Chapter (3-7) - ကိုကိုရွိေနသေရႊ႕ မင္းကိုယ္ေပၚ ဘယ္သူမွ လက္ေတာင္ မရြယ္ေစရဘူး။

7.9K 1.1K 22
                                    

Chapter (3-7) - ကိုကိုရွိေနသေရႊ႕ မင္းကိုယ္ေပၚ ဘယ္သူမွ လက္ေတာင္ မရြယ္ေစရဘူး။

 တစ္နာရီအၾကာတြင္ ကားသည္ေဆး႐ုံေျမေအာက္ကားရပ္နားရာ ေနရာတြင္ ရပ္လိုက္သည္။ က်ိဳးယြင္ရွန႔္သည္ လြတ္ေျမာက္ၿပီဟု ေတြးၿပီး ကားတံခါးဖြင့္ကို ဖြင့္လိုက္သည္။ လမ္းတစ္ေလွ်ာက္တြင္ သူသည္ ႐ႊယ္ဇီ႐ြမ္ ၏  ဆုပ္ကိုင္ထားျခင္းခံရၿပီးေနာက္ပိုင္းတြင္ သူ႐ုန္းကန္လႈပ္ရွားေလေလ ႐ႊယ္ဇီ႐ြမ္  ၏လက္ေမာင္းမ်ားထဲသို႔ ခပ္တင္းတင္း ဖက္ထားျခင္း ခံရၿပီး  သူ၏ ဦး ေခါင္းသည္ ႐ႊယ္ဇီ႐ြမ္ ၏ ပခုံးေပၚသို႔ တင္ထားရေတာ့သည္။ မၾကာခင္မွာပဲ သူ႔ရင္ဘတ္က ရႈပ္ေထြးၿပီး အသက္ရႉဖို႔ ခက္ခဲလာတယ္လို႔ ခံစားခဲ့ရသည္။ ဒါေၾကာင့္သူက ထပ္ၿပီး မ႐ုန္းကန္ရဲေတာ့ေပ။ ၿပီးေတာ့ သူက ႐ႊယ္ဇီ႐ြမ္ႏွင့္ ရင္ခ်င္းအပ္ ေပြ႕ဖက္ခံလိုက္ရသည္။ သူ႔ေျခေထာက္ေတြကိုဖြင့္ၿပီး မ်က္ႏွာခ်င္းဆိုင္အနထားျဖင့္ ႐ႊယ္ဇီ႐ြမ္ ၏ ေပါင္ေပၚ ခြလ်က္ထိုင္ေနရကာ သူက မတတ္သာေတာ့ပဲ ႐ႊယ္ဇီ႐ြမ္၏ ေနာက္ေက်ာကို သူ႔လက္ႏွင့္  တင္းတင္းဆုပ္ထားရေတာ့သည္။ ဒီအေနအထားဟာ ၅ ႏွစ္အ႐ြယ္ ဆိုးဝါးတဲ့သားေလးကို ဖမ္းၿပီး ဖက္ထားတဲ့ ဖခင္တစ္ေယာက္လို ပါပဲ၊ သူက ကားေပၚကခုန္ဆင္းသြားမွာကို တံခါးကိုဖြင့္ၿပီး ထြက္သြား မွာကို စိုးရိမ္ေနတဲ့ပုံစံေပါက္ေနသည္။

က်ိဳးယြင္ရွန႔္သည္ စိတ္မသက္မသာျဖစ္ၿပီး အႀကိမ္ႀကိမ္႐ုန္းကန္ခဲ့ သည္။ သူ႐ုန္းကန္ၿပီးတဲ့အခါမွာ လူငယ္က သူ႔ကိုပိုၿပီး တင္းတင္းက်ပ္က်ပ္ကိုင္ဖက္ထားလိမ့္ေတာ့သည္။ ႐ႊယ္ဇီ႐ြမ္ က  အလြန္ပိန္ပါးေသာပုံရွိေသာ္လည္း ခြန္အားမ်ားစြာရွိေသာေၾကာင့္ က်ိဳးယြင္ရွန႔္၏ ခါးကို တင္းတင္းဖက္ကာ ကိုယ္ခ်င္း ပူးေနေစသည္။ ဒါက အသက္ရႈၾကပ္ေအာင္ လုပ္တဲ့ လွ်ိဳ႕ဝွက္လူသတ္နည္းတစ္ခုလား၊

ေနာက္ပိုင္းတြင္ သူ အရႈံးေပးလိုက္ၿပီး စိတ္ကိုလုံးလုံးလ်ားလ်ား ေလွ်ာ့ခ် လိုက္ၿပီး လူငယ္၏လက္ကို အသာေလး ဆုပ္ကိုင္လိုက္ သည္။ ဆန႔္က်င္ဘက္အေနျဖင့္ ႐ႊယ္ဇီ႐ြမ္ က သူ၏ခြန္အားကို ေလွ်ာ့လိုက္ၿပီး သူ႔ကို  သတိႀကီးစြာျဖင့္ဖက္လိုက္သည္။ သူ၏ ေမးေစ့က ႐ႊယ္ဇီ႐ြမ္ ပခုံးေပၚတြင္ အသာတင္ထားတာကို တဖက္က ေက်နပ္ေနသည္။ ႐ႊယ္ဇီ႐ြမ္ ခပ္ျပင္းျပင္း အသက္ရႈထုတ္ လိုက္သည့္ ေလေႏြးေႏြးေလးေတြက သူ႔ကို လာထိမိသျဖင့္ က်ိဳးယြင္ရွန႔္ တကိုယ္လုံးပူေႏြးလာသလို ခံစားရကာ နား႐ြက္မ်ား နီလာသည္။

 ႐ိုး႐ိုးသားသားေျပာရရင္ တဖက္လူက သူ႔ႏွလုံးသားကို ႏူတ္ယူ ခ်င္တယ္ ဆိုတာ မသိရရင္ ဒီ ႐ႊယ္ဇီ႐ြမ္ ၏ ေခ်ာေမာသည့္ ႐ုပ္ရည္၊ ရွည္သြယ္ေသာအရပ္၊ ျမင့္ျမတ္သည့္ ပုံရိပ္တို႔ေၾကာင့္ ဒီလူေပၚ က်ရႈံးမိမွာေသခ်ာသည္။   ေနာက္ဆုံးတြင္ သူေဆး႐ုံသို႔ေရာက္ေသာအခါ  လြတ္ေျမာက္ၿပီဟုေတြးကာ သက္ျပင္း ခ်ကာ ကားတံခါးကိုစိတ္မရွည္စြာ ဆုပ္ကိုင္လိုက္သည္။  

႐ႊယ္ဇီ႐ြမ္ သည္ ေကာင္ေလး၏ လက္ကိုတြဲထားရက ျဖဳတ္မခ်လိုက္ေပ။  သူျပန္လည္ေမြးဖြားလာျခင္းသည္ စိတ္ကူးယဥ္အိပ္မက္ သာျဖစ္သည္ကို အရမ္းေၾကာက္႐ြံ႕ခဲ့သည္။ သူသည္ ဘယ္အခ်ိန္တြင္ ႏိုးထလာၿပီး မ်က္စိေရွ႕က ခ်စ္တဲ့ ေကာင္ေလး ႏွင့္ပတ္သတ္တာ အားလုံး ေပ်ာက္ကြယ္ သြားမည္ ကို ေၾကာက္ေနမိသည္။ ဒီတစ္ခါ ေပ်ာက္သြားရင္ ထပ္ေတြ႕ႏိုင္ဖို႔ အခြင့္ေရးက ဘယ္ေတာ့မွ ထပ္ရမည္ကို မသိႏိုင္ေပ။ ဒါေၾကာင့္ ခ်စ္ေသာ ေကာင္ေလးႏွင့္ အတူေတြ႕ရခ်ိန္ တစ္မိနစ္ေတာင္ မဆိုင္းပဲ ေကာင္ေလး လက္ကို ဆုပ္ကိုင္ထားႀကီး သူ႔ေဘးမွာပဲ မခြာတမ္းဆြဲထားမိသည္။

 ေကာင္ေလးက သူ႔ကိုစြန႔္ခြာရန္ႀကိဳးစားေနသည္ကိုသိေသာအခါ သူသည္ ေကာင္ေလး၏ခါး ကို လက္ျဖင့္ တင္းတင္းဆုပ္ကိုင္ လိုက္ၿပီး ကားအျပင္သို႔ ေပြ႕ခ်ီသယ္ေဆာင္ရန္  အေနအထားျဖင့္ သူ၏ အျခားလက္ႏွင့္ ကားတံခါးကိုဖြင့္ လိုက္သည္။ ဒီလူငယ္ေလး က အသက္ ၁၆ ႏွစ္ရွိၿပီျဖစ္ေပမယ့္ သူ႔ခႏၶာကိုယ္က ေသး တာေၾကာင့္ ႐ႊယ္ဇီ႐ြမ္ က သူ႔ကို အလြယ္တကူ ေပြ႕ခ်ီလာႏိုင္ ခဲ့သည္။

"ကြၽန္ေတာ့္ကို ခ်ေပးပါ။ ကိုယ့္ဖာသာ လမ္းေလွ်ာက္ႏိုင္တယ္ "

႐ႊယ္ဇီ႐ြမ္ ၏လက္ဖဝါးမ်ားသည္ သူ၏တင္ပါးေပၚတြင္ ေရာက္ေန သည္ဟု ခံစားရေသာေၾကာင့္ က်ိဳးယြင္ရွန႔္က မ်က္ႏွာနီနီ ႏွင့္ သတိေပးလိုက္သည္။ ဒီအခ်က္က သူ ႐ႊယ္ဇီ႐ြမ္ ႏွင့္  ပထမဆုံး  ရင္းႏွီး ကြၽမ္းဝင္ျခင္းျဖစ္ၿပီး အနည္းငယ္မသက္မသာျဖစ္ေန ခဲ့သည္။  

႐ႊယ္ဇီ႐ြမ္ သည္ ရပ္တန႔္ျခင္းမရွိဘဲ အေပၚထပ္သို႔ တက္ရန္ ဓာတ္ေလွကားသို႔ တိုက္႐ိုက္ေလွ်ာက္လာခဲ့သည္။ ကားေမာင္းသူ Xiao Wang က သူအနားမွာ ကပ္ေလွ်ာက္လာၿပီး သူက သရဲကိုေတြ႕ၿပီလို႔ ထင္ေနမိသည္။ သခင္ေလးက သူ၏မိခင္၊ ဖခင္ႏွင့္ေမြးစားညီမငယ္တို႔ကို အဖက္မလုပ္ပဲ ေတာသား ငတုန္းေလးကို  တန္ဖိုးမျဖတ္ႏိုင္ေသာရတနာတစ္ခုကဲ့သို႔ သေဘာထားကာ သူ႔ဖာသာ လမ္းေလွ်ာက္ဖို႔ပင္ ျငင္းဆန္ကာ ေပြ႕ခ်ီလာသျဖင့္ သခင္ေလးက ဦးေႏွာက္ပ်က္သြားတာ ေသခ်ာေနၿပီ။

႐ႊယ္လီဒန္နီက ဆရာ ၀ န္ကိုေစာေစာစီးစီးေခၚယူခဲ့ၿပီးျဖစ္လို႔ ႐ႊယ္မိသားစု၏ အႀကီးဆုံးသခင္ေလး႐ႊယ္ဇီ႐ြမ္ က သူ၏႐ုံးခန္းထဲ ၀ င္လာသည္ကို ေတြ႕ေသာအခါ  အံ့ၾသမသြားဘဲ ဦး ေႏွာက္ဓါတ္မွန္ CT ႐ိုက္ဖို႔အတြက္ သူနာျပဳကိုၫႊန္ၾကားခဲ့သည္။

႐ႊယ္ဇီ႐ြမ္ ကေကာင္ေလးကို ခ်ေပးၿပီး တက္တစ္ဖက္ျဖင့္ ေကာင္ေလးရဲ႕ပုခုံးေပၚတင္ဖိထားၿပီး ဆရာဝန္ကိုေျပာလိုက္သည္။

 " ကြၽန္ေတာ္ ဘာမွမျဖစ္ဘူး။ ေရွာင္ရီရဲ႕လက္ ဒဏ္ရာကို ေသခ်ာသိရဖို႔ လက္ကို အျမန္ဆုံး ဓါတ္မွန္႐ိုက္ေပးပါ။"   

"သူ႔လက္က ဘာျဖစ္ခဲ့တာလဲ"

ဒီဆရာဝန္က ႐ႊယ္အိမ္အတြက္ ႏွလုံးခြဲစိတ္မႈကို လုပ္ေပးမယ့္သူျဖစ္ေသာေၾကာင့္  ဒီေကာင္ေလးက အေႏွးႏွင့္ အျမန္ အသတ္ခံရၿပီး ႏွလုံးထုတ္ခံရမည္ကို သိသည္။ မၾကာခင္ေသရမည့္ လူငယ္ေလးရဲ႕လက္ကို ကုရတာ အလကားျဖစ္လို႔ သူ စိတ္မရွည္သလိုျဖစ္ေနသည္။

ထို႔ေနာက္တြင္ ႐ႊယ္ဇီ႐ြမ္ သည္ဆရာဝန္ႏွင့္ ႐ႊယ္အိမ္တို႔အၾကား ဆက္ႏြယ္မႈကိုသတိရၿပီး ဘာစကားမွ မေျပာပဲ ခ်က္ခ်င္း ေကာင္ေလးကို ေခၚၿပီး လွည့္ထြက္လာခဲ့သည္။  ကားေမာင္းသမား Xiao Wang က အႀကိမ္အနည္းငယ္ေအာ္ေခၚေပမယ့္ သခင္ေလး ျပန္မလာတာေတြ႕ရလို႔ မတတ္သာပဲ ေနာက္က အျမန္ လိုက္လာခဲ့ ရေတာ့သည္။

"သခင္ေလး ကြၽန္ေတာ္တို႔ဆရာဝန္ကို ဘာလို႔မေတြ႕ေတာ့တာလဲ"

 သူတို႔ကားထဲကိုေရာက္သြားေတာ့ Xiao Wang က စိတ္ရႈပ္ကာ ေမးလိုက္သည္။  

က်ိဳးယြင္ရွန႔္သည္ ႐ႊယ္ဇီ႐ြမ္၏ရင္ခြင္၌ ေပြ႕ထားခံရၿပီး မသက္ မသာ ခံစားေနရသည္။ သက္ေတာင့္သက္သာထိုင္ရန္ သူ၏ တင္ပါးကို လွ်ိဳ႕ဝွက္စြာေ႐ြ႕လ်ားေနစဥ္   ႐ႊယ္ဇီ႐ြမ္၏ ရည္႐ြယ္ခ်က္ မွာ ေကာင္းေသာရည္႐ြယ္ခ်က္မရွိဘဲ သိုးကို သေဘာေကာင္း ေနသည့္ ဝံပုေလြလိုမ်ိဳးဟု စိတ္ထဲက ကဲ့ရဲ႕ေနမိသည္။  သူ ဒဏ္ရာ ရၿပီး သိပ္မၾကာခင္မွာပဲလူငယ္ေလးက သူ႔ကို ဆရာဝန္ဆီ ေခၚ သြားဖို႔စဥ္းစားခဲ့တယ္ဆိုတဲ့စကားေလးပဲ ေျပာၿပီး ၿပီးသြားခဲ့သည္။ တကယ္လို႔ သူသာ တကယ္ေကာင္းေပး ခ်င္ရင္ အစကတည္းက ဒဏ္ရာရေအာင္ မလုပ္နဲ႔ေပါ့ဟု က်ိဳးယြင္ရွန႔္ေတြးေနလိုက္သည္။

႐ႊယ္ဇီ႐ြမ္က ေကာင္ေလး မၿငိမ္မသက္ျဖစ္ေနေသာ စိတ္ အေျခအေန နဲ႔ သူႏွင့္ေဝးရာသို႔ တိုးၿပီး  ထိုင္ေနသည္ကို သတိျပဳ လိုက္မိသည္။ သူ အေဝးႀကီးသို႔ ေ႐ြ႕ေနသည္ကို ေတြ႕ျမင္လိုက္ၿပီး သူ႔ရင္ခြင္ထဲ ထိုင္ေနရာမွာ ေဘးက ကားဆိုဖာေပၚ ျပဳတ္က် သြားသည္ ကို ေတြ႕ေသာ္ ႐ႊယ္ဇီ႐ြမ္က ေကာင္ေလး၏ ေျခေထာက္ေတြကို ေပြ႕တင္ကာ ဖိနပ္ေတြကို ခြ်တ္လိုက္ျပီး သူ႕ကိုယ္ေပၚ ကေလးေလးလို ေပြ႕တင္လိုက္သည္။  ကေလးငယ္ကို သူ၏လက္ေမာင္းျဖင့္ေပြ႕ခ်ီမည့္အေနအထားျဖင့္ အဆင္ေျပရန္ သူက ေကာင္ေလးရဲ႕ ဖိနပ္ကိုခြၽတ္ယူလိုက္သည္။

က်ိဳးယြင္ရွန္႕၏ အမူယာက ဒီပံုစံကိုေတြ႕ေတာ့ ေမွာင္မိုက္သြားေတာ့ သည္။  အခု သူထြက္ေျပးခ်င္ရင္ေတာင္ ဖိနပ္မပါလို႕ ေျပးလို႕ပင္ မရေတာ့ေပ။

႐ႊယ္ဇီ႐ြမ္သည္  မေက်မနပ္ကျဖင့္ မ်က္နွာပုတ္ေနေသာ ေကာင္ေလးရဲ႕ပါးျပင္ကို ဖြဖြေလး ပြတ္သပ္ကာ ျပံုးလိုက္မိသည္။

"အျခားေဆး႐ုံတစ္ခုသို႔သြားပါ"

သူကၫႊန္ၾကားခဲ့သည္။

"ဒါေပမယ့္ ကြ်န္ေတာ္တုိ႕ ေဆး႐ုံက အေကာင္းဆုံးျဖစ္တယ္ မဟုတ္လား။ ဘာလို႔ အဲဒီကို မသြားၾကတာလဲ"

Xiao Wang က ကားကို လမ္းက်ဥ္းထဲသို႔ေမာင္းထုတ္ၿပီး တမင္တကာေႏွးေကြးစြာ ေမာင္းရင္းေမးလိုက္သည္။  

"အစိုးရျပည္သူ႕ေဆး႐ုံကိုသြား။ "

႐ႊယ္ဇီ႐ြမ္ ကရွင္းျပသည္ကို နားမေထာင္ေပ။  လူသတ္မႈတြင္ ပါဝင္သူ အားလုံး ကို သူ ျပန္လည္ေမြးဖြားလာျပီးေနာက္ပိုင္း မေတြ႕ခ်င္ေတာ့ေပ။ ထို႔အျပင္ သူသည္ က်င့္ဝတ္မရွိေသာ ဆရာဝန္က သူခ်စ္ျမတ္ႏိုးရေသာ လူငယ္ကို ကုသေပးတာကို မခံခ်င္ေပ။

Xiao Wang သည္ သခင္ေလးရဲ႕အျပဳမႈထူးဆန္းေနျပီး  အထူး သျဖင့္ ျမင့္ျမတ္ေသာ အထက္တန္းလႊာစႏၵယားပညာရွင္ႏွင့္ လုံးဝကြဲျပားျခားနားေနတာကို ခံစားသိရွိခဲ့သည္။

 လက္ေတြ႕တြင္ သခင္ေလးသည္ ေဆးရံုကို မသြားခ်င္တာ မဟုတ္ပဲ  အျခားေဆး႐ုံတစ္ခုသို႔ သြားလိုျခင္းျဖစ္သည္။ ဒါေပမယ့္ ဘာေၾကာင့္လဲ? ဒီေဆး႐ုံက Xue အိမ္ေတာ္လက္ ေအာက္မွာ မဟုတ္လား။ သူတို႔၏ေဆးကုသမႈစြမ္းရည္သည္ ထိပ္တန္းအဆင့္ သို႔ေရာက္သည္။ က်ိဳးယြင္ရွန္႕က ႐ႊယ္ဇီ႐ြမ္ကို ရႈပ္ေထြးေသာ အၾကည့္ျဖင့္ၾကည့္ခဲ့သည္။

"ဒီေဆး႐ုံက ဆရာဝန္ေတြက ေဆးဘက္ဆိုင္ရာက်င့္ဝတ္မရွိဘူး။ ေနာက္တစ္ခါ ထပ္သြားမွာမဟုတ္ဘူး။ ေရွာင္ရီ ကိုကို  ေတာင္းပန္ပါတယ္၊ မင္းအေပၚလုပ္ခဲ့မိတာကို တကယ္ ဝမ္းနည္းပါတယ္၊ ငါ့ကို ခြင့္လႊတ္ပါ"

႐ႊယ္ဇီ႐ြမ္ က ေကာင္ေလးရဲ႕  မ်က္ႏွာေပၚက ေမးခြန္းကို ျမင္ျပီး ဝမ္းနည္းစြာျဖင့္ ေတာင္းပန္လိုက္သည္။ ျပီးေတာ့ သူက ရွင္းရွင္းလင္းလင္း မေျပာျပနုိ္င္တဲ့အတြက္ေႀကာင့္ စိတ္မေကာင္းျဖစ္ျပီး ေကာင္ေလးရဲ႕ ပုခံုးေပၚ မ်က္နွာကို ေမွာက္ခ်လိုက္ကာ ခဏ အနားယူလိုက္ေတာ့သည္။

ခ်စ္တယ္ ေရွာင္ရီေလး... မင္းကို အရမ္းခ်စ္တယ္။ မင္းကို ဆံုးရံႈးလိုက္ျပီးမွ ဘယ္ေလာက္ခ်စ္မိိတယ္ဆုိတာ ကိုကိုသိေတာ့ တယ္။ ကိုကိုက တကယ္ မေကာင္းတဲ့သူပါ။ အရင္ဘဝက ကိုကို မင္းကို ေသေစဖို႕ လုပ္ခဲ့မိတယ္။ မင္းကို သတ္မယ့္ အဖြဲ႕ထဲ ပါခဲ့မိတယ္။ အခုေတာ့ အရာအားလံုး ျပန္ျပင္ဖို႕ ဒုတိယအခြင့္ေရး ရခဲ့ျပီ။ ကိုကို မင္းကို ကာကြယ္ေပးမယ္။ ကိုကို႕အသက္ဝိဥာဥ္ ပ်က္စိီးရမယ္ဆိုရင္ေတာင္ ကိုကိုရွိေနသေရြ႕ မငး္ကို ဘယ္သူမွ မထိေစရဘူး။ ကိုကိုခ်စ္တဲ့ ေရွာင္ရီေလး...ေက်းဇူးျပဳျပီး ကိုကို႕ကို မမုန္းလိုက္ပါနဲ႕ကြာ.....။

႐ႊယ္ဇီ႐ြမ္ စိတ္ထဲမွ တိတ္တခိုးေျပာေနမိသည္။

=================================

Chapter (3-7) - ကိုကိုရှိနေသရွှေ့ မင်းကိုယ်ပေါ် ဘယ်သူမှ လက်တောင် မရွယ်စေရဘူး။

 တစ်နာရီအကြာတွင် ကားသည်ဆေးရုံမြေအောက်ကားရပ်နားရာ နေရာတွင် ရပ်လိုက်သည်။ ကျိုးယွင်ရှန့်သည် လွတ်မြောက်ပြီဟု တွေးပြီး ကားတံခါးဖွင့်ကို ဖွင့်လိုက်သည်။ လမ်းတစ်လျှောက်တွင် သူသည် ရွှယ်ဇီရွမ် ၏  ဆုပ်ကိုင်ထားခြင်းခံရပြီးနောက်ပိုင်းတွင် သူရုန်းကန်လှုပ်ရှားလေလေ ရွှယ်ဇီရွမ်  ၏လက်မောင်းများထဲသို့ ခပ်တင်းတင်း ဖက်ထားခြင်း ခံရပြီး  သူ၏ ဦး ခေါင်းသည် ရွှယ်ဇီရွမ် ၏ ပခုံးပေါ်သို့ တင်ထားရတော့သည်။ မကြာခင်မှာပဲ သူ့ရင်ဘတ်က ရှုပ်ထွေးပြီး အသက်ရှူဖို့ ခက်ခဲလာတယ်လို့ ခံစားခဲ့ရသည်။ ဒါကြောင့်သူက ထပ်ပြီး မရုန်းကန်ရဲတော့ပေ။ ပြီးတော့ သူက ရွှယ်ဇီရွမ်နှင့် ရင်ချင်းအပ် ပွေ့ဖက်ခံလိုက်ရသည်။ သူ့ခြေထောက်တွေကိုဖွင့်ပြီး မျက်နှာချင်းဆိုင်အနထားဖြင့် ရွှယ်ဇီရွမ် ၏ ပေါင်ပေါ် ခွလျက်ထိုင်နေရကာ သူက မတတ်သာတော့ပဲ ရွှယ်ဇီရွမ်၏ နောက်ကျောကို သူ့လက်နှင့်  တင်းတင်းဆုပ်ထားရတော့သည်။ ဒီအနေအထားဟာ ၅ နှစ်အရွယ် ဆိုးဝါးတဲ့သားလေးကို ဖမ်းပြီး ဖက်ထားတဲ့ ဖခင်တစ်ယောက်လို ပါပဲ၊ သူက ကားပေါ်ကခုန်ဆင်းသွားမှာကို တံခါးကိုဖွင့်ပြီး ထွက်သွား မှာကို စိုးရိမ်နေတဲ့ပုံစံပေါက်နေသည်။

ကျိုးယွင်ရှန့်သည် စိတ်မသက်မသာဖြစ်ပြီး အကြိမ်ကြိမ်ရုန်းကန်ခဲ့ သည်။ သူရုန်းကန်ပြီးတဲ့အခါမှာ လူငယ်က သူ့ကိုပိုပြီး တင်းတင်းကျပ်ကျပ်ကိုင်ဖက်ထားလိမ့်တော့သည်။ ရွှယ်ဇီရွမ် က  အလွန်ပိန်ပါးသောပုံရှိသော်လည်း ခွန်အားများစွာရှိသောကြောင့် ကျိုးယွင်ရှန့်၏ ခါးကို တင်းတင်းဖက်ကာ ကိုယ်ချင်း ပူးနေစေသည်။ ဒါက အသက်ရှုကြပ်အောင် လုပ်တဲ့ လျှို့ဝှက်လူသတ်နည်းတစ်ခုလား၊

နောက်ပိုင်းတွင် သူ အရှုံးပေးလိုက်ပြီး စိတ်ကိုလုံးလုံးလျားလျား လျှော့ချ လိုက်ပြီး လူငယ်၏လက်ကို အသာလေး ဆုပ်ကိုင်လိုက် သည်။ ဆန့်ကျင်ဘက်အနေဖြင့် ရွှယ်ဇီရွမ် က သူ၏ခွန်အားကို လျှော့လိုက်ပြီး သူ့ကို  သတိကြီးစွာဖြင့်ဖက်လိုက်သည်။ သူ၏ မေးစေ့က ရွှယ်ဇီရွမ် ပခုံးပေါ်တွင် အသာတင်ထားတာကို တဖက်က ကျေနပ်နေသည်။ ရွှယ်ဇီရွမ် ခပ်ပြင်းပြင်း အသက်ရှုထုတ် လိုက်သည့် လေနွေးနွေးလေးတွေက သူ့ကို လာထိမိသဖြင့် ကျိုးယွင်ရှန့် တကိုယ်လုံးပူနွေးလာသလို ခံစားရကာ နားရွက်များ နီလာသည်။

 ရိုးရိုးသားသားပြောရရင် တဖက်လူက သူ့နှလုံးသားကို နူတ်ယူ ချင်တယ် ဆိုတာ မသိရရင် ဒီ ရွှယ်ဇီရွမ် ၏ ချောမောသည့် ရုပ်ရည်၊ ရှည်သွယ်သောအရပ်၊ မြင့်မြတ်သည့် ပုံရိပ်တို့ကြောင့် ဒီလူပေါ် ကျရှုံးမိမှာသေချာသည်။   နောက်ဆုံးတွင် သူဆေးရုံသို့ရောက်သောအခါ  လွတ်မြောက်ပြီဟုတွေးကာ သက်ပြင်း ချကာ ကားတံခါးကိုစိတ်မရှည်စွာ ဆုပ်ကိုင်လိုက်သည်။  

ရွှယ်ဇီရွမ် သည် ကောင်လေး၏ လက်ကိုတွဲထားရက ဖြုတ်မချလိုက်ပေ။  သူပြန်လည်မွေးဖွားလာခြင်းသည် စိတ်ကူးယဉ်အိပ်မက် သာဖြစ်သည်ကို အရမ်းကြောက်ရွံ့ခဲ့သည်။ သူသည် ဘယ်အချိန်တွင် နိုးထလာပြီး မျက်စိရှေ့က ချစ်တဲ့ ကောင်လေး နှင့်ပတ်သတ်တာ အားလုံး ပျောက်ကွယ် သွားမည် ကို ကြောက်နေမိသည်။ ဒီတစ်ခါ ပျောက်သွားရင် ထပ်တွေ့နိုင်ဖို့ အခွင့်ရေးက ဘယ်တော့မှ ထပ်ရမည်ကို မသိနိုင်ပေ။ ဒါကြောင့် ချစ်သော ကောင်လေးနှင့် အတူတွေ့ရချိန် တစ်မိနစ်တောင် မဆိုင်းပဲ ကောင်လေး လက်ကို ဆုပ်ကိုင်ထားကြီး သူ့ဘေးမှာပဲ မခွာတမ်းဆွဲထားမိသည်။

 ကောင်လေးက သူ့ကိုစွန့်ခွာရန်ကြိုးစားနေသည်ကိုသိသောအခါ သူသည် ကောင်လေး၏ခါး ကို လက်ဖြင့် တင်းတင်းဆုပ်ကိုင် လိုက်ပြီး ကားအပြင်သို့ ပွေ့ချီသယ်ဆောင်ရန်  အနေအထားဖြင့် သူ၏ အခြားလက်နှင့် ကားတံခါးကိုဖွင့် လိုက်သည်။ ဒီလူငယ်လေး က အသက် ၁၆ နှစ်ရှိပြီဖြစ်ပေမယ့် သူ့ခန္ဓာကိုယ်က သေး တာကြောင့် ရွှယ်ဇီရွမ် က သူ့ကို အလွယ်တကူ ပွေ့ချီလာနိုင် ခဲ့သည်။

"ကျွန်တော့်ကို ချပေးပါ။ ကိုယ့်ဖာသာ လမ်းလျှောက်နိုင်တယ် "

ရွှယ်ဇီရွမ် ၏လက်ဖဝါးများသည် သူ၏တင်ပါးပေါ်တွင် ရောက်နေ သည်ဟု ခံစားရသောကြောင့် ကျိုးယွင်ရှန့်က မျက်နှာနီနီ နှင့် သတိပေးလိုက်သည်။ ဒီအချက်က သူ ရွှယ်ဇီရွမ် နှင့်  ပထမဆုံး  ရင်းနှီး ကျွမ်းဝင်ခြင်းဖြစ်ပြီး အနည်းငယ်မသက်မသာဖြစ်နေ ခဲ့သည်။  

ရွှယ်ဇီရွမ် သည် ရပ်တန့်ခြင်းမရှိဘဲ အပေါ်ထပ်သို့ တက်ရန် ဓာတ်လှေကားသို့ တိုက်ရိုက်လျှောက်လာခဲ့သည်။ ကားမောင်းသူ Xiao Wang က သူအနားမှာ ကပ်လျှောက်လာပြီး သူက သရဲကိုတွေ့ပြီလို့ ထင်နေမိသည်။ သခင်လေးက သူ၏မိခင်၊ ဖခင်နှင့်မွေးစားညီမငယ်တို့ကို အဖက်မလုပ်ပဲ တောသား ငတုန်းလေးကို  တန်ဖိုးမဖြတ်နိုင်သောရတနာတစ်ခုကဲ့သို့ သဘောထားကာ သူ့ဖာသာ လမ်းလျှောက်ဖို့ပင် ငြင်းဆန်ကာ ပွေ့ချီလာသဖြင့် သခင်လေးက ဦးနှောက်ပျက်သွားတာ သေချာနေပြီ။

ရွှယ်လီဒန်နီက ဆရာ ၀ န်ကိုစောစောစီးစီးခေါ်ယူခဲ့ပြီးဖြစ်လို့ ရွှယ်မိသားစု၏ အကြီးဆုံးသခင်လေးရွှယ်ဇီရွမ် က သူ၏ရုံးခန်းထဲ ၀ င်လာသည်ကို တွေ့သောအခါ  အံ့သြမသွားဘဲ ဦး နှောက်ဓါတ်မှန် CT ရိုက်ဖို့အတွက် သူနာပြုကိုညွှန်ကြားခဲ့သည်။

ရွှယ်ဇီရွမ် ကကောင်လေးကို ချပေးပြီး တက်တစ်ဖက်ဖြင့် ကောင်လေးရဲ့ပုခုံးပေါ်တင်ဖိထားပြီး ဆရာဝန်ကိုပြောလိုက်သည်။

 " ကျွန်တော် ဘာမှမဖြစ်ဘူး။ ရှောင်ရီရဲ့လက် ဒဏ်ရာကို သေချာသိရဖို့ လက်ကို အမြန်ဆုံး ဓါတ်မှန်ရိုက်ပေးပါ။"   

"သူ့လက်က ဘာဖြစ်ခဲ့တာလဲ"

ဒီဆရာဝန်က ရွှယ်အိမ်အတွက် နှလုံးခွဲစိတ်မှုကို လုပ်ပေးမယ့်သူဖြစ်သောကြောင့်  ဒီကောင်လေးက အနှေးနှင့် အမြန် အသတ်ခံရပြီး နှလုံးထုတ်ခံရမည်ကို သိသည်။ မကြာခင်သေရမည့် လူငယ်လေးရဲ့လက်ကို ကုရတာ အလကားဖြစ်လို့ သူ စိတ်မရှည်သလိုဖြစ်နေသည်။

ထို့နောက်တွင် ရွှယ်ဇီရွမ် သည်ဆရာဝန်နှင့် ရွှယ်အိမ်တို့အကြား ဆက်နွယ်မှုကိုသတိရပြီး ဘာစကားမှ မပြောပဲ ချက်ချင်း ကောင်လေးကို ခေါ်ပြီး လှည့်ထွက်လာခဲ့သည်။  ကားမောင်းသမား Xiao Wang က အကြိမ်အနည်းငယ်အော်ခေါ်ပေမယ့် သခင်လေး ပြန်မလာတာတွေ့ရလို့ မတတ်သာပဲ နောက်က အမြန် လိုက်လာခဲ့ ရတော့သည်။

"သခင်လေး ကျွန်တော်တို့ဆရာဝန်ကို ဘာလို့မတွေ့တော့တာလဲ"

 သူတို့ကားထဲကိုရောက်သွားတော့ Xiao Wang က စိတ်ရှုပ်ကာ မေးလိုက်သည်။  

ကျိုးယွင်ရှန့်သည် ရွှယ်ဇီရွမ်၏ရင်ခွင်၌ ပွေ့ထားခံရပြီး မသက် မသာ ခံစားနေရသည်။ သက်တောင့်သက်သာထိုင်ရန် သူ၏ တင်ပါးကို လျှို့ဝှက်စွာရွေ့လျားနေစဉ်   ရွှယ်ဇီရွမ်၏ ရည်ရွယ်ချက် မှာ ကောင်းသောရည်ရွယ်ချက်မရှိဘဲ သိုးကို သဘောကောင်း နေသည့် ဝံပုလွေလိုမျိုးဟု စိတ်ထဲက ကဲ့ရဲ့နေမိသည်။  သူ ဒဏ်ရာ ရပြီး သိပ်မကြာခင်မှာပဲလူငယ်လေးက သူ့ကို ဆရာဝန်ဆီ ခေါ် သွားဖို့စဉ်းစားခဲ့တယ်ဆိုတဲ့စကားလေးပဲ ပြောပြီး ပြီးသွားခဲ့သည်။ တကယ်လို့ သူသာ တကယ်ကောင်းပေး ချင်ရင် အစကတည်းက ဒဏ်ရာရအောင် မလုပ်နဲ့ပေါ့ဟု ကျိုးယွင်ရှန့်တွေးနေလိုက်သည်။

ရွှယ်ဇီရွမ်က ကောင်လေး မငြိမ်မသက်ဖြစ်နေသော စိတ် အခြေအနေ နဲ့ သူနှင့်ဝေးရာသို့ တိုးပြီး  ထိုင်နေသည်ကို သတိပြု လိုက်မိသည်။ သူ အဝေးကြီးသို့ ရွေ့နေသည်ကို တွေ့မြင်လိုက်ပြီး သူ့ရင်ခွင်ထဲ ထိုင်နေရာမှာ ဘေးက ကားဆိုဖာပေါ် ပြုတ်ကျ သွားသည် ကို တွေ့သော် ရွှယ်ဇီရွမ်က ကောင်လေး၏ ခြေထောက်တွေကို ပွေ့တင်ကာ ဖိနပ်တွေကို ချွတ်လိုက်ပြီး သူ့ကိုယ်ပေါ် ကလေးလေးလို ပွေ့တင်လိုက်သည်။  ကလေးငယ်ကို သူ၏လက်မောင်းဖြင့်ပွေ့ချီမည့်အနေအထားဖြင့် အဆင်ပြေရန် သူက ကောင်လေးရဲ့ ဖိနပ်ကိုချွတ်ယူလိုက်သည်။

ကျိုးယွင်ရှန့်၏ အမူယာက ဒီပုံစံကိုတွေ့တော့ မှောင်မိုက်သွားတော့ သည်။  အခု သူထွက်ပြေးချင်ရင်တောင် ဖိနပ်မပါလို့ ပြေးလို့ပင် မရတော့ပေ။

ရွှယ်ဇီရွမ်သည်  မကျေမနပ်ကဖြင့် မျက်နှာပုတ်နေသော ကောင်လေးရဲ့ပါးပြင်ကို ဖွဖွလေး ပွတ်သပ်ကာ ပြုံးလိုက်မိသည်။

"အခြားဆေးရုံတစ်ခုသို့သွားပါ"

သူကညွှန်ကြားခဲ့သည်။

"ဒါပေမယ့် ကျွန်တော်တို့ ဆေးရုံက အကောင်းဆုံးဖြစ်တယ် မဟုတ်လား။ ဘာလို့ အဲဒီကို မသွားကြတာလဲ"

Xiao Wang က ကားကို လမ်းကျဉ်းထဲသို့မောင်းထုတ်ပြီး တမင်တကာနှေးကွေးစွာ မောင်းရင်းမေးလိုက်သည်။  

"အစိုးရပြည်သူ့ဆေးရုံကိုသွား။ "

ရွှယ်ဇီရွမ် ကရှင်းပြသည်ကို နားမထောင်ပေ။  လူသတ်မှုတွင် ပါဝင်သူ အားလုံး ကို သူ ပြန်လည်မွေးဖွားလာပြီးနောက်ပိုင်း မတွေ့ချင်တော့ပေ။ ထို့အပြင် သူသည် ကျင့်ဝတ်မရှိသော ဆရာဝန်က သူချစ်မြတ်နိုးရသော လူငယ်ကို ကုသပေးတာကို မခံချင်ပေ။

Xiao Wang သည် သခင်လေးရဲ့အပြုမှုထူးဆန်းနေပြီး  အထူး သဖြင့် မြင့်မြတ်သော အထက်တန်းလွှာစန္ဒယားပညာရှင်နှင့် လုံးဝကွဲပြားခြားနားနေတာကို ခံစားသိရှိခဲ့သည်။

 လက်တွေ့တွင် သခင်လေးသည် ဆေးရုံကို မသွားချင်တာ မဟုတ်ပဲ  အခြားဆေးရုံတစ်ခုသို့ သွားလိုခြင်းဖြစ်သည်။ ဒါပေမယ့် ဘာကြောင့်လဲ? ဒီဆေးရုံက Xue အိမ်တော်လက် အောက်မှာ မဟုတ်လား။ သူတို့၏ဆေးကုသမှုစွမ်းရည်သည် ထိပ်တန်းအဆင့် သို့ရောက်သည်။ ကျိုးယွင်ရှန့်က ရွှယ်ဇီရွမ်ကို ရှုပ်ထွေးသော အကြည့်ဖြင့်ကြည့်ခဲ့သည်။

"ဒီဆေးရုံက ဆရာဝန်တွေက ဆေးဘက်ဆိုင်ရာကျင့်ဝတ်မရှိဘူး။ နောက်တစ်ခါ ထပ်သွားမှာမဟုတ်ဘူး။ ရှောင်ရီ ကိုကို  တောင်းပန်ပါတယ်၊ မင်းအပေါ်လုပ်ခဲ့မိတာကို တကယ် ဝမ်းနည်းပါတယ်၊ ငါ့ကို ခွင့်လွှတ်ပါ"

ရွှယ်ဇီရွမ် က ကောင်လေးရဲ့  မျက်နှာပေါ်က မေးခွန်းကို မြင်ပြီး ဝမ်းနည်းစွာဖြင့် တောင်းပန်လိုက်သည်။ ပြီးတော့ သူက ရှင်းရှင်းလင်းလင်း မပြောပြနိုင်တဲ့အတွက်ကြောင့် စိတ်မကောင်းဖြစ်ပြီး ကောင်လေးရဲ့ ပုခုံးပေါ် မျက်နှာကို မှောက်ချလိုက်ကာ ခဏ အနားယူလိုက်တော့သည်။

ချစ်တယ် ရှောင်ရီလေး... မင်းကို အရမ်းချစ်တယ်။ မင်းကို ဆုံးရှုံးလိုက်ပြီးမှ ဘယ်လောက်ချစ်မိတယ်ဆိုတာ ကိုကိုသိတော့ တယ်။ ကိုကိုက တကယ် မကောင်းတဲ့သူပါ။ အရင်ဘဝက ကိုကို မင်းကို သေစေဖို့ လုပ်ခဲ့မိတယ်။ မင်းကို သတ်မယ့် အဖွဲ့ထဲ ပါခဲ့မိတယ်။ အခုတော့ အရာအားလုံး ပြန်ပြင်ဖို့ ဒုတိယအခွင့်ရေး ရခဲ့ပြီ။ ကိုကို မင်းကို ကာကွယ်ပေးမယ်။ ကိုကို့အသက်ဝိဉာဉ် ပျက်စီးရမယ်ဆိုရင်တောင် ကိုကိုရှိနေသရွေ့ မင်းကို ဘယ်သူမှ မထိစေရဘူး။ ကိုကိုချစ်တဲ့ ရှောင်ရီလေး...ကျေးဇူးပြုပြီး ကိုကို့ကို မမုန်းလိုက်ပါနဲ့ကွာ.....။

ရွှယ်ဇီရွမ် စိတ်ထဲမှ တိတ်တခိုးပြောနေမိသည်။

=================================


ရွှယ်ဇီရွမ် (Completed) (MM Translation)Where stories live. Discover now