motivation or not
1.1K 177 34
တစ်စုံတစ်ခုကို ရရှိဖို့ အပြင်းအထန်ကြိုးစားတယ်။ကြိုးစားတဲ့အတိုင်း ရလာတဲ့အခါမှာ ..သင် ဘယ်လိုခံစားမိလဲ။
I CAN WIN THE WORLD ..ငါ လောကကြီးတစ်ခုလုံးကို အောင်နိုင်တယ်ဟေ့။ငါ လုပ်သမျှ အရာရာဟာ ဖြစ်မြောက်တယ်။ဆိုပြီး နောက်ထပ်ပန်းတိုင်တစ်ခုကို ထပ်လုပ်ဖို့...စိတ်ခွန်အားတွေရမိတယ်မဟုတ်လား။
ဒါဆို...တစ်စုံတစ်ခုကို ရရှိဖို့ အပြင်းအထန်ကြိုးစားခဲ့တယ်။ဒါပေမယ့်...ကြိုးစားတဲ့အတိုင်း အရာမထင်လာရင်ရော...
တကယ်တော့...motivational speaker တွေ Motivational Book အများစုတွေဟာအောင်မြင်မယ်ဆိုတဲ့ ဘက်ကိုပဲ...ရေးကြ..ဟောကြတာ...များပါတယ်။မအောင်မြင်ရင်...ဘာဖြစ်လာမလဲဆိုတာတွေ...ဘယ်လိုပြန်လည်တည်ဆောက်ရမလဲဆိုတာတွေ...ဘယ်လို ရင်ဆိုင်ရမလဲဆိုတာတွေကို...သူတို့ မသင်ပြတတ်ကြပါဘူး။
ဘာလို့လဲဆိုတော့...အဲ့လို အပိုင်းဟာ စာတွေ့ရင်ဆိုင်ရရုံနဲ့...ဖြေရှင်းနိုင်တဲ့ကိစ္စမျိုးမဟုတ်ဘဲ....ကိုယ်တို်င်ကြုံတွေ့လာပြီး...ကိုယ်တိုင်အခက်အခဲကို ရင်ဆိုင်ကျော်လွှားနိုင်သူတွေမှသာ...အပေါ်က မေးခွန်းတွေနဲ့ အဖြေတွေကို ပေးနိုင်မှာမို့လို့ပါ။
အဲ့တော့ ကိုယ်..ဒီနေ့ပြောချင်တာက...motivation မပိပါစေနဲ့။တစ်ချို့ motivation တွေဟာ..အလှမ်းဝေးကွာလွန်းတဲ့အရာတွေကို..ရအောင်ယူဖို့ ပြောနေကြတာမို့....ကိုယ့်အတွက်..အကျိုးမရှိစေသလို..ဝန်ထုတ်ဝန်ပိုးတောင်ဖြစ်စေပါတယ်။ဖိအားတွေရစေပါတယ်။အရမ်းလောမကြီးပါနဲ့။
Right time right placeပါ။လူမှန် နေရာမှန် ဆိုတာ အမြဲရှိနေပါတယ်။ကိုယ် ကြိုးစားနို်င်သလောက် အကောင်းဆုံးကြိုးစားလိုက်ပါ။နောက်ဖြစ်လာမယ့် အောင်မြင်ခြင်း၊ မအောင်ခြင်းကို တွေးပြီး...ကြိုတင် စိတ်သောက မရောက်ပါနဲ့။ အနည်းဆုံးတော့... ငါ ကြိုးစားနိုင်သလောက် ကြိုးစားခဲ့ပါတယ်ဆိုရင်...လုံလောက်ပါပြီ။
နောက်ပြီ။motivation လိုချင်ရင်...ရသ စာအုပ်တွေကို ဖတ်ပါ။ရသ စာအုပ်တွေက...ကိုယ့်ကို တခြားလောကတစ်ခုကို ခေါ်ဆောင်သွားနိုင်ပြီးအတွေးသစ် အမြင်သစ်တွေကို ရနိုင်တာမို့... ရသစာအုပ်တွေကို ဖတ်ပေးပါလို့အချစ်များစွာနဲ့ တိုက်တွန်းလိုက်ပါတယ်။ရသစာအုပ်တွေထဲမှာ...ဘယ်စာအုပ်ကိုဖတ်ရမလဲမသိရင်...Ren ကိုလာမေးပါ။ ဖတ်ခဲ့ဖူးတဲ့စာအုပ်တွေထဲက...အကောင်းဆုံးတွေကိုညွှနးပြပေးပါမယ်။#Ren#RealEnergyNote
ကောင်မလေးတွေဖတ်ဖို့Where stories live. Discover now