Zawgyi
ကူးစူးရဲ့တောင်ခြေနီးစပ်ကရွာတွေအကုန်လုံး ဖုတ်ကောင်တွေအဖြစ် ပြောင်းလဲကုန်ပြီတဲ့ .. ၊၊
သူ့မျက်လုံးတွေကို .. မိတ်ဆွေဖြစ်တဲ့စုန့်လန်အတွက် ဖောက်ထုတ်ပေးပြီးတဲ့တိုင် .. တစ်ကိုယ်တည်း ညခင်းအမဲလိုက်ထွက်မြဲဖြစ်တဲ့ ဆရာလေးရှောင်ရှင်းချန်က သာမန်ပြည်သူတွေကို ဖုတ်ကောင်တွေအဖြစ် အထင်မှားပြီး သုတ်သင်မိသတဲ့ .. ၊၊
ဒီလိုဆိုးဝါးတဲ့ အထင်မှားမှုဖြစ်အောင် ဖန်တီးခဲ့သူက .. အမြဲတမ်း သူ့အနားမှာရှိနေပြီး သူကိုယ်တိုင် ဂရုတစိုက်ကယ်တင်ထားခဲ့မိတဲ့ လူငယ်လေးကြောင့်မှန်း သိသွားတဲ့နောက် .. ရှောင်ရှင်းရှင်ဟာ အဆုံးမဲ့နောင်တတွေနဲ့အတူ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့သတဲ့ .. ၊၊
လူငယ်လေး .. ၊၊
ဘယ်ကသာ လူငယ်လေးဟုတ်ရမှာလဲ .. ၊၊
အဲ့ဒီ့ရွှယ်ယမ်က ချီရှန်းဝမ်ဂိုဏ်းရဲ့လက်အောက်မှာ သစ္စာခံခဲ့ဖူးတဲ့ .. မှော်နက်အကြောင်း ချွင်းချက်မရှိ ရင်းနီးကျွမ်းဝင်တဲ့ နောက်ထပ်အခြားသောသူတစ်ယောက်ပဲ .. ၊၊
ဆိုတဲ့တိုင် ..
ထိုသူရဲ့ ဘ၀အဆုံးသတ်ဟာလဲ မလှပနိုင်ခဲ့ပါဘူး .. ၊၊
ဆရာလေးရှောင်ရှင်းချန်ရဲ့မိတ်ဆွေ စုန့်လန်ရဲ့ ဓားချက်အောက်မှာ မရှုမလှဘဲ ဇာတ်သိမ်းခဲ့ရတယ် .. ၊၊ ဒီလောက် မှော်နက်ပညာနဲ့ပတ်သက်ပြီး ကျွမ်းဝင်တဲ့သူက ကျင့်ကြံသူတစ်ယောက်ထဲရဲ့ ဓားချက်အောက်မှာ အဆုံးသတ်သွားတယ်ဆိုတော့ အကုန်လုံးက အံဩကြတယ် .. ၊၊ နောက် .. ရွှယ်ယမ်ဟာ စုန့်လန်ကို ဘာခုခံမှုမှ မပြုခဲ့ဘဲ အေးအေးဆေးဆေး အသတ်ခံလိုက်မှန်း သိပြန်တော့ ပိုလို့အံဩကြတယ် .. ၊၊
စုန့်လန် ရှောင်ရှင်းချန် ရွှယ်ယမ်တို့ရဲ့ နားလည်ရခက်တဲ့ မေတ္တာရေးရာသတင်းသဲ့သဲ့ဟာလဲ ဟိုမှသည်မှ ပျပျကလေး ထွက်ပေါ်လာခဲ့သေးတာ .. ၊၊
ВЫ ЧИТАЕТЕ
ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」
Фанфикшнထာဝရဆိုတာ ဘယ်လောက်ရှည်ကြာသလဲ .. ? ကိုယ်ရဲ့ အဆုံးမဲ့တဲ့ ချစ်ခြင်းတွေကတော့ အဆုံးအစမသိတဲ့ ထာဝရထက်ပိုနေမှာ သေချာတယ် .. ကိုယ်ဟာလေ .. မင်းကို .. ထာဝရထက်ပိုပြီး .. ထာဝရဆိုတာထက်ကို ပိုပြီး ... Start : 22/11/19 End : 26/04/21
