Chapter - 45 ( 🚨🔞🚨 )

58.4K 5.3K 1.3K
                                    

#Unicode

" ကျွန်တော်တို့ ရွာထဲကိုသွားကြမှာလား "

" အင်း ... ရွာထဲက အိမ်တစ်အိမ်မှာ အကူအညီတောင်ကြည့်ကြတာပေါ့ "

" ဒါပေမဲ့ ခများ ဒီလိုနေရာတွေမှာ နေလို့ အဆင်ပြေပါ့မလား "

မင်းယွီက ဖန်းဂူရဲ့အကြောင်းကို မသိသေး၍ ရွေပေါ်မြတင်တဲ့သူဌေးသားလေးက ကိန်းဂဏန်းကြီးပြီး ဒီလိုနိမ့်ကျတဲ့နေရာတွေမှာ နေတတ်မှာမဟုတ်ဘူးလို့ထင်နေပုံပင် ... ဒါပေမဲ့ ဖန်းဂူအတွက် ဒီနေရာက ပြောပလောက်စရာမရှိပေ ... ကျောချဖို့ နေရာတစ်ခုရှိရင်ရပြီ ...

" ကို့အတွက်မပူနဲ့ ... အနားယူဖို့တစ်နေရာရှာကြမယ် "

တောင်တန်းဒေသကိုရောက်ဖူးတာ မင်းယွီအတွက် ဒါကပထမဆုံးပဲ ... လှပတဲ့တောင်တန်းကြီးရဲ့အောက်မှာ ကျယ်ပြန့်တဲ့ကွင်းပြင်တွေရှိနေပြီး သီးနှံတွေ စိုက်ပျိုးထားခြင်းကြောင့် အားလုံးဟာ စိမ်းစိုနေပြီး သဘာဝရဲ့လှပမှုကိုဖော်ကျူးနေလေတယ် ...

သူတို့ ရောက်ရှိချိန်က ညနေ ၅ နာရီဆိုပေမဲ့ နေလုံးကြီးက တောင်ရဲ့ထိပ်မှာ မြှုပ်တဝက်ပေါ်တစ်ဝက်ရှိနေပြီး မကြာခင်မှာ အလင်ရောင်အားလုံးပျောက်ကွယ်သွားမှာဖြစ်ပြီး အရှေ့အရပ်မှာ ဝင်းဝင်းပပထွက်ပေါ်နေတဲ့ လမင်းကြီးရဲ့အလင်းရောင် အစားထိုးလာလိမ့်မည် ...

ဒီနေ့ကလပြည့်ညမို့ လမင်းကြီးက ဝိုင်းဆက်နေပြီး ကောင်းကင်တစ်ခုလုံးမှာလဲ တိမ်ရိပ်ကင်းစင်ကာ ရာသီဥတုက သာယာလှပလွန်းနေတယ် ... မင်းယွီတို့ လူသွားလမ်းလေးအတိုင်လျှောက်လာခဲ့ရာ ၁၅ မိနစ်ခန့်ကြာတော့ ရွာတံခါးဝလေးထံ ရောက်လာခဲ့လေတယ် ...

ဖန်းဂူက ပတ်ဝန်းကျင်ကို အကဲခပ်နေရင်း တစ်စုံတစ်ခုကို သိသွားခဲ့တယ် ... ထိုအရာက လွန်ခဲ့တဲ့ ၂ လလောက်က သူနဲ့ချူးရှန့် ကုန်တင်ကား ၁၀ စီးနဲ့အတူ အလှူလုပ်ခဲ့တဲ့ ရွာတွေထဲက တစ်ရွာဖြစ်နေခြင်းပေ ...

အဲ့ဒိတုန်းက လေမုန်တိုင်းဒါဏ်ကြောင့် အပျက်အစီးအများဆုံးထဲကတစ်ခုဖြစ်ပြီး အိမ်တွေပြုပြင်ဖို့အတွက်လဲ ငွေသားသီးသန့်လှူပေးခဲ့သေးတယ် ... ခုဆိုရင် ရွာလေးက အိမ်ခြေနည်းပေမဲ့ အိမ်အားလုံးက လှပစွာ အသစ်တည်ဆောက်ပြီးဖြစ်ပြီး သူရောက်ဖူးတုန်းကနှင့်ပင်မတူတော့ခြေ ...

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now