FOD _Extra 4_ Chapter (17) _Honeymoon on Beast-man Planet

2.8K 236 17
                                    

FOD _Extra 4_ Chapter (17) _Honeymoon on Beast-man Planet

ခြန္းက ေစာင့္ေနရင္း ရင္ဘတ္က ဗုံသံလိုျမည္ဟီးလာေပမယ့္ ဒီအုပ္စုက လဲက်မသြားၾကဘူး။ သူ႔လက္ဖဝါးထဲ အနီေရာင္အသီးေတြကို ေခ်ၿပီးထည့္လိုက္တာျဖစ္လို႔ မီးလိုပူေလာင္လာၿပီး ေနရထိုင္ရခက္လို႔ေနတယ္။ သူ႔ရဲ႕ခပ္ထူထူလက္ဖဝါးအေရျပားက ပုံမွန္မဟုတ္သလို ခံစားလာရတယ္။ ဒီလို မီးက်ီခဲကိုကိုင္ထားသလို ခံစားခ်က္ေၾကာင့္ သူ႔ရင္ထဲအသည္းထဲကေန မုန္းတီးေနၿပီး လက္ဖဝါးကို ျဖတ္ပစ္ခ်င္စိတ္ေတာင္ ေပါက္လာတယ္။

တခ်ိဳ႕အဆိပ္ေတြက စားမိတာေတာင္မဟုတ္ဘဲ ထိမိတာနဲ႔တင္ လူကိုအဆိပ္သင့္ေစႏိုင္တယ္လို႔ ၾကားဖူးတယ္။ ဒါဆို ဒီအသီးကိုထိမိတဲ့သူရဲ႕ ပူေလာင္ေနတဲ့ေဝဒနာအရဆိုရင္ စားမိသူ ေရွာင္အမ္းခြၽမ္တို႔ေတာ့ ေသခ်ာေပါက္ အေျခအေနဆိုးေနမွာပဲ။ ဒါေပမယ့္ သူတို႔လဲက်ေသဆုံးခ်ိန္မွာ သူ႔ကိုယ္ထဲမွာလည္း အဆိပ္ပ်ံ႕ေနေလာက္ၿပီ။ ဒီအေတြးေၾကာင့္ ခြန္းက သစ္လုံးအိမ္ေပၚကေန ႀကိဳးေလွကားနဲ႔ဆင္းလာၿပီး ေအာက္ဘက္ေက်ာက္ခြက္ထဲ လက္ကိုႏွစ္ၿပီး အဆိပ္ေတြေျပာင္ေအာင္ အထပ္ထပ္ေဆးေနမိတယ္။ ေနာက္ဆုံး သူ႔လက္ဖဝါးက အေရခြံကြာက်မွပဲ ရပ္ေတာ့တယ္။ ဒါေပမယ့္ လက္ဖဝါးက အပူေလာင္ေဝဒနာက ေလ်ာ့ပါးမသြားဘဲ အဆိပ္က ပိုပ်ံ႕လာပုံရတယ္။

ဒါေၾကာင့္ ခြန္းက ဓားေျမႇာင္ကိုယူၿပီး သူ႔လက္ဖဝါးကအေရျပားကို အံႀကိတ္ၿပီး လွီးလိုက္သည္။ ေရထဲမွာလည္း ေသြးေတြခ်င္းနီနီသြားေတာ့သည္။ ေသြးညႇီနံ႔ေၾကာင့္ သားရဲေတြ သူ႔ကိုမတိုက္ခိုက္ေစဖို႔ သူ႔လက္ဒဏ္ရာကို ငါးအေရခြံနဲ႔ပတ္ထားလိုက္သည္။ ၿပီးေတာ့ သူက တြင္းတူးလိုက္ၿပီး လက္အေရျပားစႏွင့္ ေသြးရည္မ်ားေလာင္းထည့္ကာ ေျခရာလက္ရာေဖ်ာက္ထားလိုက္သည္။

လက္အေရျပားကိုလွီးလိုက္လို႔ ခြန္းက နာက်င္စြာခံစားရၿပီး နဖူးက ေခြၽးေတြစိမ့္ထြက္လာသည္။ သူက ငါးေရခြံပတ္ထားသည့္လက္ကို တင္းတင္းဆုပ္ကိုင္ၿပီး သစ္ပင္ကိုမွီလ်က္ သက္ျပင္းခ်လိုက္သည္။ မၾကာခင္မွာ သူ အက္ဒီနဲ႔ ျပန္ေနရေတာ့မည္။ အဆိပ္ပ်ံ႕တာကိုတားဆီးဖို႔ ခြန္းက ၿငိမ္ၿငိမ္ေလး အခ်ိန္ၾကာျမင့္စြာထိုင္ၿပီး မ်က္ႏွာကိုဝွက္ကာ တိတ္တဆိတ္ရယ္ေနသည္။

သူမေသႏိုင္ေတာ့ဘူး။ သူ႔လက္ဖဝါးကေဝဒနာက သူ အဆိပ္မမိေတာ့ဘူးဆိုတာ သက္ေသျပေနလို႔ ဒီနာက်င္မႈကို သူ နည္းနည္းမွဂ႐ုမစိုက္ဘူး။

ခြန္းက စိတ္ေက်နပ္စြာနဲ႔ လက္ကဒဏ္ရာကို ေသခ်ာစည္းေႏွာင္ၿပီး ျခေသၤ့ႀကီးတို႔သစ္လုံးအိမ္ေပၚ ေလွကားကေန တက္သြားလိုက္သည္။ သူက ဆားႏွင့္အနီေရာင္ေက်ာက္ကို အိပ္ယာ၊ စားပြဲ၊ ကုလားထိုင္ေတြေပၚမွာ လိုက္ရွာေပမယ့္ ဘယ္မွာမွရွာမေတြ႕ခဲ့ေပ။ ဒါ ဘယ္လိုျဖစ္ႏိုင္မွာလဲ။ တစ္ခါက အမ်ိဳးသမီးက ေနေရာင္ေအာက္မွာ အနီေရာင္ေက်ာက္တုံးႏွစ္တုံးကို ေဆာ့ကစားေနတာ ေတြ႕ရတာပဲ။ သူနဲ႔အတူ သယ္သြားလို႔မ်ားလား။ ဒီလိုေတြးမိေတာ့ ခြန္းက လူႏွစ္ေယာက္နဲ႔ သားရဲႏွစ္ေကာင္ အဆိပ္မိေသသြားမွ သူတို႔ခႏၶာေပၚမွာရွာဖို႔ ဆင္းလာခဲ့သည္။ သူက မီတာအနည္းငယ္ေလွ်ာက္လာမိေတာ့ မ်က္လုံးျပဴးသြားၿပီး ေအးခဲသြားမတတ္ျဖစ္သြားသည္။

"မင္း.. မင္း.."

ေနာက္ဆုံးစကားလုံးကို အခ်ိန္မွီၿမိဳခ်လိုက္ေပမယ့္ သူ႔မ်က္ႏွာက ျဖဴဆုတ္လို႔ေနသည္။

က်ိဳးယြင္ရွန႔္က သူ႔အမူအယာကို သတိမထားမိဟန္ျဖင့္ ေမးလိုက္သည္။

"မင္းလည္း လမ္းေလွ်ာက္ထြက္မလို႔လား.."

"ဟုတ္တယ္.. ညဥ့္မနက္ေသးတာနဲ႔ ကြၽန္ေတာ္လည္း လမ္းေလွ်ာက္သြားမလို႔.."

ခြန္းက သံေယာင္လိုက္ၿပီးေျပာလိုက္သည္။

ေရွာင္အမ္းခြၽမ္က သူ႔လက္ဖဝါးက စည္းထားတဲ့ဒဏ္ရာကိုၾကည့္ၿပီး ေမးလိုက္သည္။

"မင္း ဒဏ္ရာရထားတာလား.."

သူက ခြန္းေသတာ ရွင္တာကို ဂ႐ုမစိုက္ေပမယ့္ သူလုပ္ထားတာကို ျပန္ေပးဆပ္ေစခ်င္ေသးတယ္။

ခြန္းက သူ႔လက္ကို ကိုယ္ေနာက္မွာဝွက္ၿပီး ေခါင္းယမ္းလိုက္သည္။

"ငါက ႀကိဳးေလွကားကဆင္းေတာ့ လက္ေခ်ာ္ၿပီး ေအာက္ျပဳတ္က်ရင္း လက္ဖဝါးက ဒဏ္ရာရသြား႐ုံေလးပါ.. ဘာမွမျဖစ္ပါဘူး.."

ေရွာင္အမ္းခြၽမ္က သူ႔ရဲ႕လက္စည္းထားတာျဖည္ခိုင္းၿပီး ဒဏ္ရာကို စစ္ေဆးၾကည့္လိုက္တယ္။ ဒဏ္ရာက လွီးျဖတ္ထားတဲ့ပုံကိုေတြ႕ေပမယ့္ ဘာမွမေမးလိုက္ဘူး။ အရင္တုန္းကသာဆိုရင္ သူက ေတာထဲခ်က္ခ်င္းေျပးသြားၿပီး ေဆးဖက္ဝင္အပင္ကို ခူးဆြတ္ၿပီး ဒဏ္ရာကို ကုသေပးမွာျဖစ္ေပမယ့္ အခုေတာ့ ဘာမွလုပ္ေပးခ်င္စိတ္မရွိေတာ့ဘဲ ဒဏ္ရာကို သူ႔ဘာသာေဆးထည့္ဖို႔ပဲ ေျပာလိုက္သည္။

"လက္ဖဝါးအေရျပားတစ္ခုလုံး ပ်က္စီးသြားတာ ဘာမွမျဖစ္တာလား.."

ေရွာင္အမ္းခြၽမ္က လက္ကိုျပန္လည္စည္းေပးၿပီး ေျပာလိုက္သည္။

ေရွာင္အမ္းခြၽမ္က သူ႔ရဲ႕ေနာက္ေက်ာဘက္ကို စိုက္ၾကည့္ၿပီး သူ႔အမူအယာက ေဖာ္မျပႏိုင္ေအာင္ျဖစ္ေနတယ္။

ခြန္း အေဝးကိုထြက္သြားတဲ့အထိေစာင့္ၿပီးမွ က်ိဳးယြင္ရွန႔္က အသံတိုးတိုးနဲ႔ ေမးလိုက္သည္။

"သူ႔လက္ဘာျဖစ္လို႔လဲ.. သူူက ဘာမွေသခ်ာမစဥ္းစားဘဲ သူ႔လက္ဖဝါးအေရျပားကို လွီးထုတ္ထားတာပဲ.."

"နတ္ဘုရားေလးက မ်က္စိစူးတာပဲ.. သူ႔ဘာသာ ဓားနဲ႔လွီးထားတာပါ.."

ေရွာင္အမ္းခြၽမ္က ခြန္း ဘာေၾကာင့္ ဦးေႏွာက္မရွိဘဲ ဒီလို ကိုယ့္ဘာသာ နာက်င္ေအာင္လုပ္ရသလဲဆိုတာ စဥ္းစားၾကည့္လို႔မရေအာင္ ျဖစ္ေနတယ္။

က်ိဳးယြင္ရွန႔္က အံ့အားသင့္သြားၿပီး သူ႔မ်က္ႏွာေပၚမွာ ေတြးေတာေနပုံရတယ္။ ၿပီးေတာ့မွ သူက နဖူးကိုအသာပြတ္ၿပီး ရယ္ေမာလိုက္သည္။ သူက ျခေသၤ့ဦးေခါင္းကိုပုတ္ပုတ္ၿပီး အေတာမသတ္ ရယ္ေမာေနေတာ့သည္။

ေရွာင္အမ္းခြၽမ္က သိလိုစိတ္ႏွင့္ေမးလိုက္သည္။

"နတ္ဘုရားေလး.. ဘာသေဘာက်စရာမ်ားရွိလို႔လဲ.. ကြၽန္ေတာ္လည္း ရယ္ေမာရေအာင္ ေျပာျပပါဦး.."

က်ိဳးယြင္ရွန႔္က လက္ကိုေဝွ႔ယမ္းၿပီး အရယ္ရပ္ေအာင္ မနည္းထိန္းလိုက္ရသည္။ ၿပီးေတာ့မွ ရွင္းျပလိုက္သည္။

"ခြန္းက မင္း င႐ုပ္သီးဖတ္ေတြကို ေတြ႕သြားမွာေၾကာက္တယ္.. ဒါေၾကာင့္ င႐ုပ္သီးကို လက္ဖဝါးထဲမွာႀကိတ္ေခ်ၿပီးမွ ဟင္းအိုးထဲကိုထည့္လိုက္တယ္.. င႐ုပ္သီးတစ္ဆုပ္ကို လက္ဝါးထဲညႇစ္ေခ်ၿပီးမွထည့္တာ.."

က်ိဳးယြင္ရွန႔္က လက္ထဲမွာ ဆုပ္ေခ်တဲ့ပုံကို လုပ္ျပလိုက္တယ္။

ပထမေတာ့ ေရွာင္အမ္းခြၽမ္က နားမလည္ဘူး။ သူက လက္ထဲေခ်တဲ့ပုံကို လိုက္လုပ္ၾကည့္လိုက္ရင္း သူစားလိုက္တဲ့င႐ုပ္သီးအရသာကို သတိရသြားတယ္။ ဒီင႐ုပ္သီးက ပုံမွန္င႐ုပ္သီးေတြထက္ အဆေပါင္းမ်ားစြာစပ္သည္။ ဒီဟာကို မီးဖိုေခ်ာင္သုံးဓားနဲ႔ လွီးျဖတ္ရင္ေတာင္ အေငြ႕က မ်က္လုံးကိုဟပ္ႏိုင္သည္။ ဒါကို လက္ဝါးထဲထည့္ႀကိတ္ေခ်သည္ဆိုေတာ့ သူ႔လက္ဖဝါးေတြက င႐ုပ္ရည္ေတြနဲ႔ ပူေလာင္ေနမွာေသခ်ာသည္။ ဒီအပူေလာင္တာက အက္ဆစ္လို တေငြ႕ေငြ႕ေလာင္ၿပီး အေရျပားကိုစားသြားႏိုင္ေလာက္သည္။

ပထမေတာ့ ခြန္းက ဒီလိုပူေလာင္ေနတာကို သည္းခံႏိုင္ေပမယ့္ ဒီအသီးက အဆိပ္ရွိတယ္လို႔ေတြးမိေတာ့ တစ္ကိုယ္လုံးအဆိပ္မပ်ံ႕ဖို႔ သူ႔လက္ဖဝါးအေရျပားကို ဓားနဲ႔လွီးထုတ္လိုက္တာျဖစ္မည္။ ဒီဟာက ဘယ္ေလာက္ေတာင္မိုက္မဲၿပီး ဘယ္ေလာက္ေတာင္ ရယ္စရာေကာင္းလိုက္သလဲ။

ဒီလိုေတြးမိေတာ့ ေရွာင္အမ္းခြၽမ္က ရယ္ေမာလိုက္ေပမယ့္ တုန္လႈပ္ျခင္းတို႔က အ႐ိုးထဲထိစိမ့္ၿပီး ေပၚလာခဲ့သည္။ ကမာၻဦးလူေတြက အျမင္က်ဥ္းေျမာင္းၿပီး ကိုယ္က်င့္တရားစံႏႈန္းဆိုတာ မရွိၾကေပ။ သူတို႔အသက္ရွင္ေနထိုင္ဖို႔ သူတို႔မလုပ္ဝံ့တာ မရွိၾကေပ။ သူတို႔ရွင္သန္ဖို႔ လူကိုလွည့္စားျခင္း၊ ေလွာင္ေျပာင္ျခင္း၊ သတ္ျဖတ္စားေသာက္ျခင္း စသည့္အရာအားလုံး မလုပ္ဖူးတာမရွိၾကေပ။ သူတို႔က ေရွးဦးလူသားေတြျဖစ္ေပမယ့္ ရက္စက္ၾကမ္းၾကဳတ္ေသာ သူမ်ားသာျဖစ္သည္။

ေရွာင္အမ္းခြၽမ္က တုန္လႈပ္မႈကို မထိန္းႏိုင္ေပမယ့္ ေျပာလိုက္သည္။

"နတ္ဘုရားေလး.. ခြန္းက အေတာ္ကို ဆိုးဝါးေနၿပီ.. သူ႔ကို ေမာင္းထုတ္လိုက္ပါေတာ့.."

က်ိဳးယြင္ရွန႔္က ပုခုံးတြန႔္လိုက္ၿပီး ေျပာလိုက္သည္။

"ငါတို႔က သူ႔ကို ဖယ္ထုတ္ပစ္ဖို႔လိုေပမယ့္ အခုခ်က္ခ်င္းေတာ့မဟုတ္ေသးဘူး.. ငါ သူ႔ကို ဒီလိုလြယ္လြယ္ထြက္သြားတာ ခြင့္မျပဳႏိုင္ဘူး.. ခြန္းကိစၥ ငါ့ကိုသာလႊဲလိုက္ၿပီး ေအးေဆးေနေပေတာ့"

က်ိဳးယြင္ရွန႔္က လက္ေခ်ာင္းမ်ားကို ႏႈတ္ခမ္းမွာအသာကပ္လိုက္ၿပီး ေျခဟန္လက္ဟန္ျဖင့္ တိတ္တိတ္ေနရန္ အမူအယာျပလိုက္သည္။

ေရွာင္အမ္းခြၽမ္က ေခါင္းညိတ္ျပၿပီး ဘာမွမေျပာေတာ့ေပ။ သူက နတ္ဘုရားေလးကို အျပည့္အဝယုံၾကည္သည္။

ခြန္းက သီးသန႔္ေနရာသို႔ေရာက္ေသာ္ ဘယ္သူမွလိုက္မလာတာ ေသခ်ာေတာ့မွ တိတ္တဆိတ္ ျမည္တမ္းေအာ္ဟစ္ေနေတာ့သည္။ ဒီလူေတြ ဘာေၾကာင့္မေသသလဲဆိုတာ ဘယ္သူက သူ႔ကိုေျပာျပေတာ့မွာလဲ။ ဒါေပမယ့္ ခပ္ခြၽန္ခြၽန္အသီးကို စားမိတဲ့ယုန္က အသက္ႏွစ္ရႈိက္စာအတြင္း လဲက်သြားတာက ဒီအသီးအဆိပ္ရွိတာ သက္ေသျပေနတာပဲ မဟုတ္လား။ ဘာေၾကာင့္ သူတို႔က အသက္ရွင္ေနေသးတာလဲ။ တစ္ခုခုမွားေနၿပီ။

"ငါက အဆိပ္မရွိတာကို ခူးလာမိတာ ျဖစ္ႏိုင္မလား.."

ခြန္းရဲ႕မသိစိတ္ထဲမွာ သူက အဲ့အသီးေတြအကုန္ကို ေသခ်ာခူးခဲ့တယ္ဆိုတာ ေသခ်ာေနတယ္။ ဒါေၾကာင့္ သူက ေသခ်ာေအာင္ ျပန္သြားၾကည့္ဖို႔ ဆုံးျဖတ္လိုက္တယ္။ သူက လဲက်ေသဆုံးသြားတဲ့ယုန္ကို ျပန္ျမင္ေယာင္ၿပီး သားရဲနတ္ဘုရားနာမည္နဲ႔ က်ိန္ေျပာရဲတယ္။ ဒီအသီးက အဆိပ္ျပင္းတယ္၊ တကယ္ကို အဆိပ္ျပင္းတယ္။

"အခု ထည့္တာမမ်ားလို႔ အဆိပ္မမိရင္ ေနာက္တစ္ခါ မ်ားမ်ားထည့္ရမယ္.."

သူက ေတာအုပ္ထဲဝင္လာရင္း တစ္ကိုယ္တည္းေရ႐ြတ္ေနတယ္။ အဲ့ဒီအပင္နားေရာက္ေတာ့ အပင္က လုံးဝေပ်ာက္ကြယ္သြားလို႔ ခြန္း ပ်ာသြားတယ္။ သူက ေသခ်ာစစ္ေဆးၾကည့္ေတာ့ တစ္ပင္လုံးကို တူးယူသြားတာကို ေတြ႕လိုက္ရတယ္။ ဒါ လူကတူးထားတဲ့ လက္ရာေတြပဲ။ လတ္လတ္ဆတ္ဆတ္တူးရာကိုၾကည့္ၿပီး ေရွာင္အမ္းခြၽမ္က ဒီနားကျဖတ္သြားရင္း သူ႔လွ်ိဳ႕ဝွက္ခ်က္ကို ေတြ႕သြားတာလားလို႔ ေတြးလိုက္တယ္။

သူက တူးထားတဲ့ေနရာကို စက္ဝိုင္းလို ႏွစ္ပတ္ေလာက္လွည့္ၾကည့္ၿပီး စမ္းေခ်ာင္းကိုျဖတ္သန္းလို႔ ျပန္လာခဲ့တယ္။ ႐ုတ္တရက္ သူက ခုခ်ိန္ သူ႔မ်ိဳးႏြယ္စုဆီမျပန္ရင္ ေနာက္ဆက္တြဲမေတြးဝံ့စရာေတြ ျဖစ္လာႏိုင္တာသိေပမယ့္ သူ႔ႏွလုံးသားက တင္းက်ပ္ၿပီး သူ႔ဘာသာ ထိန္းခ်ဳပ္ရခက္ခဲေနတယ္။ သူက ဆင္ေျခတခ်ိဳ႕ စဥ္းစားလိုက္ၿပီး စခန္းဆီကို ခက္ခက္ခဲခဲ ျပန္လာခဲ့ေတာ့တယ္။

ေ႐ႊျခေသၤ့ႏွင့္လွပေသာမိန္းမသည္ သူတို႔၏သစ္လုံးအိမ္ထဲ ေနေနၾကၿပီး ဘိုင္တို႔က သစ္ရိပ္ေအာက္တြင္ လဲေလ်ာင္းေနသည္။ ေရွာင္အမ္းခြၽမ္က  ဝါးခြၽန္တစ္ေခ်ာင္းႏွင့္ တြင္းတူးေနၿပီး သူ႔အနားမွာသစ္ပင္ အသီးေတြနဲ႔ျပည့္ေနသည့္ သစ္ပင္တပင္ရွိ၏။

ခြန္း၏တစ္ကိုယ္လုံးေတာင့္တင္းသြားၿပီး ခ်ဥ္းကပ္ျခင္းမလုပ္သလို ေမးျမန္းျခင္းလည္းမလုပ္ေပ။

 ေရွာင္အမ္းခြၽမ္ က အဆိပ္ခတ္မႈအေၾကာင္း မေျပာျပခ်င္သလို နတ္ဘုရားေလးက သူ႔ကို ႏူတ္ဆိတ္ေနဖို႔ေျပာေတာ့ သူလည္း ဘာမွမသိသလို ဟန္ေဆာင္ခဲ့သည္။ သူက ဘာမွမစဥ္းစားပဲ င႐ုပ္ပင္ကို ရွင္ေအာင္ပဲ စိုက္ဖို႔လုပ္ေနသည္။

သူက ေပ်ာ္ေနသလို လက္ကိုေဝွ႔ယမ္းလိုက္သည္။ သူ စိုက္ထားတဲ့ င႐ုပ္ပင္ကို ေရေသခ်ာေလာင္းၿပီး သစ္လုံးအိမ္ေပၚကို တက္လာခဲ့သည္။


"ဒါက ဘာလဲ?"

ခြန္းက အ႐ူးလုပ္ၿပီး တခါမွ မျမင္ဖူးတဲ့ပုံစံနဲ႔ေမးခဲ့တယ္။ တကယ့္အေၾကာင္းရင္းကိုသာ သိရင္ ခြန္းက ဌက္ေတြကိုပဲ အျပစ္တင္ရလိမ့္မယ္။ ဌက္ေတြက ဒီအသီးကို ခ်ီ၊ စားေသာက္ၿပီး အေစ့ေတြကို ေနရာအနံ႔ေလွ်ာက္ျဖန႔္ေနလို႔ ဒီအသီးပင္က ဒီေနရာမွာ လာေပါက္ေနတာျဖစ္တယ္။ အခုေတာ့ ဒီလို အေၾကာင္းေတြကို ခြန္းလို ေရွးဦးလူသားက ဘယ္လိုလုပ္သိႏိုင္မွာလဲ။


"ဒီအသီးကအရသာရွိတယ္၊ ငါတို႔ ဒီညမွာ ဒီအသီးကို ခ်က္စားၾကမယ္။ "

  ေရွာင္အမ္းခြၽမ္ က ခပ္ဆိုးဆိုးၿပဳံးေနေပမယ့္ သူ႔ေခါင္းကို ငုံ႔ထားလို႔ ခြန္းက သတိမထားမိလိုက္ေပ။

" ဒီအသီးက စားလို႔ရတယ္။ သူက အရသာရွိၿပီး လူအတြက္ ေကာင္းတယ္ "

  ေရွာင္အမ္းခြၽမ္ က ေတာက္ပစြာၿပဳံးရင္းေျပာလိုက္သည္။


" ဒါေပမယ့္ ဒီအသီးကိုၾကည့္ရတာ ထူးဆန္းေနၿပီး အဆိပ္ရွိသလိုပဲ... "

ခြန္းက ေျခာက္ကပ္စြာ ေျပာလိုက္သည္။ ခြန္း၏ေမွ်ာ္လင့္ခ်က္ ျပည့္ဝေနေသာႏွလုံးေလး ယိုယြင္းပ်က္စီး သြားရသည္။ ႏွစ္လ၊ သုံးလအၾကာ အတူေနလာသျဖင့္ ခြန္းက  ေရွာင္အမ္းခြၽမ္အေၾကာင္းကို ေသခ်ာသိသည္။ သူက စားလို႔ရသည္ဟု ေျပာလွ်င္ ဒီအသီးက အဆိပ္မရွိပဲ တကယ္စားလို႔ရေသာေၾကာင့္ျဖစ္သည္။  ေရွာင္အမ္းခြၽမ္ေျပာတာ ဘယ္တုန္းကမွ မမွားခဲ့ဘူးဆိုတာ သူ တိတ္တဆိတ္ ဝန္ခံမိသည္။

 
သို႔ေသာ္သူ႔လက္ဖဝါးက ဘာ့ေၾကာင့္ေလာင္ကြၽမ္းေနသလို ခံစားရသည္ကို ခြန္းနားမလည္ေတာ့ေပ။ သူက သူ႔လက္ဖဝါးကို ေငးၾကည့္ရင္း ရင္ထဲ ေသြးထြက္လာသလို နာက်င္လာသည္။ သူက အလကား ေနရင္းသူ႔လက္ကို လွီးလိုက္မိတာလား။ ခြန္း၏ မ်က္ႏွာ ဗလာျဖစ္သြားၿပီး ေငးငိုင္လို႔ေနသည္။

ညေနပိုင္းတြင္  ေရွာင္အမ္းခြၽမ္သည္ အစိမ္းေရာင္ခပ္ခြၽန္ခြၽန္ အစိမ္းေရာင္အသီးမ်ားႏွင့္အတူေၾကာ္ထားေသာ ဟင္းကို သူ စမ္းၿပီး စားခဲ့ရသည္။ ဒီဟင္းက ေမႊးေနၿပီး အရသာက စပ္သည္။ ထိုမွသာ သူက အေၾကာင္းျပခ်က္မရွိဘဲ သူ႔လက္ကိုျဖတ္လိုက္ၿပီဆိုတာ သူေသခ်ာသိေတာ့သည္။


စိတ္သက္သာရာရသြားသည့္ ခံစားခ်က္ႏွင့္အတူ သူမ်က္ရည္မ်ား က်လာရေတာ့သည္။ သူက ျခေသၤ့ႀကီး၏ ဖိအားေပးမႈေၾကာင့္ ဒီဟင္းကို စားလိုက္ရသည္။ ၿပီးေတာ့သူ႔ဗိုက္ထဲ ေရတအိုးေလာက္ ကုန္ေအာင္ ေသာက္လိုက္ရၿပီး သူ႔ဗိုက္ကို လက္နဲ႔ေပြ႕ပိုက္ၿပီး သူ႔သစ္လုံးအိမ္ကို ျပန္လာရသည္။ ေနာက္တစ္ေန႔ သူထလာေသာအခါ အလြန္စြမ္းအင္ျပည့္ၿဖိဳးေနသည္။ သူ႔မွာ အဆိပ္သင့္လကၡဏာေတြ လုံးဝမျပသခဲ့ေပ။


ီဒီလို ဘယ္လိုေျပာင္းသြားရတာလဲ။ သူက ဒီအုပ္စုကို အဆိပ္မခတ္ႏိုင္ပဲ သူ႔လက္ဖဝါးကိုပဲ လွီးလိုက္မိသည္။ ဒီအေတြးေၾကာင့္ ခြန္းက အိမ္ၾကမ္းျပင္ကို နဖူးနဲ႔ တိုက္လိုက္မိသည္။ မနက္စာစားၿပီးေနာက္ သူက ေက်ာက္တုံးႀကီးေပၚ ထိုင္ၿပီး ငိုင္လို႔ေနသည္။ သူ႔ေက်ာက ကုန္းေနၿပီး အားမရွိတဲ့ပုံေပါက္ေနသည္။

"  စားပါ။ ၿပီးရင္ မင္းတို႔က ႐ႊမ္နဲ႔ဘိုင္ေနာက္ကို လိုက္သြားေလ့က်င့္ရမယ္။ အခု ငါတို႔က လူမ်ိဳးစုတစ္စုျဖစ္ေနၿပီ။ လူမ်ိဳးစု တိုးတက္ဖို႔ဆိုတာ အဖြဲ႕ဝင္ေတြ သန္စြမ္းဖို႔လိုတယ္။မင္းက ႐ႊမ္နဲ႔   ေရွာင္အမ္းခြၽမ္ ... မင္းက ဘိုင္နဲ႔ေလ့က်င္ရမယ္။ ခြန္းနဲ႔မင္းက အားနည္းေနတယ္။"

က်ိဳးယြင္ရွန႔္က   ေရွာင္အမ္းခြၽမ္ ကို ရွင္းျပရင္း အိတ္တအိတ္ကို အမွတ္တမဲ့ပုံနဲ႔ ခြန္းကို ကမ္းေပးလိုက္သည္။
" ဒီအိတ္ထဲမွာ မင္းတို႔လိုအပ္တာ ရွိတယ္ "

ခြန္းက အိတ္ကို ဖြင့္ၾကည့္ရင္း လက္ေတြ တုန္ယင္သြားေတာ့သည္။
အနီေရာင္သလင္းေက်ာက္ေတြက အိတ္နဲ႔အျပည့္ျဖစ္ေနၿပီး လူတစ္ေယာက္တည္းမေျပာနဲ႔၊ မ်ိဳးႏြယ္စုတစ္ခုလုံးက ေယာက္်ားအားလုံး ိုအသုံးျပဳခဲ့ရင္ေတာင္ သူတို႔အားလုံး ခြန္အားတိုးေအာင္ လုံေလာက္လို႔ေနသည္။


"မင္း၊ ငါ့ကို ဒါေတြေပးေနတာလား"

ခြန္းရဲ႕လည္ေခ်ာင္းထဲ တခုခုဆို႔ေနသလိုျဖစ္ၿပီး သူက တံေတြးကို မ်ိဳခ်ၿပီး ေမးလိုက္သည္။


"အားလုံးက မင္းအတြက္ပဲ။ ႐ႊမ္ေနာက္ကို လိုက္ပါ။ မင္းကို အျခားသားရဲေတြ လာမဆြဲႏိုင္ဘူး။"

က်ိဳးယြင္ရွန႔္၏ေ႐ႊအိုေရာင္ရင့္ရင့္ မ်က္လုံးမ်ားတြင္ဖုံးကြယ္ထားေသာ အရိပ္အေငြ႕တခ်ိဳ႕ရွိေနသည္။ ဒါကို ခြန္းမျမင္ဖို႔သူ ေခါင္းကို ငုံ႔ထားလိုက္သည္။

 ေရွာင္အမ္းခြၽမ္ႏွင့္ ဘိုင္က ဘာေျပာရမွန္းမသိလို႔ နတ္ဘုရားေလးကို လွည့္ၾကည့္လိုက္ေပမယ့္ သူတို႔ကိုမွာထားတာကို သတိရၿပီး ဘာမွမေျပာပဲ ႏူတ္ဆိတ္ေနလိုက္ၿပီး တိတ္တဆိတ္ထြက္ခြာခဲ့ၾကသည္။

ထို ေန႔မွစ၍ ခြန္းက ေန႔တိုင္းေတာင္ပိုင္းသစ္ေတာမ်ားသို႔ေ႐ႊျခေသၤ့ ေနာက္မွ လိုက္ခဲ့ရသည္။ လမ္းခရီး၌ သူတို႔ အႏၲရာယ္မ်ားစြာႏွင့္ ေတြ႕ႀကဳံခဲ့ရသည္။ အႀကိမ္ေပါင္းမ်ားစြာ သူတို႔၏ေပၚက သစ္ပင္ေတြ ေပၚမွာ မ်ာက္မ်ားစြာလိုက္ေနၿပီး ေ႐ႊျခေသၤ့၏ ကာကြယ္မႈ ေအာက္တြင္ သူတို႔ လုံၿခဳံစြာရွိေနၿပီး အနီေရာင္သလင္းေက်ာက္မွ စြမ္းအင္ကို စုပ္ယူၿပီး သူတို႔၏အင္အား လ်င္ျမန္စြာ ျမင့္တက္ခဲ့သည္။ အျမန္ဆုံးတိုးတက္မႈမွာ ခြန္းပဲျဖစ္သည္။ အနီေရာင္ေက်ာက္တစ္တုံးမွ စြမ္းအင္ကိုစုပ္ယူရန္ သူက 15 ရက္ေလာက္ အခ်ိန္ယူခဲ့ၿပီးေနာက္ ေက်ာက္တုံးတစ္တုံးကို စုပ္ယူဖို႔ အခ်ိန္ ခုနစ္ရက္၊ ေလးရက္၊ ထို႔ေနာက္သုံးရက္သာ ၾကာသည္။ ေနာက္ဆုံးတြင္ သူသည္ တေန႔ကို အနီေရာင္ ေက်ာက္ 2 တုံး၊ ေန႔တတုံး၊ညတတုံး စုပ္ယူေလ့က်င့္ႏိုင္ခဲ့သည္။ ေနာက္ဆုံး သူအိပ္ေနရင္ေတာင္မွ သူက ေက်ာက္ဆီက စြမ္းအင္စုပ္ယူၿပီးေလ့က်င့္ ခဲ့သည္။
ခြန္းက အျမင္က်ဥ္းေခါင္းမာၿပီး မေကာင္းသည့္ စိတ္ထားရွိေပမယ့္ သူက အၾကမ္းတမ္းခံၿပီး အလုပ္ႀကိဳးစားေၾကာင့္  ေရွာင္အမ္းခြၽမ္ပင္ လက္ခံခဲ့သည္။ အေႏွးႏွင့္အျမန္ ခြန္း တစ္ခုခုၿပီးေျမာက္ႏိုင္လိမ့္မည္။

ခြန္းက ပို၍ အစြမ္းထက္လာသည္။ ဘိုင္ေတာင္ သူ႔ကို မယွဥ္ႏိုင္ေအာင္ အင္အားႀကီးလာေတာ့  ေရွာင္အမ္းခြၽမ္က စိုးရိမ္လာခဲ့သည္။ သူက ႐ႊမ္ကို ေျပာၿပီး ခြန္းကို ဒီေတာထဲက ေမာင္းထုတ္ေစခ်င္သည္။ ခြန္းက ေက်းဇူးမသိတတ္တဲ့ ေႁမြလို သူ႔ကို ကယ္တင္သည့္ လယ္သမားိကို အဆိပ္ႏွင့္ သတ္သည့္ လူသတ္သမားလို စိတ္ဓါတ္ရွိလို႔ နတ္ဘုရားေလးကို ထိခိုက္ေအာင္ လုပ္မည္ကို  ေရွာင္အမ္းခြၽမ္ မျမင္ခ်င္ေပ။ ဒါေၾကာင့္ က်န္သည့္ ေက်ာက္ေတြကို ျပန္သိမ္းယူၿပီး ခြန္းကို ေမာင္းထုတ္ေစခ်င္ေတာ့သည္။  ေရွာင္အမ္းခြၽမ္က လူ မသတ္ရဲေပမယ့္ ခြန္း သူတို႔ဆီက ထြက္သြားႏိုင္မယ့္ နည္းတစ္နည္းကို ေတြ႕ခဲ့တယ္။

အခုဆိုရင္ ခြန္းက အဆင့္ 7 စစ္သည္ေတာ္အျဖစ္ကို ေရာက္ခဲ့ၿပီ။ သူတို႔ အကာကြယ္မရွိရင္ေတာင္ ေတာထဲမွ ေဘးကင္းကင္းနဲ႔ထြက္သြားႏိုင္ၿပီ။ အခု ခြန္းက ဘိုင္ယန္မ်ိဳးႏြယ္ဆီျပန္သြားရင္ ေခါင္းေဆာင္ရာထူးကို အလြယ္ရယူႏိုင္မယ္။ ၿပီးရင္ အက္ဒီကလည္း သူ႔ကို လက္ဆက္ဖို႔ သေဘာတူမွာေသခ်ာတယ္။ ဒါဆိုရင္ ခြန္းက သူတို႔နဲ႔ေရာေနတာထက္ ဘိုင္ယန္မ်ိဳးႏြယ္ဆီ ျပန္သြားတာ ပိုေကာင္းမယ္။

"  ေနာက္ဆုံးေတာ့ ေႁမြက သူ႔ကို ကယ္တဲ့ လယ္သမားကို ေပါက္သတ္လိုက္တယ္တဲ့.... ခင္ဗ်ား ကြၽန္ေတာ္ ေျပာတာကို နားလည္ရဲ႕လား..."

 ေရွာင္အမ္းခြၽမ္ က ခြန္းမရွိခိုက္ ျခေသၤ့ႀကီးကို ဒီပုံျပင္ကို 3 ႀကိမ္ေျမာက္ေျပာျပၿပီးေမးလိုက္တယ္။ ေက်ာက္႐ႊမ္က ပ်င္းရိစြာသမ္းရင္း ေခါင္းယမ္းျပလိုက္ေတာ့  ေရွာင္အမ္းခြၽမ္ က သူ႔နား႐ြက္ေတြကို ဆြဲၿပီး ေအာ္ဟစ္လိုက္ခ်င္ေတာ့သည္။

လယ္သမားဆိုတာ မင္းကို ေျပာတာ။ ေႁမြဆိုတာ ခြန္းကို ေျပာတာ။ မင္းက သူ႔ကို ေလ့က်င့္ေပးလို႔ သန္မာေလ..သူက မင္းကို ပိုၿပီး သတ္ႏိုင္ေလပဲလို႔ ေျပာခ်င္တာ....လို႔ သူ႔စိတ္ထဲကေန အသည္းအသန္ ေအာ္ဟစ္ေနေတာ့တယ္။ သူက ဒီအေၾကာင္းကို ဆက္ေတာင္ မေတြးရဲေတာ့ဘူး။ ခြန္းလည္းျပန္လာလို႔  ေရွာင္အမ္းခြၽမ္ က ပါးစပ္ပိတ္ထားလိုက္ရတယ္။

ေက်ာက္႐ႊမ္က သူတို႔လူစုံေတာ့ အုပ္စုကို ဦးေဆာင္ၿပီး အျပန္ခရီးကို စတင္ခဲ့သည္။ ေတာထဲမွာ ဒီေကာင္ေလးေတြကို အေဖာ္လုပ္ၿပီး ေလ့က်င့္ရတာ သူ အရမ္းပ်င္းေနၿပီ။ သူ႔ခ်စ္သူေလးက တဖက္မွာ အခ်ိန္ေပါက္ကြဲမႈျဖစ္ၿပီး သူတို႔ ၿဂိဳလ္ကို ျပန္သြားႏိုင္မယ့္ တည္ေနရာ ကိုၾသဒိနိတ္ အတိက်ကို တြက္ခ်က္ၿပီး လိုက္ရွာေနတယ္။ သူ႔ခ်စ္သူ ေလ့လာခ်က္အရ ဒီေနရာမွာ ေပါက္ကြဲမႈျဖစ္ဖို႔ 4၊ 5ႏွစ္ေလာက္ ထပ္ေစာင့္ရဦးမယ္တဲ့။ ေက်ာက္႐ႊမ္က ေက်နပ္သြားတယ္။ သူက အစက
ဟန္းနီးမြန္းကို တစ္ႏွစ္ေလာက္ပဲ ေနဖို႔ ရည္႐ြယ္ထားေပမယ့္ လက္ေတြ႕ 5 ႏွစ္ေလာက္ေနရေတာ့ သူ အရမ္းေက်နပ္ေနတယ္။ သူ႔ခ်စ္သူေလး အေၾကာင္းကို ေတြးမိေတာ့ သူ႔ေသြးေတြ ဆူလာၿပီး ႏူတ္ခမ္းကို လွ်ာနဲ႔သပ္လိုက္မိတယ္။

ဘိုင္က  ေရွာင္အမ္းခြၽမ္ ကို ေက်ာေပၚသယ္ၿပီး ျခေသၤ့ႀကီးေနာက္က ေအးေအးေဆးေဆးလိုက္လာသည္။ ခြန္းက ေနာက္ဆုံးကေန ေလးနဲ႔ျမႇားကို လြယ္ၿပီး သာသာယာယာ လမ္းေလွ်ာက္လာရင္း ေရွ႕က ျခေသၤ့ႀကီးကို စိုက္ၾကည့္ၿပီး မ်က္လုံးက လူသတ္လိုရိပ္ေတြနဲ႔ ခက္ထန္လာသည္။ အခုဆိုရင္ သူက အဆင့္ 7 စစ္သည္ေတာ္ျဖစ္ေနၿပီျဖစ္လို႔ ဘယ္သားရဲကိုမဆို အလြယ္တကူ သတ္ျဖတ္ႏိုင္စြမ္းရွိေနၿပီ။ အနီေရာင္ေက်ာက္ အလွ်ံအပယ္ရွိတဲ့ ေရးေနာ့ မ်ိဳးႏြယ္က စစ္သည္ေတာ္ေတြေတာင္ အဆင့္ 7 ေရာက္တာ ရွားသည္။ သူက ျခေသၤ့ကို သတ္ခ်င္ေပမယ့္ အနီေရာင္ေက်ာက္ကို လိုခ်င္သည့္ ေလာဘက အႏိုင္ယူသြာေသာေၾကာင့္ သူ႔စိတ္ကို ထိန္းလိုက္သည္။

ေက်ာက္႐ႊမ္က အေစာႀကီးကတည္းက ခြန္း၏ လူသတ္လိုရိပ္ကို အာ႐ုံခံမိၿပီး သူ႔မ်က္လုံးထဲက ျပင္းထန္သည့္ အရိပ္ေပၚလာေပမယ့္ ေရွ႕ဆုံးကေန သြားေနတာျဖစ္လို႔ ဘယ္သူမွ သတိမထားမိလိုက္ေပ။


✋🌶=✋🔪✋🌶=✋🔪✋🌶=✋🔪✋🌶=✋🔪

FOD _Extra 4_ Chapter (17) _Honeymoon on Beast-man Planet

ခွန်းက စောင့်နေရင်း ရင်ဘတ်က ဗုံသံလိုမြည်ဟီးလာပေမယ့် ဒီအုပ်စုက လဲကျမသွားကြဘူး။ သူ့လက်ဖဝါးထဲ အနီရောင်အသီးတွေကို ချေပြီးထည့်လိုက်တာဖြစ်လို့ မီးလိုပူလောင်လာပြီး နေရထိုင်ရခက်လို့နေတယ်။ သူ့ရဲ့ခပ်ထူထူလက်ဖဝါးအရေပြားက ပုံမှန်မဟုတ်သလို ခံစားလာရတယ်။ ဒီလို မီးကျီခဲကိုကိုင်ထားသလို ခံစားချက်ကြောင့် သူ့ရင်ထဲအသည်းထဲကနေ မုန်းတီးနေပြီး လက်ဖဝါးကို ဖြတ်ပစ်ချင်စိတ်တောင် ပေါက်လာတယ်။

တချို့အဆိပ်တွေက စားမိတာတောင်မဟုတ်ဘဲ ထိမိတာနဲ့တင် လူကိုအဆိပ်သင့်စေနိုင်တယ်လို့ ကြားဖူးတယ်။ ဒါဆို ဒီအသီးကိုထိမိတဲ့သူရဲ့ ပူလောင်နေတဲ့ဝေဒနာအရဆိုရင် စားမိသူ ရှောင်အမ်းချွမ်တို့တော့ သေချာပေါက် အခြေအနေဆိုးနေမှာပဲ။ ဒါပေမယ့် သူတို့လဲကျသေဆုံးချိန်မှာ သူ့ကိုယ်ထဲမှာလည်း အဆိပ်ပျံ့နေလောက်ပြီ။ ဒီအတွေးကြောင့် ခွန်းက သစ်လုံးအိမ်ပေါ်ကနေ ကြိုးလှေကားနဲ့ဆင်းလာပြီး အောက်ဘက်ကျောက်ခွက်ထဲ လက်ကိုနှစ်ပြီး အဆိပ်တွေပြောင်အောင် အထပ်ထပ်ဆေးနေမိတယ်။ နောက်ဆုံး သူ့လက်ဖဝါးက အရေခွံကွာကျမှပဲ ရပ်တော့တယ်။ ဒါပေမယ့် လက်ဖဝါးက အပူလောင်ဝေဒနာက လျော့ပါးမသွားဘဲ အဆိပ်က ပိုပျံ့လာပုံရတယ်။

ဒါကြောင့် ခွန်းက ဓားမြှောင်ကိုယူပြီး သူ့လက်ဖဝါးကအရေပြားကို အံကြိတ်ပြီး လှီးလိုက်သည်။ ရေထဲမှာလည်း သွေးတွေချင်းနီနီသွားတော့သည်။ သွေးညှီနံ့ကြောင့် သားရဲတွေ သူ့ကိုမတိုက်ခိုက်စေဖို့ သူ့လက်ဒဏ်ရာကို ငါးအရေခွံနဲ့ပတ်ထားလိုက်သည်။ ပြီးတော့ သူက တွင်းတူးလိုက်ပြီး လက်အရေပြားစနှင့် သွေးရည်များလောင်းထည့်ကာ ခြေရာလက်ရာဖျောက်ထားလိုက်သည်။

လက်အရေပြားကိုလှီးလိုက်လို့ ခွန်းက နာကျင်စွာခံစားရပြီး နဖူးက ချွေးတွေစိမ့်ထွက်လာသည်။ သူက ငါးရေခွံပတ်ထားသည့်လက်ကို တင်းတင်းဆုပ်ကိုင်ပြီး သစ်ပင်ကိုမှီလျက် သက်ပြင်းချလိုက်သည်။ မကြာခင်မှာ သူ အက်ဒီနဲ့ ပြန်နေရတော့မည်။ အဆိပ်ပျံ့တာကိုတားဆီးဖို့ ခွန်းက ငြိမ်ငြိမ်လေး အချိန်ကြာမြင့်စွာထိုင်ပြီး မျက်နှာကိုဝှက်ကာ တိတ်တဆိတ်ရယ်နေသည်။

သူမသေနိုင်တော့ဘူး။ သူ့လက်ဖဝါးကဝေဒနာက သူ အဆိပ်မမိတော့ဘူးဆိုတာ သက်သေပြနေလို့ ဒီနာကျင်မှုကို သူ နည်းနည်းမှဂရုမစိုက်ဘူး။

ခွန်းက စိတ်ကျေနပ်စွာနဲ့ လက်ကဒဏ်ရာကို သေချာစည်းနှောင်ပြီး ခြင်္သေ့ကြီးတို့သစ်လုံးအိမ်ပေါ် လှေကားကနေ တက်သွားလိုက်သည်။ သူက ဆားနှင့်အနီရောင်ကျောက်ကို အိပ်ယာ၊ စားပွဲ၊ ကုလားထိုင်တွေပေါ်မှာ လိုက်ရှာပေမယ့် ဘယ်မှာမှရှာမတွေ့ခဲ့ပေ။ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ တစ်ခါက အမျိုးသမီးက နေရောင်အောက်မှာ အနီရောင်ကျောက်တုံးနှစ်တုံးကို ဆော့ကစားနေတာ တွေ့ရတာပဲ။ သူနဲ့အတူ သယ်သွားလို့များလား။ ဒီလိုတွေးမိတော့ ခွန်းက လူနှစ်ယောက်နဲ့ သားရဲနှစ်ကောင် အဆိပ်မိသေသွားမှ သူတို့ခန္ဓာပေါ်မှာရှာဖို့ ဆင်းလာခဲ့သည်။ သူက မီတာအနည်းငယ်လျှောက်လာမိတော့ မျက်လုံးပြူးသွားပြီး အေးခဲသွားမတတ်ဖြစ်သွားသည်။

"မင်း.. မင်း.."

နောက်ဆုံးစကားလုံးကို အချိန်မှီမြိုချလိုက်ပေမယ့် သူ့မျက်နှာက ဖြူဆုတ်လို့နေသည်။

ကျိုးယွင်ရှန့်က သူ့အမူအယာကို သတိမထားမိဟန်ဖြင့် မေးလိုက်သည်။

"မင်းလည်း လမ်းလျှောက်ထွက်မလို့လား.."

"ဟုတ်တယ်.. ညဉ့်မနက်သေးတာနဲ့ ကျွန်တော်လည်း လမ်းလျှောက်သွားမလို့.."

ခွန်းက သံယောင်လိုက်ပြီးပြောလိုက်သည်။

ရှောင်အမ်းချွမ်က သူ့လက်ဖဝါးက စည်းထားတဲ့ဒဏ်ရာကိုကြည့်ပြီး မေးလိုက်သည်။

"မင်း ဒဏ်ရာရထားတာလား.."

သူက ခွန်းသေတာ ရှင်တာကို ဂရုမစိုက်ပေမယ့် သူလုပ်ထားတာကို ပြန်ပေးဆပ်စေချင်သေးတယ်။

ခွန်းက သူ့လက်ကို ကိုယ်နောက်မှာဝှက်ပြီး ခေါင်းယမ်းလိုက်သည်။

"ငါက ကြိုးလှေကားကဆင်းတော့ လက်ချော်ပြီး အောက်ပြုတ်ကျရင်း လက်ဖဝါးက ဒဏ်ရာရသွားရုံလေးပါ.. ဘာမှမဖြစ်ပါဘူး.."

ရှောင်အမ်းချွမ်က သူ့ရဲ့လက်စည်းထားတာဖြည်ခိုင်းပြီး ဒဏ်ရာကို စစ်ဆေးကြည့်လိုက်တယ်။ ဒဏ်ရာက လှီးဖြတ်ထားတဲ့ပုံကိုတွေ့ပေမယ့် ဘာမှမမေးလိုက်ဘူး။ အရင်တုန်းကသာဆိုရင် သူက တောထဲချက်ချင်းပြေးသွားပြီး ဆေးဖက်ဝင်အပင်ကို ခူးဆွတ်ပြီး ဒဏ်ရာကို ကုသပေးမှာဖြစ်ပေမယ့် အခုတော့ ဘာမှလုပ်ပေးချင်စိတ်မရှိတော့ဘဲ ဒဏ်ရာကို သူ့ဘာသာဆေးထည့်ဖို့ပဲ ပြောလိုက်သည်။

"လက်ဖဝါးအရေပြားတစ်ခုလုံး ပျက်စီးသွားတာ ဘာမှမဖြစ်တာလား.."

ရှောင်အမ်းချွမ်က လက်ကိုပြန်လည်စည်းပေးပြီး ပြောလိုက်သည်။

ရှောင်အမ်းချွမ်က သူ့ရဲ့နောက်ကျောဘက်ကို စိုက်ကြည့်ပြီး သူ့အမူအယာက ဖော်မပြနိုင်အောင်ဖြစ်နေတယ်။

ခွန်း အဝေးကိုထွက်သွားတဲ့အထိစောင့်ပြီးမှ ကျိုးယွင်ရှန့်က အသံတိုးတိုးနဲ့ မေးလိုက်သည်။

"သူ့လက်ဘာဖြစ်လို့လဲ.. သူူက ဘာမှသေချာမစဉ်းစားဘဲ သူ့လက်ဖဝါးအရေပြားကို လှီးထုတ်ထားတာပဲ.."

"နတ်ဘုရားလေးက မျက်စိစူးတာပဲ.. သူ့ဘာသာ ဓားနဲ့လှီးထားတာပါ.."

ရှောင်အမ်းချွမ်က ခွန်း ဘာကြောင့် ဦးနှောက်မရှိဘဲ ဒီလို ကိုယ့်ဘာသာ နာကျင်အောင်လုပ်ရသလဲဆိုတာ စဉ်းစားကြည့်လို့မရအောင် ဖြစ်နေတယ်။

ကျိုးယွင်ရှန့်က အံ့အားသင့်သွားပြီး သူ့မျက်နှာပေါ်မှာ တွေးတောနေပုံရတယ်။ ပြီးတော့မှ သူက နဖူးကိုအသာပွတ်ပြီး ရယ်မောလိုက်သည်။ သူက ခြင်္သေ့ဦးခေါင်းကိုပုတ်ပုတ်ပြီး အတောမသတ် ရယ်မောနေတော့သည်။

ရှောင်အမ်းချွမ်က သိလိုစိတ်နှင့်မေးလိုက်သည်။

"နတ်ဘုရားလေး.. ဘာသဘောကျစရာများရှိလို့လဲ.. ကျွန်တော်လည်း ရယ်မောရအောင် ပြောပြပါဦး.."

ကျိုးယွင်ရှန့်က လက်ကိုဝှေ့ယမ်းပြီး အရယ်ရပ်အောင် မနည်းထိန်းလိုက်ရသည်။ ပြီးတော့မှ ရှင်းပြလိုက်သည်။

"ခွန်းက မင်း ငရုပ်သီးဖတ်တွေကို တွေ့သွားမှာကြောက်တယ်.. ဒါကြောင့် ငရုပ်သီးကို လက်ဖဝါးထဲမှာကြိတ်ချေပြီးမှ ဟင်းအိုးထဲကိုထည့်လိုက်တယ်.. ငရုပ်သီးတစ်ဆုပ်ကို လက်ဝါးထဲညှစ်ချေပြီးမှထည့်တာ.."

ကျိုးယွင်ရှန့်က လက်ထဲမှာ ဆုပ်ချေတဲ့ပုံကို လုပ်ပြလိုက်တယ်။

ပထမတော့ ရှောင်အမ်းချွမ်က နားမလည်ဘူး။ သူက လက်ထဲချေတဲ့ပုံကို လိုက်လုပ်ကြည့်လိုက်ရင်း သူစားလိုက်တဲ့ငရုပ်သီးအရသာကို သတိရသွားတယ်။ ဒီငရုပ်သီးက ပုံမှန်ငရုပ်သီးတွေထက် အဆပေါင်းများစွာစပ်သည်။ ဒီဟာကို မီးဖိုချောင်သုံးဓားနဲ့ လှီးဖြတ်ရင်တောင် အငွေ့က မျက်လုံးကိုဟပ်နိုင်သည်။ ဒါကို လက်ဝါးထဲထည့်ကြိတ်ချေသည်ဆိုတော့ သူ့လက်ဖဝါးတွေက ငရုပ်ရည်တွေနဲ့ ပူလောင်နေမှာသေချာသည်။ ဒီအပူလောင်တာက အက်ဆစ်လို တငွေ့ငွေ့လောင်ပြီး အရေပြားကိုစားသွားနိုင်လောက်သည်။

ပထမတော့ ခွန်းက ဒီလိုပူလောင်နေတာကို သည်းခံနိုင်ပေမယ့် ဒီအသီးက အဆိပ်ရှိတယ်လို့တွေးမိတော့ တစ်ကိုယ်လုံးအဆိပ်မပျံ့ဖို့ သူ့လက်ဖဝါးအရေပြားကို ဓားနဲ့လှီးထုတ်လိုက်တာဖြစ်မည်။ ဒီဟာက ဘယ်လောက်တောင်မိုက်မဲပြီး ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သလဲ။

ဒီလိုတွေးမိတော့ ရှောင်အမ်းချွမ်က ရယ်မောလိုက်ပေမယ့် တုန်လှုပ်ခြင်းတို့က အရိုးထဲထိစိမ့်ပြီး ပေါ်လာခဲ့သည်။ ကမ္ဘာဦးလူတွေက အမြင်ကျဉ်းမြောင်းပြီး ကိုယ်ကျင့်တရားစံနှုန်းဆိုတာ မရှိကြပေ။ သူတို့အသက်ရှင်နေထိုင်ဖို့ သူတို့မလုပ်ဝံ့တာ မရှိကြပေ။ သူတို့ရှင်သန်ဖို့ လူကိုလှည့်စားခြင်း၊ လှောင်ပြောင်ခြင်း၊ သတ်ဖြတ်စားသောက်ခြင်း စသည့်အရာအားလုံး မလုပ်ဖူးတာမရှိကြပေ။ သူတို့က ရှေးဦးလူသားတွေဖြစ်ပေမယ့် ရက်စက်ကြမ်းကြုတ်သော သူများသာဖြစ်သည်။

ရှောင်အမ်းချွမ်က တုန်လှုပ်မှုကို မထိန်းနိုင်ပေမယ့် ပြောလိုက်သည်။

"နတ်ဘုရားလေး.. ခွန်းက အတော်ကို ဆိုးဝါးနေပြီ.. သူ့ကို မောင်းထုတ်လိုက်ပါတော့.."

ကျိုးယွင်ရှန့်က ပုခုံးတွန့်လိုက်ပြီး ပြောလိုက်သည်။

"ငါတို့က သူ့ကို ဖယ်ထုတ်ပစ်ဖို့လိုပေမယ့် အခုချက်ချင်းတော့မဟုတ်သေးဘူး.. ငါ သူ့ကို ဒီလိုလွယ်လွယ်ထွက်သွားတာ ခွင့်မပြုနိုင်ဘူး.. ခွန်းကိစ္စ ငါ့ကိုသာလွှဲလိုက်ပြီး အေးဆေးနေပေတော့"

ကျိုးယွင်ရှန့်က လက်ချောင်းများကို နှုတ်ခမ်းမှာအသာကပ်လိုက်ပြီး ခြေဟန်လက်ဟန်ဖြင့် တိတ်တိတ်နေရန် အမူအယာပြလိုက်သည်။

ရှောင်အမ်းချွမ်က ခေါင်းညိတ်ပြပြီး ဘာမှမပြောတော့ပေ။ သူက နတ်ဘုရားလေးကို အပြည့်အဝယုံကြည်သည်။

ခွန်းက သီးသန့်နေရာသို့ရောက်သော် ဘယ်သူမှလိုက်မလာတာ သေချာတော့မှ တိတ်တဆိတ် မြည်တမ်းအော်ဟစ်နေတော့သည်။ ဒီလူတွေ ဘာကြောင့်မသေသလဲဆိုတာ ဘယ်သူက သူ့ကိုပြောပြတော့မှာလဲ။ ဒါပေမယ့် ခပ်ချွန်ချွန်အသီးကို စားမိတဲ့ယုန်က အသက်နှစ်ရှိုက်စာအတွင်း လဲကျသွားတာက ဒီအသီးအဆိပ်ရှိတာ သက်သေပြနေတာပဲ မဟုတ်လား။ ဘာကြောင့် သူတို့က အသက်ရှင်နေသေးတာလဲ။ တစ်ခုခုမှားနေပြီ။

"ငါက အဆိပ်မရှိတာကို ခူးလာမိတာ ဖြစ်နိုင်မလား.."

ခွန်းရဲ့မသိစိတ်ထဲမှာ သူက အဲ့အသီးတွေအကုန်ကို သေချာခူးခဲ့တယ်ဆိုတာ သေချာနေတယ်။ ဒါကြောင့် သူက သေချာအောင် ပြန်သွားကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူက လဲကျသေဆုံးသွားတဲ့ယုန်ကို ပြန်မြင်ယောင်ပြီး သားရဲနတ်ဘုရားနာမည်နဲ့ ကျိန်ပြောရဲတယ်။ ဒီအသီးက အဆိပ်ပြင်းတယ်၊ တကယ်ကို အဆိပ်ပြင်းတယ်။

"အခု ထည့်တာမများလို့ အဆိပ်မမိရင် နောက်တစ်ခါ များများထည့်ရမယ်.."

သူက တောအုပ်ထဲဝင်လာရင်း တစ်ကိုယ်တည်းရေရွတ်နေတယ်။ အဲ့ဒီအပင်နားရောက်တော့ အပင်က လုံးဝပျောက်ကွယ်သွားလို့ ခွန်း ပျာသွားတယ်။ သူက သေချာစစ်ဆေးကြည့်တော့ တစ်ပင်လုံးကို တူးယူသွားတာကို တွေ့လိုက်ရတယ်။ ဒါ လူကတူးထားတဲ့ လက်ရာတွေပဲ။ လတ်လတ်ဆတ်ဆတ်တူးရာကိုကြည့်ပြီး ရှောင်အမ်းချွမ်က ဒီနားကဖြတ်သွားရင်း သူ့လျှို့ဝှက်ချက်ကို တွေ့သွားတာလားလို့ တွေးလိုက်တယ်။

သူက တူးထားတဲ့နေရာကို စက်ဝိုင်းလို နှစ်ပတ်လောက်လှည့်ကြည့်ပြီး စမ်းချောင်းကိုဖြတ်သန်းလို့ ပြန်လာခဲ့တယ်။ ရုတ်တရက် သူက ခုချိန် သူ့မျိုးနွယ်စုဆီမပြန်ရင် နောက်ဆက်တွဲမတွေးဝံ့စရာတွေ ဖြစ်လာနိုင်တာသိပေမယ့် သူ့နှလုံးသားက တင်းကျပ်ပြီး သူ့ဘာသာ ထိန်းချုပ်ရခက်ခဲနေတယ်။ သူက ဆင်ခြေတချို့ စဉ်းစားလိုက်ပြီး စခန်းဆီကို ခက်ခက်ခဲခဲ ပြန်လာခဲ့တော့တယ်။

ရွှေခြင်္သေ့နှင့်လှပသောမိန်းမသည် သူတို့၏သစ်လုံးအိမ်ထဲ နေနေကြပြီး ဘိုင်တို့က သစ်ရိပ်အောက်တွင် လဲလျောင်းနေသည်။ ရှောင်အမ်းချွမ်က  ဝါးချွန်တစ်ချောင်းနှင့် တွင်းတူးနေပြီး သူ့အနားမှာသစ်ပင် အသီးတွေနဲ့ပြည့်နေသည့် သစ်ပင်တပင်ရှိ၏။

ခွန်း၏တစ်ကိုယ်လုံးတောင့်တင်းသွားပြီး ချဉ်းကပ်ခြင်းမလုပ်သလို မေးမြန်းခြင်းလည်းမလုပ်ပေ။

 ရှောင်အမ်းချွမ် က အဆိပ်ခတ်မှုအကြောင်း မပြောပြချင်သလို နတ်ဘုရားလေးက သူ့ကို နူတ်ဆိတ်နေဖို့ပြောတော့ သူလည်း ဘာမှမသိသလို ဟန်ဆောင်ခဲ့သည်။ သူက ဘာမှမစဉ်းစားပဲ ငရုပ်ပင်ကို ရှင်အောင်ပဲ စိုက်ဖို့လုပ်နေသည်။

သူက ပျော်နေသလို လက်ကိုဝှေ့ယမ်းလိုက်သည်။ သူ စိုက်ထားတဲ့ ငရုပ်ပင်ကို ရေသေချာလောင်းပြီး သစ်လုံးအိမ်ပေါ်ကို တက်လာခဲ့သည်။


"ဒါက ဘာလဲ?"

ခွန်းက အရူးလုပ်ပြီး တခါမှ မမြင်ဖူးတဲ့ပုံစံနဲ့မေးခဲ့တယ်။ တကယ့်အကြောင်းရင်းကိုသာ သိရင် ခွန်းက ဌက်တွေကိုပဲ အပြစ်တင်ရလိမ့်မယ်။ ဌက်တွေက ဒီအသီးကို ချီ၊ စားသောက်ပြီး အစေ့တွေကို နေရာအနံ့လျှောက်ဖြန့်နေလို့ ဒီအသီးပင်က ဒီနေရာမှာ လာပေါက်နေတာဖြစ်တယ်။ အခုတော့ ဒီလို အကြောင်းတွေကို ခွန်းလို ရှေးဦးလူသားက ဘယ်လိုလုပ်သိနိုင်မှာလဲ။


"ဒီအသီးကအရသာရှိတယ်၊ ငါတို့ ဒီညမှာ ဒီအသီးကို ချက်စားကြမယ်။ "

  ရှောင်အမ်းချွမ် က ခပ်ဆိုးဆိုးပြုံးနေပေမယ့် သူ့ခေါင်းကို ငုံ့ထားလို့ ခွန်းက သတိမထားမိလိုက်ပေ။

" ဒီအသီးက စားလို့ရတယ်။ သူက အရသာရှိပြီး လူအတွက် ကောင်းတယ် "

  ရှောင်အမ်းချွမ် က တောက်ပစွာပြုံးရင်းပြောလိုက်သည်။


" ဒါပေမယ့် ဒီအသီးကိုကြည့်ရတာ ထူးဆန်းနေပြီး အဆိပ်ရှိသလိုပဲ... "

ခွန်းက ခြောက်ကပ်စွာ ပြောလိုက်သည်။ ခွန်း၏မျှော်လင့်ချက် ပြည့်ဝနေသောနှလုံးလေး ယိုယွင်းပျက်စီး သွားရသည်။ နှစ်လ၊ သုံးလအကြာ အတူနေလာသဖြင့် ခွန်းက  ရှောင်အမ်းချွမ်အကြောင်းကို သေချာသိသည်။ သူက စားလို့ရသည်ဟု ပြောလျှင် ဒီအသီးက အဆိပ်မရှိပဲ တကယ်စားလို့ရသောကြောင့်ဖြစ်သည်။  ရှောင်အမ်းချွမ်ပြောတာ ဘယ်တုန်းကမှ မမှားခဲ့ဘူးဆိုတာ သူ တိတ်တဆိတ် ဝန်ခံမိသည်။

 
သို့သော်သူ့လက်ဖဝါးက ဘာ့ကြောင့်လောင်ကျွမ်းနေသလို ခံစားရသည်ကို ခွန်းနားမလည်တော့ပေ။ သူက သူ့လက်ဖဝါးကို ငေးကြည့်ရင်း ရင်ထဲ သွေးထွက်လာသလို နာကျင်လာသည်။ သူက အလကား နေရင်းသူ့လက်ကို လှီးလိုက်မိတာလား။ ခွန်း၏ မျက်နှာ ဗလာဖြစ်သွားပြီး ငေးငိုင်လို့နေသည်။

ညနေပိုင်းတွင်  ရှောင်အမ်းချွမ်သည် အစိမ်းရောင်ခပ်ချွန်ချွန် အစိမ်းရောင်အသီးများနှင့်အတူကြော်ထားသော ဟင်းကို သူ စမ်းပြီး စားခဲ့ရသည်။ ဒီဟင်းက မွှေးနေပြီး အရသာက စပ်သည်။ ထိုမှသာ သူက အကြောင်းပြချက်မရှိဘဲ သူ့လက်ကိုဖြတ်လိုက်ပြီဆိုတာ သူသေချာသိတော့သည်။


စိတ်သက်သာရာရသွားသည့် ခံစားချက်နှင့်အတူ သူမျက်ရည်များ ကျလာရတော့သည်။ သူက ခြင်္သေ့ကြီး၏ ဖိအားပေးမှုကြောင့် ဒီဟင်းကို စားလိုက်ရသည်။ ပြီးတော့သူ့ဗိုက်ထဲ ရေတအိုးလောက် ကုန်အောင် သောက်လိုက်ရပြီး သူ့ဗိုက်ကို လက်နဲ့ပွေ့ပိုက်ပြီး သူ့သစ်လုံးအိမ်ကို ပြန်လာရသည်။ နောက်တစ်နေ့ သူထလာသောအခါ အလွန်စွမ်းအင်ပြည့်ဖြိုးနေသည်။ သူ့မှာ အဆိပ်သင့်လက္ခဏာတွေ လုံးဝမပြသခဲ့ပေ။


ီဒီလို ဘယ်လိုပြောင်းသွားရတာလဲ။ သူက ဒီအုပ်စုကို အဆိပ်မခတ်နိုင်ပဲ သူ့လက်ဖဝါးကိုပဲ လှီးလိုက်မိသည်။ ဒီအတွေးကြောင့် ခွန်းက အိမ်ကြမ်းပြင်ကို နဖူးနဲ့ တိုက်လိုက်မိသည်။ မနက်စာစားပြီးနောက် သူက ကျောက်တုံးကြီးပေါ် ထိုင်ပြီး ငိုင်လို့နေသည်။ သူ့ကျောက ကုန်းနေပြီး အားမရှိတဲ့ပုံပေါက်နေသည်။

"  စားပါ။ ပြီးရင် မင်းတို့က ရွှမ်နဲ့ဘိုင်နောက်ကို လိုက်သွားလေ့ကျင့်ရမယ်။ အခု ငါတို့က လူမျိုးစုတစ်စုဖြစ်နေပြီ။ လူမျိုးစု တိုးတက်ဖို့ဆိုတာ အဖွဲ့ဝင်တွေ သန်စွမ်းဖို့လိုတယ်။မင်းက ရွှမ်နဲ့   ရှောင်အမ်းချွမ် ... မင်းက ဘိုင်နဲ့လေ့ကျင်ရမယ်။ ခွန်းနဲ့မင်းက အားနည်းနေတယ်။"

ကျိုးယွင်ရှန့်က   ရှောင်အမ်းချွမ် ကို ရှင်းပြရင်း အိတ်တအိတ်ကို အမှတ်တမဲ့ပုံနဲ့ ခွန်းကို ကမ်းပေးလိုက်သည်။
" ဒီအိတ်ထဲမှာ မင်းတို့လိုအပ်တာ ရှိတယ် "

ခွန်းက အိတ်ကို ဖွင့်ကြည့်ရင်း လက်တွေ တုန်ယင်သွားတော့သည်။
အနီရောင်သလင်းကျောက်တွေက အိတ်နဲ့အပြည့်ဖြစ်နေပြီး လူတစ်ယောက်တည်းမပြောနဲ့၊ မျိုးနွယ်စုတစ်ခုလုံးက ယောက်ျားအားလုံး ိုအသုံးပြုခဲ့ရင်တောင် သူတို့အားလုံး ခွန်အားတိုးအောင် လုံလောက်လို့နေသည်။


"မင်း၊ ငါ့ကို ဒါတွေပေးနေတာလား"

ခွန်းရဲ့လည်ချောင်းထဲ တခုခုဆို့နေသလိုဖြစ်ပြီး သူက တံတွေးကို မျိုချပြီး မေးလိုက်သည်။


"အားလုံးက မင်းအတွက်ပဲ။ ရွှမ်နောက်ကို လိုက်ပါ။ မင်းကို အခြားသားရဲတွေ လာမဆွဲနိုင်ဘူး။"

ကျိုးယွင်ရှန့်၏ရွှေအိုရောင်ရင့်ရင့် မျက်လုံးများတွင်ဖုံးကွယ်ထားသော အရိပ်အငွေ့တချို့ရှိနေသည်။ ဒါကို ခွန်းမမြင်ဖို့သူ ခေါင်းကို ငုံ့ထားလိုက်သည်။

 ရှောင်အမ်းချွမ်နှင့် ဘိုင်က ဘာပြောရမှန်းမသိလို့ နတ်ဘုရားလေးကို လှည့်ကြည့်လိုက်ပေမယ့် သူတို့ကိုမှာထားတာကို သတိရပြီး ဘာမှမပြောပဲ နူတ်ဆိတ်နေလိုက်ပြီး တိတ်တဆိတ်ထွက်ခွာခဲ့ကြသည်။

ထို နေ့မှစ၍ ခွန်းက နေ့တိုင်းတောင်ပိုင်းသစ်တောများသို့ရွှေခြင်္သေ့ နောက်မှ လိုက်ခဲ့ရသည်။ လမ်းခရီး၌ သူတို့ အန္တရာယ်များစွာနှင့် တွေ့ကြုံခဲ့ရသည်။ အကြိမ်ပေါင်းများစွာ သူတို့၏ပေါ်က သစ်ပင်တွေ ပေါ်မှာ မျာက်များစွာလိုက်နေပြီး ရွှေခြင်္သေ့၏ ကာကွယ်မှု အောက်တွင် သူတို့ လုံခြုံစွာရှိနေပြီး အနီရောင်သလင်းကျောက်မှ စွမ်းအင်ကို စုပ်ယူပြီး သူတို့၏အင်အား လျင်မြန်စွာ မြင့်တက်ခဲ့သည်။ အမြန်ဆုံးတိုးတက်မှုမှာ ခွန်းပဲဖြစ်သည်။ အနီရောင်ကျောက်တစ်တုံးမှ စွမ်းအင်ကိုစုပ်ယူရန် သူက 15 ရက်လောက် အချိန်ယူခဲ့ပြီးနောက် ကျောက်တုံးတစ်တုံးကို စုပ်ယူဖို့ အချိန် ခုနစ်ရက်၊ လေးရက်၊ ထို့နောက်သုံးရက်သာ ကြာသည်။ နောက်ဆုံးတွင် သူသည် တနေ့ကို အနီရောင် ကျောက် 2 တုံး၊ နေ့တတုံး၊ညတတုံး စုပ်ယူလေ့ကျင့်နိုင်ခဲ့သည်။ နောက်ဆုံး သူအိပ်နေရင်တောင်မှ သူက ကျောက်ဆီက စွမ်းအင်စုပ်ယူပြီးလေ့ကျင့် ခဲ့သည်။
ခွန်းက အမြင်ကျဉ်းခေါင်းမာပြီး မကောင်းသည့် စိတ်ထားရှိပေမယ့် သူက အကြမ်းတမ်းခံပြီး အလုပ်ကြိုးစားကြောင့်  ရှောင်အမ်းချွမ်ပင် လက်ခံခဲ့သည်။ အနှေးနှင့်အမြန် ခွန်း တစ်ခုခုပြီးမြောက်နိုင်လိမ့်မည်။

ခွန်းက ပို၍ အစွမ်းထက်လာသည်။ ဘိုင်တောင် သူ့ကို မယှဉ်နိုင်အောင် အင်အားကြီးလာတော့  ရှောင်အမ်းချွမ်က စိုးရိမ်လာခဲ့သည်။ သူက ရွှမ်ကို ပြောပြီး ခွန်းကို ဒီတောထဲက မောင်းထုတ်စေချင်သည်။ ခွန်းက ကျေးဇူးမသိတတ်တဲ့ မြွေလို သူ့ကို ကယ်တင်သည့် လယ်သမားိကို အဆိပ်နှင့် သတ်သည့် လူသတ်သမားလို စိတ်ဓါတ်ရှိလို့ နတ်ဘုရားလေးကို ထိခိုက်အောင် လုပ်မည်ကို  ရှောင်အမ်းချွမ် မမြင်ချင်ပေ။ ဒါကြောင့် ကျန်သည့် ကျောက်တွေကို ပြန်သိမ်းယူပြီး ခွန်းကို မောင်းထုတ်စေချင်တော့သည်။  ရှောင်အမ်းချွမ်က လူ မသတ်ရဲပေမယ့် ခွန်း သူတို့ဆီက ထွက်သွားနိုင်မယ့် နည်းတစ်နည်းကို တွေ့ခဲ့တယ်။

အခုဆိုရင် ခွန်းက အဆင့် 7 စစ်သည်တော်အဖြစ်ကို ရောက်ခဲ့ပြီ။ သူတို့ အကာကွယ်မရှိရင်တောင် တောထဲမှ ဘေးကင်းကင်းနဲ့ထွက်သွားနိုင်ပြီ။ အခု ခွန်းက ဘိုင်ယန်မျိုးနွယ်ဆီပြန်သွားရင် ခေါင်းဆောင်ရာထူးကို အလွယ်ရယူနိုင်မယ်။ ပြီးရင် အက်ဒီကလည်း သူ့ကို လက်ဆက်ဖို့ သဘောတူမှာသေချာတယ်။ ဒါဆိုရင် ခွန်းက သူတို့နဲ့ရောနေတာထက် ဘိုင်ယန်မျိုးနွယ်ဆီ ပြန်သွားတာ ပိုကောင်းမယ်။

"  နောက်ဆုံးတော့ မြွေက သူ့ကို ကယ်တဲ့ လယ်သမားကို ပေါက်သတ်လိုက်တယ်တဲ့.... ခင်ဗျား ကျွန်တော် ပြောတာကို နားလည်ရဲ့လား..."

 ရှောင်အမ်းချွမ် က ခွန်းမရှိခိုက် ခြင်္သေ့ကြီးကို ဒီပုံပြင်ကို 3 ကြိမ်မြောက်ပြောပြပြီးမေးလိုက်တယ်။ ကျောက်ရွှမ်က ပျင်းရိစွာသမ်းရင်း ခေါင်းယမ်းပြလိုက်တော့  ရှောင်အမ်းချွမ် က သူ့နားရွက်တွေကို ဆွဲပြီး အော်ဟစ်လိုက်ချင်တော့သည်။

လယ်သမားဆိုတာ မင်းကို ပြောတာ။ မြွေဆိုတာ ခွန်းကို ပြောတာ။ မင်းက သူ့ကို လေ့ကျင့်ပေးလို့ သန်မာလေ..သူက မင်းကို ပိုပြီး သတ်နိုင်လေပဲလို့ ပြောချင်တာ....လို့ သူ့စိတ်ထဲကနေ အသည်းအသန် အော်ဟစ်နေတော့တယ်။ သူက ဒီအကြောင်းကို ဆက်တောင် မတွေးရဲတော့ဘူး။ ခွန်းလည်းပြန်လာလို့  ရှောင်အမ်းချွမ် က ပါးစပ်ပိတ်ထားလိုက်ရတယ်။

ကျောက်ရွှမ်က သူတို့လူစုံတော့ အုပ်စုကို ဦးဆောင်ပြီး အပြန်ခရီးကို စတင်ခဲ့သည်။ တောထဲမှာ ဒီကောင်လေးတွေကို အဖော်လုပ်ပြီး လေ့ကျင့်ရတာ သူ အရမ်းပျင်းနေပြီ။ သူ့ချစ်သူလေးက တဖက်မှာ အချိန်ပေါက်ကွဲမှုဖြစ်ပြီး သူတို့ ဂြိုလ်ကို ပြန်သွားနိုင်မယ့် တည်နေရာ ကိုသြဒိနိတ် အတိကျကို တွက်ချက်ပြီး လိုက်ရှာနေတယ်။ သူ့ချစ်သူ လေ့လာချက်အရ ဒီနေရာမှာ ပေါက်ကွဲမှုဖြစ်ဖို့ 4၊ 5နှစ်လောက် ထပ်စောင့်ရဦးမယ်တဲ့။ ကျောက်ရွှမ်က ကျေနပ်သွားတယ်။ သူက အစက
ဟန်းနီးမွန်းကို တစ်နှစ်လောက်ပဲ နေဖို့ ရည်ရွယ်ထားပေမယ့် လက်တွေ့ 5 နှစ်လောက်နေရတော့ သူ အရမ်းကျေနပ်နေတယ်။ သူ့ချစ်သူလေး အကြောင်းကို တွေးမိတော့ သူ့သွေးတွေ ဆူလာပြီး နူတ်ခမ်းကို လျှာနဲ့သပ်လိုက်မိတယ်။

ဘိုင်က  ရှောင်အမ်းချွမ် ကို ကျောပေါ်သယ်ပြီး ခြင်္သေ့ကြီးနောက်က အေးအေးဆေးဆေးလိုက်လာသည်။ ခွန်းက နောက်ဆုံးကနေ လေးနဲ့မြှားကို လွယ်ပြီး သာသာယာယာ လမ်းလျှောက်လာရင်း ရှေ့က ခြင်္သေ့ကြီးကို စိုက်ကြည့်ပြီး မျက်လုံးက လူသတ်လိုရိပ်တွေနဲ့ ခက်ထန်လာသည်။ အခုဆိုရင် သူက အဆင့် 7 စစ်သည်တော်ဖြစ်နေပြီဖြစ်လို့ ဘယ်သားရဲကိုမဆို အလွယ်တကူ သတ်ဖြတ်နိုင်စွမ်းရှိနေပြီ။ အနီရောင်ကျောက် အလျှံအပယ်ရှိတဲ့ ရေးနော့ မျိုးနွယ်က စစ်သည်တော်တွေတောင် အဆင့် 7 ရောက်တာ ရှားသည်။ သူက ခြင်္သေ့ကို သတ်ချင်ပေမယ့် အနီရောင်ကျောက်ကို လိုချင်သည့် လောဘက အနိုင်ယူသွာသောကြောင့် သူ့စိတ်ကို ထိန်းလိုက်သည်။

ကျောက်ရွှမ်က အစောကြီးကတည်းက ခွန်း၏ လူသတ်လိုရိပ်ကို အာရုံခံမိပြီး သူ့မျက်လုံးထဲက ပြင်းထန်သည့် အရိပ်ပေါ်လာပေမယ့် ရှေ့ဆုံးကနေ သွားနေတာဖြစ်လို့ ဘယ်သူမှ သတိမထားမိလိုက်ပေ။


✋🌶=✋🔪✋🌶=✋🔪✋🌶=✋🔪✋🌶=✋🔪


ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now