Chapter (3-5)- ေတာင္းပန္္ပါတယ္ ကိုယ့္ခ်စ္သူေလးရယ္

7.7K 1.1K 22
                                    

Chapter (3-5) - ေတာင္းပန္္ပါတယ္ ကိုယ့္ခ်စ္သူေလးရယ္


႐ႊယ္လီဒန္နီသည္ သား၏မ်က္လုံးမ်ားထဲမွ ေမွးမွိန္သည့္ မ်က္ႏွာထက္မွ စိတ္ရႈပ္ေထြးေနသည့္ အရိပ္ကို ျမင္ေတာ့ စိတ္ပူသြားမိသည္။ သူမ၏ သားက သူ႔ညီမရင္း ေသဆုံးသြားတုန္းကလည္း မ်က္ရည္မက်ပဲ ခုလို ေအးစက္စက္ပုံျဖစ္ ခဲ့သည္။ သားျဖစ္သူ ဘာေတြႀကဳံေတြ႕ခဲ့ရတာလဲ။ ဒီလိုျဖစ္ေအာင္ ဘယ္သူကလုပ္ခဲ့တာလဲ။ ဒါမွမဟုတ္ သူမစိတ္ထင္တာလား။

ကားသည္ စိမ္းလန္းစိုေျပေသာေဂါက္ကြင္း၏ ဟိုးအတြင္းဘက္ရွိ   villa ရွိရာကို ဦးတည္လာခဲ့သည္။ ကား ဘီးမ်ားသည္ေက်ာက္စရစ္ခဲမ်ား ခင္းထားသည့္ လမ္းတစ္ေလွ်ာက္ ျဖတ္ေမာင္းကာ ဆူညံသံထြက္လာ သည္။ ႐ႊယ္ဇီ႐ြမ္ သည္  လက္သီးကိုကို ဆုပ္ကာအံကိုႀကိတ္ထားၿပီး မ်က္လုံးမ်ားက ပူစပ္လို႔လာသည္။

သူသည္ အႀကိမ္ႀကိမ္ အသက္ျပင္းျပင္းရႉလိုက္သည္၊ ေၾကာက္႐ြံ႕ ျခင္း ႏွင့္ေမွ်ာ္လင့္ျခင္းက သူ၏ရင္ဘတ္ထဲတြင္  ရႈပ္ေထြးမႈတစ္ခုျဖစ္လာၿပီး သူ႔ကို ပို၍ ဖိအားမ်ားလာေစသည္။ ဤအခိုက္အတန႔္၌ သူ အိမ္ျပန္လာရသည့့္ခံစားခ်က္က ဘယ္လိုဆိုတာ ေနာက္ဆုံး နားလည္ခဲ့သည္။  ဒုတိယအခြင့္အေရးရခ်င္သည့္  အနက္ရႈိင္းဆုံးဆႏၵ လည္း ျပည့္ခဲ့ေလၿပီ။ ဒါေပမယ့္ အိမ္ကိုေရာက္ဖို႔နီးလာေလ စိတ္လႈပ္ရွားလာေလျဖစ္သည္။

"အေမတို႔အိမ္ကို ျပန္ေရာက္ၿပီ။ ဇီဆြမ္။ ဘာျဖစ္လို႔လဲ။ ေနလို႔မေကာင္းဘူးလား။ အေမက ေဆး႐ုံမွာေနဖို႔ေျပာေပမယ့္ မင္းက နားမေထာင္ခဲ့ဘူး။ Xiao Wang၊ ငါတို႔ကို ေဆး႐ုံကိုျပန္ပို႔ေပး!"

႐ႊယ္လီဒန္နီက  ကားထဲမွထြက္ခဲ့ၿပီး ခဏေစာင့္ခဲ့ေပမယ့္  သူမ၏သား မလႈပ္ရွားေသးေၾကာင္းေတြ႕ေတာ့ သူမ အလ်င္အျမန္ ကား အတြင္းပိုင္း ကို ငုံ႔ကာ ၾကည့္ရႈလိုက္စဥ္ သူမ၏သား၏ ေဖ်ာ့ေတာ့သည့္ မ်က္ႏွာထက္ နဖူးေပၚတြင္ ေခြၽးတို႔ သီးေနသည္ကို ေတြ႕ေသာ္ စိုးရိမ္ကာ အမိန႔္ေပးလိုက္သည္။

"ကြၽန္ေတာ္အဆင္ေျပပါတယ္။ ေဆး႐ုံကိုသြားစရာမလိုပါဘူး"

႐ႊယ္ဇီ႐ြမ္ ကအသည္းအသန္ေျဖၾကားခဲ့သည္။ အကယ္၍   ဂ႐ုတစိုက္ နားေထာင္ပါက သူ၏အသံမွ အားနည္းေနသည့္ တုန္ခါမႈကို သိျမင္ႏိုင္သည္။ သူသည္  မ်က္ေတာင္ခတ္လ်က္၊  မ်က္ရည္မ်ား ထြက္မလာေအာင္ထိန္းကာ ကားေပၚမွဆင္းလိုက္သည္။ သူသည္ေရွ႕သို႔ ေျခလွမ္းလွမ္းၿပီးေနေရာင္ျခည္ျဖာက်ေနသည့္ ေကာင္းကင္ကို ေနာက္ခံထားသည့္ အိမ္ကိုစိုက္ၾကည့္ေနခဲ့သည္။

"ကိုကို အျပင္မွာေအးတယ္။ အထဲမွာသြားနားရေအာင္...  "

႐ႊယ္က်င္းရီက  သူ႔ လက္ေမာင္းကိုဆုပ္ကိုင္ရန္ႀကိဳးပမ္းစဥ္ သူမ လက္ကို သူက ညင္သာစြာ တြန္းဖယ္လိုက္သည္။ ႐ႊယ္ဇီ႐ြမ္က သူမ အနားမကပ္လာခင္ ေရွာင္ကာ အိမ္ႀကီးရွိရာကိုေလွ်ာက္လာခဲ့သည္။ ပထမ သူ႔ေျခလွမ္းေတြက ေႏွးေကြးေပမယ့္ တျဖည္းျဖည္းျမန္လာၿပီး အိမ္ေတာ္ထဲကို အျမန္ဝင္လာခဲ့သည္။ သူက သစ္သားတံခါးမကို အရွိန္ ႏွင့္တြန္းဖြင့္ကာ အိမ္ထဲဝင္လိုက္စဥ္ ဧည့္ခန္းက ဗလာက်င္းေနသည္။ မီးဖိုေခ်ာင္ထဲတြင္ အိမ္ေဖာ္မ်ားႏွင့္ သူနာျပဳဆရာမမ်ားက အတင္းေျပာကာ ရယ္ေမာေနၾကသည္။

 အိမ္ေရွ႕တံခါးဖြင့္ေနသံကို ၾကားသည့္အခါ သူတို႔သည္မ်က္ႏွာမ်ား  အံ့အားသင့္သြားၿပီး အျပင္ကို ေျပးကာ ထြက္လာၾကသည္။
 
"မစၥတာ ႐ႊယ္ သတိရလာၿပီလား"

"သခင္ေလး ေဆး႐ုံကျပန္လာၿပီလား။ ကြၽန္မ ဆန္ျပဳတ္ျပဳတ္ထားတယ္။ တစ္ပန္းကန္ ထည့္ေပးရမလား။ အိုး...သခင္မႀကီးနဲ႔ သခင္မေလးလည္း ျပန္လာၿပီပဲ "

သူနာျပဳ Xiao Deng သည္ ႐ႊယ္လီဒန္နီ၏ ခရီးေဆာင္အိတ္မ်ားကို ကူသယ္ေပးၿပီး  ျဖဴဖပ္ျဖဴေရာ္ျဖစ္ေနသည့္ ႐ႊႊယ္က်င္းရီကို  ဆိုဖာေပၚတြင္ထိုင္ေစသည္။

႐ႊယ္ဇီ႐ြမ္က သူတို႔ကိုလ်စ္လ်ဴရႈၿပီး ဧည့္ခန္းကို ပတ္ၾကည့္ေပမယ့္ သူရွာေနသည့္ လူငယ္ေလးကို မေတြ႕ရေပ။ ေကာင္ေလးက ေအာက္ထပ္မွာ ေနေလ့မရွိသည္ကို သတိရသြားၿပီး အေပၚထပ္ကိုလွမ္း ၾကည့္လိုက္သည္။ ထိုအခ်ိန္တြင္ လူငယ္တစ္ေယာက္သည္ေလွကားထိပ္ ကေနၿပီး သူတို႔ကို ေခါင္းျပဴၾကည့္ေနသည္။

"မစၥတာ ႐ႊယ္ ခင္ဗ်ား ျပန္လာၿပီလား "

က်ိဳးယြင္ရွန႔္က မ်က္ႏွာမခ်လိုက္ရေသးခ်င္ ႐ႊယ္ဇီ႐ြမ္၏ နက္ရႈိင္းသည့္ မ်က္ဝန္းႏွင့္ အၾကည့္ျခင္းဆုံသြားသည္။ ဟုတ္တာေပ့ါ။ ေဆး႐ုံကေန ဆင္းလာၿပီ။ လူေကာင္းေတြသာ ငယ္ငယ္ေလးႏွင့္ ေသဆုံးၾကသည္။ မေကာင္းဆိုးဝါးလိုလူေတြက ေတာ္ေတာ္ႏွင့္မေသတတ္ၾကေပ။

"အင္း...ဟုတ္တယ္ ငါျပန္လာၿပီ"

ဒီတစ္ခါေတာ့ မင္း ကိုယ့္ကိုကာကြယ္ေပး ဦး မွာလား။

ဤစကားမ်ားသည္ တစ္ခ်ိန္က သူ၏အိပ္မက္မ်ားထဲတြင္  အႀကိမ္ ႀကိမ္ေျပာေနမိသည့္ စကားမ်ားျဖစ္သည္။ အခု သူ႔ အိပ္မက္ အေကာင္ထည္ ေပၚလာသည့္အခါ  သူ လက္ေတြ႕ ေျပာမထြက္ႏိုင္သျဖင့္  စိတ္ရႈပ္ေထြးေနသည္။ သူသည္ေလွကားထစ္မ်ားကို ဂ႐ုတစိုက္မပဲ အေပၚထပ္ကို ေျပးတက္လာၿပီး ေကာင္ေလးကို သူ႔လက္ေမာင္းမ်ားၾကား ေထြးေပြ႕ကာ တင္းတင္းဖက္ထားလိုက္သည္။

"ကိုယ္ျပန္လာၿပီ၊ ေနာက္ဆုံးေတာ့ျပန္လာၿပီ"

သူ၏ေခါင္းကို လူငယ္ေလး၏ေႏြးေထြးေသာပခုံးထက္တြင္ျမႇဳပ္ထားၿပီး သူ၏မ်က္ႏွာေပၚတြင္ အလြန္ပူေဆြးေသာကေရာက္ေနျခင္းႏွင့္ ခါးသီးနာက်င္မႈမ်ားေၾကာင့္ မ်က္ရည္မ်ား  မထိန္းႏိုင္ပဲက်ဆင္း လာေတာ့သည္။ သူသည္ပါးစပ္ကိုဖြင့ ္၍ စကားေျပာႏိုင္ေအာင္  ႀကိဳးပမ္း ခဲ့ေပမယ့္ ႐ုတ္တရက္သေဘာေပါက္လိုက္တာက ယခုအခ်ိန္ လူငယ္ေလး၏အသက္ရႉသံ၊ ႏွလုံးခုန္သံႏွင့္ခႏၶာကိုယ္အပူခ်ိန္မ်ားကို ခံစားခ်င္တာထက္ ဒီ ကမာၻေပၚတြင္ သူ လိုခ်င္တာ ဘာမွ မရွိေတာ့ေပ။

သူက ငိုခ်င္ စိတ္ကိုျပင္းျပင္းထန္ထန္ခ်ိဳးႏွိမ္ထားၿပီး ႏွလုံးသားထဲမွာ ဝမ္းနည္းပူေဆြးမႈေတြနဲ႔ျပည့္ႏွက္ေနေတာ့ ဒီေကာင္ေလးကို ထပ္ၿပီး ဆုံးရႈံးသြားမွာကို ေၾကာက္႐ြံ႕စိတ္တို႔ေၾကာင့္ တုန္ယင္လာရာ သူဖက္ထားသည့္ ေကာင္ေလးကိုယ္ကပင္ လိုက္ပါ တုန္ယင္လာသည့္ အထိျဖစ္လာသည္။

က်ိဳးယြင္ရွန႔္က သူ႔ပခုံးထက္တြင္ စိုစြတ္ျခင္းကိုခံစားလာရၿပီး သူ႔ကို တင္းတင္းဖက္ထားသည့္ အင္အားႀကီးသည့္ သခင္ေလးက တစုံတခုေၾကာင့္ စိတ္ထိခိုက္ေနဟန္ျဖင့္  တိတ္တဆိတ္ မ်က္ရည္ေတြ စီးက်ေနၿပီး တီးတိုးရႈိက္သံက အလြန္စိတ္မေကာင္းစရာလို႔ ျမင္လာေစ သည္။ ႐ႊယ္ဇီ႐ြမ္ကို တခုခု စိတ္မေကာင္းျဖစ္ေအာင္ လုပ္မိမည္ စိုးေသာေၾကာင့္ ေလွကားေအာက္ေျခရွိ က်န္မိသားစုဝင္ မ်ားသည္ သူတို႔ကို စိတ္ရႈပ္ေထြးစြာ ေမာ့ၾကည့္ၿပီး ခ်ဥ္းကပ္ရန္တြန႔္ဆုတ္ေန ၾကသည္။

က်ိဳးယြင္ရွန႔္ ႐ုတ္တရက္ရယ္ခ်င္လာခဲ့သည္။ ဒီအေျခအေနတစ္ခုလုံး ဘာျဖစ္သြားတာလဲ။ အျခားလူေတြကို လ်စ္လ်ဴရႈၿပီး သူ႔ကို ေပြ႕ဖက္ေနသည္။ ႐ႊယ္ဇီ႐ြမ္က ေဆး႐ုံမွဆင္းၿပီးသူ၏ ဦးေႏွက္ ေပ်ာ့ေျပာင္းသြားၿပီလား။ ဒါေပမယ့္ သူက ႐ႊယ္ဇီ႐ြမ္ရဲ႕ ၀မ္းနည္းမႈကို နားမလည္ႏိုင္သကဲ့သို႔ စာနာ ၍လည္း မရႏိုင္ပါ။ ကိုယ့္ရဲ႕နွလုံးကို ထုတ္ယူတာထက္ ဆိုးတာ ဘာရွိေသးလဲ။  သူ႕ နွလံုး အထုတ္ခံရမယ္ ဆိုတာ သိတာေတာင္ သူ မငိုတာ။ ႐ႊယ္ဇီ႐ြမ္က ငိုဖို႕ အရည္ခ်င္းရွိ လို႕လား။

က်ိဳးယြင္ရွန္႕က ရြံရွာစိတ္ကို ျမိဳသိပ္ျပီး ေမးလို္က္သည္။

" Mr. ရႊယ္ တစ္ခုခုျဖစ္ခဲ့တာလား" ဟုတိုးတိုးေျပာလိုက္သည္။

႐ႊယ္ဇီ႐ြမ္က ဘာမွျပန္မေျဖပဲ ေကာင္ေလး၏ ခါးကို တင္းတင္းဖက္ ထားသည္။ ဖက္ရံုမက ညစ္ထားသလိုကို တင္းက်ပ္လို႕ေနသည္။  အျခားေ႐ြးခ်ယ္စရာလမ္းမရွိေသာေၾကာင့္ သူသည္ ႐ႊယ္ဇီ႐ြမ္၏ေခါင္းကို ပြတ္သပ္လိုက္ၿပီး နွစ္သိမ့္လိုက္စဥ္ ဒဏ္ရာရေနသည့္ လက္ေခ်ာင္းမ်ားက နာက်င္လာသည္။ သူက ထပ္ေျပာလိုက္သည္။

 "မစၥတာ ရႊယ္... တခုခုျဖစ္ရင္ ထုတ္ေျပာလိုက္ပါ။ ရင္ထဲမွာ ျမိဳသိပ္ထားတာ မေကာင္းပါဘူး။ အခု အန္တီ  နဲ႔ က်င္းရီတို႔  အရမ္းစိတ္ပူေနၾကတယ္"

ေနာက္ဆုံးတြင္ ႐ႊယ္ဇီ႐ြမ္ အငိုရပ္သြားျပီး ေခါင္းကိုထူကာ နီရဲေနသည့္ မ်က္လံုးမ်ားျဖင့္ လူငယ္ေလးကို စိုက္ႀကည့္ျပီး နူးညံ့သည့္ ဆံပင္မ်ားကို ပြတ္သပ္ကာ ေဖ်ာ့ေတာ့စြာ ျပံုးျပလုိက္သည္။ ေသခ်ာသည္။ အခု ေကာင္ေလးက အျပစ္ကင္းသည့္ ၁၆ ႏွစ္အ႐ြယ္တြင္ရွိေနသည္။ ဘာမွ ဆိုးဆိုးဝါးဝါးမျဖစ္ေလာက္ေသးေပ။  က်ိဳးယြင္ရွန္႕၏ ဆံပင္ေလးကို ကိုင္တြယ္မိစဥ္ သူ၏ေၾကာက္႐ြံ႕မႈႏွင့္စိုးရိမ္မႈမ်ားအားလုံး ဝမ္းေျမာက္ ျခင္းႏွင့္ေက်းဇူးတင္ျခင္းအျဖစ္သို႔ေျပာင္းလဲသြားသည္။ ႐ႊယ္ဇီ႐ြမ္က ေကာင္ေလးရဲ႕ ဆံပင္ေတြကို မ်က္ႏွာေပၚကေနျဖည္းျဖည္း ခ်င္း ဖယ္ လိုက္ၿပီးႏူးညံ့တဲ့ ပါးကိုနမ္းလိုက္သည္။ ဒီအနမ္းထဲမွာ ဝမ္းနည္းမႈနွင့္ ခ်စ္ျခင္းအျပည့္တုိ႕ပါဝင္ေနသည္။

ေအာက္ထပ္မွ ႀကည့္ေနသည့္ ရႊယ္မိသားစုက မူးလဲခ်င္လုနီးပါး  အံ့အားသင့္ခဲ့သည္။ က်ိဳးယြင္ရွန္႕လည္း မယံုနုိင္ေအာင္ျဖစ္ကာ သူ႕ပါးျပင္ကို ပတ္တီးစည္းထားသည့္ လက္ျဖင့္ ကိုင္ႀကည့္ေနမိသည္။

႐ႊယ္ဇီ႐ြမ္၏ေအးေဆးတည္ၿငိမ္ေသာ အမူယာက ေကာင္ေလး၏  လက္ေခ်ာင္းမ်ားကို ပတ္ထားသည့္ ပတ္တီးမ်ားစြာကို တို႔ထိလိုက္ေသာအခါ သူ ခ်က္ခ်င္း ထိတ္လန႔္တုန္လႈပ္သြားသည္။ ကမာၻႀကီးရဲ႕ ရတနာ အျဖစ္သတ္မွတ္ခဲ့ၾကေသာ ဒီလက္ႏွစ္ဖက္က  ထိခိုက္ဒဏ္ရာရခဲ့ဖူးတာလား? "

သူ႕ဦး ေႏွာက္၏ အနက္ဆုံးအနက္ရႈိင္းဆုံးေနရာ၌ျမႇဳပ္ႏွံ ထားရေသာ လက္ရွိဘဝ၏ အမွတ္တရ အားလုံး ႐ုတ္တရက္သတိျပန္ရလာျပီး သူက သူက ဒီေကာင္ေလးကို သတ္ျဖတ္ဖို႔ရည္႐ြယ္ခ်က္ျဖင့္ေခၚေဆာင္လာျခင္း၊ လူငယ္ေလး၏ ထိေတြ႕မႈကိုျငင္းပယ္ျခင္း၊ သူႏွင့္ ရင္းႏွီးကြၽမ္းဝင္ဖုိ႕ ေကာင္ေလးရဲ႕ ႀကိဳးစားမႈကိုျငင္းပယ္ခဲ့ၿပီး သူ၏ စားပြဲတစ္ခုတည္း ထမင္းစားဖို႕ေတာင္ ျငင္းဆန္ခဲ့သည္။ ေနာက္ဆုံး သူသည္ စႏၵရားအဖုံးကို ေကာင္ေလး၏ လက္ေခ်ာင္းမ်ားေပၚ ဖိခ်ကာ ဒဏ္ရာရေစခဲ့သည္။

သူသည္ ရက္စက္ၾကမ္းၾကဳတ္ေသာ မိမိ၏အတိတ္ လုပ္ရပ္မ်ားကို ျပန္သတိရျပီး သူ႕ဖာသာ မယုံႏိုင္ေလာက္ေအာင္ျဖစ္ေနမိသည္။ သူက ဒဏ္ရာရထားသည့္ လက္ကို ဖြဖြေလး ဆုပ္ကိုင္ထားေပမယ့္ သူ႕လက္က တုန္ယင္လို႕ေနသည္။ သူ႕ေႀကာင့္ သူခ်စ္တဲ့ေကာင္ေလး ေနာက္ထပ္ အႏၲရာယ္ျဖစ္ေစႏိုင္ မွာကိုေၾကာက္ေနမိသည္။ သူ႕နွလုံးသည္ မခံမရပ္ႏိုင္ေအာင္ နာက်င္လာျပီး ေကာင္ေလးအစား သူသာ ျဖစ္လိုက္ခ်င္သည္။ 

ဒီေကာင္ေလးက သူ႕ရဲ႕တစ္ဦးတည္းေသာ တစ္ေယာက္တည္းေသာ ခ်စ္သူျဖစ္မယ္ဆိုတာ သူ အဲ့ဒီအခ်ိန္တုန္းက မသိခဲ့ဘူး။ တကယ္လို႕ သိခဲ့ရင္ ဒီလိုႀကမ္းတမ္းတာ၊ ဒဏ္ရာေတြရေအာင္ ဘယ္လုပ္ရက္မွာလဲ။


========= = =======================

Chapter (3-5) - တောင်းပန်ပါတယ် ကိုယ့်ချစ်သူလေးရယ်



ရွှယ်လီဒန်နီသည် သား၏မျက်လုံးများထဲမှ မှေးမှိန်သည့် မျက်နှာထက်မှ စိတ်ရှုပ်ထွေးနေသည့် အရိပ်ကို မြင်တော့ စိတ်ပူသွားမိသည်။ သူမ၏ သားက သူ့ညီမရင်း သေဆုံးသွားတုန်းကလည်း မျက်ရည်မကျပဲ ခုလို အေးစက်စက်ပုံဖြစ် ခဲ့သည်။ သားဖြစ်သူ ဘာတွေကြုံတွေ့ခဲ့ရတာလဲ။ ဒီလိုဖြစ်အောင် ဘယ်သူကလုပ်ခဲ့တာလဲ။ ဒါမှမဟုတ် သူမစိတ်ထင်တာလား။

ကားသည် စိမ်းလန်းစိုပြေသောဂေါက်ကွင်း၏ ဟိုးအတွင်းဘက်ရှိ   villa ရှိရာကို ဦးတည်လာခဲ့သည်။ ကား ဘီးများသည်ကျောက်စရစ်ခဲများ ခင်းထားသည့် လမ်းတစ်လျှောက် ဖြတ်မောင်းကာ ဆူညံသံထွက်လာ သည်။ ရွှယ်ဇီရွမ် သည်  လက်သီးကိုကို ဆုပ်ကာအံကိုကြိတ်ထားပြီး မျက်လုံးများက ပူစပ်လို့လာသည်။

သူသည် အကြိမ်ကြိမ် အသက်ပြင်းပြင်းရှူလိုက်သည်၊ ကြောက်ရွံ့ ခြင်း နှင့်မျှော်လင့်ခြင်းက သူ၏ရင်ဘတ်ထဲတွင်  ရှုပ်ထွေးမှုတစ်ခုဖြစ်လာပြီး သူ့ကို ပို၍ ဖိအားများလာစေသည်။ ဤအခိုက်အတန့်၌ သူ အိမ်ပြန်လာရသည့်ခံစားချက်က ဘယ်လိုဆိုတာ နောက်ဆုံး နားလည်ခဲ့သည်။  ဒုတိယအခွင့်အရေးရချင်သည့်  အနက်ရှိုင်းဆုံးဆန္ဒ လည်း ပြည့်ခဲ့လေပြီ။ ဒါပေမယ့် အိမ်ကိုရောက်ဖို့နီးလာလေ စိတ်လှုပ်ရှားလာလေဖြစ်သည်။

"အမေတို့အိမ်ကို ပြန်ရောက်ပြီ။ ဇီဆွမ်။ ဘာဖြစ်လို့လဲ။ နေလို့မကောင်းဘူးလား။ အမေက ဆေးရုံမှာနေဖို့ပြောပေမယ့် မင်းက နားမထောင်ခဲ့ဘူး။ Xiao Wang၊ ငါတို့ကို ဆေးရုံကိုပြန်ပို့ပေး!"

ရွှယ်လီဒန်နီက  ကားထဲမှထွက်ခဲ့ပြီး ခဏစောင့်ခဲ့ပေမယ့်  သူမ၏သား မလှုပ်ရှားသေးကြောင်းတွေ့တော့ သူမ အလျင်အမြန် ကား အတွင်းပိုင်း ကို ငုံ့ကာ ကြည့်ရှုလိုက်စဉ် သူမ၏သား၏ ဖျော့တော့သည့် မျက်နှာထက် နဖူးပေါ်တွင် ချွေးတို့ သီးနေသည်ကို တွေ့သော် စိုးရိမ်ကာ အမိန့်ပေးလိုက်သည်။

"ကျွန်တော်အဆင်ပြေပါတယ်။ ဆေးရုံကိုသွားစရာမလိုပါဘူး"

ရွှယ်ဇီရွမ် ကအသည်းအသန်ဖြေကြားခဲ့သည်။ အကယ်၍   ဂရုတစိုက် နားထောင်ပါက သူ၏အသံမှ အားနည်းနေသည့် တုန်ခါမှုကို သိမြင်နိုင်သည်။ သူသည်  မျက်တောင်ခတ်လျက်၊  မျက်ရည်များ ထွက်မလာအောင်ထိန်းကာ ကားပေါ်မှဆင်းလိုက်သည်။ သူသည်ရှေ့သို့ ခြေလှမ်းလှမ်းပြီးနေရောင်ခြည်ဖြာကျနေသည့် ကောင်းကင်ကို နောက်ခံထားသည့် အိမ်ကိုစိုက်ကြည့်နေခဲ့သည်။

"ကိုကို အပြင်မှာအေးတယ်။ အထဲမှာသွားနားရအောင်...  "

ရွှယ်ကျင်းရီက  သူ့ လက်မောင်းကိုဆုပ်ကိုင်ရန်ကြိုးပမ်းစဉ် သူမ လက်ကို သူက ညင်သာစွာ တွန်းဖယ်လိုက်သည်။ ရွှယ်ဇီရွမ်က သူမ အနားမကပ်လာခင် ရှောင်ကာ အိမ်ကြီးရှိရာကိုလျှောက်လာခဲ့သည်။ ပထမ သူ့ခြေလှမ်းတွေက နှေးကွေးပေမယ့် တဖြည်းဖြည်းမြန်လာပြီး အိမ်တော်ထဲကို အမြန်ဝင်လာခဲ့သည်။ သူက သစ်သားတံခါးမကို အရှိန် နှင့်တွန်းဖွင့်ကာ အိမ်ထဲဝင်လိုက်စဉ် ဧည့်ခန်းက ဗလာကျင်းနေသည်။ မီးဖိုချောင်ထဲတွင် အိမ်ဖော်များနှင့် သူနာပြုဆရာမများက အတင်းပြောကာ ရယ်မောနေကြသည်။

 အိမ်ရှေ့တံခါးဖွင့်နေသံကို ကြားသည့်အခါ သူတို့သည်မျက်နှာများ  အံ့အားသင့်သွားပြီး အပြင်ကို ပြေးကာ ထွက်လာကြသည်။
 
"မစ္စတာ ရွှယ် သတိရလာပြီလား"

"သခင်လေး ဆေးရုံကပြန်လာပြီလား။ ကျွန်မ ဆန်ပြုတ်ပြုတ်ထားတယ်။ တစ်ပန်းကန် ထည့်ပေးရမလား။ အိုး...သခင်မကြီးနဲ့ သခင်မလေးလည်း ပြန်လာပြီပဲ "

သူနာပြု Xiao Deng သည် ရွှယ်လီဒန်နီ၏ ခရီးဆောင်အိတ်များကို ကူသယ်ပေးပြီး  ဖြူဖပ်ဖြူရော်ဖြစ်နေသည့် ရွှွှယ်ကျင်းရီကို  ဆိုဖာပေါ်တွင်ထိုင်စေသည်။

ရွှယ်ဇီရွမ်က သူတို့ကိုလျစ်လျူရှုပြီး ဧည့်ခန်းကို ပတ်ကြည့်ပေမယ့် သူရှာနေသည့် လူငယ်လေးကို မတွေ့ရပေ။ ကောင်လေးက အောက်ထပ်မှာ နေလေ့မရှိသည်ကို သတိရသွားပြီး အပေါ်ထပ်ကိုလှမ်း ကြည့်လိုက်သည်။ ထိုအချိန်တွင် လူငယ်တစ်ယောက်သည်လှေကားထိပ် ကနေပြီး သူတို့ကို ခေါင်းပြူကြည့်နေသည်။

"မစ္စတာ ရွှယ် ခင်ဗျား ပြန်လာပြီလား "

ကျိုးယွင်ရှန့်က မျက်နှာမချလိုက်ရသေးချင် ရွှယ်ဇီရွမ်၏ နက်ရှိုင်းသည့် မျက်ဝန်းနှင့် အကြည့်ခြင်းဆုံသွားသည်။ ဟုတ်တာပေ့ါ။ ဆေးရုံကနေ ဆင်းလာပြီ။ လူကောင်းတွေသာ ငယ်ငယ်လေးနှင့် သေဆုံးကြသည်။ မကောင်းဆိုးဝါးလိုလူတွေက တော်တော်နှင့်မသေတတ်ကြပေ။

"အင်း...ဟုတ်တယ် ငါပြန်လာပြီ"

ဒီတစ်ခါတော့ မင်း ကိုယ့်ကိုကာကွယ်ပေး ဦး မှာလား။

ဤစကားများသည် တစ်ချိန်က သူ၏အိပ်မက်များထဲတွင်  အကြိမ် ကြိမ်ပြောနေမိသည့် စကားများဖြစ်သည်။ အခု သူ့ အိပ်မက် အကောင်ထည် ပေါ်လာသည့်အခါ  သူ လက်တွေ့ ပြောမထွက်နိုင်သဖြင့်  စိတ်ရှုပ်ထွေးနေသည်။ သူသည်လှေကားထစ်များကို ဂရုတစိုက်မပဲ အပေါ်ထပ်ကို ပြေးတက်လာပြီး ကောင်လေးကို သူ့လက်မောင်းများကြား ထွေးပွေ့ကာ တင်းတင်းဖက်ထားလိုက်သည်။

"ကိုယ်ပြန်လာပြီ၊ နောက်ဆုံးတော့ပြန်လာပြီ"

သူ၏ခေါင်းကို လူငယ်လေး၏နွေးထွေးသောပခုံးထက်တွင်မြှုပ်ထားပြီး သူ၏မျက်နှာပေါ်တွင် အလွန်ပူဆွေးသောကရောက်နေခြင်းနှင့် ခါးသီးနာကျင်မှုများကြောင့် မျက်ရည်များ  မထိန်းနိုင်ပဲကျဆင်း လာတော့သည်။ သူသည်ပါးစပ်ကိုဖွင့ ်၍ စကားပြောနိုင်အောင်  ကြိုးပမ်း ခဲ့ပေမယ့် ရုတ်တရက်သဘောပေါက်လိုက်တာက ယခုအချိန် လူငယ်လေး၏အသက်ရှူသံ၊ နှလုံးခုန်သံနှင့်ခန္ဓာကိုယ်အပူချိန်များကို ခံစားချင်တာထက် ဒီ ကမ္ဘာပေါ်တွင် သူ လိုချင်တာ ဘာမှ မရှိတော့ပေ။

သူက ငိုချင် စိတ်ကိုပြင်းပြင်းထန်ထန်ချိုးနှိမ်ထားပြီး နှလုံးသားထဲမှာ ဝမ်းနည်းပူဆွေးမှုတွေနဲ့ပြည့်နှက်နေတော့ ဒီကောင်လေးကို ထပ်ပြီး ဆုံးရှုံးသွားမှာကို ကြောက်ရွံ့စိတ်တို့ကြောင့် တုန်ယင်လာရာ သူဖက်ထားသည့် ကောင်လေးကိုယ်ကပင် လိုက်ပါ တုန်ယင်လာသည့် အထိဖြစ်လာသည်။

ကျိုးယွင်ရှန့်က သူ့ပခုံးထက်တွင် စိုစွတ်ခြင်းကိုခံစားလာရပြီး သူ့ကို တင်းတင်းဖက်ထားသည့် အင်အားကြီးသည့် သခင်လေးက တစုံတခုကြောင့် စိတ်ထိခိုက်နေဟန်ဖြင့်  တိတ်တဆိတ် မျက်ရည်တွေ စီးကျနေပြီး တီးတိုးရှိုက်သံက အလွန်စိတ်မကောင်းစရာလို့ မြင်လာစေ သည်။ ရွှယ်ဇီရွမ်ကို တခုခု စိတ်မကောင်းဖြစ်အောင် လုပ်မိမည် စိုးသောကြောင့် လှေကားအောက်ခြေရှိ ကျန်မိသားစုဝင် များသည် သူတို့ကို စိတ်ရှုပ်ထွေးစွာ မော့ကြည့်ပြီး ချဉ်းကပ်ရန်တွန့်ဆုတ်နေ ကြသည်။

ကျိုးယွင်ရှန့် ရုတ်တရက်ရယ်ချင်လာခဲ့သည်။ ဒီအခြေအနေတစ်ခုလုံး ဘာဖြစ်သွားတာလဲ။ အခြားလူတွေကို လျစ်လျူရှုပြီး သူ့ကို ပွေ့ဖက်နေသည်။ ရွှယ်ဇီရွမ်က ဆေးရုံမှဆင်းပြီးသူ၏ ဦးနှေက် ပျော့ပြောင်းသွားပြီလား။ ဒါပေမယ့် သူက ရွှယ်ဇီရွမ်ရဲ့ ဝမ်းနည်းမှုကို နားမလည်နိုင်သကဲ့သို့ စာနာ ၍လည်း မရနိုင်ပါ။ ကိုယ့်ရဲ့နှလုံးကို ထုတ်ယူတာထက် ဆိုးတာ ဘာရှိသေးလဲ။  သူ့ နှလုံး အထုတ်ခံရမယ် ဆိုတာ သိတာတောင် သူ မငိုတာ။ ရွှယ်ဇီရွမ်က ငိုဖို့ အရည်ချင်းရှိ လို့လား။

ကျိုးယွင်ရှန့်က ရွံရှာစိတ်ကို မြိုသိပ်ပြီး မေးလိုက်သည်။

" Mr. ရွှယ် တစ်ခုခုဖြစ်ခဲ့တာလား" ဟုတိုးတိုးပြောလိုက်သည်။

ရွှယ်ဇီရွမ်က ဘာမှပြန်မဖြေပဲ ကောင်လေး၏ ခါးကို တင်းတင်းဖက် ထားသည်။ ဖက်ရုံမက ညစ်ထားသလိုကို တင်းကျပ်လို့နေသည်။  အခြားရွေးချယ်စရာလမ်းမရှိသောကြောင့် သူသည် ရွှယ်ဇီရွမ်၏ခေါင်းကို ပွတ်သပ်လိုက်ပြီး နှစ်သိမ့်လိုက်စဉ် ဒဏ်ရာရနေသည့် လက်ချောင်းများက နာကျင်လာသည်။ သူက ထပ်ပြောလိုက်သည်။

 "မစ္စတာ ရွှယ်... တခုခုဖြစ်ရင် ထုတ်ပြောလိုက်ပါ။ ရင်ထဲမှာ မြိုသိပ်ထားတာ မကောင်းပါဘူး။ အခု အန်တီ  နဲ့ ကျင်းရီတို့  အရမ်းစိတ်ပူနေကြတယ်"

နောက်ဆုံးတွင် ရွှယ်ဇီရွမ် အငိုရပ်သွားပြီး ခေါင်းကိုထူကာ နီရဲနေသည့် မျက်လုံးများဖြင့် လူငယ်လေးကို စိုက်ကြည့်ပြီး နူးညံ့သည့် ဆံပင်များကို ပွတ်သပ်ကာ ဖျော့တော့စွာ ပြုံးပြလိုက်သည်။ သေချာသည်။ အခု ကောင်လေးက အပြစ်ကင်းသည့် ၁၆ နှစ်အရွယ်တွင်ရှိနေသည်။ ဘာမှ ဆိုးဆိုးဝါးဝါးမဖြစ်လောက်သေးပေ။  ကျိုးယွင်ရှန့်၏ ဆံပင်လေးကို ကိုင်တွယ်မိစဉ် သူ၏ကြောက်ရွံ့မှုနှင့်စိုးရိမ်မှုများအားလုံး ဝမ်းမြောက် ခြင်းနှင့်ကျေးဇူးတင်ခြင်းအဖြစ်သို့ပြောင်းလဲသွားသည်။ ရွှယ်ဇီရွမ်က ကောင်လေးရဲ့ ဆံပင်တွေကို မျက်နှာပေါ်ကနေဖြည်းဖြည်း ချင်း ဖယ် လိုက်ပြီးနူးညံ့တဲ့ ပါးကိုနမ်းလိုက်သည်။ ဒီအနမ်းထဲမှာ ဝမ်းနည်းမှုနှင့် ချစ်ခြင်းအပြည့်တို့ပါဝင်နေသည်။

အောက်ထပ်မှ ကြည့်နေသည့် ရွှယ်မိသားစုက မူးလဲချင်လုနီးပါး  အံ့အားသင့်ခဲ့သည်။ ကျိုးယွင်ရှန့်လည်း မယုံနိုင်အောင်ဖြစ်ကာ သူ့ပါးပြင်ကို ပတ်တီးစည်းထားသည့် လက်ဖြင့် ကိုင်ကြည့်နေမိသည်။

ရွှယ်ဇီရွမ်၏အေးဆေးတည်ငြိမ်သော အမူယာက ကောင်လေး၏  လက်ချောင်းများကို ပတ်ထားသည့် ပတ်တီးများစွာကို တို့ထိလိုက်သောအခါ သူ ချက်ချင်း ထိတ်လန့်တုန်လှုပ်သွားသည်။ ကမ္ဘာကြီးရဲ့ ရတနာ အဖြစ်သတ်မှတ်ခဲ့ကြသော ဒီလက်နှစ်ဖက်က  ထိခိုက်ဒဏ်ရာရခဲ့ဖူးတာလား? "

သူ့ဦး နှောက်၏ အနက်ဆုံးအနက်ရှိုင်းဆုံးနေရာ၌မြှုပ်နှံ ထားရသော လက်ရှိဘဝ၏ အမှတ်တရ အားလုံး ရုတ်တရက်သတိပြန်ရလာပြီး သူက သူက ဒီကောင်လေးကို သတ်ဖြတ်ဖို့ရည်ရွယ်ချက်ဖြင့်ခေါ်ဆောင်လာခြင်း၊ လူငယ်လေး၏ ထိတွေ့မှုကိုငြင်းပယ်ခြင်း၊ သူနှင့် ရင်းနှီးကျွမ်းဝင်ဖို့ ကောင်လေးရဲ့ ကြိုးစားမှုကိုငြင်းပယ်ခဲ့ပြီး သူ၏ စားပွဲတစ်ခုတည်း ထမင်းစားဖို့တောင် ငြင်းဆန်ခဲ့သည်။ နောက်ဆုံး သူသည် စန္ဒရားအဖုံးကို ကောင်လေး၏ လက်ချောင်းများပေါ် ဖိချကာ ဒဏ်ရာရစေခဲ့သည်။

သူသည် ရက်စက်ကြမ်းကြုတ်သော မိမိ၏အတိတ် လုပ်ရပ်များကို ပြန်သတိရပြီး သူ့ဖာသာ မယုံနိုင်လောက်အောင်ဖြစ်နေမိသည်။ သူက ဒဏ်ရာရထားသည့် လက်ကို ဖွဖွလေး ဆုပ်ကိုင်ထားပေမယ့် သူ့လက်က တုန်ယင်လို့နေသည်။ သူ့ကြောင့် သူချစ်တဲ့ကောင်လေး နောက်ထပ် အန္တရာယ်ဖြစ်စေနိုင် မှာကိုကြောက်နေမိသည်။ သူ့နှလုံးသည် မခံမရပ်နိုင်အောင် နာကျင်လာပြီး ကောင်လေးအစား သူသာ ဖြစ်လိုက်ချင်သည်။ 

ဒီကောင်လေးက သူ့ရဲ့တစ်ဦးတည်းသော တစ်ယောက်တည်းသော ချစ်သူဖြစ်မယ်ဆိုတာ သူ အဲ့ဒီအချိန်တုန်းက မသိခဲ့ဘူး။ တကယ်လို့ သိခဲ့ရင် ဒီလိုကြမ်းတမ်းတာ၊ ဒဏ်ရာတွေရအောင် ဘယ်လုပ်ရက်မှာလဲ။


========= = =======================




ရွှယ်ဇီရွမ် (Completed) (MM Translation)Where stories live. Discover now