FOD Extra_1_ Chapter - (3-6) ေရွာင္ရီ..ကိုကိုေတာင္းပန္ပါတယ္

8.4K 1K 50
                                    

FOD Extra_1_ Chapter - (3-6)  ေရွာင္ရီ..ကိုကိုေတာင္းပန္ပါတယ္


႐ႊယ္ဇီ႐ြမ္ က ဒီဘဝကို သူ ျပန္ေရာက္လာတာ ေနာက္မက်ေသးဘူး လို႔ထင္ေပမယ့္ တကယ္ေတာ့ သူက ဒီေကာင္ေလးကို နာက်င္ေအာင္လုပ္မိၿပီး ျဖစ္ေနသည္ကို သိရေတာ့  ဝမ္းနည္းျခင္း၊ နာက်င္ျခင္းႏွင့္ဝမ္းနည္းျခင္းတို႔ေၾကာင့္ အသက္မရႉမရသလို ျဖစ္လာသည္။ ခက္ခက္ခဲခဲႏွင့္ အသက္ျပန္ရႈႏိုင္ၿပီးေနာက္ ဆြဲတစ္ဝက္ျဖင့္ ေကာင္ေလးကို ေလွကားေအာက္ကို ေခၚခ်လာၿပီး ေျပာလိုက္သည္။

 "ေဆး႐ုံကိုသြားရေအာင္..."

"ဟုတ္တယ္၊ ငါတို႔ေဆး႐ုံကိုသြားမယ္။ Xiao Wang ဘယ္မွာလဲ၊ ကားကို ကားဂိုေဒါင္ကေန အခုခ်က္ခ်င္းထုတ္ခဲ့ဖို႔ ေျပာလိုက္..."

 ႐ႊယ္လီဒန္နီက  သူမရဲ႕ပုံကိုဂ႐ုမစိုက္ဘဲ တံခါးနားမွာ ေအာ္ဟစ္ကာေျပးထြက္သြားခဲ့သည္။ သူတို႔အိမ္သို႔ေရာက္ခ်ိန္ မွစ၍ သူမ၏သားသည္ ထူးဆန္းစြာျပဳမူခဲ့ၿပီး  ဟြမ္ရီကို ဖက္ကာ တုန္လႈပ္စြာ ငိုေႂကြးခဲ့သည္။ ဒီျမင္ကြင္းက သူမရင္ကို ဆုပ္နယ္ေနသလို ဝမ္းနည္းေစသည္။

 သူႏွစ္ဦး သည္တစ္ ဦး ႏွင့္တစ္ဦး အျပန္အလွန္ ဆက္သြယ္မႈ မရွိေၾကာင္းႏွင့္  အိမ္တစ္အိမ္တည္းတြင္ေနထိုင္ၾကေသာ္လည္း လမ္းေပၚက သူစိမ္းႏွစ္ေယာက္ႏွင့္ေတြ႕ဆုံျခင္းသည္ပင္ သူတို႔ ဆက္ဆံေရးထက္ ပိုေကာင္းတာကို  သူမေသခ်ာသိသည္။ သူမ သားကို ၀ မ္းနည္းပူေဆြးေစသည့္အရာမွာ ဟြမ္ရီႏွင့္  လုံးဝမသက္ဆိုင္ပါ။ ဒါေပမယ့္ သူမသားက အျခားလူအားလုံးကို လ်စ္လ်ဴရႈကာ ဟြမ္ရီကိုသာ တင္းက်ပ္စြာဖက္ထားသျဖင့္ သူမက ဒီအေျခအေနကို စဥ္းစားလို႔မရေတာ့ေပ။ ဒါေၾကာင့္ သူမရဲ႕သား ကိုေဆး႐ုံသို႔ျပန္ပို႔ၿပီး ဦး ေခါင္းကို ေသခ်ာစစ္ေဆးခ်င္ေနသည္။ 

႐ႊယ္က်င္းရီသည္  တင္းက်ပ္စြာေပြ႕ဖက္ထားသည့္ လူႏွစ္ ဦး ကိုေငးၾကည့္ေနၿပီး လက္သည္းမ်ားက သူမ၏လက္ဖဝါးမ်ားထဲသို႔ စိုက္ဝင္သြားေအာင္ လက္သီးဆုပ္ထားမိသည္။ လက္သည္းမ်ားက အသားကို ထိုးမိသည့္ နာက်င္မႈက သူမ ႏွလုံးသားထဲက စူးေအာင့္နာသည့္ နာက်င္မႈကို ခဏတားထားႏိုင္ၿပီး  သူမရဲ႕အျမင္အာ႐ုံွဆီကို ၾကည္သြားေစသည္။ သူမသည္ သူမ၏ စိတ္ခံစားခ်က္ကို ဖိႏွိပ္ထားရၿပီး အခု သူမ အားနည္းစြာေမ့လဲသြားလို႔ မျဖစ္ေပ။ ဟြမ္ရီကို သူမ အကိုႀကီးႏွင့္ ႏွစ္ေယာက္တည္း လႊတ္ထားလို႔ မရေတ့ာေပ။


ဟြမ္ရီ ေရာက္ရွိသည့္ ေန႔မွစ၍ သူမ စိတ္ထဲ၌အျမစ္တြယ္ေနေသာ ဒီစြဲလမ္းမႈကို မဖယ္ရွားႏိုင္ခဲ့ပါ။ ေသခ်ာတာေပါ့၊ ဟြမ္ရီက   သူမရဲ႕ပိုင္ဆိုင္မႈေတြကို သိမ္းခ်င္တယ္ဆိုရင္ သူမက တားဆီးမွာ မဟုတ္ေပမယ့္ အကိုႀကီးကိုေတာ့ မေပးႏိုင္ဘူး။ အကိုႀကီးက သူမ တစ္ေယာက္တည္း ပိုင္သည့္လူျဖစ္သည္။

တံခါးကို သူတို႔ေရာက္တဲ့အခါ ကားေမာင္းသမားက ေရပန္းနားမွာ ကားကို  ျဖည္းျဖည္းရပ္လိုက္သည္။ ႐ႊယ္ဇီ႐ြမ္တို႔ ကားထဲဝင္ခါနီး ေလေဝ့လိုက္သျဖင့္ ေရပန္းက ေရစက္ေလးတခ်ိဳ႕ သူတို႔ဘက္က စင္လာခဲ့သည္။ ႐ႊယ္ဇီ႐ြမ္ က ေကာင္ေလးရဲ႕မ်က္ႏွာကို ခ်က္ခ်င္း ကာေပးၿပီး ေရစက္ေလးမ်ားကို ၾကင္ၾကင္နာနာ သုတ္ေပးလိုက္ သည္။

"ေရွာင္ရီ ေတာင္းပန္ပါတယ္၊ ကိုကို မွားသြားခဲ့တယ္"

သူသည္  ေကာင္ေလး နာသြားမွာစိုးလို႔ ပတ္တီးစည္းထားေသာ လက္မ်ား ဖြဖြဆုပ္ကိုင္ကာ  ေတာင္းပန္လိုက္သည္။ 
က်ိဳးယြင္ရွန႔္ ဒီတစ္ခါ လုံးဝ အံ့အားသင့္သြားရသည္။ သူက
 ျဖဴဖပ္ျဖဴေရာ္ျဖစ္ကာ တညတည္းႏွင့္ လုံးဝမတူေသာ လူအျဖစ္ေျပာင္းလဲသြားသည့္ ႐ႊယ္ဇီ႐ြမ္ ကို အကဲခတ္လိုက္သည္။
  သူ၏ပုံမွန္ သပ္ရပ္ေၾကာ့ရွင္းလြန္းသည့္ ဝတ္စုံမ်ားမွာ ေျပာင္းလဲေနၿပီး ဆံပင္ အနည္းငယ္ရႈပ္ေထြးကာေမး႐ိုးမ်ားတြင္ ပါးသိုင္းေရးေရးပင္ ဖုံးေနသည္။  ပုံမွန္အားျဖင့္ နက္ရႈိင္းၿပီး ေအးေဆး တည္ၿငိမ္ေသာ သူ၏မ်က္လုံးမ်ားသည္ ယခုအခါ စိုးရိမ္ပူပန္မႈႏွင့္ စိတ္လႈပ္ရွားမႈမ်ားစြာျဖင့္ျပည့္ႏွက္ ေနသည္။

တစ္ခ်ိန္က မာနေထာင္လႊားခဲ့ၿပီး လူေတြနဲ႔ ေဝးကြာေသာ ဂီတပညာရွင္သည္ ေၾကာက္႐ြံ႕မႈ၊ စိုးရိမ္မႈမ်ားႏွင့္ျပည့္ႏွက္ေနေသာ သာမန္လူတစ္ ဦးပုံစံ ျဖစ္ေနသည္။ သူက ဟြမ္ရီကို ေတာင္းပန္ ေနၿပီး သူ႔ကိုယ္သူ  ကိုကို ဟုပင္ ေျပာခဲ့သည္။ သူ႔နား႐ြက္မ်ားက လွည့္စားလို႔ နားၾကားမွားသလားေတာင္ ထင္မိလိုက္သည္။ က်ိဳးယြင္ရွန႔္က နား႐ြက္ကို လက္ႏွင့္ ကေလာ္ကာ ေသခ်ာၾကားေအာင္ လုပ္ခ်င္ေပမယ့္ ပတ္တီးစည္းထားသည့္ လက္ေၾကာင့္လုပ္မရေပ။ သူက စိတ္ပုံမွန္မဟုတ္သည့္ လူႏွင့္ ခပ္ေဝးေဝးေနခ်င္ေပမယ့္ ထိုသူက သူ႔ကို ရင္ခြင္ထဲတင္းတင္း ဖက္ထားတာကို ေတြ႕လိုက္ရသည္။

႐ႊယ္ဇီ႐ြမ္ သည္ သူ၏့ျပန္လည္ေမြးဖြားျခင္းသည္ ေနာက္က်လြန္းေပမယ့္လည္း သူ၏ခ်စ္ျမတ္ႏိုးရေသာလူငယ္သည္ ႐ႊယ္ယန္ (Arc_14 မွ ဇာတ္လိုက္ Daddy ႐ႊယ္ယန္) ႏွင့္ မေတြ႕ဆုံေသးေၾကာင္း သူ၏မွတ္ဉာဏ္မ်ားမွ တဆင့္ သိရွိခဲ့ရသည္။ ဇာတ္ေၾကာင္းကို ျပန္ေျပာင္းဖို႔ သူ႔မွာ အခြင့္ေရးရွိေနဆဲျဖစ္သည္။ ႐ႊယ္ယန္အေၾကာင္းကို ေတြးမိေတာ့ သူ တုန္လႈပ္သြားခဲ့သည္။  သူဟာ မသိစိတ္ျဖင့္ ထိုေကာင္ေလးရဲ႕ ခါးကို တင္းက်ပ္စြာဖက္ထားလိုက္မိသည္။

လူ႐ြယ္၏ ကိုယ္သင္းနံ႔ေၾကာင့္ က်ိဳးယြင္ရွန႔္ မသက္မသာ ျဖစ္လာၿပီး မသိမသာ႐ုန္းလိုက္ေပမယ့္ လူ႐ြယ္က က်ိဳးယြင္ရွန႔္ ေခါင္းေလးကို  ႐ုတ္တရက္ဖမ္းၿပီး သူ႔ပခုံးေပၚသို႔ဖိလိုက္သည္။ သူ႔ရနံ႔က ဦးေခါင္းအာက္မွ ေႏြးၿပီး ႀကံ့ခိုင္တဲ့ခႏၶာကိုယ္ကေန ထြက္လာတာျဖစ္ၿပီး ကိုယ္သင့္နံ႔က ပိုျပင္းလာတယ္။ ဤကဲ့သို႔ေသာ ရင္းႏွီးမႈက သူ၏စိတ္ကိုအေႏွာင့္အယွက္ျဖစ္ေစခဲ့ သည္။

႐ႊယ္ဇီ႐ြမ္ က ေဆးစစ္စရာမလိုပဲ ဦးေႏွာက္ပ်က္တာ ေသခ်ာသည္။ သူက အခု ႏွစ္ေပါင္းမ်ားစြာ အငတ္ေနၿပီး အခု လတ္ဆတ္တဲ့ အသားတြဲကို ၾကည့္သလို ဆာေလာင္မြတ္သိပ္သည့္ အၾကည့္ျဖင့္ သူ႔ကို စိုက္ၾကည့္ေနသည္။ က်ိဳးယြင္ရွန႔္သည္ ႏူတ္ခမ္းက ၿပဳံးေနေပမယ့္ စိတ္ထဲက ေဒါကန္ကာ စိတ္မရွည္ေအာင္ျဖစ္ေန သည္။

႐ႊယ္လီဒန္နီက ကားထဲ ဝင္ဖို႔ လုပ္ေနေပမယ့္ သူ႔သားက ကားတံခါးကို အသံျမည္ေအာင္ ေဆာင့္ပိတ္လိုက္ၿပီး အမိန႔္ေပးလိုက္သည္။

  "ေဆး႐ုံကိုေမာင္းပါ။ "

"သခင္ေလး... သခင္မႀကီးတို႔ မပါေတာ့ဘူးလား   " ယာဥ္ေမာင္းက သူ႔ကိုသတိေပးခဲ့သည္။

"သူတို႔ကို စိတ္မပူပါနဲ႔။ ေမာင္းပါ။ "

႐ႊယ္ဇီ႐ြမ္ က  သူ၏ပုံမွန္ေအးေဆးတည္ၿငိမ္မႈကိုျပန္လည္ရ ရွိ ခဲ့သည္။ ငိုထားလို႔  နီရဲေနေသာမ်က္လုံးမ်ားသည္ အနက္ေရာင္ ေတာက္ကာ အနက္ဆုံးတြင္းနက္မ်ားႏွင့္တူေနသည္။ သူဟာ ႏွစ္ေပါင္း ေထာင္ခ်ီၾကာေအာင္ အၾကင္နာတရားကင္းမဲ့သည့္ သားရဲႀကီးအျဖစ္ အာကာသထဲမွာရွိေနခဲ့သျဖင့္ ခံစားခ်က္ေတြက ပါးလ်လာသည္။ ဒီကမာၻႀကီးမွာ သူက ဒီေကာင္ေလးရဲ႕ ႏွလုံးခုန္သံကိုပဲ ခံစားႏိုင္သလို ဒီေကာင္ေလးရဲ႕ တည္ရွိမႈကိုပဲ ခံစားႏိုင္ေတာ့ၿပီး ဒီေကာင္ေလးကပဲ သူ႔ကို ရွင္သန္သည့္ ခံစားခ်က္ကို ေပးစြမ္းႏိုင္သည္။

အေနာက္ဘက္ ခန္းမွ ေအးစက္သည့္ အၾကည့္ေၾကာင့္ ကားသမားက စကားမဆိုပဲ ကားေမာင္းထြက္လာခဲ့သည္။ ႐ႊယ္လီဒန္နီသည္ ကားေနာက္မွ ေအာ္ဟစ္ကာ ေျပးလိုက္ခဲ့ေပမယ့္ သူမ သားက နည္းနည္းေလးေတာင္ လွည့္မၾကည့္ပဲ ကားေမာင္းထြက္သြားဖို႔ အမိန႔္ေပးလိုက္သည္။ သူမ ကားေနာက္ကို ေျပးလိုက္ေပမယ့္ ကားက ဟိုးအေဝးကို ထြက္သြားေလၿပီ။ သူမက တုန္လႈပ္စြာျဖင့္ ေအာ္ဟစ္လိုက္သည္။

"Xiao Zhou ဘယ္မွာလဲ။ ကားတစ္စီးကိုအျမန္ဆုံးလိုက္ရွာၿပီး သားကို လိုက္ဖမ္းပါ။ ဒီကေလး႐ူးသြားၿပီ၊ ႐ူးသြားၿပီ!"

က်ိဳးယြင္ရွန္႕ကိုၾကည့္ရႈေစာင့္ေရွာက္ရန္ တာဝန္ေပးခံခဲ့ေသာလက္ေထာက္ Xiao Zhou သည္ ကားကိုကားဂိုေဒါင္ထဲမွ ထုတ္ယူခဲ့သည္။ ရြႊယ္က်င္းရီႏွင့္အိမ္အကူမ်ားသည္ ရႊယ္လီဒန္နီကို ဝိုင္းတြဲထားရသည္။

 "အေမ၊ ကိုကို ဘာျဖစ္သြားတာလဲ"

ရႊယ္က်င္းရီ၏ မ်က္လုံးနီမ်ား နီေနသည္။ တကယ္ေတာ့ သူမ အစ္ကိုႀကီး က ဟြမ္ရီကို ဖက္ကာ ငိုေနသည္ကို ေတြ႕ကတည္း က သူမ၏ နွလံုးသားေလးလည္း နာက်င္စြာ ငိုယိုေနခဲ့ျပီျဖစ္သည္။
 သူမသည္ ထိုအခ်ိန္တြင္ သူတို႕နား မသြားမိေစရန္ သူမ၏အစိတ္အပိုင္းအားလံုးအေပၚ မနည္းထိန္းခ်ဳပ္ထားခဲ့သည္။ သူမ အစ္ကို၏စ႐ိုက္ ႐ုတ္တရက္ေျပာင္းလဲလိုက္ျခင္းက သူမကို တုန္လႈပ္ေခ်ာက္ခ်ားသြားေစသည္။

" အေမလည္း မသိဘူး။ သားကို ေဆး႐ုံမွာ ရက္အနည္းငယ္ႀကာ ေနခိုင္းျပီး ဒီထက္ပိုၿပီးအေသးစိတ္စစ္ေဆးဖို႔ေသခ်ာလုပ္ရမယ္"

ရႊယ္လီဒန္နီက မ်က္ရိုးမ်ားကိုနွိပ္နယ္ရင္းေျပာလိုက္သည္။
=======================

FOD Extra_1_ Chapter - (3-6)  ရှောင်ရီ..ကိုကိုတောင်းပန်ပါတယ်


ရွှယ်ဇီရွမ် က ဒီဘဝကို သူ ပြန်ရောက်လာတာ နောက်မကျသေးဘူး လို့ထင်ပေမယ့် တကယ်တော့ သူက ဒီကောင်လေးကို နာကျင်အောင်လုပ်မိပြီး ဖြစ်နေသည်ကို သိရတော့  ဝမ်းနည်းခြင်း၊ နာကျင်ခြင်းနှင့်ဝမ်းနည်းခြင်းတို့ကြောင့် အသက်မရှူမရသလို ဖြစ်လာသည်။ ခက်ခက်ခဲခဲနှင့် အသက်ပြန်ရှုနိုင်ပြီးနောက် ဆွဲတစ်ဝက်ဖြင့် ကောင်လေးကို လှေကားအောက်ကို ခေါ်ချလာပြီး ပြောလိုက်သည်။

 "ဆေးရုံကိုသွားရအောင်..."

"ဟုတ်တယ်၊ ငါတို့ဆေးရုံကိုသွားမယ်။ Xiao Wang ဘယ်မှာလဲ၊ ကားကို ကားဂိုဒေါင်ကနေ အခုချက်ချင်းထုတ်ခဲ့ဖို့ ပြောလိုက်..."

 ရွှယ်လီဒန်နီက  သူမရဲ့ပုံကိုဂရုမစိုက်ဘဲ တံခါးနားမှာ အော်ဟစ်ကာပြေးထွက်သွားခဲ့သည်။ သူတို့အိမ်သို့ရောက်ချိန် မှစ၍ သူမ၏သားသည် ထူးဆန်းစွာပြုမူခဲ့ပြီး  ဟွမ်ရီကို ဖက်ကာ တုန်လှုပ်စွာ ငိုကြွေးခဲ့သည်။ ဒီမြင်ကွင်းက သူမရင်ကို ဆုပ်နယ်နေသလို ဝမ်းနည်းစေသည်။

 သူနှစ်ဦး သည်တစ် ဦး နှင့်တစ်ဦး အပြန်အလှန် ဆက်သွယ်မှု မရှိကြောင်းနှင့်  အိမ်တစ်အိမ်တည်းတွင်နေထိုင်ကြသော်လည်း လမ်းပေါ်က သူစိမ်းနှစ်ယောက်နှင့်တွေ့ဆုံခြင်းသည်ပင် သူတို့ ဆက်ဆံရေးထက် ပိုကောင်းတာကို  သူမသေချာသိသည်။ သူမ သားကို ၀ မ်းနည်းပူဆွေးစေသည့်အရာမှာ ဟွမ်ရီနှင့်  လုံးဝမသက်ဆိုင်ပါ။ ဒါပေမယ့် သူမသားက အခြားလူအားလုံးကို လျစ်လျူရှုကာ ဟွမ်ရီကိုသာ တင်းကျပ်စွာဖက်ထားသဖြင့် သူမက ဒီအခြေအနေကို စဉ်းစားလို့မရတော့ပေ။ ဒါကြောင့် သူမရဲ့သား ကိုဆေးရုံသို့ပြန်ပို့ပြီး ဦး ခေါင်းကို သေချာစစ်ဆေးချင်နေသည်။ 

ရွှယ်ကျင်းရီသည်  တင်းကျပ်စွာပွေ့ဖက်ထားသည့် လူနှစ် ဦး ကိုငေးကြည့်နေပြီး လက်သည်းများက သူမ၏လက်ဖဝါးများထဲသို့ စိုက်ဝင်သွားအောင် လက်သီးဆုပ်ထားမိသည်။ လက်သည်းများက အသားကို ထိုးမိသည့် နာကျင်မှုက သူမ နှလုံးသားထဲက စူးအောင့်နာသည့် နာကျင်မှုကို ခဏတားထားနိုင်ပြီး  သူမရဲ့အမြင်အာရုံှဆီကို ကြည်သွားစေသည်။ သူမသည် သူမ၏ စိတ်ခံစားချက်ကို ဖိနှိပ်ထားရပြီး အခု သူမ အားနည်းစွာမေ့လဲသွားလို့ မဖြစ်ပေ။ ဟွမ်ရီကို သူမ အကိုကြီးနှင့် နှစ်ယောက်တည်း လွှတ်ထားလို့ မရတေ့ာပေ။


ဟွမ်ရီ ရောက်ရှိသည့် နေ့မှစ၍ သူမ စိတ်ထဲ၌အမြစ်တွယ်နေသော ဒီစွဲလမ်းမှုကို မဖယ်ရှားနိုင်ခဲ့ပါ။ သေချာတာပေါ့၊ ဟွမ်ရီက   သူမရဲ့ပိုင်ဆိုင်မှုတွေကို သိမ်းချင်တယ်ဆိုရင် သူမက တားဆီးမှာ မဟုတ်ပေမယ့် အကိုကြီးကိုတော့ မပေးနိုင်ဘူး။ အကိုကြီးက သူမ တစ်ယောက်တည်း ပိုင်သည့်လူဖြစ်သည်။

တံခါးကို သူတို့ရောက်တဲ့အခါ ကားမောင်းသမားက ရေပန်းနားမှာ ကားကို  ဖြည်းဖြည်းရပ်လိုက်သည်။ ရွှယ်ဇီရွမ်တို့ ကားထဲဝင်ခါနီး လေဝေ့လိုက်သဖြင့် ရေပန်းက ရေစက်လေးတချို့ သူတို့ဘက်က စင်လာခဲ့သည်။ ရွှယ်ဇီရွမ် က ကောင်လေးရဲ့မျက်နှာကို ချက်ချင်း ကာပေးပြီး ရေစက်လေးများကို ကြင်ကြင်နာနာ သုတ်ပေးလိုက် သည်။

"ရှောင်ရီ တောင်းပန်ပါတယ်၊ ကိုကို မှားသွားခဲ့တယ်"

သူသည်  ကောင်လေး နာသွားမှာစိုးလို့ ပတ်တီးစည်းထားသော လက်များ ဖွဖွဆုပ်ကိုင်ကာ  တောင်းပန်လိုက်သည်။ 
ကျိုးယွင်ရှန့် ဒီတစ်ခါ လုံးဝ အံ့အားသင့်သွားရသည်။ သူက
 ဖြူဖပ်ဖြူရော်ဖြစ်ကာ တညတည်းနှင့် လုံးဝမတူသော လူအဖြစ်ပြောင်းလဲသွားသည့် ရွှယ်ဇီရွမ် ကို အကဲခတ်လိုက်သည်။
  သူ၏ပုံမှန် သပ်ရပ်ကြော့ရှင်းလွန်းသည့် ဝတ်စုံများမှာ ပြောင်းလဲနေပြီး ဆံပင် အနည်းငယ်ရှုပ်ထွေးကာမေးရိုးများတွင် ပါးသိုင်းရေးရေးပင် ဖုံးနေသည်။  ပုံမှန်အားဖြင့် နက်ရှိုင်းပြီး အေးဆေး တည်ငြိမ်သော သူ၏မျက်လုံးများသည် ယခုအခါ စိုးရိမ်ပူပန်မှုနှင့် စိတ်လှုပ်ရှားမှုများစွာဖြင့်ပြည့်နှက် နေသည်။

တစ်ချိန်က မာနထောင်လွှားခဲ့ပြီး လူတွေနဲ့ ဝေးကွာသော ဂီတပညာရှင်သည် ကြောက်ရွံ့မှု၊ စိုးရိမ်မှုများနှင့်ပြည့်နှက်နေသော သာမန်လူတစ် ဦးပုံစံ ဖြစ်နေသည်။ သူက ဟွမ်ရီကို တောင်းပန် နေပြီး သူ့ကိုယ်သူ  ကိုကို ဟုပင် ပြောခဲ့သည်။ သူ့နားရွက်များက လှည့်စားလို့ နားကြားမှားသလားတောင် ထင်မိလိုက်သည်။ ကျိုးယွင်ရှန့်က နားရွက်ကို လက်နှင့် ကလော်ကာ သေချာကြားအောင် လုပ်ချင်ပေမယ့် ပတ်တီးစည်းထားသည့် လက်ကြောင့်လုပ်မရပေ။ သူက စိတ်ပုံမှန်မဟုတ်သည့် လူနှင့် ခပ်ဝေးဝေးနေချင်ပေမယ့် ထိုသူက သူ့ကို ရင်ခွင်ထဲတင်းတင်း ဖက်ထားတာကို တွေ့လိုက်ရသည်။

ရွှယ်ဇီရွမ် သည် သူ၏့ပြန်လည်မွေးဖွားခြင်းသည် နောက်ကျလွန်းပေမယ့်လည်း သူ၏ချစ်မြတ်နိုးရသောလူငယ်သည် ရွှယ်ယန် (Arc_14 မှ ဇာတ်လိုက် Daddy ရွှယ်ယန်) နှင့် မတွေ့ဆုံသေးကြောင်း သူ၏မှတ်ဉာဏ်များမှ တဆင့် သိရှိခဲ့ရသည်။ ဇာတ်ကြောင်းကို ပြန်ပြောင်းဖို့ သူ့မှာ အခွင့်ရေးရှိနေဆဲဖြစ်သည်။ ရွှယ်ယန်အကြောင်းကို တွေးမိတော့ သူ တုန်လှုပ်သွားခဲ့သည်။  သူဟာ မသိစိတ်ဖြင့် ထိုကောင်လေးရဲ့ ခါးကို တင်းကျပ်စွာဖက်ထားလိုက်မိသည်။

လူရွယ်၏ ကိုယ်သင်းနံ့ကြောင့် ကျိုးယွင်ရှန့် မသက်မသာ ဖြစ်လာပြီး မသိမသာရုန်းလိုက်ပေမယ့် လူရွယ်က ကျိုးယွင်ရှန့် ခေါင်းလေးကို  ရုတ်တရက်ဖမ်းပြီး သူ့ပခုံးပေါ်သို့ဖိလိုက်သည်။ သူ့ရနံ့က ဦးခေါင်းအာက်မှ နွေးပြီး ကြံ့ခိုင်တဲ့ခန္ဓာကိုယ်ကနေ ထွက်လာတာဖြစ်ပြီး ကိုယ်သင့်နံ့က ပိုပြင်းလာတယ်။ ဤကဲ့သို့သော ရင်းနှီးမှုက သူ၏စိတ်ကိုအနှောင့်အယှက်ဖြစ်စေခဲ့ သည်။

ရွှယ်ဇီရွမ် က ဆေးစစ်စရာမလိုပဲ ဦးနှောက်ပျက်တာ သေချာသည်။ သူက အခု နှစ်ပေါင်းများစွာ အငတ်နေပြီး အခု လတ်ဆတ်တဲ့ အသားတွဲကို ကြည့်သလို ဆာလောင်မွတ်သိပ်သည့် အကြည့်ဖြင့် သူ့ကို စိုက်ကြည့်နေသည်။ ကျိုးယွင်ရှန့်သည် နူတ်ခမ်းက ပြုံးနေပေမယ့် စိတ်ထဲက ဒေါကန်ကာ စိတ်မရှည်အောင်ဖြစ်နေ သည်။

ရွှယ်လီဒန်နီက ကားထဲ ဝင်ဖို့ လုပ်နေပေမယ့် သူ့သားက ကားတံခါးကို အသံမြည်အောင် ဆောင့်ပိတ်လိုက်ပြီး အမိန့်ပေးလိုက်သည်။

  "ဆေးရုံကိုမောင်းပါ။ "

"သခင်လေး... သခင်မကြီးတို့ မပါတော့ဘူးလား   " ယာဉ်မောင်းက သူ့ကိုသတိပေးခဲ့သည်။

"သူတို့ကို စိတ်မပူပါနဲ့။ မောင်းပါ။ "

ရွှယ်ဇီရွမ် က  သူ၏ပုံမှန်အေးဆေးတည်ငြိမ်မှုကိုပြန်လည်ရ ရှိ ခဲ့သည်။ ငိုထားလို့  နီရဲနေသောမျက်လုံးများသည် အနက်ရောင် တောက်ကာ အနက်ဆုံးတွင်းနက်များနှင့်တူနေသည်။ သူဟာ နှစ်ပေါင်း ထောင်ချီကြာအောင် အကြင်နာတရားကင်းမဲ့သည့် သားရဲကြီးအဖြစ် အာကာသထဲမှာရှိနေခဲ့သဖြင့် ခံစားချက်တွေက ပါးလျလာသည်။ ဒီကမ္ဘာကြီးမှာ သူက ဒီကောင်လေးရဲ့ နှလုံးခုန်သံကိုပဲ ခံစားနိုင်သလို ဒီကောင်လေးရဲ့ တည်ရှိမှုကိုပဲ ခံစားနိုင်တော့ပြီး ဒီကောင်လေးကပဲ သူ့ကို ရှင်သန်သည့် ခံစားချက်ကို ပေးစွမ်းနိုင်သည်။

အနောက်ဘက် ခန်းမှ အေးစက်သည့် အကြည့်ကြောင့် ကားသမားက စကားမဆိုပဲ ကားမောင်းထွက်လာခဲ့သည်။ ရွှယ်လီဒန်နီသည် ကားနောက်မှ အော်ဟစ်ကာ ပြေးလိုက်ခဲ့ပေမယ့် သူမ သားက နည်းနည်းလေးတောင် လှည့်မကြည့်ပဲ ကားမောင်းထွက်သွားဖို့ အမိန့်ပေးလိုက်သည်။ သူမ ကားနောက်ကို ပြေးလိုက်ပေမယ့် ကားက ဟိုးအဝေးကို ထွက်သွားလေပြီ။ သူမက တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။

"Xiao Zhou ဘယ်မှာလဲ။ ကားတစ်စီးကိုအမြန်ဆုံးလိုက်ရှာပြီး သားကို လိုက်ဖမ်းပါ။ ဒီကလေးရူးသွားပြီ၊ ရူးသွားပြီ!"

ကျိုးယွင်ရှန့်ကိုကြည့်ရှုစောင့်ရှောက်ရန် တာဝန်ပေးခံခဲ့သောလက်ထောက် Xiao Zhou သည် ကားကိုကားဂိုဒေါင်ထဲမှ ထုတ်ယူခဲ့သည်။ ရွှယ်ကျင်းရီနှင့်အိမ်အကူများသည် ရွှယ်လီဒန်နီကို ဝိုင်းတွဲထားရသည်။

 "အမေ၊ ကိုကို ဘာဖြစ်သွားတာလဲ"

ရွှယ်ကျင်းရီ၏ မျက်လုံးနီများ နီနေသည်။ တကယ်တော့ သူမ အစ်ကိုကြီး က ဟွမ်ရီကို ဖက်ကာ ငိုနေသည်ကို တွေ့ကတည်း က သူမ၏ နှလုံးသားလေးလည်း နာကျင်စွာ ငိုယိုနေခဲ့ပြီဖြစ်သည်။
 သူမသည် ထိုအချိန်တွင် သူတို့နား မသွားမိစေရန် သူမ၏အစိတ်အပိုင်းအားလုံးအပေါ် မနည်းထိန်းချုပ်ထားခဲ့သည်။ သူမ အစ်ကို၏စရိုက် ရုတ်တရက်ပြောင်းလဲလိုက်ခြင်းက သူမကို တုန်လှုပ်ချောက်ချားသွားစေသည်။

" အမေလည်း မသိဘူး။ သားကို ဆေးရုံမှာ ရက်အနည်းငယ်ကြာ နေခိုင်းပြီး ဒီထက်ပိုပြီးအသေးစိတ်စစ်ဆေးဖို့သေချာလုပ်ရမယ်"

ရွှယ်လီဒန်နီက မျက်ရိုးများကိုနှိပ်နယ်ရင်းပြောလိုက်သည်။
=======================


ရွှယ်ဇီရွမ် (Completed) (MM Translation)Where stories live. Discover now