Chapter - 40

32.2K 4.6K 566
                                    

#Unicode

သင်ဟာ မည်မျှပင်အင်အားကြီးမာသူဖြစ်နေပါစေ ဘယ်သူတစ်ဦးတစ်ယောက်ကမှ သင့်ကိုမခြောက်လှန့်ရဲလျှင်တောင်မှ သင့်လုပ်ရပ်တွေက သင့်ကိုအိမ်မက်တစ်ခုအသွင်ခြောက်လှန့်နေလိမ့်မယ် ...

သင်ကောင်းတာလုပ်ရင် ကောင်စွာအိပ်ဆက်နိုင်ပြီး လှပတဲ့အိမ်မက်တွေမက်လိမ့်မယ် ... သင့်ထံမှာ လောဘဒေါသတွေပြည့်နေပြီး မကောင်းမှုပြုလုပ်ထားသူဆိုလျှင်တော့ ထိုအိမ်မက်တွေက သင့်ကို ဆွဲချသွားလိမ့်မယ် ...

ရှန်ဖန်းဂူက ပူပန်မှုမရှိ ကျော့မော့တဲ့ဘုံနန်းထက်က မင်းသားအသွင်မွေးဖွားလာခြင်းမျိုးတော့မဟုတ်ခဲ့ဘူး ... ဒီနေရာကိုရဖို့ ချနင်းလာတဲ့အဖွဲ့အစည်းတွေ စတေးလာတဲ့အသက်တွေ မရေမတွက်နိုင်အောင်များပြားသလို ညအိပ်ချိန်တောင်မရှိပဲ စုံစမ်းရတဲ့ကိစ္စတွေ မနားမနေလုပ်ဆောင်ရတဲ့အမှုတွေ အသက်နဲ့ရင်းပြီး တိုက်ပွဲဝင်ခဲ့ရတာတွေကြောင့် အမှောင်နဲ့အလင်းကို ကြီးဆိုးနေတဲ့လူတစ်ယောက်ဖြစ်လာပေမဲ့ သူ့ရဲ့အိပ်ချိန်က လူတစ်ယောက်အိပ်ချိန်ထပ် ၃ စလောက်နည်းပါးနေခဲ့တယ် ...

ထိုအိပ်ချိန် ခနတာလေးက လုံးဝနှစ်ခြိုက်စွာအိပ်မောကျတာမျိုးမဟုတ်သလို သတိကြီးလွန်တဲ့အစွဲကြောင့် လက်ကနာရီသံတစ်ချက်ချက်က သူ့ကိုနိုးထစေပြီး ဖန်းဂူဘဝမှာ နှစ်ခြိုက်စွာ အိပ်မောကျတဲ့အချိန်ကို လက်ချိုးရေရင်တောင် တစ်လမှာတစ်ပတ်မပြည်ဘူး ...

ထိုအိုမီဂါနဲ့တွေ့ခဲ့တဲ့ အချိန် ၃ လအတွင်းမှာ ဖန်းဂူသာမာန်လူတစ်ယောက်လို အိပ်စက်နိုင်တဲ့အပြင် သူ့နေ့ရက်တွေက အေးစက်နေတဲ့အချိန်တွေ တဖြေးဖြေးလျော့နည်းလာပြီး နွေးထွေးသလိုခံစားလာရတယ် ...

ဒါက သူတို့ပြောတဲ့အဖော်ဆိုတာလား ... ဖန်းဂူက အဖော်မလိုအပ်ပေမဲ့ ဒီအိုမီဂါကိုတော့လိုအပ်တယ် ... သူနှစ်ခြိုက်စွာ အိပ်မောကျနိုင်တဲ့ သေငယ်တဲ့အရိပ်သေးသေးလေးတစ်ခုအဖြစ်နဲ့ပေါ့ ...

ပခုံးထက် ဖွဖွလေးထိတွေ့နေတဲ့အထိအတွေ့တချို့ နှဖူးပြင်ပေါ်ကျရောက်လာတဲ့နွေးထွေတဲ့အရာလေး ဒါကအိမ်မက်လားတကယ်လားမသိပေမဲ့ တစ်စုံတစ်ယောက်က သူ့ရဲ့ကိုယ်ကိုထိကိုင်နေတယ်လို့ခံစားရတယ် ...

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now