Chapter - 37

28.2K 4.1K 431
                                    

#Unicode

" ရှန် … ရှန်ဖန်းဂူ "

" ဆင်းလာခဲ့ "

မင်းယွီ ထိတ်လန့်နေပြီး ဖန်းဂူရဲ့အမိန့်သံ ကိုလဲ မကြားနိုင်တော့ပေ …

နှင်းမှုန်တွေကြားမှ တဖြေးဖြေး ထွက်ပေါ်လာသည့် အေးဆက်ဆက်မျက်နှာကြောင့် မင်းယွီတစ်ကိုယ်လုံး တုန်ခါသွားပြီး သူ့ရဲ့ကိုယ်လေးက အနောက်သို့ တိုးကပ်သွားလေတယ် …

မင်းယွီက အရှေ့ခန်းထဲက ကားသမားဘေးမှာထိုင်နေချင်းဖြစ်ပြီး သူ့ရဲ့မိဘတွေကတော့ အနောက်ခန်းထဲမှာ နှစ်ခြိုက်စွာ အိပ်မောကြနေဆဲပင် …

ဘယ်အချိန်ကတည်းက ကားမောင်းတဲ့ဦးလေးကြီးထွက်သွားလဲမသိ မင်းယွီသတိလက်လွတ်ဖြစ်နေချိန်မှာပဲ ထိုနေရာမှာ ရှန်ဖန်းဂူ ရောက်နှင့်နေပြီ …

" ဒီကမ္ဘာပေါ်မှာ တစ်စက္ကန့်လေးတောင် မနေချင်တော့ဘူးလား "

ရုတ်တရပ် ဖန်းဂူလက်က မင်းယွီရဲ့ လည်ပင်းပေါ်ကျရောက်လာပြီး နွေးထွေးတဲ့မာဖလာအောင်က လည်တိုင်ဖြူဖြူလေးကို အားပါပါညှစ်ကိုင်လိုက်တယ် …

ခုပုံစံက ဖန်းဂူဘယ်လောက်ထိ ဒေါသထွက်နေလဲမှန်းဆနိုင်တယ် … တခါတရံနွေးထွေးတယ်ထင်ရပေမဲ့ ထိုနွေးထွေးမှုရဲ့နောက်ကွယ်မှာ ကြောက်မက်ဖွယ်ရာကောင်းအောင် ကြမ်းတမ်းမှုတွေ ရှိနေပြန်တယ် …

" အစ် … အ့ … လွှတ်  … လွှတ်ပေး "

" မင်းက ဟိုးအဝေးကိုထွက်ပြေးဖို့ထိ စဉ်းစားနေတာဆိုတော့ ငါ့ကိုပေးထားတဲ့ကတိတွေကို ပယ်ဖျက်တဲ့သဘောလား …

ရှန်ဟွှာကလူတစ်ယောက်က ခွင့်ပြုချက်မရပဲ ကတိစာချုပ် ဖျက်လို့မရဘူးဆိုတာ မင်းမသိဘူးလား … ဟမ် "

မင်းယွီသူ့လည်ပင်းပေါ်က သန်မာတဲ့လက်မောင်းကို တွန်းဖယ်ရင်း အသက်ကိုဝဝရှူထုတ်လိုက်တယ် … အသက်ရှူကျပ်ပြီး နီမြန်းနေတဲ့ မင်းယွီမျက်နှာကို မြင်လိုက်ရတော့ ဖန်းဂူလက်ကို အနည်းငယ်ပြေလျော့လိုက်ပြီး သူ့ကြောင့် ဖရိုဖရဲဖြစ်သွားတဲ့ မင်းယွီရဲ့ မာဖလာကို ဆွဲယူလိုက်တယ် …

မင်းယွီဝတ်ဆင်ထားတဲ့အဝတ်အစားတွေက အရမ်းရိုးရှင်းလွန်းပြီး နွေးထွေးမှုအနည်းငယ်သာပေးနိုင်တဲ့အပေါစားအထည်းများသာ … ထို့အရာတွေက မင်းယွီကို အအေးဒါဏ်ကနေ ကာကွယ်မပေးနိုင်၍ သူ့ရဲ့ကိုယ်လေးက နကိုကထက် ခိုက်ခိုက်တုန်လာတယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now