၅၅။သွား...! ခွေးမ... သွားကြည့်ပေါ့...!

4.1K 473 1
                                    

လုချင်းယီ ရောက်တာနဲ့ အဆောက်အဦးထဲကို ဝင်လိုက်၏။ တစ်ချို့နေရာတွေတော့ မီးတွေ ပိတ်ကုန်ပြီ...။ ဒါပေမယ့် တစ်ချို့ အထပ်တွေကျတော့ အလုပ်တွေရှုပ်နေကြသည်။
သူမ... ဓာတ်လှေကားဆီ သွားဖို့ လုပ်နေတုန်း....

ယန်ချိုင်း..၊ ရှန်းရီ ကုမ္ပဏီရဲ့ လုံခြုံရေး ဝန်ထမ်းက သူမကို သတိပြုမိသွား၏။ မနေ့တုန်းက သူဌေး...သူမကို ခေါ်လာခဲ့လို့ သူ သတိထားမိခြင်းပင်။

" မမလေး လု ၊ ဒီကို ဘာကိစ္စများ ရှိလို့ပါလဲ...?''
သူ မေးလာ၏။

" ကျွန်မ ရှန်းရီကို လာရှာတာ...!''
သူမမျက်နှာမှာတော့ စိုးရိမ်ပူပန်ခြင်းတွေ ပြည့်လျက်....

" သူ ဒီမှာရှိနေလား...?''
သူမရဲ့ အေးစက်တဲ့အသံက ယန်ချိုင်ကို အံ့ သြ သွားစေသည်။

"  သူဌေး မပြန်ရသေးဘူးထင်တယ်.....ဘာကိစ္စများ ဖြစ်လို့ပါလဲ...?''

မဟုတ်ဘူးလေ....သူက ဘာလို့ အဲ့လိုမေးရတာလဲ...? အင်းလေ သူက သူမတို့ရဲ့ ဆက်ဆံရေးကိုမှ မသိတာ....

" ဒီည ကျွန်မတို့မှာ အစီအစဉ်တစ်ခုရှိတယ်....အဲ့တာ သူ မရောက်လာလို့...''

ဓာတ်လှေကားပွင့်သွားတော့ ယန်ချိုင်းပါ သူမနောက်က လိုက်လာ၏။

" ကျွန်တော် သူဌေးရဲ့ ရုံးခန်းကို လိုက်ပြမယ်...''

ယန်ချိုင်းက သူဌေးရုံးခန်းရှိရာ အထပ်ကို ခလုတ်နှိပ်လိုက်၏။

.......

နောက် ဓာတ်လှေကားက ထွက်လာတော့ ရှန်းရီ ရုံးခန်းရှေ့မှာ ဝန်ထမ်းတွေ ပွက်လောရိုက်နေတာကို တွေ့လိုက်ရ၏။

အခန်းတံခါးက အထဲကနေပိတ်ထားပြီး အခန်းထဲမှာလည်း ကျကွဲသံတွေ ပြုတ်ကျသံတွေနဲ့ အသံစုံထွက်လျက်....

" အထဲမှာ ဘာတွေ ဖြစ်နေတာလဲ...?''
ယန်ချိုင်း အော်လာ၏။

ဒီလူတွေက အထဲမှာ ဒီလောက် ဖြစ်ပျက်နေတာကို ဘာလို့ အကူအညီ မတောင်းကြတာလဲ.....?
နောက်ပြီး တစ်စုံတစ်ယောက်ရဲ့ အော်ငိုသံနဲ့ တောင်းပန်သံကိုလည်း ရှင်းရှင်းလင်းလင်းကြီး ကြားနေရသည်။

လုချင်းယီ တံခါးဆီကို သွားလိုက်ပြီး အတင်းအဖျင်း ပြောနေကြတဲ့ သူတွေကို စိုက်ကြည့်လိုက်၏။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now