၆၆။ကျွန်မရဲ့ တစ်ဦးတည်းသော....

5.2K 450 8
                                    

လုချင်းယီ...၊ မျက်လုံးကို ပွတ်သပ်လိုက်ပြီး သမ်းဝေလိုက်၏။သူမနိုးလာတဲ့ အချိန်က နေ့တစ်ဝက်တောင် ကျိုးနေလေပြီ။

သူမမျက်လုံးဖွင့်လိုက်ပြီး ထဖို့လုပ်လိုက်တော့ သူမရဲ့ ခါးမှာ လက်မောင်းတစ်ဖက်က တင်းတင်းကျပ်ကျပ် ဖက်ထားသလို ခံစားလိုက်ရသည်။

ရုတ်တရက်...သူမ ရှက်သွားမိ၏။

ထို့နောက် ရှန်းရီ ခေါင်းထောင်လာပြီး သူမကို ကြည့်လိုက်ကာ မျက်လုံးပြန်မှိတ်လိုက်ပြီး ခေါင်းအုံးပေါ် ပြန်အိပ်ချလိုက်သည်။ သူ့ရဲ့ ဇနီးလေးက အတင်းရုန်းကန်ဖို့ ကြိုးစားပေမယ့် နောက်ဆုံးတော့ လက်လျော့လိုက်ရသည်။

သူမ ခန္ဓာကိုယ်လေး တစ်ချက် ရွေ့သွားတော့ သူမ ရှုံ့ မဲ့နေ၏။ ' အရမ်းနာတာပဲ...' လုချင်းယီ စိတ်ထဲကနေ ရေရွတ်လိုက်၏။ မနေ့တုန်းက အဖြစ်အပျက်ကြောင့် သူမတစ်ကိုယ်လုံး ကိုက်ခဲနေလေပြီ။

' အမလေး...ငါ လမ်းတောင်လျှောက်နိုင်ပါ့မလား.. ?'

ရှန်းရီက သူမရဲ့ ရှက်နေတဲ့ မျက်နှာလေးကို ကြည့်ပြီး တခစ်ခစ်ရယ်နေ၏။

" ဘာ လာကြည့်နေတာလဲ...? ကျွန်မ စိတ်ကြည်နေတာ မဟုတ်ဘူးနော်...တဏှာရူးရဲ့...''

သူမက သူ့ရင်ဘတ်ကို ထုဖို့ ကြိုးစားလိုက်ပေမယ့် သူက သူမလက်ကို လှမ်းဆွဲရင်း....

" ဘာ...?''
သူက ကျယ်လောင်စွာ ရယ်လိုက်ပြီး သူမလက်ဖမိုးကို တရှုံ့ ရှုံ့နဲ့ နမ်းနေပြန်သည်။

" နိုး..နိုး...ဒါတောင် ကိုယ်လျော့ ပေးထားတာနော်....မင်းပဲ ခွင့်ပြုခဲ့တယ်မလား....?''

သူမက တကယ့်ကို အပျိုစင်စစ်စစ်ပင်။ သူမရဲ့ အထိအတွေ့တွေက သူ့ကို စိတ်လှုပ်ရှားစေပြီး တဏှာရာဂစိတ်တွေ နိုးကြားလာစေသည်။

" ကျွန်မကို လွှတ်တော့...! အင်္ကျီဝတ်ရဦးမယ်.. ''
သူမက စောင်ကိုယူပြီး တစ်ကိုယ်လုံးကို ပတ်လိုက်တော့....

" မင်းရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းကို ကိုယ် မြင်ပြီးပြီ...ထိပြီးပြီ... ဘာလို့ ဖုံးနေတာလဲ...?''

သူမက ခေါင်းအုံးယူလိုက်ကာ သူ့မျက်နှာကို ရိုက်ထည့်လိုက်ပြီး.....

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now