Chapter (3-3) - ဟြမ္ရီ ဘယ္မွာလဲ

6.8K 1K 6
                                    

Chapter (3-3) - ဟြမ္ရီ ဘယ္မွာလဲ

သူမ၏မိခင္က ေထာင္မက်ေသးခင္ လူသားပီသသည့္အေျခအေနမွာ ရွိေနေသးသည္။ တန္ဖိုးႀကီးသည့္ ဒီဇိုင္နာဝတ္စံုကို ဝတ္ထားၿပီး ေကာင္းစြာျပဳျပင္ထိန္းသိမ္းထားၿပီး အေရးအေၾကာင္း တစ္မွ်င္ေတာင္မထင္ေသးသည့္ မ်က္ႏွာျဖင့္ သူ႔မိခင္က သူ႔ဆီကို အျမန္ခ်ဥ္းကပ္လာခဲ့သည္။ သူမက ကမာၻ႕နာမည္ႀကီး တေယာပညာရွင္၊ အထက္တန္းလႊာမွ အမ်ိဳးသမီးဘဝတြင္ ရွိေနဆဲျဖစ္ၿပီး လူသတ္သမားဟု ဘယ္သူမွ မေခၚၾကေသးေပ။

႐ုတ္တရက္ သားသမီးႏွစ္ဦး မ်က္ႏွာခ်င္းဆိုင္မိၾကၿပီး ရႊယ္ဇီရႊမ္၏စိတ္ထဲ ရြံ႕ရွာမႈတို႔ေပၚလာကာ သူ႔ပံုစံက ေအးစက္စက္ပံုျပန္ျဖစ္သြားၿပီး မ်က္လံုးထဲကမ်က္ရည္တို႔ ေပ်ာက္ကြယ္သြားကုန္သည္။

လံုၿခံဳေရးေတြက တန္ဖိုးႀကီးအဝတ္အစားႏွင့္ ရႊယ္လီဒန္နီအျပင္ သူမ၏ခရီးေဆာင္ေသတၱာကို ကိုင္ထားသည့္ လက္ေထာက္မ်ားကိုေတြ႕ေတာ့ ဒီလူငယ္က အသိုင္းအဝိုင္းႀကီးကဆိုတာ သိလိုက္ရလို႔ ခ်ဳပ္ထားရာကေနလႊတ္ၿပီး ေနာက္ဆုတ္သြားၾကသည္။

"စိတ္ေရာဂါဌာနက လူလြတ္တစ္ေယာက္မွ ထြက္မေျပးသြားပါဘူး.. မင္းတို႔ တျခားဌာနကို ေမးလိုက္ပါ.."

ေဝၚကီေတာ္ကီထဲက ေျဖသံကိုၾကားေတာ့ ရႊယ္လီဒန္နီ၏မ်က္ႏွာက မည္းခနဲျဖစ္သြားသည္။ ဒါေပမယ့္ သူမ ဘာမွမေျပာခင္ သူမသားကို ကူတြဲေပးဖို႔ လက္ကိုဆန္႔လိုက္သည္။

ရႊယ္ဇီရႊမ္၏ၾကြက္သားေတြက တင္းခနဲျဖစ္သြားၿပီး ႏွလံုးခုန္သြားေပမယ့္ သူက မျငင္းဆန္လိုက္ေပ။ သူ႔အေမကို ေအးစက္စြာစိုက္ၾကည့္ရင္း ေျခေထာက္က ေအးစက္လာတာကို သတိထားလိုက္မိသည္။ သူက ေအးစက္စက္ တစ္ခ်က္ရယ္လိုက္ၿပီး ေရွာင္ရီသာ ဒီျမင္ကြင္းကိုေတြ႕ရင္ ဘယ္လိုေနမလဲဟု ေတြးလိုက္သည္။ ငါက ႏွစ္ရာခ်ီ၊ ေထာင္ခ်ီ ေစာင့္ခဲ့ရၿပီးၿပီပဲ။ ေနာက္ထပ္ နည္းနည္းထပ္ေစာင့္ရလည္း ဘာမွမျဖစ္ပါဘူး..။

သူက ရႊယ္လီဒန္နီကိုဖက္ၿပီး ဓာတ္ေလွကားရွိရာကို ေလွ်ာက္လာခဲ့သည္။ ဓာတ္ေလွကားတံခါး ပြင့္လာၿပီး ဖူဘိုႏွင့္ ရႊယ္က်င္းရီတို႔ အထဲမွာရွိေနၾကသည္။ သူတို႔က သူ႔ကိုေတြ႕ေတာ့ မ်က္ႏွာေပၚမွာ အံ့အားသင့္ဟန္ေပၚလာသည္။

"သခင္ေလး.. ဖိနပ္ျမန္ျမန္စီးပါ.."

ဖူဘိုက ေျခညွပ္ဖိနပ္ကို ခ်ေပးၿပီး ေျပာလိုက္သည္။

"ကိုကို ေနေကာင္းရဲ့လား.."

ရႊယ္က်င္းရီက စိတ္လႈပ္ရွားစြာေမးလိုက္သည္။

ရႊယ္ဇီရႊမ္က ဒီရႊယ္မိသားစုထဲက ဘယ္သူ႔ကိုမွ မျမင္ခ်င္၊ စကားမေျပာခ်င္ေသးေပ။ ဒီလူေတြက သူခ်စ္ရတဲ့လူအေပၚ လုပ္ခဲ့တဲ့မေကာင္းမႈေတြအားလံုးကို သူ ျပတ္ျပတ္သားသား သတိရေနဆဲျဖစ္သည္။ သူ႔ကိုယ္သူသာမက ဒီလူေတြကိုလည္း သူ ခြင့္မလႊတ္ႏိုင္ေသးေပ။ သူတို႔ေသသြားမယ္ဆိုရင္ေတာင္ ခြင့္မလႊတ္ႏိုင္ေပ။

သူက ဖိနပ္ကိုစီးၿပီး ဓာတ္ေလွကားထဲ ဝင္လိုက္သည္။ ဒီလိုေအးစက္စက္ႏွင့္ လ်စ္လွ်ဴ႐ႈလိုက္သည့္ပံုစံကို မေတြ႕ဖူးေသာေၾကာင့္ ရႊယ္က်င္းရီႏွင့္ ဖူဘိုက ရွက္ရြံ႕ကာ တုန္လႈပ္သြားၾကသည္။ ရႊယ္လီဒန္နီက သားျဖစ္သူရဲ့အေျခအေနကို စိုးရိမ္ေသာေၾကာင့္ အေပၚကိုေရာက္ေရာက္ခ်င္း ဆရာဝန္ေတြကို ေမးၾကည့္ေပမယ့္ ဘာျပႆနာမွမရွိတာ သိလိုက္ရသည္။

"ECG စစ္ခ်က္ေတြ ထြက္လာၿပီ.. အေျခအေန အားလံုးေကာင္းတယ္.. တကယ္လို႔ မဒမ္စိတ္မခ်ရင္ ေဆး႐ံုမွာ သူ႔ကိုဆက္ေနခိုင္းၿပီး ကၽြန္ေတာ္တို႔ ေစာင့္ၾကည့္လို႔ရပါတယ္.."

ဌာနမွဴးဆရာဝန္က အႀကံေပးခဲ့သည္။

ရႊယ္လီဒန္နီက သေဘာတူေပမယ့္ ရႊယ္ဇီရႊမ္က ေအးစက္စက္ျဖင့္ ဗီတိုအာဏာသံုးကာ ပယ္ခ်လိုက္သည္။

"မလိုဘူး.. ခုခ်က္ခ်င္း ေဆး႐ံုဆင္းဖို႔ လိုအပ္တာစီစဥ္ေပးပါ.."

သူက ဒီစကားေျပာရင္း နာရီကအခ်ိန္ကိုၾကည့္ကာ ဒီအခ်ိန္ဆိုရင္ ေရွာင္ရီက သူတို႔ရႊယ္မိသားစုအိမ္ေတာ္ကို ေခၚေဆာင္လာျခင္းခံရၿပီဟု ေတြးေနသည္။ ဒီကမာၻနဲ႔ပတ္သက္ၿပီး သူ႔ေခါင္းထဲ ဘာမွမမွတ္မိေပမယ့္ ဒီေကာင္ေလးရဲ့အၿပံဳး၊ လႈပ္ရွားမႈေလးတစ္ခုကအစ အ႐ိုးထဲစြဲေနသလို မွတ္မိေနသည္။ ဒီဟာက သူ႔စိတ္ဝိညာဥ္ အနက္႐ိႈင္းဆံုးမွာ မွတ္သားထားမိတဲ့ အခ်က္လည္းျဖစ္သည္။ ဒီကမာၻက ကမာၻအစစ္ဟုတ္သလား၊ မဟုတ္ဘူးလား..၊ ဒီဟာေတြက တကယ္လား၊ ပံုရိပ္ေယာင္ခံစားခ်က္လား..၊ ဘာျဖစ္ျဖစ္ မထူးျခားလွေပ။

"သား.. ဘာေၾကာင့္ ေဆး႐ံုမွာ ဆက္မေနရတာလဲ.. အေမက သားရဲ့ပြဲေတြကို လဝက္စာေလာက္ ေနာက္ဆုတ္လိုက္ၿပီးၿပီ.. ဘာပဲျဖစ္ျဖစ္ သားရဲ့က်န္းမာေရးက အေရးႀကီးဆံုးေလ.."

ရႊယ္လီဒန္နီက အျပင္းအထန္ ေဖ်ာင္းဖ်လိုက္သည္။

"ဟုတ္တယ္အစ္ကိုႀကီး.. ညီမေလးကိုပဲၾကည့္ေလ.. ညီမေလးဆိုရင္ က်န္းမာေရးမေကာင္းလို႔ လုပ္ခ်င္တာလည္း မလုပ္ရဘူး.. အစ္ကိုႀကီးက ညီမေလးလို ျဖစ္ခ်င္လို႔လား.."

ရႊယ္က်င္းရီက ရယ္ေမာကာ ေျပာလိုက္သည္။

ရႊယ္ဇီရႊမ္က မလႈပ္ေပ။ သူက ဗီ႐ိုကိုဖြင့္ၿပီး အဝတ္အစားကိုထုတ္ရင္း မသိမသာေမးလိုက္သည္။

"ေရွာင္ရီေကာ.. သူဘယ္မွာလဲ.."

"ေရွာင္ရီက ဒီမွာေလ.. သား ႐ူးသြားၿပီလား.. ေဒါက္တာ.. .ကၽြန္မသား တကယ္ပဲ တစ္ခုခုျဖစ္ေနၿပီထင္တယ္.."

ရႊယ္လီဒန္နီက 'ေရွာင္ရီ' ဆိုတာ ရႊယ္က်င္းရီကိုေျပာတယ္လို႔ ထင္သြားခဲ့ၿပီး အစက ေအးေဆးေနေပမယ့္ အခုေတာ့ စိတ္ပူလာခဲ့သည္။ လူတစ္ေယာက္လံုးေရွ႕ထားၿပီး ေမးေနတာက သူမသား သတိလစ္ေနခ်ိန္ ေခါင္းထိသြားၿပီး ဦးေႏွာက္ပ်က္သြားသလားဟု ေတြးလိုက္မိသည္။

ဆရာဝန္လည္း ပုခံုးတြန္႔ကာ မသိဘူးဟုေျပာၿပီး အျမန္ထြက္သြားေတာ့သည္။

"အစ္ကိုႀကီး.. ညီမေလး ဒီမွာေလ.. အစ္ကိုႀကီး သတိေမ့ေနတဲ့တေလွ်ာက္လံုး ညီမေလး ေဘးမွာရွိေနပါတယ္.."

ရႊယ္က်င္းရီက ရွက္စိတ္ကို ဖံုးဖို႔ႀကိဳးစားၿပီး အစ္ကိုႀကီး၏လက္ေမာင္းကို ဖက္တြယ္ကာ ေျပာလိုက္သည္။ သူမက သမီးရင္းမဟုတ္တာေၾကာင့္ စိုးရြံ႕တာထက္ ေပ်ာ္တာကပိုသည္။ ေသြးသားရင္းမဟုတ္ေသာေၾကာင့္ သူမ၏ခံစားခ်က္ကို ေနာင္မွာ ပြင့္လင္းစြာေျပာျပၿပီး ခ်စ္ေသာအစ္ကိုႀကီးႏွင့္ ၿငိမ္းခ်မ္းစြာ တစ္သက္လံုးေနသြားရဖို႔ ေမွ်ာ္လင့္မိသည္။

သူမဖက္တြယ္ထားသည့္လက္ေမာင္းက ေျမြတစ္ေကာင္လာရစ္ထားသလို ေအးစက္စက္နဲ႔ ရြံရွာဖြယ္ေကာင္းတယ္လို႔ ခံစားလိုက္ရၿပီး ရႊယ္ဇီရႊမ္က သူမလက္ကိုပယ္ခ်ကာ သူ႔အိတ္ကိုေကာက္ကိုင္ၿပီး မ်က္လံုးေမွးစင္းကာ ေမးလိုက္သည္။

"ကၽြန္ေတာ္ ဟြမ္ရီအေၾကာင္းေမးေနတာ.. သူ ဘယ္မွာလဲ.."

======================
Chapter (3-3) - ဟွမ်ရီ ဘယ်မှာလဲ

သူမ၏မိခင်က ထောင်မကျသေးခင် လူသားပီသသည့်အခြေအနေမှာ ရှိနေသေးသည်။ တန်ဖိုးကြီးသည့် ဒီဇိုင်နာဝတ်စုံကို ဝတ်ထားပြီး ကောင်းစွာပြုပြင်ထိန်းသိမ်းထားပြီး အရေးအကြောင်း တစ်မျှင်တောင်မထင်သေးသည့် မျက်နှာဖြင့် သူ့မိခင်က သူ့ဆီကို အမြန်ချဉ်းကပ်လာခဲ့သည်။ သူမက ကမ္ဘာ့နာမည်ကြီး တယောပညာရှင်၊ အထက်တန်းလွှာမှ အမျိုးသမီးဘဝတွင် ရှိနေဆဲဖြစ်ပြီး လူသတ်သမားဟု ဘယ်သူမှ မခေါ်ကြသေးပေ။

ရုတ်တရက် သားသမီးနှစ်ဦး မျက်နှာချင်းဆိုင်မိကြပြီး ရွှယ်ဇီရွှမ်၏စိတ်ထဲ ရွံ့ရှာမှုတို့ပေါ်လာကာ သူ့ပုံစံက အေးစက်စက်ပုံပြန်ဖြစ်သွားပြီး မျက်လုံးထဲကမျက်ရည်တို့ ပျောက်ကွယ်သွားကုန်သည်။

လုံခြုံရေးတွေက တန်ဖိုးကြီးအဝတ်အစားနှင့် ရွှယ်လီဒန်နီအပြင် သူမ၏ခရီးဆောင်သေတ္တာကို ကိုင်ထားသည့် လက်ထောက်များကိုတွေ့တော့ ဒီလူငယ်က အသိုင်းအဝိုင်းကြီးကဆိုတာ သိလိုက်ရလို့ ချုပ်ထားရာကနေလွှတ်ပြီး နောက်ဆုတ်သွားကြသည်။

"စိတ်ရောဂါဌာနက လူလွတ်တစ်ယောက်မှ ထွက်မပြေးသွားပါဘူး.. မင်းတို့ တခြားဌာနကို မေးလိုက်ပါ.."

ဝေါ်ကီတော်ကီထဲက ဖြေသံကိုကြားတော့ ရွှယ်လီဒန်နီ၏မျက်နှာက မည်းခနဲဖြစ်သွားသည်။ ဒါပေမယ့် သူမ ဘာမှမပြောခင် သူမသားကို ကူတွဲပေးဖို့ လက်ကိုဆန့်လိုက်သည်။

ရွှယ်ဇီရွှမ်၏ကြွက်သားတွေက တင်းခနဲဖြစ်သွားပြီး နှလုံးခုန်သွားပေမယ့် သူက မငြင်းဆန်လိုက်ပေ။ သူ့အမေကို အေးစက်စွာစိုက်ကြည့်ရင်း ခြေထောက်က အေးစက်လာတာကို သတိထားလိုက်မိသည်။ သူက အေးစက်စက် တစ်ချက်ရယ်လိုက်ပြီး ရှောင်ရီသာ ဒီမြင်ကွင်းကိုတွေ့ရင် ဘယ်လိုနေမလဲဟု တွေးလိုက်သည်။ ငါက နှစ်ရာချီ၊ ထောင်ချီ စောင့်ခဲ့ရပြီးပြီပဲ။ နောက်ထပ် နည်းနည်းထပ်စောင့်ရလည်း ဘာမှမဖြစ်ပါဘူး..။

သူက ရွှယ်လီဒန်နီကိုဖက်ပြီး ဓာတ်လှေကားရှိရာကို လျှောက်လာခဲ့သည်။ ဓာတ်လှေကားတံခါး ပွင့်လာပြီး ဖူဘိုနှင့် ရွှယ်ကျင်းရီတို့ အထဲမှာရှိနေကြသည်။ သူတို့က သူ့ကိုတွေ့တော့ မျက်နှာပေါ်မှာ အံ့အားသင့်ဟန်ပေါ်လာသည်။

"သခင်လေး.. ဖိနပ်မြန်မြန်စီးပါ.."

ဖူဘိုက ခြေညှပ်ဖိနပ်ကို ချပေးပြီး ပြောလိုက်သည်။

"ကိုကို နေကောင်းရဲ့လား.."

ရွှယ်ကျင်းရီက စိတ်လှုပ်ရှားစွာမေးလိုက်သည်။

ရွှယ်ဇီရွှမ်က ဒီရွှယ်မိသားစုထဲက ဘယ်သူ့ကိုမှ မမြင်ချင်၊ စကားမပြောချင်သေးပေ။ ဒီလူတွေက သူချစ်ရတဲ့လူအပေါ် လုပ်ခဲ့တဲ့မကောင်းမှုတွေအားလုံးကို သူ ပြတ်ပြတ်သားသား သတိရနေဆဲဖြစ်သည်။ သူ့ကိုယ်သူသာမက ဒီလူတွေကိုလည်း သူ ခွင့်မလွှတ်နိုင်သေးပေ။ သူတို့သေသွားမယ်ဆိုရင်တောင် ခွင့်မလွှတ်နိုင်ပေ။

သူက ဖိနပ်ကိုစီးပြီး ဓာတ်လှေကားထဲ ဝင်လိုက်သည်။ ဒီလိုအေးစက်စက်နှင့် လျစ်လျှူရှုလိုက်သည့်ပုံစံကို မတွေ့ဖူးသောကြောင့် ရွှယ်ကျင်းရီနှင့် ဖူဘိုက ရှက်ရွံ့ကာ တုန်လှုပ်သွားကြသည်။ ရွှယ်လီဒန်နီက သားဖြစ်သူရဲ့အခြေအနေကို စိုးရိမ်သောကြောင့် အပေါ်ကိုရောက်ရောက်ချင်း ဆရာဝန်တွေကို မေးကြည့်ပေမယ့် ဘာပြဿနာမှမရှိတာ သိလိုက်ရသည်။

"ECG စစ်ချက်တွေ ထွက်လာပြီ.. အခြေအနေ အားလုံးကောင်းတယ်.. တကယ်လို့ မဒမ်စိတ်မချရင် ဆေးရုံမှာ သူ့ကိုဆက်နေခိုင်းပြီး ကျွန်တော်တို့ စောင့်ကြည့်လို့ရပါတယ်.."

ဌာနမှူးဆရာဝန်က အကြံပေးခဲ့သည်။

ရွှယ်လီဒန်နီက သဘောတူပေမယ့် ရွှယ်ဇီရွှမ်က အေးစက်စက်ဖြင့် ဗီတိုအာဏာသုံးကာ ပယ်ချလိုက်သည်။

"မလိုဘူး.. ခုချက်ချင်း ဆေးရုံဆင်းဖို့ လိုအပ်တာစီစဉ်ပေးပါ.."

သူက ဒီစကားပြောရင်း နာရီကအချိန်ကိုကြည့်ကာ ဒီအချိန်ဆိုရင် ရှောင်ရီက သူတို့ရွှယ်မိသားစုအိမ်တော်ကို ခေါ်ဆောင်လာခြင်းခံရပြီဟု တွေးနေသည်။ ဒီကမ္ဘာနဲ့ပတ်သက်ပြီး သူ့ခေါင်းထဲ ဘာမှမမှတ်မိပေမယ့် ဒီကောင်လေးရဲ့အပြုံး၊ လှုပ်ရှားမှုလေးတစ်ခုကအစ အရိုးထဲစွဲနေသလို မှတ်မိနေသည်။ ဒီဟာက သူ့စိတ်ဝိညာဉ် အနက်ရှိုင်းဆုံးမှာ မှတ်သားထားမိတဲ့ အချက်လည်းဖြစ်သည်။ ဒီကမ္ဘာက ကမ္ဘာအစစ်ဟုတ်သလား၊ မဟုတ်ဘူးလား..၊ ဒီဟာတွေက တကယ်လား၊ ပုံရိပ်ယောင်ခံစားချက်လား..၊ ဘာဖြစ်ဖြစ် မထူးခြားလှပေ။

"သား.. ဘာကြောင့် ဆေးရုံမှာ ဆက်မနေရတာလဲ.. အမေက သားရဲ့ပွဲတွေကို လဝက်စာလောက် နောက်ဆုတ်လိုက်ပြီးပြီ.. ဘာပဲဖြစ်ဖြစ် သားရဲ့ကျန်းမာရေးက အရေးကြီးဆုံးလေ.."

ရွှယ်လီဒန်နီက အပြင်းအထန် ဖျောင်းဖျလိုက်သည်။

"ဟုတ်တယ်အစ်ကိုကြီး.. ညီမလေးကိုပဲကြည့်လေ.. ညီမလေးဆိုရင် ကျန်းမာရေးမကောင်းလို့ လုပ်ချင်တာလည်း မလုပ်ရဘူး.. အစ်ကိုကြီးက ညီမလေးလို ဖြစ်ချင်လို့လား.."

ရွှယ်ကျင်းရီက ရယ်မောကာ ပြောလိုက်သည်။

ရွှယ်ဇီရွှမ်က မလှုပ်ပေ။ သူက ဗီရိုကိုဖွင့်ပြီး အဝတ်အစားကိုထုတ်ရင်း မသိမသာမေးလိုက်သည်။

"ရှောင်ရီကော.. သူဘယ်မှာလဲ.."

"ရှောင်ရီက ဒီမှာလေ.. သား ရူးသွားပြီလား.. ဒေါက်တာ.. .ကျွန်မသား တကယ်ပဲ တစ်ခုခုဖြစ်နေပြီထင်တယ်.."

ရွှယ်လီဒန်နီက 'ရှောင်ရီ' ဆိုတာ ရွှယ်ကျင်းရီကိုပြောတယ်လို့ ထင်သွားခဲ့ပြီး အစက အေးဆေးနေပေမယ့် အခုတော့ စိတ်ပူလာခဲ့သည်။ လူတစ်ယောက်လုံးရှေ့ထားပြီး မေးနေတာက သူမသား သတိလစ်နေချိန် ခေါင်းထိသွားပြီး ဦးနှောက်ပျက်သွားသလားဟု တွေးလိုက်မိသည်။

ဆရာဝန်လည်း ပုခုံးတွန့်ကာ မသိဘူးဟုပြောပြီး အမြန်ထွက်သွားတော့သည်။

"အစ်ကိုကြီး.. ညီမလေး ဒီမှာလေ.. အစ်ကိုကြီး သတိမေ့နေတဲ့တလျှောက်လုံး ညီမလေး ဘေးမှာရှိနေပါတယ်.."

ရွှယ်ကျင်းရီက ရှက်စိတ်ကို ဖုံးဖို့ကြိုးစားပြီး အစ်ကိုကြီး၏လက်မောင်းကို ဖက်တွယ်ကာ ပြောလိုက်သည်။ သူမက သမီးရင်းမဟုတ်တာကြောင့် စိုးရွံ့တာထက် ပျော်တာကပိုသည်။ သွေးသားရင်းမဟုတ်သောကြောင့် သူမ၏ခံစားချက်ကို နောင်မှာ ပွင့်လင်းစွာပြောပြပြီး ချစ်သောအစ်ကိုကြီးနှင့် ငြိမ်းချမ်းစွာ တစ်သက်လုံးနေသွားရဖို့ မျှော်လင့်မိသည်။

သူမဖက်တွယ်ထားသည့်လက်မောင်းက မြွေတစ်ကောင်လာရစ်ထားသလို အေးစက်စက်နဲ့ ရွံရှာဖွယ်ကောင်းတယ်လို့ ခံစားလိုက်ရပြီး ရွှယ်ဇီရွှမ်က သူမလက်ကိုပယ်ချကာ သူ့အိတ်ကိုကောက်ကိုင်ပြီး မျက်လုံးမှေးစင်းကာ မေးလိုက်သည်။

"ကျွန်တော် ဟွမ်ရီအကြောင်းမေးနေတာ.. သူ ဘယ်မှာလဲ.."

======================

ရွှယ်ဇီရွမ် (Completed) (MM Translation)Where stories live. Discover now