အခန်း (၂၅)/အခနျး (၂၅)

8.9K 1K 53
                                    

Zawgyi~

အခန်း (၂၅)

အချိန်အတန်ကြာ အောင့်အီးသည်းခံလာခဲ့ရသည့် စိတ်ဆန္ဒတို့သည် ယခုကဲ့သို့ လွမ်းဆွတ်တမ်းတဖွယ်ရာ အနမ်းတစ်စုံကြောင့် ပြင်းထန်စွာ လောင်မြိုက်၍လာပြီဖြစ်သည်။

ပူလောင်သည့် အနမ်းတစ်စုံ တောက်လောင်နေချိန်တွင် ညင်သာသည့်တံခါးခေါက်သံကို သတိမထားမိလိုက်ပေ... သို့သော် နာ့စ်ထံမှ စကားသံကိုတော့ ကြားလိုက်ရသည်...
"ရှင်တို့နှစ်ယောက်... အခြား ကိုယ်ဝန်သည် ဒီအခန်းကို သုံးရတော့ပါမယ်..."

ဟန်လော့ထင်း မကျေနပ်စွာဖြင့် အနမ်းကို ရပ်တန့်လိုက်သည်...
"ပြန်ကြရအောင်..."

ထိုစကားစုတို့က တိုးလျကာ ညင်သာသော်ငြား တုလင်းလန်၏ နားထဲတွင်တော့ မိုးကြိုးတစ်ချက် မြေပြင်ပေါ်ပစ်ချလိုက်သလိုပင်...

သူ၏ လောင်မြိုက်နေသည့် အကြည့်တို့က အရာခပ်သိမ်းကို လောင်မြိုက်သွားနိုင်စေသလို သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသည့် အပူရှိန်တို့ကြောင့် ဒီတစ်ကြိမ် အိမ်ပြန်ခြင်းသည် အနားယူရန်ဆိုသည့် အခြင်းအရာမျှလောက်ဖြင့် ရိုးရှင်းနေလိမ့်မည် မဟုတ်ကြောင်း သူမ ခန့်မှန်းမိလိုက်နိုင်သည်။

သူမတို့၏ ပထမဆုံးည အမှတ်တရသည် ကောင်းမနေခဲ့သလို အတွေ့အကြုံသည်လည်း ပြီးပြည့်စုံမနေခဲ့... ရိုးသားစွာ ပြောရလျှင် ယခုစကားသည် သူမကို တွန့်ဆုတ်ကာ မချင့်မရဲဖြစ်စေသည်... သို့သော် သူသည် သူမကို ဒီတစ်ခေါက်တွင်တော့ လက်ကမ်းပေးလာတော့သည်...
"အိမ်ပြန်ရအောင်..."

သူမကိုယ်သူမ မထိန်းနိုင်လိုက်ခင်မှာပင် သူမလက်လေးကို သူ့ဆီ ကမ်းပေးလိုက်မိလေရင်း သူမတို့၏ အိမ်သို့ပြန်ဖို့ရာ သူ့နောက်လိုက်သွားပါတော့သည်။

******************

အနောက်ဘက်ရှိတံခါး ပိတ်သွားသည့်အချိန်တွင် အေးစက်သည့် ကြောက်စိတ်တို့က သူမ နှလုံးသားထဲသို့ဝင်ရောက်လာသည်။

တုလင်းလန် ခေါင်းငုံ့ထားလေရင်း နှစ်ဦးသား သွေးအေးသွားသည်အထိ အတန်ကြာ ခွာနေဖို့ရာ မသိစိတ်မှလိုလားလျက်ရှိသည်။ ထိုတခဏတွင် သူမတို့နှစ်ဦးစလုံးကို နောင်တရစေမည့် ဘယ်အပြုအမူကိုမှ သူမ မလုပ်ချင်ပေ။

Who Allowed you to Get on the Bed? |Completed|Where stories live. Discover now