Chapter - 34

31.3K 3.7K 195
                                    

#Unicode

မင်းယွီနိုးတစ်ဝက်မနိုးတစ်ဝက်အခြေအနေမှာ သူ့ကိုတစ်စုံတစ်ယောက်က ခေါ်သွားနေမှန်းသိလိုက်ရတယ် ... သူ့မျက်လုံးတွေပိတ်မသွားခင် အင်းအားကြီးတဲ့ ခင်္သြေ့ဆိုသူ မြေပြင်ပေါ်လဲကြသွားတာကိုမြင်လိုက်ရတယ် ... ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုရင် သူ့ရဲ့မျက်လုံးတွေမှာ တောက်လောင်နေတဲ့အပူမီးတောက်တွေကို မြင်နေရပြီး ပြင်းပြတဲ့ပူလောင်မှုကို မင်းယွီခံစားမိနေတယ် ... ဒါကချုပ်နှောင်ခြင်းဆိုတဲ့အရာကြောင့်လား ...

သူ့ရဲ့ခန္ဓာကိုယ်က ထိုအပူမီးတွေနဲ့ အဝေးကိုခေါ်သွားခံရပေမဲ့ စိတ်ထဲမှာပျော်ရွှင်မနေပဲ ဝမ်းနည်းနေသယောင် ... ဟိုမိန်းမရဲ့ပြောစကားတွေကိုမတွန်းလှန်နိုင်သလို ဘေးပတ်ဝန်းကျင်က ဖိနှိပ်ထားတဲ့ဖိအားတွေက သူ့ကိုအသုံးမကျတဲ့လူတစ်ယောက်လို ရွံရှာဆက်စုတ်စရာကောင်းသလိုခံစားရစေတယ် ...

ထိုအချိန်မှာ မင်းယွီသိလိုက်တာက သူဟာတကယ်တော့ လောကကြီးမှာဖြစ်နေကြအတိုင်း သခင်တွေရဲ့တစ်ခါသုံး ဘောင်မဝင်တော့တဲ့ အမှိုက်အိုမီဂါတစ်ယောက်ပဲဟူ၍ ...

ပူလောင်တဲ့ ခံစားချက်တွေကြောင့် မင်ယွီတစ်ကိုယ်လုံး ချွေတွေရွှဲနေပြီး ဟော်မုန်းတွေကလဲအတားအစီးမဲ့ထုတ်လွှတ်နေတယ် ...

သူ့ရဲ့လက်တွေကို ကိုင်ထားပေးတဲ့ လက်သေးသေးလေးတွေက အိုမီဂါတစ်ယောက်ရဲ့လက်ဖြစ်၍ မင်းယွီကို ထိန်းမထားပေးနိုင်ဘူး ...

"ရှင် အသက်ကိုပြင်းပြင်းရှူထုပ် ...

ပြီးတော့ ရှင့်အယ်ဖာကို စိတ်ထဲမှာမှန်းလိုက် ...

ပြီးရင် ဒါကိုရှူကြည့် "

သူမလက်ထဲကနေ ဆေးဘူးလေးတစ်ခုကို ထုတ်ပေးလိုက်တယ် ... ထိုအရာက အယ်ဖာဟော်မုန်းတုဖြစ်ပြီး Heat ဖြစ်နေချိန် အယ်ဖာကိုမှန်းပြီး အာသာဖြေသလိုမျိုး ဟော်မုန်းအစားထိုးခြင်းဖြစ်ပေမဲ့ မင်းယွီအတွက်တော့အသုံးမဝင်လှဘူး ... သူ့ရဲ့ ရှားပါးတဲ့မိတ်အယ်ဖာနေရာကို ထိုဆေးက အစားမထိုးနိုင်ဘူး ...

" ဆုန်းချူ ... သူ့ကိုလွှတ်ပေးထားလိုက် ...

သူနားပါစေ "

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now