၆၀။ပထမအကြိမ် လူရှေ့ထွက်ပြခြင်း....

4.3K 502 4
                                    

လင်မယားနှစ်ယောက် ဟိုတယ်အောက်မှာ....လာကြိုမယ့်ကားကိုစောင့်နေတုန်း...

ရှန်းရီကတော့ သူ့ဘေးက အရမ်းလှနေတဲ့ ချစ်ဇနီးလေးကို အချစ်ပိုနေရသည်။

" ချင်းယီ....''
လုချင်းယီတစ်ယောက် အတွေးထဲမှာမြောနေတုန်း ခေါ်သံကြားလို့ ရှန်းရီကို ကြည့်လိုက်တော့ သူက ကားဘေးမှာ ရပ်နေ၏။ ရှန်းရီက သူမကို ကားထဲဝင်ဖို့ တံခါးဖွင့်ပေးလိုက်ပြီး သူမဝင်ပြီးမှ သူက သူမနားမှာ လာထိုင်၏။ထို့​နောက် ဒရိုက်ဘာလည်း ကားစက်နှိုးကာ ထွက်လာခဲ့တော့သည်။

" အရမ်းစိတ်မလှုပ်ရှားပါနဲ့..... ၊မင်း ဘေးမှာ ကိုယ်ရှိနေမှာပဲဟာ...''
ရှန်းရီပြောလိုက်ပြီး သူမလက်ကိုကိုင်ကာ လက်ဖမိုးလေးကို ပွတ်သပ်လိုက်၏။

" ကျွန်မ အဲ့လိုနေရာမျိုးကို တစ်ခါမှမရောက်ဖူးဘူး.....ကျွန်မကို တစ်ယောက်ထဲမထားသွားနဲ့နော်....''

" ဒီမှာ...ကိုယ့်ကိုကြည့်....'' သူ ရယ်လိုက်ပြီး...

" ကိုယ့်ကို လာဆွဲဆောင်မယ့် မိန်းမတွေရဲ့ ရန်ကနေ ဒီက မင်းယောင်္ကျားကိုပဲ ကာကွယ်ပေး....ဟုတ်ပြီလား....''

-------------

ရှန်းရီ......တစ်ခြားသူတစ်ယောက်ရဲ့ မျက်နှာကို အရမ်းထိုးပစ်ချင်​နေပြီး သူ့ဒေါသကို မနည်းထိန်းနေရသည်။
မဟုတ်ရင် နောက်နေ့ သတင်းစာ ခေါင်းစဉ်ကြီးပိုင်းတွင် သူ့ပုံပါလာလိမ့်မည်။

ဘာကြောင့်လဲဆိုတော့ စီးပွားရေးအရ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ မစ္စတာမိုက သူ့ ဇနီးလေးကို အရမ်းစိုက်ကြည့်နေတာကြောင့်ပင်။

တစ်ခြားသူတစ်ယောက်က သူ့ဇနီလေးကို လာဆွဲဆောင်နေတာကြောင့် သူကတော့ မျက်နှာ ရှုံ့မဲ့လျက်။

" ဒီက အရမ်းလှတဲ့နတ်မိမယ်လေးက ဘယ်သူများပါလိမ့်...? အသစ်လေးပဲ...မင်း... ဒီလိုမျိုး မိန်းကလေးနဲ့ တွဲလာတာကို တစ်ခါမှ မမြင်ဖူးဘူး...''

လုချင်းယီ သူ့ရဲ့ စကားကြောင့် ရှက်သွား၏။ ဒါပေမယ့် သူမယောင်္ကျားနားကို ပိုတိုးကပ်လိုက်ပြီး သူ့ရဲ့ လက်မောင်းကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now