Memory 🐲💫🐼 Part 2

306 16 0
                                        

[Zawgyi]
အပိုင်း (2) Secret Mission

မြေပြင်သို့ ခြေချမိသည်နှင့် တပြိုင်နက် ကျောပြင်ထက်ရှိ ဖြူဖွေး တောက်ပနေသော ငွေမှင်ရောင်အတောင်ပံတစ်စုံမှာ အလိုလိုပျောက်ကွယ်သွားလေသည်။

အရှိန်အဟုန်ဖြင့် ရွာဆင်းနေသော မိုးရေများကြားထဲ Victory တယောက် ကြွက်စုတ်တစ်ကောင်ကဲ့သို့ မိုးများစိုရွဲနေလေပြီ။

ရှေ့ခပ်လှမ်းလှမ်းမှ တုန်ယင်နေသော အရိပ်အယောင်တစ်ခုက Victoryဧ။် အမြင်အာရုံကို ဆွဲဆောင်မိသွားသဖြင့် အနီးကပ်ကြည့်ရှုရန် မိုးရေများကြား ရှေ့ဆက်လျှောက်လှမ်း လာခဲ့လိုက်သည်။

ဝမ်းဗိုက်မှ ဓားတန်းလန်း အထိုးခံထားရသဖြင့် သွေးအလိမ်းလိမ်း ဖြစ်နေသော ဒဏ်ရာနဲ့ လူသားတစ်ဦးကို Victory မြင်တွေ့လိုက်ရဧ။်။

သူရောက်ရှိနေသောနေရာမှာ လူအသွားအလာနည်းသည့် High Way ကားလမ်းမဘေး တစ်နေရာဖြစ်လေသည်။

Victory အဖို့ လူသားတစ်ဦးဧ။် သွေးထွက်ကာ နာကျင်နေသော ပုံရိပ်က သူ့အတွက် ဘာခံစားချက်မှ မဖြစ်ပေါ်စေပေ။

သို့သော် ဒဏ်ရာနဲ့လူသားက နာကျင်စွာဖြင့် သူ့အား အားယူ၍ ခေါင်းမော့ကြည့်မိချိန်တွင်...Victory တယောက် မိမိမျက်နှာ မိမိပြန်မြင်လိုက်ရသဖြင့်....

" Oh my God!" ဟု နှုတ်မှ အလန့်တကြားရေရွတ်ရင်း...

Victory သေချာပြန်ကြည့်သောအခါ မိမိမျက်နှာကို ပြန်မြင်ရခြင်း မဟုတ်ပဲ ထိုလူသားဧ။်မျက်နှာသည်လည်း Victory ကဲ့သို့ ရုပ်ရည်ရှိနေခြင်းမျိုး ဖြစ်နေလေသည်။

တချိန်တည်းမှာပင် ...နှလုံးသားဧ။် အနက်ရှိုင်းဆုံး နေရာမှ စူးကနဲ နာကျင်မှုကို ခံစားလိုက်ရသဖြင့် ညာလက်ဖြင့် ဘယ်ဘက်ရင်အုံကို ဖိထားမိလိုက်သည်။

" ကျွန်တော်... ကျွန်တော့ကို ကူညီပါ" ဟု ဆိုလာသော လူသားဧ။် နာကျင်မှုများ ဖုံးလွှမ်းနေသည့် မျက်ဝန်းကို Victoryမျက်နှာ လွှဲမပစ်နိုင်လောက်အောင် မမြင်ရသော စွမ်းအင်တစ်ခုခုက ဆွဲဆောင်ထားသကဲ့သို့...

Victory လည်း သွေးများစိမ့်ထွက်နေသော ဒဏ်ရာအား မိမိတန်ခိုးအစွမ်းဖြင့် အကူအညီပေးရန် ဟန်ပြင်လိုက်သည်။

Memory 🐲💫🐼 (Completed) Zawgyi & UnicodeМесто, где живут истории. Откройте их для себя