Chapter - 43

31.8K 4.6K 1.2K
                                    

#Unicode

ခင်္သြေ့နဲ့ကျား စစ်ပွဲ ~ ~ ~

ရှန်ဖန်းဂူက အကျိုးအမြတ်မရရင် အဲ့ဒိအရပ်ကို မျက်နှာမူကြည့်မဲ့ လူစားမျိုးမဟုတ်ဘူး … အချိန်တိုင်း စက္ကန့်တိုင်း သူ့စိတ်အာရုံထဲမှာ ပြည့်နေတာတွေက သူ့အတွက်အကျိုးအမြတ်ရဖို့နဲ့ အန္တရာယ်တွေက ရှောင်ဖယ်နိုင်မဲ့ နည်းလမ်းတွေကို ရှာဖွေဖို့ပဲ …

စိန်ဖြူ ၇ ခုနဲ့ပတ်သပ်ပြီး သတင်းတွေက တည်ငြိမ်နေတယ် … ဒါဆိုရင် အန်းဂါးလ်ဆိုတဲ့ ကျားက Lion ကို အာဏာပိုင်တွေ အထင်မှားစေဖို့ တမင်ရည်ရွယ်ခဲ့ကြောင်း သဘောပေါက်လိုက်ပြီ … ဒီလိုဆိုတော့လဲ ရှန်ဖန်းဂူဆိုတဲ့ Lion က အဲ့ဒိကျား ဘာတွေစီစဉ်နေလဲသိရဖို့ လုပ်ဆောင်ရတော့မှာပေါ့ …

ဘယ်လောက်တောင်အဆင့်သင့်သွားလဲဆိုရင် သူ့သမီးက ဖခင်လုပ်ငန်းကိုနားမလည်တဲ့အပြင် Lion ကိုမှအရူးအမူးဖြစ်နေတယ် … ဒီအရွယ်လေးတွေက အပျော်မက်တော့ ဖခင်ရဲ့အခက်အခဲတွေဘာတွေနားမလည်ပဲ သူဖြစ်ချင်တာကို မစဉ်းမစားလုပ်တော့တာပဲ … ရှန်ဖန်းဂူကလဲ အကျိုးအမြတ်ရမယ်ဆိုလာထား  … ပြီးမှမင်းတို့ကို အဝီစိပို့ပေးမယ်ဆိုတဲ့လူစားမျိုး …

သူမချင်းကပ်ပုံတွေက ဖန်းဂူအတွက် စိတ်အနှောက်အရှက်ရစေတာအမှန်ပဲ … သူကကစားပွဲကို ဘဝနဲ့ရင်းပြီး မကစားချင်ဘူး … ခံစားချက်မရှိပေမဲ့လဲ အဲ့ဒါကမသင့်သော်ဘူးလို့ထင်တယ် … ဒါပေမဲ့ သူမက ဖန်းဂူကို ကစားဖို့တွန်းအားပေးလာတယ် …

ဒီလိုဆိုတော့လဲ ရှန်ဖန်းဂူက ကစားပေးရတော့မှာပေါ့ … အဲ့ဒါနဲ့ပဲ အန်းရက်စ်ဒီနဲ့ စေ့စပ်ဖို့သဘောတူလိုက်တယ် … ဒါက သူဘဝနဲ့ရင်းပြီး ကစားမဲ့ကစားပွဲရဲ့ ပထမဆုံးခြေလှမ်းပဲ … အဲ့ဒိမိသားစုကိုအနိုင်ပိုင်းဖို့ သူ့မှာ ယုံကြည်ချက်အပြည့်ရှိတယ် …

ဒီစေ့စပ်ပွဲကိုလက်ခံလိုက်တာက ဖန်းဂူအန်းဂါးလ်ကို တစ်ဝက်အနိုင်ပိုင်းပြီးသားဖြစ်သွားပြီ … ပထမ ကျားကြီးက ခင်္သြေ့ ရုတ်တရပ် သူ့သမီးကိုလက်ခံလိုက်တော့ မသင်္ကာဖြစ်သွားပုံပဲ … ဒါပေမဲ့ သူ့ဘက်ကကြည့်ရင်လဲ ခင်္သြေ့နဲ့ပေါင်းမိသွားရင် သူ့လုပ်ရပ်တွေကိုဖုံးကွယ်နိုင်သလို့ B မြို့ A မြို့ ၂ ခုစလုံးမှာ အင်အားကြီးသွားမယ်လို့ တစ်ထစ်ချ ယုံကြည်လိုက်ပုံရတယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now