့ဘူး။ ဒီတစ်ခါတော့ သူလုပ်တာ သာမန်မဟုတ်တော့ဘူး။ သူ မတွေ့ဖူးတဲ့ ငရုတ်သီးတွေကို ခူးလာပြီး သူ့သဘောနဲ့ ဟင်းချိုထဲ ထည့်လိုက်တယ်။ ပြီးတော့ သူက အိပ်ချင်တယ်ပြောပြီး သူ့သစ်လုံးအိမ်ကိုပြန်သွားခဲ့တယ်။ သူဘာကြောင့် ထွက်သွားတယ် ထင်သလဲ။ မင်း ဦး နှောက်ကိုသုံးပါ၊ အခြားလူက မင်းကိုအသုံးမချပါစေနဲ့။"

ရှောင်အမ်းချွမ် သည် စိတ်အားထက်သန်မှုနှင့် ကြင်နာမှုအပေါ် မှီခိုခြင်းထက် သူ၏ ဦး နှောက်ကို အသုံးပြုရန် ဆန္ဒရှိသည်။ သူသည် ဘိုင်ယန် လူမျိုးစုတွင် အဆင့်မြင့်ရာထူးရရှိခဲ့ လိမ့်မည်။ ကျိုးယွင်ရှန့်သည် ရှောင်အမ်းချွမ် ၏အပြစ်ကင်းစင်မှု၊ ကြင်နာမှုနှင့် ကိုယ်ကျိုးစွန့်သည့်စိတ်ဓာတ်ကို သဘောကျခဲ့သည်။ ထို့ကြောင့် သူသည် ရှောင်အမ်းချွမ် ကို အသုံးပြု၍ သတ်ဖြတ်လိုသော ခွန်းကို ပို၍ ရွံရှာခြင်းဖြစ်သည်။

ရှောင်အမ်းချွမ်  သည်သူ၏ ဦး နှောက်ကို အသုံးမပြုလိုသော်လည်း သူက မိုက်မဲသည်ဟု မဆိုလိုပေ။ သူက နည်းနည်းလေးပိုပြီး နက်ရှိုင်းစွာ တွေးကြည့်တော့ ဘာတွေဖြစ်နေ သည်ကို သိသွားတော့သည်။

ဒီငရုပ်သီးကို အဆိပ်ရှိသည်ဟု ခွန်းက ယုံကြည်ပြီး ခူးခဲ့ပုံရသည်။ တောက်ပသည့် အရောင်က သူ့အထင်ကို ပိုမိုခိုင်မာစေပုံရသည်။ သူက ဒီအသီးကို ခူးပြီးတိတ်တဆိတ် ဟင်းအိုးထဲ ထည့်လိုက်တဲ့ ရည်ရွယ်ချက်က သူတို့တွေကို သေစေချင်လို့ပဲဖြစ်မည်။

မိုးမေးကြီး လင်းလိုက်ပါလား....

ရှောင်အမ်းချွမ် ရဲ့မျက်ဝန်းအစုံက ကျဉ်းမြောင်းသွားပြီး ခွန်းကို ဝါးစားချင်လောက်အောင် ဒေါသထွက်လာခဲ့သည်။

သူ့အပေါ်ကို တဖက်လူက ဒီလိုလုပ်ချင်နေတာကို ရှောင်အမ်းချွမ်  အံ့အားသင့်နေမိသည်။ သူက ဘာအမှားကျူးလွန်နေမိလို့လဲ...။


"  ခွန်းက ဘိုင်ယန်မျိုးနွယ်က မောင်းထုတ်ခံခဲ့ရတာ။ အခုသူပြန်သွားရင် သူ့နေရာကို တယောက်ယောက်က ယူထားလောက်ပြီ။ ဒါကြောင့် သူ့နေရာကို ပြန်ရဖို့ ပြန်သွားတဲ့အချိန် ဆားတွေ၊ အနီရောင်သလင်းကျောက်နဲ့ ရှေးဦးသားရဲနှစ်ကောင်ရဲ့ အရေခွံကို ပြန်ယူသွားချင်ပုံရတယ်။ "

ကျိုးယွင်ရှန့်က ခြင်္သေ့ကြီးရဲ့ လည်ဆံမွေးတွေကို အသာယာပွတ်သပ်ပေးပြီး နူးညံ့တဲ့ နူတ်ခမ်းအစုံက ပြုံးရင်းပြောနေပေမယ့် သူ့မျက်ဝန်းအစုံက အေးစက်ပြီး ဓါးသွားလို စူးရှလို့နေသည်။


"သူ့ကို ကျွန်တော်တို့ ဘာလုပ်ကြမလဲ...  "

ရှောင်အမ်းချွမ် က ဒေါသနဲ့ မေးလိုက်သည်။

ဘိုင်က ခွန်းကို သတ်ဖြတ်ပြီး တစ်စစီလုပ်လို့ ကန်ထဲကို သွားပစ်ထားချင်ပေမယ့် တောဘုရင်ရဲ့နယ်မြေမှာ မသတ်ဖြတ်ဝံ့လို့ သူ့ဒေါသကို ကြမ်းပြင်ပေါ် လက်သည်းနဲ့ကုတ်ခြစ်ပြီး ဖြေဖျောက်နေရသည်။

ကျိုးယွင်ရှန့်က ရှောင်အမ်းချွမ်  မေးသည်ကို လျစ်လျူရှုပြီး ဟင်းရည်တစ်ခွက်ကို သောက်ပြီး ကျေနပ်စွာနဲ့ နူတ်ခမ်းကို လျှာနဲ့သပ်နေသည်။ ကျောက်ရွှမ်သည် ချစ်သူလေး၏ နီမြန်းသော နူတ်ခမ်းလေးကို စိုက်ကြည့်ပြီး တံတွေးတောင်မြိုချလိုက်မိသည်။ သူ့ချစ်သူလေးက ငရုပ်သီးစားတဲ့အချိန်မှာ အရမ်းကို ဆွဲဆောင်မှုရှိပြီး ချိုမြိန်သည့် အမူယာရှိသည်ကို ကြည့်နေသည်။ စပ်ပြီး ပူပြင်းသည့် သူ့ချစ်သူလေး၏ အနမ်းက အရမ်းကို ကျေနပ်စေနိုင်လွန်းသည်။


 ရှောင်အမ်းချွမ် က ဟင်းရည်ကို ခပ်ထည့်ပြီး မေးလိုက်သည်။

" နတ်ဘုရားလေးက ခွန်း ဟင်းရည်ထဲကို ငရုပ်သီး ထည့်လိုက်တာကို တွေ့လိုက်ပေမယ့် ဒီဟာ အဆိပ်မရှိတာကို ဘယ်လိုသိပြီး ဟင်းရည်ကို ခပ်သောက်ရဲတာလဲ... "

နတ်ဘုရားလေးရဲ့ မူလဇစ်မြစ်ကို  ရှောင်အမ်းချွမ် လုံးဝမရိပ်မိပေ။ ဒီနတ်ဘုရားလူငယ်က ခေတ်သစ်လူသားသာဖြစ်ရင် ခြင်္သေ့နဲ့ ဒီလို ဘယ်လိုလုံးထွေးနေနိုင်မှာတဲ့လဲ။ ဒီလို လူနဲ့ သားရဲ စပ်ယှက်တာက သူတွေးနိုင်တာရဲ့ဟိုးဘက်ကို ကျော်လို့နေတယ်။

ဒါပေမယ့်  ရှောင်အမ်းချွမ် က ဒီသားရဲဂြိုလ်မှာ ရောက်နေတာ ကြာလို့သူ့ အတွေးတွေလည်း မေ့ပျောက်လုမတတ်ဖြစ်နေသည်။ ဒီဂြိုလ်မှာ လူနဲ့သားရဲ စပ်ယှက်တယ်ဆိုတာ အထူးဆန်းတော့ မဟုတ်ပေ။

" ငါ ဒီအသီးကို ဌက်တွေချီသွားတာကို တွေ့ဖူးတယ်။ ဌက်တောင်စားလို့ရရင် လူလည်း စားလို့ရမယ်ဆိုတာ သိတယ်လေ။ ပြီးတော့ ခွန်းရဲ့ စိတ်က ဘယ်လောက် ပုပ်သိုးတယ်ဆိုတာ သိချင်လို့ ငါ သူလုပ်တာကို စောင့်ကြည့်နေတာပဲ ဖြစ်တယ်။ "

သူကပြောပြီး ဟင်းရည်စပ်စပ်ကို တလုပ်တည်းနဲ့ မော့သောက်လိုက်တယ်။

နို့တိုက်သတ္တဝါများ၏အစာကြေလမ်းကြောင်းများက ငရုတ်သီးမျိုးစေ့များကို အစာကြေအောင် ချေဖျက်ပြီးမှ အပြင်သို့ စွန့်ထုတ်လိုက်သောကြောင့် အပင်လည်း မပေါက်နိုင်တော့ပေ။ သူတို့ စားသောက်ပြီးနောက် အပင်က ထပ်မပွားနိုင်တော့ပေ။  ဒီလိုနဲ့ အပင်တချို့ မျိုးတုန်းသွားကြသည်။

ဌက်တွေက ငရုပ်သီးရဲ့စပ်တဲ့ အရသာကို မခံနိုင်လို့ ငရုပ်သီးကို ဌက်အများစုက အရမ်းကို နှစ်သက်စွာစားသုံးကြသည်။ ပြီးတော့ ဌက်တွေရဲ့ အစာအိမ်က အစေ့ကို ကြေအောင် မချေဖျက်နိုင်သဖြင့် သူတို့ စားသောက်ပြီး စွန့်ထုတ်လိုက်သည့် မစင်မှ တဆင့် အပင်များကို ဆက်လက်မျိုးပွားစေခဲ့သည်။






နောက်ဆုံးတွင်  ရှောင်အမ်းချွမ်သည် အကြောင်းရင်းများနှင့် အကျိုးဆက်များကို နားလည်သဘောပေါက်သွားပြီး နတ်ဘုရားလေးသည် တကယ့်ကို ဉာဏ်ကောင်းပြီး အမျှော်မြင်ကြီးလှသည်ဟု ထင်လိုက်သည်။ တကယ်လို့ နတ်ဘုရားလေးက ခေတ်သစ်က လာတဲ့လူဆိုရင် သူက သေချာပေါက် အောင်မြင်တဲ့ စီးပွားရေးသမားဖြစ်မှာပင်။

ခုအချိန်တွင်  ရှောင်အမ်းချွမ်၏အမျက်ဒေါသ အနည်းငယ်လျော့နည်းသွားလို့ သူ့လက်တွေကိုပွတ်သပ်ပြီးမေးလိုက်သည်။

"နတ်ဘုရားလေး  ခြင်္သေ့ကအနံ့ခံတော်တယ် မဟုတ်လား။ ခွန်းသွားခဲ့တဲ့ နေရာကို အနံ့ခံပြီး သွားလို့ရမလား။ "


" မင်း ငရုပ်သီးမျိုးစေ့ကို သွားရှာမလို့လား.... "

ကျိုးယွင်ရှန့်က ပျော်ရွှင်စွာမေးလိုက်သည်။

" ဟုတ်တယ်။ ကျွန်တော်က ငရုပ်သီးကြိုက်တယ်။  "

 ရှောင်အမ်းချွမ်၏ မျက်ဝန်းများက အနာဂါတ်မှာ ချက်ပြုတ်မယ့် ငရုပ်သီးစပ်စပ်ဟင်းများကို မြင်ယောင်ပြီး မျက်ဝန်းက တောက်ပလို့နေသည်။


"  ငါတို့ စားပြီးတာနဲ့ သွားကြတာပေါ့..."

ကျိုးယွင်ရှန့်က လွယ်လွယ်ပဲ ကတိပေးလိုက်သည်။ ကျောက်ရွှမ်နှင့် ဘိုင်က နူတ်ဆိတ်စွာဖြင့် နောက်ကို ဆုတ်သွားကြသည်။

ဘိုင်က သူ့ရှေ့က တောဘုရင်ကြီးကို ကြည့်ပြီး ဝမ်းနည်းသွားခဲ့သည်။ ခြင်္သေ့ကြီးက ငရုပ်သီးစပ်သွားလျှင် အနမ်းခံရနိုင်သေးသည်။ သူ့မှာတော့ ငရုပ်သီးစပ်လျှင် ရေသောက်ရုံကလွဲပြီး ဘာမှ မလုပ်နိုင်တော့ပေ။
သားရဲခြင်းတူတာတောင် ဘုန်းကံက နှိုင်းယှဉ်လို့တောင် မရပါလား။

ကျောက်ရွှမ်က သူ့ညီငယ်ရဲ့ မနာလိုတဲ့ မျက်ဝန်းကို တွေ့တော့ မသိစိတ်ကနေ ဂုဏ်ယူစွာနဲ့ ရင်ဘတ်ကို ကော့ထားလိုက်မိတော့သည်။

အစာစားပြီးတော့ သူတို့က ခွန်းရဲ့ အနံ့ကို ခံပြီး ငရုပ်သီးပင်ရှိရာကို ရှာဖို့ လမ်းလျှောက်ထွက်လာကြသည်။

🦁🌶🤦‍♂️💋🦁🌶🤦‍♂️💋🦁🌶🤦‍♂️💋🦁🌶🤦‍♂️💋


ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now