Chapter 10 (Unicode)

14.2K 1K 66
                                    

တိုးဝင်ထွက်ပေါ်လာသောနေရောင်၊တကျီကျီအော်မြည်နေသောငှက်သံများနှင့်အတူDatong၏တနေ့တာလည်းစတင်ခဲ့ပြီဖြစ်သည်။မြို့တော်ရှိလမ်းများထက်တွင်စျေးဝယ်ရန်လာသောဇနီးသည်များနှင့်စျေးသည်များ၏အသံများပြည့်လျံလျက်ရှိသည်။စျေးဆိုင်တန်းများဆီမှလတ်ဆတ်သောမနက်စာရနံ့များသည်မနက်စောစောနိုးထသူများကိုဆွဲဆောင်နေ၏။ပျာပန်းခတ်သွားလာနေကြသောလှုပ်ရှားမှုများအရမြို့တော်၏မနက်ခင်းသည်စောလျှင်စွာစလာပုံရ၏။

နန်းတွင်းရှိကြာကန်အလယ်တွင်တည်ထားသောနန်းဆောင်တွင်ထိုင်နေလျက်ပင်LuCangအတွေးများလျက်ရှိသည်။ယခုအချိန်တွင်Jingစာကြည့်ခန်းအတွင်းရှိနေသည်မှာသေချာလှသည်။နံနက်ခင်းရုံးတော်ပြီးကတည်းပင်ပြန်ထွက်မလာသေး။အလုပ်များနေတာဖြစ်မည်။

LuCangတစ်ယောက်တည်းသွားချင်လှပေမဲ့လည်းJingသိသွားပါကဒေါသထွက်မှာမလွဲမသေပင်။Jingပြန်မလာခင်ပြန်ရောက်နိုင်တာပဲ။ထွက်သွားသင့်လား?

ထိုင်ပြီးတွေးတောနေရုံဖြင့်တော့လိုရာရောက်တော့မည်မဟုတ်။
အခြေအနေများကိုဖြေရှင်းရန်Jingဆီသွားဖို့သာဦးတည်လိုက်သည်။

Jingဆီသွားရာလမ်းမှာပင်ဧကရာဇ်ထံရေနွေးအပို့လာသောXiao Gui Ziနဲ့တိုး၍

"အာ..Xiao Gui Zi....Jing...အရှင်မင်းကြီးအလုပ်များနေလား"

ဧကရာဇ်တာဝန်နှင့်အလုပ်များနေလျှင်အလိုက်မသိပဲနှောင့်ယှက်မိမှာစိုး၍လုချန်မေးလိုက်သည်။

"သခင်Lu, အရှင်မင်းကြီးကဒီနေ့စာလွှာများအမြောက်အများရ၍အလုပ်များနေပါတယ်..
ဒီနှစ်ဒီအချိန်ကတော့ပုံမှန်ဖြစ်ဆဲကာလပါပဲ..

"ဟမ်..ဘယ်လိုလုပ်ရပါ့မလဲ"

"အရှင်မင်းကြီးကိုပြောစရာရှိလို့လား သခင်Lu"

ဧကရာဇ်နှင့်အတူနေရန် Lu Cangပြောင်းလာစဥ်ကတည်းကLu Cangတာဝန်များကိုလည်းXiao Gui Ziပဲတာဝန်ယူခဲ့ခြင်းဖြစ်သည်။ချောမောလှသောမျက်နှာပြောင်းလဲနေပုံထောက်တော့စိတ်အလိုမကျတစ်ခုတော့ရှိနေဟန်တူသည်။

"သခင်Lu,တစ်ခုခုပြောစရာရှိရင်အရှင်မင်းကြီးကိုလျှောက်တင်လိုက်ပါ..နည်းနည်းလေးမှအနားမယူပဲအလုပ်ဆက်တိုက်လုပ်နေတဲ့အရှင်မင်းကြီးလည်းသခင်Lu ကိုတွေ့လိုက်ရရင်ဝမ်းသာသွားမှာပါ"

ပုံမှန်ဆိုလျှင်နှစ်တနှစ်၏အလုပ်အရှုပ်ဆုံးအချိန်၌ညီတော်TongXinမြို့စားကိုသာအပ်ကာအရှင်မင်းကြီးကိုယ်တိုင်ကတော့ထွက်ပြေးနေပြီဖြစ်သည်။ဝန်အမတ်များကိုလည်းဒီအတိုင်းသာဘယ်လုပ်ရမှန်းမသိလွှတ်ထားခဲ့သည်။ထိုသူများလည်းTongXinမြို့စားဆီကိုသာပြေးတွေ့ရသည်။အမွှာညီဖြစ်သော်လည်းထိုသို့ပျော်ပါးသောနေရာ၌အရှင်မင်းကြီးနှင့်လားလားမှမတူ။ယုံကြည်အားထားရသောသူဖြစ်ကာပေးအပ်လာသောတာဝန်ကိုလုံ့လဝီရိယရှိထား၍လုပ်ဆောင်လေ့ရှိသည်။အရှင်မင်းကြီးပေါ်တွင်ထားသောမတုန်လှုပ်သောသစ္စာတရားသည်ချီးကျူးထိုက်၏။

သခင်Luရောက်ရှိလာသောအချိန်မှာတော့အရှင်မင်းကြီးသည်သင်ခန်းစာရသွားပုံပေါ်သည်။ထွက်ပြေးရင်တောင်အဝေးကြီးမသွားတော့။သခင်Luအနားတွင်သာရှိ၍သခင်Luသွားခွင့်ရှိသောနေရာများမှာလည်းလက်ချိုးရေလို့ပင်ရသည်။ထို့ကြောင့်လည်းအရှင်မင်းကြီးကိုရှာတွေ့ရန်လွယ်ကူလှသည်။

သခင်Luနန်းတွင်း၌မနေစဥ်အခါမနက်တိုင်းဧကရာဇ်ကိုXiao Gui Ziသွားကြိုရသည်။နည်းနည်းတော့အဆင်မပြေပေမဲ့လည်းအရှင်မင်းကြီးဘယ်မှာလဲသိနိုင်၍တော်သေးသည်။ယခုအခါအပို့အကြို ဒုက္ခများမရှိတော့ပေမယ့်လည်းအခြားပြဿနာတစ်ရပ်ကရှိနေသေးသည်။

မနက်ပိုင်းလုပ်ငန်းစဥ်များကိုကူညီပေးရန်အိပ်ဆောင်သို့ဝင်လိုက်တိုင်းရရှိလေ့ရှိသောထူထဲလှသည့်အချစ်ရနံ့များကိုအခုအချိန်ထိအသားမကျနိုင်သေး။ချထားသောလိုက်ကာများနောက်တွင်သခင်လုသည်အမြဲတမ်းငြိမ်သက်စွာအိပ်စက်နေခဲ့သည်။တစ်ပတ်မျှကြာတော့သခင်လုသည်အိပ်ရေးမက်သောသူပဲလား ပြင်းထန်လှသောကာမစပ်ယှက်ခြင်းကြောင့်မေ့မျောနေခဲ့တာလားသူသိခဲ့ပေမဲ့ဘယ်တော့မှတော့အတည်မပြုခဲ့။

သခင်လုကိုအရှင်မင်းကြီးနည်းအတိုင်းစောင့်ရှောက်ပေးရန်ဆလျှာက်တင်ခဲ့ပေမဲ့သခင်လုကငြင်းဆိုခဲ့သည်။အရှင်မင်းကြီး၏ဒေါသနှင့်ရှေ့အရင်ဖြစ်ရပ်များကိုကြားဖူးသည်မို့ရေခတ်ပေးခြင်းနှင့်အဝတ်အစားပြင်ပေးခြင်းသာXiao GuI Ziလုပ်ရသည်။ထို့နောက်သခင်လုသွားနေကျများကိုမသွားခင်မနက်စာပြင်ပေးရသည်။သနားစရာကောင်းသောသခင်လုသည်အရှင်မင်းကြီးခွင့်ပြုထားသောနေရာမှလွဲပြီးအခြားနေရာသွား၍မရ။

သို့ပေမဲ့အခုရက်ပိုင်းဝတ်ရုံပြင်ပေးလျှင်ထိုဝတ်ရုံကိုငေးစိုက်ကြည့်နေတတ်သည်။စိုးရိမ်ပူပန်သောအသွင်နှင့်ဖြစ်သည်။ပြီးလျှင်Xiao Gui Ziကိုတစ်စုံတစ်ရာမေးမြန်းလိုတဲ့အသွင်ပေါ်လာပေမဲ့ဘာမှမပြောလာခဲ့။ယခုအချိန်မှာလည်းထိုသို့အမူအရာပေါ်နေတာကြောင့်ဘာမှန်းမသိပေမဲ့Xiao Gui Ziအားတတ်ရာတတ်ကြောင်းပြောလိုက်ခြင်းဖြစ်သည်။

စာကြည့်ဆောင်သို့ဝင်သွားချိန်တွင်အတွင်းဝန်အမတ်နှစ်ဦးထံမှတင်ပြချက်များကိုJingနားထောင်နေဆဲဖြစ်သည်။Xiao Gui Ziလက်ဖက်ရည်ဆက်သကာပြန်ထွက်သွားသည်။ဝန်အမတ်နှစ်ဦးသည်လုချန်ရှိရာဘက်အရိုအသေပေးလာ၏။

"သခင်လု"

နန်းတွင်းရှိလူအများသည်ကျင်းအနားမှာရှိလျှင်လုချန်ကိုလေးစားကြောင်းပြကြ၏။ပြီးလျှင်အများစုသည်နောက်ကွယ်မှာမကောင်းပြောကြသူများသာ။ထိုသူများနှင့်အဆက်အဆံမရှိသောလုချန်အဖို့အတင်းအဖျင်းတွေကိုလည်းဂရုမစိုက်တော့။သို့ပေမဲ့လည်းထိုသူများအနားရှိနေလျှင်စိတ်မသက်မသာတော့ဖြစ်မိသည်။မနာလိုမှုများကြောင့်စိမ်းရောင်တောက်နေသောမျက်လုံးတွေကိုတော့မဆိုနဲ့တော့။

"အရှင်မင်းကြီး"

အခြားသူများရှိနေတာကြောင့်လုချန် ဂုဏ်ပုဒ်နှင့်အတူဂါဝရပြုလိုက်သည်။
Jingဆီမှခေါင်းငြိမ့်ပြမှုနှင့်အတူLu Cangဘေးတွင်သာအသာရပ်စောင့်နေလိုက်သည်။

သူသိသောJingသည်အဆင့်တန်းမြင့်မားသောသူဖြစ်သော်လည်းဖြစ်သော်လည်းဂရုမထားတတ်သောစိတ်နေစိတ်ထားရှိသောသူ၊ရုပ်တည်နှင့်တောင်နားရှက်စရာတွေပြောတတ်သောသူ၊တုံ့ဆိုင်းခြင်းမရှိရိုင်းပြစွာတုံ့ပြန်တတ်သောသူဖြစ်ပါလျက်နှင့်ယခုကဲ့သို့တည်ကြည်ရင့်ကျက်သည့်ပုံစံ၊ဆန်းပါးရှုပ်ထွေးသောစကားများပြောနေပုံမျိုးကိုတွေ့လိုက်ရတိုင်းLu Cangအံ့သြမင်သတ်စမြဲပင်။

နောက်ဆုံးဝန်အမတ်ထွက်သွားချိန်တွင်ရုတ်ချင်းပင်LuCangဘေးအပြေးသွားကာခါးတစ်ဝိုက်လက်နှင့်ရစ်ပတ်ပြီးပါးထက်သို့အနမ်းခြွေရင်း

"ကဲ..ဘာလိုချင်လို့လဲ"

"အာ..အဲ့တာက...ဟမ်း..."

စကားပင်ဆုံးအောင်မဆိုလိုက်နိုင်ပူနွေးလှသောနှုတ်ခမ်းအစုံနှင့်လျှာဖျားလေးကထိုးဝင်ရောက်လာသည်

"Jing"

အနှီနှာဘူးကောင်ရှေ့ဆက်စခန်းမသွားခင်အားနှင့်တွန်းထုတ်လိုက်သည်။အောက်ကဧကရာဇ်ငယ်လည်းထလာပြီဆိုရင်ကျင်းကရပ်တော့မည်မဟုတ်။နှုတ်ခမ်းတွေကိုဖိပွတ်ပြီးကျင်းအားတည့်တည့်ကြည့်ကာ

"Jing..ငါမြို့ထဲသွားစရာရှိတယ်"

စိတ်အလိုမကျမှုနှင့်အတူLu Cangကိုယ်လုံးလေးအားရင်ခွင်တွင်းသွင်းလိုက်ပြီး

"ဘာအတွက်လဲ"

ရင်ခွင်ထဲတွင်လုချန်ရှိနေတိုင်းသူ၏တင်းမာမှုတွေသည်လည်းတစ်မျိုးတစ်ဖုံပြေလျော့သွားတတ်၏။ဤမြေအားအုပ်ချုပ်မင်းလုပ်သူဧကရာဇ်ဆိုသောပြရပ်ကိုလုချန်ရှေ့တွင်တော့ဆက်ထိန်းထားစရာမလို။

"တစ်...တစ်ခု...ခု.. ဝယ်မလို့"

"အင်း??"

အနူးညံ့ဆုံးနည်းနှင့်ကျင်းမေးလာတိုင်းလုချန်ပြေးပေါက်မရှိသလိုခံစားရသည်။နောက်ဆုံးတော့လည်းမြို့ထဲသွားဖို့ရာအကြောင်းပြချက်ကိုပြောပြလိုက်ရုံသာရှိသည်။

"အဝတ်တစ်ချို့ဝယ်ချင်လို့"

Lu Cangတစ်ကိုယ်လုံးအားမြင်သာနိုင်သောနေရာသို့ရွေ့စေပြီးခေါင်းအစခြေအဆုံးကြည့်ရှုရင်း

"ဘာလို့အဝတ်ဝယ်မှာလဲ..အခုအဝတ်တွေကဘာဖြစ်လို့လဲ"

နည်းနည်းလေးပဲလွဲနေသည်မဟုတ်..ဝတ်ဆင်ထားသောဝတ်ရုံတစ်ခုလုံးမှားနေခြင်းဖြစ်သည်။

နန်းတော်သို့ရောက်စဥ်ကတည်းကမိဖုရားများသာဝတ်ဆင်သောဇာမဏီငှက်ပုံပါသည့်အဝတ်ကိုအတင်းဝတ်ခိုင်းတာကြောင့်လုချန်ငြင်းဆိုရင်းပုံမှန်ဝတ်နေကျများသာဝတ်ဆင်ခဲ့သည်။သိူ့ပေမဲ့လည်းနဂိုမူလအဝတ်အစားများမှာတော့Xiao Gui Ziပြောသည့်အတိုင်းပျောက်ချင်းမလှပင်ပျောက်ကုန်ကြသည်။

သားရဲစိတ်ဝင်လာပြီဆိုလျှင်လည်းအဝတ်များကိုဆုတ်ဖြဲတတ်သောကျင်း၏အကျင့်ကရှိနေပြန်သေးသည်။အဓိကအဖြဲခံရသည်များကတော့အတွင်းခံများသာ။အခုဆိုလျှင်အောက်အဝတ်မှာအနည်းကျဥ်းမျှသာကျန်တော့သည်။နန်းတွင်းရှိပ်ချုပ်သမားကိုချုပ်ခိုင်းဖို့ရန်ကျတော့လည်းရှက်စရာကောင်းလှသည်၊

အတွေးများနှင့်အတူမထိန်းချုပ်နိုင်စွာပါးများရဲတတ်လာပြီး

"ဘာပဲဖြစ်ဖြစ်မြို့ထဲသွားကိုသွားရမှာ..ခွင့်ပြုမှာလား..ခွင့်မပြုဘူးလား"

တစ်ခုခုဆိုလျှင်ကလေးတစ်ယောက်လိုJingအမိန့်အားတောင်းခံနေရသည်ကိုမနှစ်သက်လှပေမဲ့လည်းတူညီသည့်အမှားတော့နှစ်ခါထပ်အဖြစ်မခံနိုင်။အရင်တစ်ခါပျောက်သွားခဲ့စဥ်ကအချိန်တော်တော်ကြာခဲ့သည်မဟုတ်ပါလား။

"ကောင်းပြီ...ငါလည်းလိုက်ခဲ့မယ်..ဘယ်လိုကြည့်တာလဲ..အလုပ်တွေလည်းပြီးပြီ..သွားရအောင်"

Jingစိတ်လှုပ်ရှားစွာပင်Lu Cangလက်အားတွဲရင်းစာကြည့်ဆောင်အတွင်းမှထွက်လိုက်သည်

"ဘာဝတ်သွားကြမလဲ"

ကျင်းနောက်တွင်လုချန်သည်ပြုံး၍လိုက်ပါလာသည်။မြို့တော်တွင်ရနိုင်သောအဝတ်များမှာမီးငှက်အသွင်ပါမလာမှာတော့သေချာသည်။

••••••••••

ပျော်ရွှင်ဖွယ်ဖြစ်ရပ်များကိုမြင်ယောင်နေရင်းနှင့်ပင်LuCangသတိမထားမိဘဲပြုံးတောင်ပြုံးမိသွားသည်။အခုလိုတည်ငြိမ်အေးချမ်းနေသောအချိန်မှာပျော်ပါးတတ်သောချစ်ရသူကျင်းကိုသတိရမိသည်။အခုအချိန်တွင်Jingနှင့်အတူရှိနိုင်မည်ဆိုလျင်ရှက်ရှက်နှင့်ပင်အတင်းဝတ်ခိုင်းထားသည့်ဇာမဏီငှက်ပုံပါသောဝတ်ရုံကိုဝတ်ချင်ပါသေးသည်။

ဇရပ်ဆောင်တစ်ခု၌ထိုင်နေခြင်းဖြစ်ပြီးကန်အတွင်းငါးများကူးလားသွားလာနေသည်ကိုထိုင်ကြည့်နေ၏။ဆောင်းဥတုကိုကြိုဆိုလျက်ရှိသောလေညင်းအချို့တစ်ချက်တစ်ချက်ရောက်ရှိလာမှုနှင့်အတူအပူချိန်မှာလည်းအေးစိမ့်လျက်ရှိသည်။နဖူးသို့ဝဲကျလျက်ရှိသောဆံစများကိုကစားနေသောအနှီလူသားမျက်နှာကတော့ဝေဒနာကြောင့်ပူဆွေးသောကရောက်လျက်ရှိသည်။တစ်ဖျက်ဖျက်တောက်နေသောရေကန်မျက်နှာပြင်သည်ညနေခင်း၏ရောင်ခြည်တန်းကိုခံယူလျက်ရှိသည်။လေနှင့်အတူကခုန်လျက်ရှိသောမေပယ်ရွက်များသည်ရေကန်အထက်ဖြန့့်၍ကျဆင်းလာကြသည်။

သာယာလှသောရူခင်းကပင်စောင့်မျှော်နေသူ၏နှလုံးသားကိုသက်သာအောင်ကုစားမပေးနိုင်တော့။Jingနဲ့အတူကြည်နူးစရာကောင်းသောအချိန်ကာလများနှင့်နာကျင်စရာကောင်းသောကာလများသည်Lu Cangလွမ်းဆွတ်မှုကိုပိုတိုးစေခဲ့သည်။

Shu Chengမှာတော့ထိုင်လျက်ပင်ခံစားချက်မျိုးစုံပြောင်းနေသောLu Cangအားအဝေးကနေငေးကြည့်ရုံသာတတ်နိုင်တော့သည်။တစ်ခါတစ်ရံပျော်ရွှင်နေသောပုံပေါ်ပြီးတစ်ခါတစ်ရံအတွေးကျွံရင်းမျက်မှောင်ကျုံ့နေတတ်သည်။ပူဆွေးနေသောမျက်လုံးအစုံသူ့အားကြည့်လာရန်ဘယ်လိုလုပ်ရမည်ကိုနည်းလမ်းလည်းမသိတော့။အကြိမ်များစွာကြိုးစားခဲ့ပေမဲ့လည်းအရာမရောက်ခဲ့။Shu Chengမဝန်ခံချင်ပေမဲ့လည်းသူ၏ဆွဲဆောင်မှုသည်LuCangအပေါ်သက်ရောက်ခြင်းစိုးစဥ်မျှရှိမနေခဲ့။တစ်သက်မှာတစ်ခါပဲသာဧကရာဇ်Jingကြောင့်ကြုံဖူးခဲ့သောအဖြစ်လည်းဖြစ်သည်။

Mingdiသို့LuCangရောက်ရှိနေသည်မှာတစ်လခန့်ပင်ရှိသွားပြီ။Zhengအမိန့်ကိုဖီဆန်မှုနှင့်ထောင်ကျနေတုန်းတစ်ဦးတစ်ယောက်၏အမိန့်အရDing Pengခေါ်ထုတ်လာခြင်းဖြစ်သည်။

မသေချာသေးသောကျင်းအခြေအနေကြောင့်Zhengပေးသောအပြစ်ကိုသာခံယူမည်ဟူပြီးDing Pengလာခေါ်သည်ကိုငြင်းဆိုခဲ့သည်။ကျင်းဘေးနားမှရှိနေမယ်ဆိုလျှင်ဘယ်လိုအခြေအနေမျိုးမဆိုသူလက်ခံနိုင်သည်။

လုချန်စိတ်ထဲမှာဘာပဲရှိနေရှိနေZheng၏အမိန့်ကိုDing Pengငြင်းဆို၍မရ။Lu Cangကိုထောင်ဖောက်ခေါ်ဆောင်ပြီးကျင်းကျန်းမာမလာသေးခင်အထိလုံခြုံတဲ့နေရာမှာထားဖို့အမိန့်ပေးခဲ့သူသည်Zhengပင်ဖြစ်သည်။ စစ်ရေးစစ်ရာမပြီးပြတ်သေး၍Mingdi၌Mu Yueရှိနေဆဲဖြစ်ရာLuCangလုံခြုံဖို့ရန်Mingdiသို့ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။အန္တရာယ်ကျရောက်လာလျှင်လည်းMu Yueမှကာကွယ်ပေးနိုင်မည်ဖြစ်ပြီးအိမ်ရှေ့စံHuan Shu Chengရန်ကိုလည်းMu Yueကာကွယ်ပေးမည်ဟုDing Pengတွတ်ထားခဲ့သည်။


ခေါင်းမာတတ်သောဓားမြဖြစ်သည်နှင့်အတူLu Cangလက်မခံခဲ့ပေမဲ့လည်းDing Peng၏ကျင်းအနားတွင်အမြဲတမ်းစောင့်ရှောက်ပေးမည်ဖြစ်ကြောင်းနှင့်ကောင်းသတင်းပဲဖြစ်စေဆိုးသတင်းပဲဖြစ်စေလာရောက်အကြောင်းကြားပါမည်ဟုကတိပေးမှုများကြောင့်သာMingdiသို့လာရန်နောက်ဆုံးလက်ခံခဲ့ခြင်းဖြစ်သည်။
မျက်လုံးဖွင့်သည်နှင့်LuCangကိုပထမဆုံးတွေ့ချင်နေသည်မှာမလွဲမှန်ကန်လွန်းလှသည့်အစ်ကိုတော်ကြောင့်လုချန်ကိုထောင်ထဲတွင်သာထည့်ထားရန်Zhengစဥ်းစားခဲ့သေးသည်။သို့ပေမဲ့လည်းတိတ်တဆိတ်ကြံစည်ဖို့ရာအခွင့်အလမ်းများတာကြောင့်ဝန်အမတ်များမကြံစည်ခင်လုံခြုံသောနေရာပို့ရန်လိုအပ်၏။လုချန်အပေါ်တွင်လွန်စွာရစ်တွယ်နေပြီဖြစ်သောအစ်ကိုတော်၏စိတ်နှလုံးသားကိုသူသိသည်။နှစ်ပေါင်းများစွာဘေးမှာထားခဲ့သည့်အပြင်လုချန်ပျောက်သွားစဥ်အခါကအစ်ကိုတော်၏ပုံစံကသက်သေပြလျက်ရှိသည်။အမိန့်ပြန်တမ်းလည်းရှိသေးသည်။လုချန်ကိုဘေးတွင်အမြဲသိမ်းထားဖို့ရန်ကြံရွယ်ကာထုတ်ပြန်ခဲ့သောအမိန့်ပြန်တမ်း။

နှလုံးစုံအတွင်းတွင်တော့LuCangအားအဝေးပို့ဆောင်မှုကြောင့်ရောက်ရှိလာမည့်အစ်ကိုတော့်အပြစ်ဒဏ်ကိုခံရန်အသင့်ဖြစ်နေပြီ။မည်သို့အပြစ်ဒဏ်ဖြစ်နေပါစေသေဒဏ်တော့ဟုတ်လောက်မည်မထင်။

Lu Cangရောက်ရှိလာမှုနှင့်အတူအိမ်ရှေ့စံHuan Shu Cheng၏ပျော်ရွှင်မှုမှာထိန်းချုပ်မထားနိုင်တော့။သို့သော်ငြားလည်းLu Cangမှာအချိန်တိုင်းတွင်ရှောင်နေသည်ကများပြီးအတူရှိနေလျှင်ပျော်ရွှင်ကြောင်းစိုးစဥ်မျှမပြ။

နေ့စဥ်နေ့တိုင်းခန္ဓာကတော့Mingdiတွင်ရှိနေပေမဲ့လည်းစိတ်ကတော့အခြားတစ်နေရာလွင့်မြောလျက်ရှိသည်။ထိုမြင်ကွင်းကိုမြင်လိုက်တိုင်းShu Chengရင်ထဲအပ်နဲ့စိုက်သလိုနာကျင်လာတတ်၏။

လုချန်ကိုအနှောင့်အယှက်မပေးလိုပေမဲ့လည်းတိုးညှင်းသောအသံကထိန်းမရပဲထွက်လာသည်။သူ့ကိုကြာ့်စေချင်ပြီးတွေးနေသမျှကိုလည်းမေ့ပျောက်စေချင်သည်။

"Lu Cang"

ရုတ်တရပ်နာမည်ခေါ်လိုက်သံကြောင့်LuCangလန့်သွားမိသည်။Mingdi၌ရှိနေသည့်အချိန်တွင်Huan Shu Chengသည်သူ့အပေါ်အများကြီးကောင်းပေးခဲ့သည်။အိမ်ရှေ့စံဟူသောဂုဏ်ပုဒ်အားဘေးချရင်းLuCangနှင့်အတူစကားပြောပေးခဲ့သည်။အတင်းကြီးနီးကပ်အောင်မကြိုးစားခဲ့ပဲအလိုက်သင့်နေပေးချင်းကLu Cangကိုများစွာစိတ်သက်သာရာရစေသည်။ကိုယ်ပိုင်စိုးရိမ်သောကများနှင့်ပြည့်လျံနေသောပန်းကန်အတွင်းသို့ Lu Cangဘာကိုမှထပ်မထည့်ချင်တော့။

အိမ်ရှေ့စံ၏ပုံမှန်မဟုတ်သောခံစားချက်များကိုမြင်နေရပေမဲ့လည်းမိတ်ဆွေဖြစ်ခွင့်အားLu Cangမငြင်းဆိုနိုင်ခဲ့။နာမည်နှင့်ခေါ်တာကိုလည်းလုချန်ခွင့်ပြုပေးခဲ့သည်။သူကိုယ်တိုင်ကတော့အိမ်ရှေ့စံကိုနာမည်နှင့်ခေါ်ဖို့စိတ်မသတ်မသာဖြစ်တာကြောင့်ငြင်းဆိုခဲ့သည်။အိမ်ရှေ့စံကိုနာမည်ရင်းနှင့်ခေါ်ကြောင်းကျင်းသိသွားလျှင်ဖြစ်သွားမည့်မျက်နှာကိုတွေးနေမိသည်။

"Sir Huan"

ပန်းချီကားတမျှလှပသောရေအိုင်ရှိရာမှအကြည့်များသည်Shu Chengရှိရာသို့ရောက်ရှိလာသည်။မျက်ရည်များနှင့်ပြည့်နေမည်ဟုမှန်းဆခဲ့သောမျက်ဝန်းးအစုံသည်ကြည်လင်လျက်ရှိသည်။သူချစ်စိတ်ဝင်မိခဲ့သောအမျိုးသား၏ပြတ်သားသောအသွင်ကိုအမှတ်ရမိစေသည်၊

"Datongဆီကသတင်းရသေးလား"

Shu Chengကိုတွေ့တိုင်းထိုမေးခွန်းမေးလေ့ရှိသည်။Shu Chengခေါင်းကိုခါယမ်းရင်းLu Cang ရှေ့၌ထိုင်လိုက်သည်

"Datongကစာပို့သူရောက်ရောက်ချင်းအကြောင်းကြားပါလို့အစောင့်တွေကိုမှာထားပါတယ်"

"သိပါပြီ"

လုချန်အကြည့်များကောင်းကင်ထက်ရောက်ရှိသွားသည်။မြှားလောက်နှင့်ဘာမှမဖြစ်ဟုဝံ့ကြွားစွာပြောခဲ့သည့်လူလိမ်လူညာရှေ့တည့်တည့်သွားပြီးLu Cangကျိန်ဆဲအော်ဟစ်လိုက်ချင်သည်။အခုအချိန်မှာတော့ဘာတွေဖြစ်နေပြီလဲဆိုတာလုချန်မသိ။တိုးဝင်လာသောသောကစမ်းချောင်းငယ်သည်ရင်တွင်း၌ပြည့်လျံလာပြီးစိတ်အဟုန်ကိုအောက်ခြေထိတိုင်အောင်ဆွဲခေါ်လျက်။

Jing..ငါမင်းနာမည်ခေါ်နေတာကိုရောကြားရဲ့လား...ငါ့တို့ဘယ်လောက်တောင်ဝေးကွာနေပြီလည်းဆိုတာဘယ်သူကပြောနိုင်မှာလဲ..ဒီဘဝမှာကောပြန်ဆုံနိုင်ပါ့မလား

Datongသမားတော်တွေဖြေဆေးအချိန်မှီရှာဖွေတွေ့ရှိပါရဲ့လား
ဖြစ်နိုင်တာက.....

မဟုတ်ဘူး!!!!!

အတွေးထဲမှာတောင်အဆိုးဖက်ဖြစ်နိုင်ချေများကိုထည့်မတွေးချင်။Jingမရှိပဲသူဘယ်လိုလုပ်အသက်ရှင်နိုင်မှလဲ?မည်မျှပင်ကြောက်မက်ဖွယ်ကောင်းလှသည့်အနာဂတ်ပါလား။ဤရက်ပိုင်းအတွင်းသူအသက်ရှင်လျက်ရှိနေခြင်းသည်ကျင်းသည်ငရဲမင်းကိုအနိုင်ယူလျက်ကံတရားပြောင်းလဲနိုင်မည်ဖြစ်ကြောင်းလုချန်ယုံကြည်ထားခြင်းကြောင့်သာဖြစ်သည်။ကြီးမြတ်လှသောဧကရာဇ်ကျင်းဇုန်ပဲမဟုတ်ပါလား။ဘေးဖြစ်နေမှမဟုတ်။အန္တရာယ်ကင်းမှာသေချာသည်။

ရှုပ်ထွေးလှသောအတွေးတို့သည်နှလုံးသားအားဆုပ်ကိုင်ထားသလိုပင်နာကျင်လွန်းလှသည်။ထို့ကြောင့်သတိမထားမိတော့ပဲနှလုံးသားထက်လက်ဖြင့်အုပ်ကိုင်ကာမျက်နှာကလည်းရှုံမဲ့နေသည်။

LuCangနာကျင်နေရသည့်မြင်ကွင်းကိုမြင်နေရလျက်ပင်ဘာမှပင်မစွမ်းဆောင်နိုင်သောကိုယ့်ကိုယ်ကိုပင်Shu Chengပြန်မုန်းမိသည်၊လုချန်မနှစ်မြို့တာမျိုးမရှိစေရန်သူ၏ရည်ရွယ်ချက်သည်နွေးထွေးသောမိတ်ဆွေအဖြစ်သာဖြစ်ကြောင်းShu Chengတမင်အကြောင်းပြခဲ့သည်။လုချန်စိတ်ပျော်ရွှင်လာရန်သူနည်းမျိုးစုံသုံးခဲ့သည်ဖြစ်ပေမဲ့လည်းဘယ်သောအခါမှအရာမထင်ခဲ့။Mingdiမှရူမျှော်ခင်းများရှိရာကိုShu Chengခေါ်ဆောင်သွားတိုင်းငြင်းဆိုခြင်းမရှိသလိုစိတ်ဝင်စားပုံလည်းမပြ။ရယ်စရာအကြောင်းအရာတစ်ခုခုပြောလိုက်တိုင်းလည်းလုချန်သည်အတင်းပြုံးထားရသောအသက်မပါသောအပြုံးသာပြုံးပြလာတတ်သည်။တစ်ကြိမ်တစ်ခါတော့တောက်ပစွာထွက်ပေါ်လာသောအပြုံးသည်ဧကရာဇ်ကျင်းဇုန်အကြောင်းပြောသောအခါတွင်သာထွက်ပေါ်လာ၏။လုချန်ပျော်ရွှင်နေသောမျက်နှာကိုမြင်ချင်လွန်း၍သာမကျေမနပ်မှုများကိုချိုးနှိမ်ရင်းသူကြားဖူးသမျှဧကရာဇ်ကျင်းဇုန်အကြောင်းများကိုပြောပြခဲ့သည်။

ညသန်းခေါင်ယံအချိန်လုချန်အိပ်ပျော်နေတုန်းအိပ်ဆောင်သို့Shu Chengခိုးဝင်ခဲ့ဖူးသည်။ရင်ကွဲအသဲကြေစေသောမြင်ကွင်းနှင့်သာတိုးခဲ့သည်။ဧကရာဇ်၏နာမည်အစားတစ်နေ့နေ့တော့သူ့နာမည်ခေါ်လာကောင်းခေါ်လာနိုင်ပါသည်။

Shu Chengဤသို့ဖြစ်နေသောကိုယ့်ကိုယ်ကိုလည်းမုန်းမိသည်။လိုချင်တာဘာမဆိုအရယူတတ်သောသဘာဝအရရယူရန်ခက်ခဲလေလေသူ့အားစိန်ခေါ်လေလေဖြစ်သည်။လက်လျော့သင့်နေပေမဲ့လည်းLu Cang၏အဆုံးအစမရှိအချစ်များပိုင်ရှင်သည်သူဖြစ်ချင်နေသေးသည်။အကြောင်းပြချက်များပေးကာကိုယ့်ကိုယ်ကိုထိန်းကွပ်ထားပေမဲ့လည်းဘာအကြောင်းမှမသိခင်အချိန်ကတည်းကလုချန်ထံစိတ်နှလုံးအစုံကရောက်ရှိနေနှင့်ပြီ။
တင့်တယ်လှပသောလူသားနှစ်ဦးသည်စကားမဆိုပဲအတွေး၌သာမျောပါနေကြသည်။ဖော်ပြရန်ခက်ခဲသောမရေရာသောခံစားချက်များနှင့်ရင်ဆိုင်နေရသည်။

"Lu..."

တစ်စုံတစ်ရာပြောရင်ပြင်လိုက်စဥ်မျက်လုံးထောင့်မှအစောင့်တစ်ဦးအပြေးရောက်လာသည်ကိုတွေ့လိုက်ရသည်


"အရှင်မင်းသား"

Shu Chengထရပ်စေလိုက်ပြီး

"ဘာဖြစ်လို့လဲ?ဘာလို့ဒီလောက်တောင်အလျင်လိုနေတာလဲ"

"လျှောက်တင်ပါသည် အရှင်မင်းသား..မြို့တံခါးဝမှာစောင့်နေတဲ့ရဲမက်ထံမှအကြောင်းကြားလာပါတယ်..Datongမှသတင်းပို့သူသုံးယောက်ရောက်ရှိလာပါသည်..အရှင်မင်းသားမှာကြထားသည့်အတိုင်းတပ်မှူးDing Pengလို့သေချာတာနဲ့ရဲမက်တွေကခေါ်လာပါပြီ"

ကြားရသောသတင်းနှင့်အတူLu Cangထခုန်မတတ်ပင်ပျော်ရွှင်သွားပြီး

"တပ်မှူးDingရောက်လာတာလား"

Mingdiကိုရောက်ရှိသောပထမရက်ကတည်းကစောင့်ခဲ့ရသောသတင်းဖြစ်တာကြောင့်နှင့်တူသည်။တပ်မှူးDingPengရောက်လာသည်ဆိုသောသတင်းကြောင့်နှလုံးသားသည်ပွင့်ထွက်မတတ်ခုန်လျက်။ဘာသတင်းပဲဖြစ်နေပါစေကျင်းနှင့်ပတ်သတ်သည်ဆိုလျှင်မသေချာမရေရာသောလုချန်ခံစားချက်များကိုပြေလျော့ပေးနိုင်လိမ့်မည်။
ကျစ်ကျစ်ပါအောင်လက်နှစ်ဖက်ကိုဆုပ်လိုက်ရင်းDing Pengအားပြေးတွေ့ရန်ထရပ်လိုက်သည်

"Lu Cang..ခဏစောင့်ပါဦး"

ပြေးတွေ့မည့်အရှေ့ကိုပိတ်ရပ်လိုက်သောShu Chengကြောင့်စိတ်အနှောက်အယှက်ဖြစ်သွားသည်။စကားမဆိုပဲစိုက်၍လုချန်ပြန်ကြည့်လိုက်သည်။

"သင်အမြန်ပြေးတွေ့ချင်တာသိပေမဲ့လည်းမသင့်တော်သောနေရာတွင်သတင်းပြောကြားရင်အခက်သင့်ပါလိမ့်မယ်..ဒီကပဲစောင့်တာပေါ့..မကြာခင်ရောက်လာပါလိမ့်မည်"

Lu Cangငြင်းဆန်ကာထွက်သွားချင်ပေမဲ့လည်းပုခုံးကိုဆုပ်ကိုင်ထားသောShu Chengကြောင့်ရပ်မြဲရပ်နေဆဲဖြစ်နေသည်။အားနှင့်ရုန်းတာတောင်Shu Chengလှုပ်သွားခြင်းမရှိ။အိမ်ရှေ့စံနဲ့သိကျွမ်းခဲ့သောအချိန်မှစပြီးအနှီအိမ်ရှေ့စံသည်အားအင်အရသူ့ထက်သာလွန်ပြီးကျင်းနှင့်တန်းတူမျှရှိသည်ကိုလုချန်သိသည်။လေးစားမိပေမဲ့လည်းမလိုအပ်ပဲရှေ့မှာလာပိတ်နေသောအိမ်ရှေ့စံ၏လုပ်ရပ်ကိုတော့လုချန်မနှစ်မြို့လှ။

တောင်းဆိုချက်ပြုတာကိုလက်ခံသည့်ပုံမပါ်သောလုချန်ပုခုံးထက်တွင်လက်နှစ်ဖက်တင်ကာအားပြု၍ထိုင်စောင့်စေလိုက်သည်။မျက်ဝန်းများစုံသွားကြ၏။ပုခုံးပေါ်လက်တင်ထားပြီးShu Chengသည်လုချန်စိတ်ငြိမ်စေဖို့ရာအပြုံးဖျော့ဖျော့ပြုံးပြနေ၍လုချန်မှာတော့မပျော်ရွှင်လှစွာကြည့်လျက်ရှိသည်။

ဇရပ်ဆောင်ရှိရာသို့ဦးတည်လာနေသောအစိုးမရလှသောခြေသံများကြောင့်လုချန်အကြည့်သည်လာရာလမ်းသို့ရောက်ရှိသွားသည်။Datongမှအထောက်တော်များရောက်လာပြီဖြစ်သည်။

ရောက်ချင်းပင်တွေ့လိုက်ရသည့်အထင်လွဲဖွယ်မြင်ကွင်းကြောင့်DingPengမျက်မှောင်ကျုတ်မိသွားသည်။အချိန်တိုလေးအတွင်းမှာတောင်နှစ်ယောက်သားဆက်ဆံရေးကဒီအခြေအနေတွေတောင်ရောက်ကုန်ပြီလား။LuCangကိုMingdiပို့မိတာမှားများသွားပြီလား။MuYueကရောဘာမှဝင်မတားဘူးလား။ပြောရင်းနဲ့Mu Yueဘယ်ရောက်နေတာလဲ။

Shu Chengနှင့်လုချန်ပြီးတော့အစောင့်တစ်ယောက်သာDing Pengတွေ့သည်။Mu Yueကိုတော့ဘယ်မှာမှမတွေ့။

ပခုံးပေါ်တွင်ရှိနေသောလက်နှစ်ဖက်ကိုတွန်းဖယ်ကာLu Cangမတ်တပ်ထရပ်လိုက်ပြီး

"တပ်မှူးDing...Jingဘယ်လိုနေသေးလဲ"

ကျင်းယုံကြည်ရသောသူများရှေ့တွင်နာမည်မတပ်ခေါ်သင့်ကြောင်းနှင့်သူတို့သည်လည်းဤအချင်းအရာအပေါ်ဧကရာဇ်ကိုမလေးစားရာကျ၍မနှစ်မြို့ကြောင်းသိပေမဲ့စိုးရိမ်စိတ်ကြောင့်လောကဝတ်ဆိုတာလည်းဂရုမထားနိုင်တော့။

Ding Pengနှင့်အရံတပ်သားနှစ်ယောက်ဝင်လာရာလမ်းမှပဲMu Yueရောက်ရှိလာပြီး

"တပ်မှူး Ding..အရှင်မင်းကြီးအခြေအနေဘယ်လိုရှိပါသလဲ"

Ding Pengနှင့်ပါလာသူကိုMu Yueတစ်ချက်ကြည့်ပြီးမျက်မှောင်ကျုံ့မိသွားသည်၊

"သခင်Lu, စစ်သူကြီးMu, အရှင်မင်းသား"

လက်နှစ်ဖက်ကိုရှေ့ယှက်လျက်Ding Pengဂါဝရပြုလိုက်သည်။

"တပ်မှူးDing, ကျေးဇူးပြုပြီးပြောပါဦး Jingဘယ်လိုနေလဲ?အဆင်ပြေရဲ့လား"

ဖြေမည့်အစားDingPengသည်တစ်မျိုးတစ်ဖုံကြည့်လာ၏။ဘာတုံ့ပြန်စကားမှထွက်မလာသည့် Ding Pengဟန်ကတစ်ခုခုကိုပြောသင့်သလားမပြောသင့်သလားတွေးတော့နေသည့်ဟန်။

ထိုအသွင်ကြောင့်ပဲLuCangရင်တွင်းမှာတော့သဲကန္တာရအတွင်းမီးတောက်လောင်နေသလိုပင်။စကားဆိုမလာသောDing PengဆီမှMu Yueဆီသို့အကြည့်လွှဲလိုက်သည်။မှုန်သုန်ကာမျက်နှာထားဆိုးလှသောMu Yueအသွင်သည်ကျင်းမြှားထိသွားစဥ်ကတည်းကထိုအတိုင်းဟုShu Chengကတော့ပြောသည်။

ဘာမှမပြောနိုင်ရှာသောDingPengကိုပြန်ကြည့်ပြီးရုတ်တရက်တိုးဝင်လာသောအသိတစ်ခုကြောင့်LuCangမူလထိုင်နေခဲ့ရာနေရာသို့ပြန်ယိုင်ကျသွားသည်။ခြေထိပ်ဖျားကိုအသိလွတ်လျက်ကြည့်နေပြီးအသက်ရူသံခပ်ပြင်းပြင်းကအတိုင်းသားကြားနေရသည်။ဆောင်းဦးနှောင်းပိုင်း၏လေအေးများသည်ဗလာဖြစ်နေသောအဆုတ်အတွင်းပြည့်လျံလာကျသည်။လှုံဆော်ရန်လွယ်ကူလွန်းသောစိတ်အစုံကိုတည်ငြိမ်လိုတည်ငြိမ်ငြားလေပြေညင်း၌ကပ်ပါလာသောမွှေးရနံ့ကိုရူရှိူက်မိ၏။ဟန်ချက်ညီသွားသည်နှင့်တစ်ကမ္ဘာလုံးကိုပင်ရင်ဆိုင်နိုင်သည်ဟုလုချန်ခံစားလိုက်ရသည်။
ယိုင်နဲ့နေသောကိုယ်ခန္ဓာကိုပြန်လည်မတ်ပြီးDingPengပြောလာမည့်မည်သည့်အကြောင်းအရာမဆိုနားထောင်ရန်အသင့်ပြင်လိုက်သည်။

အရှေ့တွင်မြင်တွေ့နေရသောလုချန်၏ပုံစံသည်Ding Pengအမြင်မှာတော့အရင်လိုမဟုတ်ပဲမတည်ငြိမ်ခြင်းတွေထင်ဟပ်နေ၏။

"သခင်Lu ဒီသတင်းကိုယူဆောင်လာရတဲ့အတွက်တောင်းပန်ပါတယ်..
ဒါပေမဲ့လည်းအသင် သိသင့်တယ်ထင်လို့ပါ..အဲ့..အဲ့တာက
အရှင်မင်းကြီး..."

DingPengပြောလက်စစကားကိုရပ်တန့်လိုက်သည်။သူ့မျက်ဝန်းများကလည်းအဆင်မပြေမှုများပြည့်နှက်နေသည်။တွန့်ဆုတ်နေသောအသွင်ဖြင့်တိုးညှင်းစွာ

"အရှင်မင်းကြီး နတ်ရွာစံသွားပါပြီ"

ရုတ်တရက်ကြားလိုက်ရသောမထင်မှတ်ထားသည့်သတင်းကြောင့်အကုန်ထိတ်လန့်သွားကြသည်။ဆောင်းဦးလေညှင်းနဲ့အတူသယ်ဆောင်လာသည့်ပျော်ရွှင်မှုတို့သည် ရုတ်ချင်းပင်အေးစက်သွားတော့သည်။
လုချန်ထံမှဘာအသံမှထွက်မလာသလိုShu Chengဆီမှအပြုံးလည်းပျောက်ကွယ်သွားသည်။Shu Chengအကြည့်များသည်ညို့ယူဖမ်းစားနိုင်သောလူသားထံသို့မမှိတ်မသုန်ရောက်ရှိနေ၏။

Ding Pengဆိုစကားကြောင့်Mu Yueမျက်လုံးများအံ့သြသင့်မှုနှင့်ပြူးကျယ်လာ၏။အမျက်ဒေါသကြောင့်မျက်နှာလည်းရှုံတွနေသလိုလက်သီးတင်းတင်းဆုပ်ထားသည်။

"ရိုင်းလိုက်တာ..ဘယ်လိုအဓိပ္ပာယ်မရှိတဲ့စကားလဲ..တပ်မှူးDing"

ဒေါသတကြီးတုံ့ပြန်လာသောMu Yueကိုအဓိပ္ပာယ်ဖော်ရန်ခက်ခဲသောအမူအရာနှင့်Ding Pengကြည့်နေသည်။တောင်းပန်သည့်အနေဖြင့်ခေါင်းခါယမ်းပြလာ၏။တတ်နိုင်ကြောင်းထက်လွန်ကဲနေသောသတင်းကြောင့်Ding Pengလည်းကူရာကယ်ရာမဲ့။Ding Peng၏တောင်းပန်လာသောအသွင်ကြောင့်အခြေအနေကိုလက်ခံနိုင်ရန်Mu Yueအတတ်နိုင်ဆုံးတည်ငြိမ်အောင်ကြိုးပမ်းလိုက်သည်။

အကုန်လုံး၏အကြည့်တွေသည်လုချန်ထံရောက်ရှိလာ၏၊သည်းထန်စွာမဟုတ်ရင်တောင်တိုးတိတ်စွာငိုကြွေးလောက်မည်ဟုထင်မှတ်ထားခဲ့သောLu Cangမှာယခုအခါကန်ရေပြင်ကဲ့သို့တည်ငြိမ်နေချင်းပင်။

"ဘယ်တုန်းကလဲ"

အကြည့်ချင်းဆုံကာမေးလာသောလုချန်ကြောင့်Ding Pengအတန်ငယ်ပင်ထိတ်လန့်မိသည်။

"အာ...အကြမ်းအားဖြင့်ဆယ်ရက်ခန့်ကပါ..ကတိပေးထားတဲ့အတိုင်းအမြန်လာခဲ့ပါတယ်"

"အကြမ်းဖျဥ်း?"

လုချန်မျက်ခုံးရိုးတွန့်တတ်သွားသည်။Ding Pengနှင့်အကြည့်ချင်းမလွှဲပဲလိုအပ်သောအဖြေစစ်ဆေးမေးမြန်းနေသည့်အသွင်ပေါ်နေ၏။

"ဟုတ်ပါတယ်..ဆယ်ရက်ခန့်ကပါ"

DingPengလည်းထိုကဲ့သို့သောသတင်းကိုသယ်ဆောင်လာသည့်သူဖြစ်ရသည့်ကိုယ့်ကိုယ်ကိုကျိန်ဆဲရင်းလုချန်နှင့်ဆက်မကြည့်နိုင်ပဲလုချန်ပုခုံးထက်သို့သာအကြည့်လွှဲလိုက်သည်။ပူပန်သောကတွေနှင့်စိတ်မသိုးမသန့်ဖြစ်မှုတွေသည်ဆယ်ဆမျှတောင်တိုး၍တတ်လာ၏။

လုချန်မျက်မှောင်ကျုတ်လျက်တွေးဝေနေရင်းရှေ့ဘာဆက်လုပ်ရမည်စဥ်းစားနေပုံရသည်။အတော်ကြာစဥ်းစားနေပြီးနောက်ဆုံးဖြတ်ချက်ချလိုက်၏။

တစ်လလုံးအလေးထမ်းထားသလိုလေးလံနေခဲ့သောနှလုံးဆိုင်သည်သက်ပြင်းတစ်ချက်နှင့်အတူလိုက်ပါသွား၏။နောက်ဆုံးတော့မသေချာမရေရာသောအခြေအနေများမှလွတ်မြောက်နိုင်ပြီ။မနှစ်မြို့ဖွယ်သတင်းနှင့်DingPengရောက်ရှိလာပေမဲ့ခေါင်းအစခြေအစုံးတည်ငြိမ်အေးချမ်းသွားသလိုသာခံစားရသည်။ပိနေခဲ့သောဝန်လေးမှုများထံမှလွတ်မြောက်သွားသလိုပုခုံးထက်၌လေးလံမှုများသည်လည်းပေါ့ပါးသွား၏။ပုံမှန်ပြန်ခုန်လာသောရန်ခုန်သံနှင့်အတူLuCangမျက်နှာထက်၌စိတ်သက်သာရာရသောအပြုံးတစ်ခုဖြစ်တည်သွားသည်။

ပုံမှန်မဟုတ်ပဲ တည်ငြိမ်လွန်းလှသောLu Cangအပြုအမှုအပေါ်Shu Chengလွန်စွာစိုးရိမ်မိသလိုသံသယလည်းဝင်လာသည်။လုချန်ဘာလို့အဲ့လောက်တောင်တည်ငြိမ်ရတာလဲ?ဘယ်လိုသတင်းမျိုးပဲဖြစ်ဖြစ်ရင်ဆိုင်နိုင်မည်လို့ဒီအတော်အတွင်းပြင်ဆင်ခဲ့လို့လား?မဖြစ်နိုင်..သူသိသောလုချန်သည်အဆိုးများကိုတွေးတောကာလွန်စွာပူပန်သောကရောက်နေတတ်သောသူဖြစ်၏။

"Lu Cang..ကြားရတာစိတ်မကောင်းဖြစ်မိပါတယ်"

လုချန်ကိုနှစ်သိမ့်ပေးဖို့ရာထပ်တူဝမ်းနည်းပူဆွေးကြောင်းပြောရင်းအနားတိုးလာသည်။လုချန်ကိုစူးစိုက်ကြည့်ပြီးပုခုံးပေါ်လက်တင်ကာဖွဖွလေးဆုပ်ကိုင်ပေးလိုက်သည်။သောကပွားစရာသတင်းကြားရတာတောင်တည်ငြိမ်နေသောလုချန်အသွင်သည်နှစ်သိမ့်ပေးဖို့ရာမလိုပေမဲ့Shu Chengလက်မဖယ်ပေးသေး။လုချန်အသားကိုနှစ်သက်လှစွာဆက်လက်ကိုင်တွယ်ထားပြီးသူ၏ရဲတင်းမှုအပေါ်လည်းအားတတ်လျက်ရှိသည်။

အရင်နေ့များနှင့်မတူအသားချင်းထိသည်အားငြင်းဆန်ဟန်မပြသောလုချန်သည်ဆုံးရှုံးမှုအပေါ်သောကများနေသည်မှာဖြစ်နိုင်သည်။Shu Chengအားကျေးဇူးတင်ဟန်ဖြင့်လက်ကိုအသာပုတ်ကာခေါင်းငြိမ့်ပြလာသောလုချန်မျက်နှာထက်ဝမ်းနည်းပူဆွေးမှုဆိုတာအစရှာမရ။Shu Chengသည်နောက်တစ်ကြိမ်မျှတင်းတင်းဆုပ်လိုက်ပြီးမလွှတ်ချင်ပေမဲ့လည်းပုခုံးထက်မှဖယ်ရှားပေးလိုက်သည်။

Ding Pengနှင့်တပ်သားနှစ်ယောက်ရှိရာဘက်လှည့်ပြီး

"ခရီးဝေးကိုအမြန်ခရီးနှင်လာရတာပင်ပန်းနေပြီထင်ပါတယ်..ဒုက္ခများပေးမိအတွက်တောင်းပန်ပါတယ်"

LuCang၏တုံ့ပြန်မှုတွေဟာစိတ်ရှုပ်ထွေးစရာဖြစ်နေပေမဲ့လည်းတောင်းပန်စကားမှာတော့စိတ်ရင်းများပါလျက်ရှိသည်။

"မဟုတ်ပါဘူး..သခင်Lu ကိုပေးထားတဲ့ကတိအတိုင်းလုပ်ဆောင်ခြင်းပါ"

"တပ်မှူးDing အဲ့လိုခေါ်စရာမလိုတော့ပါဘူး..Jingလည်းမရှိတော့ဘူးဆိုတော့Datongကိုမပြန်တော့ပါဘူး"

ကတိပေးထားတဲ့အတိုင်းသတင်းဆိုးကိုလာလျှောက်တင်မိတာကိုပင်မှားသွားသည်ဟု Ding Pengထင်မှတ်လာတော့သည်။Lu Cangသည်အမြဲတမ်းသူ့ကိုလေးစားသမှုနှင့်ဆက်ဆံလေ့ရှိသည်။
ယခုတော့ Lu Cangသည်Mingdiမှာပဲနေတော့မည်။အနှီကိစ္စမှာတော့Ding Peng ဒုက္ခများချေလှပြီ

"သခင်Lu.."

တစ်စုံတစ်ရာကိုပြောရန်ဟန်ပြင်လိုက်ပေမဲ့လည်းပြောစရာစကားရှာမတွေ့ဖြစ်ကာနောင်တတွေနဲ့အတူDing Pengခေါင်းငိုက်စိုက်ချသွားသည်။

"Sir Huan..ကျွန်တော်မျိုးDatongကိုမပြန်တော့ဘူးဆိုတော့ဒီမှာနေခွင့်ပြုပါရဲ့လား
Mingdiမှာနေဖို့ခွင့်ပြုမယ်ဆိုရင်တဲစုတ်ကလေးဆိုရင်တောင်အဆင်ပြေပါတယ်"

Shu Cheng သူ့နားသူပင်မယုံကြည်နိုင်တော့။လုချန်ကMingdiမှာနေဖို့တောင်းဆိုလာတာလား?ဧကရာဇ်မရှိတော့လျှင်ကိုယ်စားအုပ်ချုပ်သူမှလုချန်ကိုမကွပ်မျက်ဘူးလို့ဘယ်သူမှအာမခံနိုင်မည်မဟုတ်။သို့သော်ငြားလညတည်ငြိမ်လွန်းလှသောလုချန်အသွင်မှာသံသယဝင်စရာကောင်းလှပေသည်။သူကိုယ်တိုင်ဟုတ်ပါ့မလားတောင်ထင်ရသည်။

Mu Yueနှင့်Ding Pengကိုကြည့်တော့လည်းမဖော်ပြလိုသောခံစားချက်များကိုအကောင်းဆုံးကြိုးစား၍ထိန်းနေပုံရသည်။Mu Yueမှာတော့ဧကရာဇ်နတ်ရွာစံသွားပြီဟုDing Pengပြောလာကတည်းကစိတ်အနှောက်အယှက်ဖြစ်မှုတွေနှင့်အတူမျက်မှောင်ကျုံ့နေခဲ့သည်။Ding Pengကိုယ်၌ကတော့သတင်းဆိုးကိုဘယ်ဆောင်ရသည့်အပေါ်ပူပင်သောကရောက်နေပုံရပြီးစိတ်ချမ်းမြေ့မှုမရှိသောအသွင်ပေါ်နေသည်။ပြောရလျှင်ဘယ်လိုမျက်နှာထားမျိုးထားရမှန်းသူ့ဟာနှင့်သူတောင်သိသည့်ပုံမပေါ်။

အခြေအနေအပေါ်ဝင်ရောက်လာသောသုံးသပ်ချက်ကိုလက်ကိုင်ထားကာအဖြေရှာရန်အတွက်အလိုက်သင့်Shu Chengပြောလိုက်သည်။

"လုချန် မေးနေစရာပင်မလိုပါဘူးMingdiကဘယ်အချိန်မဆိုကြိုဆိုနေလျက်ပါ
နှိမ့်ချနေစရာလည်းမလိုပါဘူး Mingdi ရုံးတော်ကအဆင့်မြင့်ရာထူးကိုခံယူထိုက်သူပါ"

"ချီးမြှောက်မှုကိုမခံယူထိုက်ပေမဲ့လည်းကျေးဇူးပါ"

နွေးထွေးစွာပြုံးပြလာသောလုချန်မျက်ဝန်းများသည်စတွေ့စဥ်အခါတုန်းကလိုပဲတောက်ပနေ၏။အမြစ်ချကာနေထိုင်လျက်ရှိခဲ့သောဝမ်းနည်းမှုနှင့်စိုးရိမ်ကြောင့်ကျမှုတွေသည်ခြေရာလက်ရာတောင်မကျန်ခဲ့ပဲအရည်ပျော်ကုန်ပုံရသည်။လုချန်ပျော်ရွှင်မှု၏အဓိကအကြောင်းအရာကိုနားလည်သွားချိန်တွင်သည်ဝမ်းနည်းမှုတွေသည်သူ့ရင်တွင်းပြည့်လျံလာ၏။

Shu Chengကြောင့်မဟုတ်တာကဆိုးသည်။ဝမ်းနည်းမှုနှင့်စိုးရိမ်ကြောင့်ကျမှုတွေကိုပပျောက်စေသောသူသည်Shu Chengမဟုတ်။သက်ဝင်ရှင်သန်လာသောအကြည့်များသည်Shu Chengကြောင့်မဟုတ်။ထိုအတွေးနှင့်အတူလွန်စွာနောင်တရမိသည်။သတိမထားမိတော့ပဲလုချန်ကိုငေးကြည့်နေရာမှမျက်နှာကိုအုပ်ကိုင်ရန်လက်က...

"အဟမ်း"
Ding Peng၏တမင်ချောင်းဆိုးသံကြောင့်Shu Chengသတိဝင်လာပြီးလက်ကိုပြန်ရုတ်လိုက်သည်။ဤဆွဲဆောင်မှုရှိသောလူသားကိုသူမပိုင်။ကိုယ့်စိတ်ခံစားမှုမှာကိုယ်မျောပါပြီးသတိလက်လွတ်ထိလိုက်၍မဖြစ်။

"တပ်မှူးDing..သခင်LuကMingdiမှာနေရန်ဆုံးဖြတ်လိုက်ပြီဆိုတော့တပ်မှူးDingနဲ့နောက်လိုက်တွေလည်းDatongမပြန်ခင်ရက်အနည်းငယ်ခန့်အနားယူသွားပါလား?"

လေးလံလာသောနှလုံးစိုင်နှင့်အတူခါးသီးသောခံစားချက်များကိုသိုဝှက်ကာDing Pengရှိရာသို့မျက်နှာမူလိုက်သည်။

Ding Pengအကူအညီမဲ့စွာဖြစ်နေသောအကြည့်ဖြင့်Lu Cangအားကြည့်ကာ

"သခင်Lu ...တကယ်က....အရှင်မင်းကြီးက"

သူ၏အကျပ်အတည်းကိုသင့်တင့်အောင်ဘယ်လိုရှင်းပြမလဲDing Pengမသိ။LuCang၏Mingdiမှာနေရန်ဆုံးဖြတ်ချက်နှင့်အတူDing Pengဘေးကျပ်နံကျပ်ထဲရောက်လျက်ရှိသည်။

"ဆရာHuan.ဘယ်လိုပြောလိုက်တာလဲ..Datongကိုချက်ချင်းပြန်သွားသင့်တာပေါ့..အခုကအပျော်ခရီးလာတာမှမဟုတ်တာ..တာဝန်ထမ်းဆောင်ရန်လာကြတာလေ..အရေးကြီးတဲ့သတင်းပေးဖို့ပဲလာကြတာ"

"တောင်းပန်ပါတယ်..ပင်ပန်းနေကြပြီထင်လို့အနားယူဖို့ပြောလိုက်တာ...Datongကိုအပြန်ခရီးကလည်းကြမ်းတမ်းလွန်းလှတာကြောင့်ပါ"

Lu Cangခပ်ဟဟရယ်လိုက်ကာ

"မဖြစ်နိုင်တာ..တန်ဖိုးရှိလှတဲ့အချိန်တွေကိုဘာလို့အလဟဿလုပ်ပစ်မှာလဲ..
ဟုတ်တယ်မလား..တပ်မှူးDing"

"အရှင်မင်းသား.ဒီလောက်ကပြည့်စုံလုံလောက်ပါတယ်.ကျွန်တော်မျိုးတို့တာဝန်လည်းပြီးပြီဆိုတော့ ပြန်တော့ပါမည်"

လုချန်မှထွက်သွားခိုင်းနေပြီဖြစ်ကြောင်းDing Pengနားလည်သည်။မထွက်ခွာခင်တစ်ခုခုအားပြောပြလိုဟန်ဖြင့်Lu Cangအားကြည့်နေပြန်သေးသည်။လုချန်သည်လွန်စွာတည်ငြိမ်နေပြီးကြားရသောသတင်းအပေါ်လည်းထိတ်လန့်ခြင်းမရှိ။လေးပင်နေသောဝန်ထုတ်ဝန်ပိုးများအောက်မှလွတ်မြောက်သွားသလိုDing Pengနှင့်နောက်ပါများရှိရာဘက်သို့အပြုံးဖျော့ဖျော့နှင့်ကြည့်နေသည်။Ding Pengလည်းမတတ်သာပဲခေါင်းခါယမ်းမိသည်။မရည်ရွယ်ပေမဲ့လည်းTongXinမြို့စားသည်အရှင်မင်းကြီး၏အချစ်တော်ကိုအခြားသူလက်တွင်းလက်ဆောင်ထည့်ပေးခဲ့မိပြီထင်သည်။TongXinမြို့စားမှLu Cangကိုထောင်ဖောက်ပြီးလုံခြုံတဲ့နေရာပို့ပေးရန်အမိန့်ပေးစဥ်အခါကMingdiကိုရွေးချယ်မိခဲ့သည့်ကိုယ်သည်အဆိုးရွားဆုံးအပြစ်ကိုကျူးလွန်မိခဲ့ပြီ။TongXinမြို့စားကတော့ထိုစဥ်ကအိမ်ရှေ့စံ၏လုချန်အပေါ်ရှိသောစိတ်ကိုမသိပေမဲ့သူကတော့သိနေခဲ့တာပဲမလား။နောင်တတရားတွေနှင့်စိုးရိမ်ကြောင့်ကြမှုတွေသည်ရင်တွင်းလေးလံလာတော့သည်။မှားယွင်းခဲ့သောဆုံးဖြတ်ချက်များ၏အကျိုးဆက်ကြောင့်မိသားစုကိုပင်နှုတ်ဆက်ခွင့်ရနိုင်ပါတော့လေမလားတွေးရင်းDing Pengရင်ထဲပူလောင်လာတော့သည်။

ဆယ်လှမ်းမျှပင်ရောက်သွားပြီးနောက်Lu Cang၏ရုတ်တရက်ခေါ်ငင်မှုနှင့်အတူ

"တပ်မှူးDing..ဆိုင်းငင့်ပါဦး..မေ့တော့မလို့"

Ding Peng ရှေ့တည့်တည့်ရပ်ကာ

"Datongကိုမပြန်တော့ဘူးမလို့အရှင်မင်းကြီးထံစကားပါးပေးပါလား..အခြားကမ္ဘာမှာဂရုတစိုက်နေပါ..ကျွန်တော်မျိုးLu Cangအမြဲဆုတောင်းနေပါတယ်လို့ ပြီးတော့Lu Cangအမြဲတမ်းအရှင်မင်းကြီးကိုသတိတရရှိနေပြီးဒီမှာပျော်အောင်နေပါမယ် စိတ်မပူပါနဲ့လို့"

အော်...ဒါကြောင့်ကိုး..

Lu Cang ဘာကြောင့်တည်ငြိမ်နေမှန်းDing Pengအခုမှသာနားလည်တော့သည်။ဝမ်းနည်းခြင်း၏လွှမ်းခြုံမှုကြောင့်ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းတွေပျောက်ဆုံးကာအမှန်တရားကိုမျက်လုံးစုံမှိတ်၍လက်မခံနိုင်ဖြစ်နေသည်ဟုအစကDing Pengထင်ခဲ့သည်။သူ၏အလွန်အမင်းပူဆွေးမှုကြောင့်အခြားသူများအနှောင့်အယှက်မဖြစ်အောင်သိုဝှက်ထားသည်လို့တောင်ထင်လိုက်သေးသည်။နောက်ဆုံးတော့Ding Pengထင်နေခဲ့သည်များတစ်ခုမှဟုတ်မနေခဲ့။

တည်ငြိမ်နေသည်မှာလည်းအလုံးစုံကိုသိနေခဲ့လို့။Ding Pengခမျာတော့လုချန်ကိုအရင်လိုလူတွေအားအပြင်ပန်းကကြည့်၍အကဲခတ်နိုင်စွမ်းမရှိသူဟုယူဆနေခဲ့ဆဲ။သူ့မှာတော့နောင်တတွေရောစိတ်ရှုပ်ထွေးမှုတွေပါရောပြီးသေဒဏ်အားလက်ခံဖို့အသင့်ပြင်နေခဲ့တာ။ဒါပေမဲ့အကုန်လုံးကနောက်ပြောင်နေခြင်းသတ်သတ်။

"ပြီးတော့.."

တစ်လျှောက်လုံးအရူးလုပ်ခံနေရသည့်သူ့အဖြစ်အားသူ့ကိုယ်သူပင်မယုံကြည်နိုင်တော့။နှလုံးသားသည်ခပ်ပြင်းပြင်းခုန်နေပြီးမြင်မြင်သမျှသည်အနီရောင်လွှမ်းကုန်၏။တော်တော်ပင်ဒုက္ခပေးသည့်စုံတွဲ!ဘယ်အချိန်မှဒီလိုစိတ်ဒုက္ခပေးတာကရပ်ကြမှာလဲ?နောက်ဆုံးသောလက်ကျန်ကောက်ရိုးမျှင်ကိုဆွဲထားသောတုန်ခါနေသည့်မီးတောင်သည်ပေါက်ကွဲလာတော့၏။

"တော်လောက်ပြီ!!!!!!"

Ding Pengစိတ်မထိန်းနိုင်စွာပင်အော်လိုက်သံကြောင့် Lu Cangစကားရှေ့မဆက်လိုက်ရ။လုချန်ကိုဒေါသတကြီးကြည့်လာပြီးလက်သီးလည်းတင်းတင်းဆုပ်ထားသည်။ပြီးလျှင်အံတင်းတင်းကြိတ်ကာစကားဆိုလာသည်။

"တော်လောက်ပြီ..ပြီးတော့အသင်..အသင်ပြောချင်တဲ့သူကိုတိုက်ရိုက်ပြောလိုက်..ဒီလိုရူးရူးနှမ်းနှမ်းကစားပွဲမှာမပါချင်တော့ဘူး"

ဘေးဘက်ရှိမျက်နှာမပေါ်ရန်ခေါင်းငုံ့ထားဆဲဖြစ်သောတပ်သားအားညွှန်ပြလျက်ပင် Ding Pengမျက်နှာသည်ဒေါသကြောင့်နီရဲနေ၏။လုချန်နှင့်ထိုတပ်သားကိုလည်းဒေါသတကြီးကြည့်နေသည်။ရုတ်ရက်ပေါက်ကွဲလာသောDing Pengလုပ်ရပ်ကြောင့်အားလုံးလည်းအံ့သြကုန်ကြသည်။နောက်ကလိုက်တော့မည့်Mu Yueပင်Ding Peng၏ဆိုစကားကြောင့်တုံ့ကနဲရပ်သွားသည်။

အားလုံးထဲတွင်အထိတ်လန့်သွားဆုံးသူကလုချန်ဆိုရင်မမှားပေ။မသိလျှင်Ding Pengပဲခေါင်းနှစ်လုံးထွက်လာပုံနှင့်မယုံကြည်နိုင်စွာငေးကြည့်နေသည်။သူသိသော်တပ်မှူးသည်သည်းငြီးခံသောနေရာတွင်သူမတူအောင်မြင့်မားသူဖြစ်သည်။အဆိုးဆုံးအခြေအနေမှာတောင်ဒေါသထွက်တာမျိုးလုချန်မမြင်ဖူးခဲ့။အမြဲတမ်းတည်ငြိမ်နေခဲ့သောသူသည်အခုအချိန်မှာတော့လုချန်နှင့်ထိုတပ်သားကိုအရှင်လတ်လတ်ဝါးစားတော့မည့်အသွင်နှင့်ကြည့်နေ၏။ပြောချင်ခဲ့သောစကားသည်လည်းလေထဲကိုသာအငွေ့ပြန်တတ်သွားသည်။

အလွန်ပင်လန့်ဖြန့်နေသောLu Cangအသွင်ကြောင့်Mu Yueပင်ရယ်မိသွားသည်။သူ၏ရယ်သံသည်လေးလံနေသောအခြေအနေကိုအနည်းငယ်တော့ပေါ့ပါးသွားစေသည်။ကောင်းလိုက်တာ..ဘယ်သူကများDing Pengစိတ်ကိုသွားစမ်းခိုင်းလို့လဲ?

Ding Pengဘေးနားသွားရပ်ကာပခုံးပေါ်လက်အသာတင်ရင်း

"မင်းဘယ်လောက်ထိဒီအခြေအနေကိုသည်းငြီးခံနိုင်မလဲစောင့်နေတာ"

Ding Pengကိုဆွဲခေါ်သွားကာနောက်ပါတပ်သားကိုလည်းလိုက်ခဲ့ရန်အချက်ပြလိုက်သည်။Ding Pengညွှန်ပြခဲ့သောတပ်သား၊အူတူတူဖြစ်နေသောလုချန်နှင့်ထိုမြင်ကွင်းကိုတိတ်ဆိတ်စွာရပ်ကြည့်နေသောလုချန်သာကျန်ခဲ့သည်။

Lu Cangနှင့်ထိုတပ်သားမှာတော့နှစ်ဦးသားချုပ်တည်းထားသောအပြုံးများနှင့်ကြည့်လျက်။

နောက်ဆုံးမှာတော့တပ်သားလည်းကစားပွဲ၌ရှုံးနှိမ်ခြင်းကိုလက်ခံသည့်အနေဖြင့်ခေါင်းဆောင်းကိုချွတ်လိုက်သည်။နှင်းကဲ့သို့ဖြူဖွေးလှသောအသားအရေသည်လေဟာပြင်သို့လစ်ဟာကျလာတော့သည်။အနက်ရောင်မျက်ဝန်းများကနေရောင်ခြည်၏ရောင်ပြန်ဟပ်မှုကြောင့်မဟူရာကျောက်ရိုင်းနှယ်တလက်လက်တောင်ပနေသည်။ပြီးပြည့်စုံစွာနေရာယူထားသောနှာဖျားလေးသည်နှင်းဆီးသွေးရောင်နှုတ်ခမ်းတို့နှင့်ပနှံတင့်လျက်ရှိသည်။ဒီမျက်နှာလေးကိုပြန်တွေ့ဖို့ရန်အတွက်လုချန်တစ်လလုံးလိုချင်တောင့်တနေခဲ့ရသည်။

Lu Cangအချစ်ဆုံးသောသူ၏မျက်နှာ

အတမ်းတဆုံးသောသူ

Xuan Yuan Jing

Jingကိုတွေ့လိုက်ရချင်းမှာပင်ရင်ခွင်တွင်းပြေးဝင်လိုက်ချင်စိတ်များကိုLu Cang မနည်းပင်ထိန်းချုပ်ထားရသည်။ထိန်းမနိုင်သိမ်းမရဖြစ်နေသောခံစားချက်များရုပ်ပုံပေါ်နေသည့်မျက်ဝန်းများနှင့်သာကျင်းကိုကြည့်နေသည်။ကျင်းကိုယ်တိုင်ကလည်းထိုသို့ပင်။ရူးရူးနှမ်းနှမ်းကစားပွဲသည်ပြီးဆုံးသည့်ပုံမပေါ်။တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေရင်းပင်အနှီစိတ်ပျက်ဖွယ်ကစားပွဲကိုဘယ်သူကမှစပြီးအရှုံးမပေးပဲ ပေကပ်နေကြပြန်သည်။

Shu Chengသည်ဖြစ်ရပ်တစ်ခုလုံးကိုဖော်ပြရန်ခက်ခဲသောခံစားချက်များပြည့်နှက်လျက်ကြည့်နေဆဲဖြစ်သည်၊Mingdi၌နေစဥ်ကာလတစ်လျှောက်လုံးပြုံးရယ်ချင်းမရှိသောLuCangမျက်နှာလေးဝင်းပနေသည့်အတွက်စိတ်ကြည်နူးမိပေမဲ့လည်းထိုသို့ပြုံးအောင်လုပ်နိုင်သူသည်သူမဟုတ်တာကခါးသက်သက်တော့နိုင်လှသည်။နှလုံးဆိုင်သည်ထိန်း၍မရအောင်တုန်ခါလျက်။တသီးတခြားရပ်နေဆဲဖြစ်ပေမဲ့သိသာသောနှစ်ကိုယ်ကြားချစ်ခြင်းတရားတွေကြောင့်သူ့နှလုံးသားနာကျင်လှသည်။ဘာစကားမှမဆိုကြသေးပေမဲ့လည်းသူတို့နှစ်ဦးစလုံးတွင်နွေးထွေးမှုနှင့်ချစ်ခြင်းများလွမ်းခြုံနေသည်။တစ်ပါးသူတစ်ဦးတစ်ယောက်ဝင်လာဖို့တောင်နေရာအကြားအလပ်မရှိ။Shu Chengမနှစ်မြို့ပေမဲ့လည်းထိုသူနှစ်ဦးကြားတိတ်ဆိတ်မှုကိုဖြိုခွဲဖို့ရာစကားရှာမရ။
"ငတုံး..ဘာတွေကြည့်နေတာလဲ"

နောက်ဆုံးတော့အရှုံးပေးရသူသည်Jingပင်ဖြစ်သည်။မြိုသိပ်သည်းငြီးခံသောနေရာတွင်တော့Lu Cangကိုလိုက်မမီနိုင်ဟုJingဝန်ခံရပေမည်။မျက်ဝန်းထဲမှအချစ်တွေလှိုင်းထလာသည်ကိုမြင်ပါလျက်နှင့်လုချန်ကတော့ခေါင်းမာလွန်းလှသည်။

"နေရောင်အောက်မှာပေါ်လာတဲ့တစ္ဆေကိုကြည့်နေတာ"

လုချန်ကိုယ်လုံးလေးကိုရင်ခွင်တွင်းထည့်ပြီးတင်းကျပ်စွာပွေ့ဖက်ထားလိုက်သည်။တစ်လမျှပင်ဖြစ်သော်လည်းနှစ်ရာထောင်သောင်းချီနေသလိုပင်။လုချန်မျက်လုံးများတင်းကျပ်မှိတ်ကာလွမ်းဆွတ်တမ်းတခဲ့ရသောJingကိုယ်သင်းရနံ့နှင့်နွေးထွေးမှုများကိုလှိုက်ဖိုခံစားနေမိသည်။ထိုသင်းရနံ့သည်Jingတစ်ယောက်တည်းဆီမှသာရသည်။

"အိမ်ရှေ့စံ Huan, အခန်းတစ်ခန်းစီစဥ်ပေးလို့ရမလား.. Lu Cangနဲ့သီးသန့် စကားပြောစရာရှိလို့ပါ"

လုချန်နှင့်နှစ်ယောက်တည်းရှိလို၍ကျင်းမျက်နှာပြောင်တိုက်စွာပင်မေးလိုက်သည်။ဘေးတွင်မနာလိုမှုများကိုသိုဝှက်ပြီးHuan Shu Chengရပ်ကြည့်နေသည်ကိုJingသိသည်။သွယ်ဝိုက်သောတောင်းဆိုမှုဖြစ်ပေမဲ့လည်းသတိပေးခြင်းကိုHuan Shu Chengကောင်းကောင်းနားလည်မှာကိုကျင်းသိသည်။သူ့မျက်စိရှေ့မှောက်မှာတင်Lu Cangကိုယ်ကိုနှစ်ခါတောင်ထိရဲသည့်Shu Chengအားအခဲမကျေနိုင်သေး။Ding Pengသာအချိန်မှီမတားလျှင်Jingပိုင်ဆိုင်သောပါးတစ်ဖက်ကိုကျူးကျော်သွားနိုင်သည်။

"Jing, ငါ့အခန်းကိုသွားရအောင်"

Huan Shu Chengကိုရန်စကားများဆက်ပြောမလာခင်ကျင်းအားလုချန်ဆွဲခေါ်လိုက်ရသည်။သူ့လက်ထဲရောက်နေတာကိုသိလျက်နှင့်တောင်Huan Shu Chengသည်လုချန်အပေါ်လေးစားကြောင်းပြကာကောင်းမွန်စွာဆက်ဆံပေးခဲ့သည်။မသင့်တော်သောခံစားချက်များကိုတစ်မျိုးတစ်ဖုံဖော်ပြတတ်သည်ကလွဲ၍အခြားမလျော်ကန်တာမလုပ်ကြောင်းလုချန်သိသည်။စတွေ့ကတည်းကတဖက်သက်အနိုင်ကျင့်ပြီးဆေးခတ်ကာမြို့တော်ဆီလာစေခဲ့သောနတ်ဆိုးကောင်လိုမဟုတ်ဘဲLu Cangဆန္ဒရှိရာရွေးချယ်မှုပေးသည့်Huan Shu Chengသည်လေးစားကျေးဇူးတင်စရာတော့ကောင်းပေသည်။

ကျင်းကိုဆွဲကာလုချန်ထွက်ခွာသွားရာနောက်ကိုကြည့်ရင်းရင်ထဲအထီးကျန်မှုတွေကတော့အပြည့်အနှက်။ဆွဲထားဖို့ရာကလည်းသူ့ဆီမှာလုပ်ပိုင်ခွင့်ဆိုတာမရှိ။မျက်နှာရှေ့တည့်တည့်မှာတင်သူပိုင်ကြောင်းပြသွားသောဧကရာဇ်အပေါ်မနာလိုမှုများနှင့်အတူရောပါလာသည့်ဒေါသများကိုသည်းခံတတ်သူပီပီထိန်းချုပ်ကာShu Cheng လှည့်ထွက်သွားတော့သည်။ဒီအခြေအနေမှာဘာမှလုပ်လို့မရမှန်းသူသိသည်။

အခန်းတွင်းသို့ရောက်သည်နှင့်အသံထွက်ချိန်ပင်မရှိ။တံခါးရှိရာသို့အတွန်းခံလိုက်ရပြီးပူနွေးစိုစွတ်နေသောအနမ်းတွေသာအဆက်မပြတ်ရရှိလိုက်သည်။

"ဟမ်း.."

လုချန်လည်းရုတ်တရက်တိုက်ခိုက်လာခြင်းကြောင်းလွတ်မြောက်ရန်ရုန်းကန်တော့သည်။ဤကဲ့သို့ကြမ်းတမ်းစွာလှုပ်ရှားလာမည်ဟုလုချန်မထင်ထားခဲ့။ခန္ဓာကိုယ်သည်တံခါးကိုမှီ၍ခိုင်မြဲစွာချုပ်ထားခြင်းခံနေရသည်။စိတ်မရှည်လှစွာဝတ်ရုံများဆွဲဖြဲပစ်နေသောJingလုပ်ရပ်ကြောင့်လုချန်၏ပျားရည်ကဲ့သို့အသားဆိုင်သည်လစ်ဟာလာတော့သည်။

မျက်တောင်တစ်ခတ်မျှအချိန်မှာတင်တစ်ကိုယ်လုံး၌အဝတ်မကျန်တော့ပဲဘေးမှပြန့်ကျဲနေသောအဝတ်စများကသားရဲတစ်ကောင်တိုက်ခိုက်ခံထားရသလို။မွေးကတည်းကအတိုင်းပြောင်ရှင်းသွားသောခန္ဓာကိုယ်သည်မတ်တပ်ရပ်အနေအထားဖြင့်အချုပ်ခံထားရသောအသွင်ကစေ့စေ့စပ်စပ်အစစ်ဆေးခံရမည့်အလားပင်။

Jingနှုတ်ခမ်းများကနူးညံ့မူးယစ်ဖွယ်ကောင်းလှသောလည်ပင်းသားထက်ရောက်ရှိသွားသည်။ပိုင်ဆိုင်ကြောင်းပြလို၍ကြက်သွေးရောင်နှုတ်ခမ်းရာများပေါ်အောင်တမင်ခပ်ပြင်းပြင်းဆုပ်လျက်ရှိသည်။လည်ပင်းအနှံ့ပေးပြီးတဖြည်းဖြည်းနှင့်ရင်ဘက်ထက်သို့ရောက်ရှိလာသည်။ရင်ဘက်ထက်တွင်ထောင်တတ်နေသောအဖုလေးများကိုစိတ်ကြိုက်ကစားနေရင်းလုချန်ဘယ်ဘက်ခြေထောက်ကိုမြှောက်ကာသူ၏ရမ္မက်များပြင်းထန်စေသောနေရာသို့ဦးတည်ရန်အဆင်သင့်ပြင်လျက်ရှိသည်။

မတ်ရပ်အခြေအနေအားမကြိုက်လှသောလုချန်ငြင်းဆိုမှုများကိုလှစ်လျူရှုကာဆော့ကစားရင်းနူးညံ့လာသည့်အဝလေးအတွင်းလက်ခလယ်ကိုနေရာယူစေလိုက်သည်။

အချိန်အကြာကြီးဝေးကွာနေရသောခံစားချက်ကြောင့်

"ကျင်း"

Shu Chengအစောင့်ချပေးထားသောရဲမက်များရှိနေတာကြောင့်Lu Cangရှက်ဖွယ်ရာအသံများမထွက်မိအောင်မနည်းထိန်းချုပ်နေရသည်။

မျက်လုံးများကတော့စကားပြောနေပေမဲ့နှုတ်ခမ်းထက်ကထိန်းချုပ်နေသောLu Cangကြောင့်သူ၏ထုံးစံ လူယုတ်မာအပြုံးပြုံးကာသုံးချောင်းစလုံးထည့်ပြီးအဆုံးထိနေရာယူစေလိုက်သည်။တင်းကျပ်နေဆဲဖြစ်နေတာကြောင့်လက်ချောင်းများကိုလှည့်ကာချောမွေ့စေလိုက်သည်။မရေမတွက်နိုင်စွာချစ်တင်းနှောခဲ့ပေမဲ့လည်းလုချန်၏အဝလေးသည်ဘယ်တော့မှပြေလျော့သွားသည်ဆိုတာမရှိ။Hangzhouမှာပထမဆုံးချစ်တင်းနှောခဲ့တုန်းကလိုပင်Jingကိုအမြဲတမ်းအံသြသင့်စေသည်။Jing၏ကြောက်ခမန်းလိလိအာသာပြင်းပြမှုများကိုစိတ်ကျေနပ်စေနိူင်သူသည်လုချန်တစ်ယောက်တည်းသာရှိသည်။ဤချိုမြိန်လှသောအဝလေးကိုလည်းကျင်းတစ်ဦးတည်းသာပိုင်သည်။ရိုင်းစိုင်းသောအိမ်ရှေ့စံဘယ်သောအခါမှဤအရသာကိုခံစားရမည်မဟုတ်။

ရှက်ဖွယ်အသံများထွက်မလာအောင်လုချန်လည်းလက်ကိုသာဖိကိုက်ထားလိုက်သည်။

"မင်းလက်မှာလည်းအလုပ်ရှိတယ်..အောက်ကိုထိကြည့်ပါဦး"

ရမ္မက်များနှင့်ပြည့်နေသောJing၏ရှတတအမိန့်ပေးသံကိုလှစ်လျူရှုကာရဲမက်များမကြားသွားစေဖို့သာ အာရုံထားနေမိသည်။အားသုံးပြီးဖယ်ရှားဖို့လက်နှစ်ဖက်လုံးမအားလပ်သောJingအဖို့မခံရပ်နိုင်ဖြစ်ကာအစွမ်းကုန်ထောင်မတ်လျက်ရှိနေသောသူ့အရာအားလုချန်အဝလေးအတွင်းသို့တဆုံးထိုးသွင်းလျက်နေရာယူစေလိုက်သည်။

နဂိုတည်းကခြေထောက်တစ်ဖက်တည်းနှင့်တံခါးမှီလျက်ရပ်နေရတာအဆင်မပြေသောလုချန်အဖို့အဆက်မပြတ်ထိုးသွင်းမှုတွေကြောင့်ယိုင်လဲတော့မလိုပင်။ကျင်းကိုယ်ကိုသာမမှီတွယ်ထားလျှင်သူတကယ်လဲပြိုသွားနိုင်သည်။သတိပြန်လည်လာကတည်းကပြည့်နှက်နေသည့်တမ်းတလွမ်းဆွတ်မှုများနှင့်အတူရမ္မက်များကLu Cangအခက်အခဲများကိုJingမမြင်နိုင်အောင်ဖုံးကာထားစေနိုင်သည်။

"Jing...ဖြည်းဖြည်း.....အာ့"

Jing၏ကြီးမားပြီးတင်းမာလျက်ရှိသောအရာကနေရာအလပ်မရှိထိုးသွင်းဝင်ရောက်နေမှုများကိုသာခံစားနေရသည်။အနက်ဆုံးအပိုင်းထိရောက်အောင်ကျင်းဆောင့်သွင်းလိုက်တိုင်းသာယာမှုကိုပေးသောနာကျင်မှုနှင့်အတူတစ်ကိုယ်လုံးလည်းလှုပ်မရနိုင်အောင်ထုံကျင်လာသည်။

နေ့စဥ်ချစ်တင်းနှောနေတာတောင်ပင်Jing၏ကြမ်းတမ်းမှုများကိုမခံနိုင်သောလုချန်အဖို့တစ်လဆိုသောဝေးကွာမှုကြောင့်အရိုင်းဆန်သောလှုပ်ရှားမှုများကိုခံနိုင်ရည်မရှိတော့။

"မရဘူး...အခြားယောကျ်ားထိတာလက်ခံတဲ့အတွက်မင်းကိုအပြစ်ပေးရမယ်"

ကြည့်ရတောင်ကျင်းမှဖွင့်ပြောလာအောင်သူတမင်လုပ်ခဲ့တာများသည်တကယ်ပင်ထိရောက်သွားပုံရသည်။Jingကတကယ်ပင်သဝန်တိုလွန်းသည်။ကစားပွဲတွင်အနိုင်ရခဲ့ပေမဲ့လည်းမျက်နှာပြောင်တိုက်မှုအတွက်အပြစ်ပေးခံရဦးမှာကိုကြိုသိနေသည်။

Lu Cang၏ခပ်တိုတိုးရယ်သံကြောင့်

"ဟမ်...ရယ်နိုင်သေးတာလား?ဒီလိုဆိုရင်ကော"

အလင်း၏အလျင်နှင့်ဆွဲကိုင်ထားသောခြေထောက်ကိုချကာတံခါးဆီသို့မျက်နှာမူစေလိုက်သည်။ပါးစပ်ကိုပိတ်ရန်ကြံနေသောလက်များကိုနောက်မှဆွဲယူကာအဆက်မပြတ်ထိုးသွင်းချက်များကိုစတင်လိုက်သည်။

"အား"

သူ့ညည်းသံသည်အခန်းတွင်းပြန့်နှံ့သွားကာရဲမက်များ၏နားထက်သို့ရောက်ရှိသွား၏။ရုတ်တရက်အော်သံထွက်လာတာကြောင့်အပြင်မှအိမ်ရှေ့စံထံမှသတိကြီးကြီးထားကာသခင်လုကိုစောင့်ရှောက်ပေးရန်အမိန့်ပေးခြင်းခံထားရသောမက်နှစ်ယောက်သည်လည်းဝင်ကြည့်ရင်ကောင်းလေမလားသို့လောသို့လောဖြင့်ရပ်နေကြသည်။အော်သံမှတစ်ဆင့်တဖြည်းဖြည်းညည်းသံအဖြစ်ပြောင်းလဲလာတာကြောင့်အခြေအနေကိုနားလည်သွားကြပြီးမျက်နှာများနီရဲကုန်ကြသည်။မကြားချင်ယောင်ဆောင်ကာအောက်ဆီမှတစ်ဝက်ခန့်တင်းမာနေပြီဖြစ်သောအရာကိုဖုံးကွယ်လိုက်ကြ၏။အမျိုးသားတစ်ဦး၏ဆွဲဆောင်မှုရှိလှသောညည်းသံသည်နားထောင်မိသူများကိုရင်အဆမတန်ခုန်စေ၍နဖူးထက်ချွေးစက်များသီးခိုစေသည်။ဘယ်လိုငရဲလဲ?အနီးအနားတွင်အိမ်ရှေ့စံမရှိနေသည်ကိုကျေးဇူးတင်ရမည်။

အခန်းအတွင်းမှရမ္မက်ထန်သောစုံတွဲကတော့ရဲမက်များကိုဒဏ်ခတ်နေသည့်အပေါ်မရိပ်စားမိပဲဆက်လက်တိုက်ပွဲဝင်နေကြသည်။

ပွင့်ထွက်လုဆဲဆဲလုချန်အရာကိုခေါင်းမာစွာပင်ပြီးခွင့်မပေးပဲဆက်လက်ဆုပ်ကိုင်ထားပြီးအနောက်မှလက်နက်ကိုလည်းဆာလောင်စွာထိုးသွင်းနေသည်။

"Jing..လွှတ်"

"မရဘူး...ကတိပေးခဲ့တာဘယ်သူလဲ..ဘယ်တော့မှအိမ်ရှေ့စံမင်းအနားရှိမနေရစေဘူးဆိုပြီး"

"ကျွတ်..အဲ့တာမင်းစတာလေ...သေပြီဆိုပြီးလူကိုစမ်းသပ်တာဘယ်သူလဲ?အဲ့တော့ငါလည်းတုံ့ပြန်မှုကောင်းကောင်းပေးရတာပေါ့"

လုချန်သည်စကားသံမည်မည်ရရကိုတောင်မနည်းထုတ်နေရသည်။မလွှတ်ထုတ်နိုင်သောဆန္ဒကြောင့်စိတ်တွင်း၌မူခိုးဝေနေသည်။ကျင်းကတော့ခန္ဓာကိုယ်ကိုနှိပ်စက်ရုံတင်မလုံလောက်စိတ်သဘောကိုပါညှင်းဆဲချင်နေသေးသည်။

"အဲ့တော့မင်းကသူနဲ့ပဲနေသွားဖို့အစီအစဥ်ရှိတယ်ပေါ့"

"တော်ပြီ..လွှတ်ပေးတော့"

ခန္ဓာကိုယ်ကတံခါးဆီအတွန်းခံထားရပြီးလက်များကိုတော့ခေါင်းထက်မလှုပ်နိုင်အောင်Jingကလက်တစ်ဖက်တည်းဖြင့်ပင်စုကိုင်ထားသည်။Jingညာလက်ကတော့လုချန်၏တင်းမာနေသောအရာကိုအားဖြင့်ဆုပ်ကိုင်လျက်ရှိသည်။လုချန်သည်ကျင်းနှင့်စကားအပြန်အလှန်ပြောနေဖို့စိတ်မပါလှ။ပေါက်ကွဲတော့မည်ဖြစ်သည့်တဇစ်ဇစ်မြည်နေသောမီးရူးမီးပန်းနှယ်ညှင်းပန်းမှုကတော့လွန်လွန်း၏။

"ငါမေးတာဖြေလေ..မဟုတ်ရင်မလွှတ်ပေးဘူး"

ကျင်းသည်စနောက်ဖို့ရန်သတ်သတ်သာတမင်ရည်ရွယ်ပြီးလုချန်ဆီမှအဖြေရအောင်မေးနေခြင်းဖြစ်၏။အဖြေအားသိပြီးသားဖြစ်ပေမဲ့လည်းချစ်ရသူကိုနှိပ်စက်ချင်နေသေးသည်။

"Jing!!!!!"

တရူးရူးတရှဲရှဲဖြစ်နေသောလုချန်သည်ဖြောင့်ဖြောင့်တောင်မတွေးနိုင်တော့။သူ့ဆန္ဒတွေထွက်ပေါက်ရှိရန်လိုအပ်သည်။မထုတ်နိုင်သောဆန္ဒကြောင့်လုချန်ရူးတော့မလိုပင်။

ကျင်းလွှတ်ပေးဖို့ရန်လုချန်ဒေါသတကြီးနောက်ပြန်ကြည့်လိုက်သည်။သည်းခံခြင်းကစားပွဲတွင်နိုင်ချင်နိုင်ပေလိမ့်မည်။အိပ်ရာထက်တွင်တော့လုချန်၏ပြင်းပျသောဆန္ဒတို့သည်ကျင်းခွင့်ပြုချက်မရှိပဲပြီးလိုက်ရတယ်ဆိုတာမရှိ။

ကျင်းမျက်ခုံးတွန့်ပြကာလုချန်အနှစ်သက်ဆုံးဖြစ်သောဖြည်းဖြည်းနှင့်မှန်မှန်ထိုးသွင်းချက်များကိုဦးတည်လိုက်သည်နှင့်လုချန်တစ်ကိုယ်လုံးတုန်ယင်လာသည်ကိုခံစားလိုက်ရသည်။

"Jing လွှတ်ပေး..လူယုတ်မာ..ငါ့ကိုလွှတ်မပေးရင်မင်းကောင်းကောင်းသိစေရမယ်*

"ဟမ်...ငါ့ကိုခြိမ်းခြောက်ရဲတယ်ပေါ့"

လုချန်၏ခေါင်းမာမှုနှင့်အကြောက်ကင်းမှုများကိုJingသဘောကျလှသည်။တံခါးတွင်ကပ်လျက်မလှုပ်နိုင်ဖြစ်နေတာတောင်ပင်သူ့အားပြန်ပြီးခြိမ်းခြောက်နေသေးသည်။ကျင်းကတော့ပြောလာသောဘယ်စိန်ခေါ်မှုကိုမဆိုရင်ဆိုင်ဖို့ရာအဆင်သင့်။လုချန်အရှုံးကိုလက်ခံကာပိုင်ဆိုင်သူအားသိရှိစေလိုသည်။မြင်မကောင်းသောမြင်ကွင်းကိုမျက်မြင်တွေ့လိုက်မိသူအဖို့သံသယကင်းရှင်းရန်လိုအပ်သည်။

"Jing..ကျေးဇူးပြပြီး"

သာယာမှုအထွတ်အထိပ်ရောက်နေပေမဲ့လည်းထွက်ပေါက်ရှာမရသောလုချန်အဖို့အသံကလည်းတုန်ယင်နေသည်။

"ငါ့ကိုအရင်ဖြေလေ"

"ဖြေမယ်...အရင်လွှတ်ပေး..ငါဒီအခြေအနေနဲ့ ဘာမှမစဥ်းစားနိုင်ဘူး"

Jing၏နှိပ်စက်မှုများအောက်တွင်ငိုလုဆဲဆဲပင်ဖြစ်လာသည်။လုချန်ကိုထိုသို့အခြေအနေမြင်ရခြင်းအပေါ်ကျင်းလည်းနာကျင်လှ၏။သိနေပြီဖြစ်သောအဖြေကိုထပ်မမေးတော့ပဲနက်နဲစွာသောအနမ်းတွေးပေးပြီးဆက်မချုပ်ထားတော့ဘဲလွှတ်ပေးလိုက်ရာအဖြူရောင်အရည်များသည်လည်းတံခါးထက်ပြန့်ကျဲကုန်တော့သည်။ကိိုယ်ကိုတိုင်လည်းလုချန်၏တွင်းအနက်ဆုံးအပိုင်းမှလွှတ်ထုတ်လိုက်တာကြောင့်အရည်များသည်တွင်းတစ်ခုလုံးပြည့်သွားပြီးလုချန်ခြေထောက်တစ်လျှောက်လျံကျကုန်တော့သည်။

မျက်လုံးတွေကိုမှိတ်ထားရင်းသာယာမှုအထွတ်အထိပ်မှပေးသောခံစားချက်သေးသေးလေးကအစလုချန်အရသာခံနေမိသည်။ကုန်စင်သွားပြီနောက်လျော့ပါးသွားသောအင်အားတွေနှင့်အတူခြေမခိုင်တော့ရာကျင်းသာမဖမ်းထားလျှင်ကြမ်းပြင်ထက်လဲပြိုကျသွားနိုင်သည်။

ခုတင်ထက်ပွေ့ချီသွားရင်းနှူတ်ခမ်းထက်အပြုံးကြောင့်စိတ်မကျေနပ်နိုင်သေးပဲနောက်တစ်ခါဆက်သွားဖို့ပြင်နေသည်ကိုLu Cangနားလည်ကာသက်ပြင်းချပြီး

"အရင်ဝတ်ရုံချွတ်ပြီး ငါ့ကိုလည်းမင်းခန္ဓာကိုယ်ကိုထိခွင့်ပြုပါဦး"

ဝတ်ထားဆဲရဲမက်အဆင်တန်ဆာများကိုအမြန်ချွတ်ကာခုတင်ပေါ်တတ်လာပြီးနောက်တစ်ခေါက်စတင်တော့သည်။ဘယ်နှစ်ချီရှိပြီလဲ...ဘယ်နှစ်ခေါက်ပြီးသွားပြီလဲအရေးမပါသောရေတွက်ခြင်းကိုနှစ်ယောက်လုံးစိတ်မဝင်စား။တစ်ဦး၏တည်ရှိမှုကိုတစ်ဦးမှခံစားနိုင်ရန်သာအာရုံထားသည်။
နှစ်ယောက်စလုံးမောပန်းပြီးရှေ့မဆက်နိင်တော့မှသာရပ်တန့်လိုက်ကြသည်။

လုချန်မျက်နှာလေးအားဆုပ်ကိုင်ရင်းJingကျေနပ်စွာပြုံးမိပြန်သည်။ယခင်ကသုံးလေးချီဆိုလျှင်မေ့မျောသွားတတ်သောလုချန်တစ်ယောက်အခုတော့ခံနိုင်ရည်ရှိနေလေရဲ့။အခုအချိန်မှာတော့သူ၏အရိုင်းဆန်သောဆန္ဒများကိုအတူတကွလိုက်ပါစီးမျောနေနိုင်ပြီ။တင်းကျပ်နေဆဲဖြစ်ပေမဲ့လည်းသက်လုံကတော့တိုးတတ်လာသည်။

အသက်ရူသံများပုံမှန်ဖြစ်အောင်ထိန်းညှိနေရင်းတစ်ဦးမျက်နှာတစ်ဦးကြည့်လျက်ရှိသည်။ကျင်းလက်သည်လုချန်မျက်နှာထက်အလုပ်များနေပြီးလုချန်လက်ကတော့ကျင်းခါးထက်မှာရှိသည်။

ရင့်ကျက်လာတာနှင့်အမျှလုချန်ဆွဲဆောင်မှုများသည်လည်းJingအတွက်တော့တိုးလာတာသာရှိသည်။မသေဆုံးသွားသောအချစ်များ၊သစ္စာစောင့်တည်မှုများ၊ရိုးသာမှုများ၊နဂိုစိတ်ထားကောင်းမွန်မှုနှင့်ခွင့်လွှတ်တတ်မှုများပါထည့်ပေါင်းလိုက်လျှင်ချိုမြိန်လှသောဝတ်ရည်အားအင်းဆက်ပိုးမွှားကောင်လိုချင်နေသည်မှာလည်းမငြင်းသာ။

"အခုဖြေတော့...ငါသာသေသွားပြီဆိုရင်တကယ်ပဲဒီမှာဆက်နေမှာလား"

လုချန်ထံမှအဖြေကိုကျင်းထိန်းမနိုင်သိမ်းမရပင်ကြားချင်နေသည်။ထိုလူသားကိုရူးမတတ်ချစ်သလိုပင်ထိုလူသားအားလွတ်လပ်ခွင့်မပေးနိုင်။တသက်လုံးစာပင်အနားတွင်ချည်နှောင်ထားလိုက်ချင်သည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..မင်းနဲ့ပြန်မတွေ့နိုင်တော့ဘူး..ငါတစ်ယောက်တည်းပဲနေရတော့မယ်ဆိုတာကိုတစ်ရက်ပြီးတစ်ရက်သာကုန်လာတယ်..ငါလက်မခံနိုင်သေးဘူး..မြှားသာသာကထိခိုက်အောင်မလုပ်နိုင်ဘူးဆိုတဲ့မင်းပေးထားတဲ့ကတိကြောင့်သာငါအထီးကျန်တဲ့နေရက်တွေမှာလွတ်မြောက်ခဲ့ရတာ"

အရင်လိုမဟုတ်ပဲအလွန်ပွင့်လင်းနေသောသူ့အဖြစ်ကြောင့်ကိုယ့်ကိုယ်ကိုပင်Lu Cangအံ့သြမိသည်။အရင်လုချန်သည်သူ၏အားနည်းချက်ကိုကျင်းသိအောင်ရိုးသားစွာထုတ်ဖော်ပြောမည့်သူမဟုတ်။ရှက်ရမည့်အစားပုခုံးထက်မှလေးလံမှုများသာလျော့ပါးကုန်သည်။စစ်မှန်သောချစ်ခြင်းတရားဟူသည်ဤသည်ကိုဆိုလေမလား?ကိုယ်တကယ်ချစ်ရသောသူကိုရင်တွင်းခံစားချက်များထုတ်ဖော်ပြောမိခြင်းအတွက်ဘယ်တော့မှနောင်တရခြင်းမရှိ။

ရင်တွင်းတွင်လိပ်ပြာလေးများတဖျတ်ဖျတ်ပျံသန်းနေသလိုတလှပ်လှပ်ဖြစ်သောကျင်း၏မျက်ဝန်းများသည်တောက်ပလျက်ရှိသည်။ဘယ်တော့မဆိုမပွင့်လင်းတတ်သောလုချန်၏ပြောင်းလဲလာသောအပြုအမှုကြောင့်ဘယ်သူမှမမြင်ဖူးသောချစ်ရသူလုချန်တစ်ယောက်တည်းအတွက်ဖြစ်သောအပြုံးကကျင်း၏နှုတ်ခမ်းထက်ဖြစ်တည်လာတော့သည်။ယခင်ကလုချန်သည်Jingအချစ်ကိုလည်းအရမ်းမယုံကြည်နိုင်သလိုရှေ့ဆက်ရမည့်အနာဂတ်ကိုလည်းမယုံရဲသောခံစားချက်များသာပြည့်လျက်ရှိသည်။ယခုတွင်တော့ကျင်းအချစ်တွေအားရာနှူန်းပြည့်ယုံကြည်လျက်ဖွင့်ဟဖော်ပြလာတာကြောင့်ထိန်းမရနိုင်သောချစ်ခြင်းများနှင့်အတူလုချန်နှုတ်ခမ်းကိုဖိကပ်နမ်းလိုက်သည်။လုချန်ထံမှလည်းချစ်စိတ်ပြင်းပြစွာဖြင့်တုံ့ပြန်လာသည်။

နှုတ်ခမ်းချင်းခွာမှသာမေးချင်နေခဲ့သောမေးခွန်းများကိုLu Cangမေးနိုင်တော့သည်။

"Jing..ငါ့ကိုစိုးရိမ်အောင်လုပ်ခဲ့တာတွေအတွက်မင်းမှာရှင်းပြချက်တော့ရှိနေမယ်ထင်တယ်"

Lu Cangကိုယ်လေးအားရင်ခွင်တွင်းသွင်းကာဖြစ်ခဲ့သည်များကိုအကြောင်းပြန်တော့သည်။

မြားထိစဥ်အခါကအဆိပ်များနှလုံးရှိရာသို့မရောက်အောင်ပင်မအကြောများပိတ်လိုက်ရသည်။မျက်တောင်တစ်ခတ်မျှအချိန်အတွင်းဖြစ်ပျက်သွားခဲ့တာကြောင့်လုချန်ကိုရှင်းပြချိန်ပင်မရလိုက်။နေ့ရောညပါကြိုးစားပမ်းစားရှာဖွေခဲ့တာကြောင့်Datongသို့ပြန်ရောက်ပြီးသုံးရက်အကြာတွင်နန်းတွင်းသမားတော်များကဖြေဆေးကိုတွေ့ရှိခဲ့သည်။ထိုအချိန်တွင်လုချန်မှာMingdiသို့သွားရာလမ်းပင်ရောက်နေပြီဖြစ်သည်။အဆိပ်နှင့်အဆိပ်ဖြေဆေးကိုစမ်းသပ်ရန်သေမိန့်ကျထားသောအကျဥ်းသားများကိုအသုံးပြုခဲ့သည်။ဧကရာဇ်အားမထိခိုက်စေလို၍ဆယ်ယောက်မှာကိုးယောက်ကအသက်ရှည်ကျန်သောအခြေအနေရောက်တော့မှလက်ခံခဲ့ကြသည်။သေချာဂရုတစိုက်စမ်းသပ်ပြီးတော့မှဖြေဆေးကိုဧကရာဇ်ထံအားတိုက်ခဲ့သည်။

တစ်လကြာကြာမေ့မျော့ခဲ့ပြီးနောက်သတိပြန်လည်လာချိန်တွင်ပထမဆုံးရှာခဲ့သူသည်လုကန်သာဖြစ်သည်။

"ငါချက်ချင်းလာခဲ့တာ"

"သိတယ်..အခက်အခဲတွေကြောင့်တောင်းပန်ပါတယ်လို့ငါမပြောဘူးလား?.တပ်မှူးDingကိုပဲလွှတ်လိုက်လို့ရတာကိုဘာလို့ကိုယ်တိုင်လာခဲ့တာလဲ?အခုမှသတိပြန်လည်လာတာကို..
အဆင်ပြေရဲ့လား"

"အကုန်လုံးတော့ပြန်မကောင်းသေးပေမဲ့မင်းအန္တရာယ်များတဲ့နေရာမှာရှိနေတာသိလျက်နှင့်ငါထိုင်စောင့်မနေနိုင်ဘူး..အဲ့ဒီမြေခွေးကမင်းကိုဘယ်အချိန်မဆိုသိမ်းပိုက်သွားနိုင်တယ်..Zhengရဲ့အမိန်တိုင်းလုပ်ခဲ့တာဖြစ်ပေမဲ့လည်းMingdiကိုမှပို့ခဲ့တဲ့Ding Pengကိုအပြစ်ပေးပြီးသွားပြီ..Zhengကိစ္စကိုတော့ပြန်ရောက်တော့မှသာဖြေရှင်းရမယ်..အားလုံးထဲမှာမှZhengဟာခံစားချက်တွေကြောင့်အဆင်အခြင်မဲ့သွားတာကိုမယုံကြည်နိုင်ဆုံးပဲ.. ခဏတာအတွက်ပဲအဝေးပို့ထားတယ်ဆိုပြီးဆင်ခြေပေးလို့မရဘူး..သူ့ကိုလည်းထိုက်တန်တော့အပြစ်တော့ပေးရမယ်..ရာထူးအာဏာပြန်ရုတ်သိမ်းရလိမ့်မယ်"

မကျေမနပ်ဖြစ်မှုတွေနဲ့အာရုံစူးစိုက်လျက်ရှိတာကြောင့်မျက်မှောင်ကျုုံနေသည်။အမိန့်ပြန်တမ်းရှိပါလျက်နှင့်လုချန်ကိုအဝေးသို့ပို့ရန်သာရွေးချယ်ခဲ့သောZhengလုပ်ရပ်၏ရည်ရွယ်ချက်ကိုကျင်းသိသည်။သူ့အတွက်လုချန်ဘယ်လောက်အရေးပါလဲသိသောZhengအဖို့နန်းတွင်းသူနန်းတွင်းသားများ၏လက်ချက်မှလုချန်မထိခိုက်အောင်ထားရမည်။ကျင်း၏ပျက်ကွက်မှုကြောင့်တာဝန်များကသူ့ထံရောက်လာသည်။အမွှာညီ၏လုပ်ရပ်ကိုနားလည်ပေမဲ့လည်းသူနိုးထလာချိန်တွင်ပထမဆုံးမြင်ရသူသည်လုချန်ဖြစ်မနေသည့်အတွက်ဒေါသဖြစ်သလိုလွန်စွာလဲစိတ်ပျက်မိသည်။ဤသည်မှာလည်းZhengလုပ်ရပ်ကြောင့်ဖြစ်သည်မို့ပြင်းထန်သောအပြစ်ပေးခွင့်သူ့ဆီမှာရှိသည်။

"ဘာလို့လဲ? "

လုချန်လည်းမတတ်နိုင်ပဲအံ့သြသင့်မိသည်။ကျင်းအကျိုးသင့်အကြောင်းသင့်မလုပ်တတ်တာကိုသိပေမဲ့လည်းကိုယ့်၏အမွှာဖြစ်သူကိုတောင်မပြစ်မရှိပါလျက်နှင့်အပြစ်ပေးရန်လုပ်နေပြန်သည်။လုချန်အံ့သြသင့်မှုနှင့်အတူထထိုင်ကာ

"ဒါမင်းရဲ့ညီတော်လေ..အမွှာလည်းဖြစ်နေတာကို"

"ငါ့ရဲ့အမွှာညီတော်ဖြစ်နေတာကြောင့်ပဲ..ငါမရှိတဲ့အချိန်မှာအခြေအနေကိုပါးနပ်စွာမကိုင်တွယ်နိုင်တာကို စိတ်ပျက်မိတယ်..ငါ့အနားမှပဲရှိနေရမဲ့မင်းကိုအဝေးလွှတ်ပစ်တယ်..တရားနည်းလမ်းကျမှုထက်ခံစားချက်ဦးစားပေးမှုတွေကိုငါ့ရုံးတော်မှာမလိုလားဘူး"

ကျင်းသည်လုချန်နှင့်မျက်နှာချင်းထိုင်လိုက်၏။လုချန်လည်းပြန်ကြည့်လာသည်။ကျင်းအဝေးကိုပို့ပစ်သောZhengလုပ်ရပ်ကိုဒေါသဖြစ်မိပေမဲ့လည်းဘာကြောင့်အဲ့လိုလုပ်သည်ကိုလုချန်နားလည်သည်။သူသာZhengနေရာမှာဆိုရင်တစ်ထပ်တည်းလုပ်မိလိမ့်မည်။ကျင်းလည်းထို့အတူပင်။

"Jing.. ဒါမှန်ကန်တဲ့ဆုံးဖြတ်ချက်လို့ငါမထင်ဘူးနော်..ပြန်လည်စဥ်းစားပါဦး"

"မင်းကအမြဲတမ်းအဲ့လိုပဲ..ကိုယ့်ကိုနာကျင်အောင်လုပ်ခဲ့တဲ့သူကိုတောင်နားလည်ပေးနိုင်တယ်
Xi Zhen, အပျိုတော် Zhang, Xiang Wen,အခုကျ Zheng
ငါတကယ်နားမလည်နိုင်တော့ဘူး"

"ငါတို့အားလုံးဟာ အခြေအနေအတူပဲဖြစ်တာကြောင့်အကုန်လုံးကို စာနာပေးနိုင်တယ်"

အကုန်လုံးသည်စာဖွဲ့မကုန်သောအလှတရားများပိုင်ရှင် Xuan Yuan Jingချစ်ခဲ့ကြတာမဟုတ်ပါလေလား။

လုချန်ဘာကိုဆိုလိုချင်မှန်းနားလည်တာကြောင့်ကျင်းလက်သင့်မခံသောအမူအရာနှင့်ကြည့်လိုက်သည်။ပြီးနောက်လေသံကိုလျော့ကာ

"ဘာဖြစ်စေချင်လဲ"

"ကျွန်တော်မျိုးကဘယ်လိုလုပ်သိနိုင်မှာလဲ...Datongဧကရာဇ်နှင့်ညီတော်ကြားကအခြေအနေကိုကျွန်တော်မျိုးလိုနိမ့်ကျတဲ့သူကထင်မြင်ချက်မပေးဝံ့ပါဘူး"

"အဲ့တာဆိုလည်းအရင်စီစဥ်တဲ့အတိုင်းပဲလုပ်တော့မယ်"

"မလုပ်နဲ့..."

ခဏကြာတွေးတောနေပြီးလုချန်ထံမှသဘောကျဖွယ်ရာအကြံဥာဏ်ထွက်လာသည်။

"မင်းစစ်ဆေးနေကျတောင်လိုပုံနေတဲ့စာတွေကိုစစ်ခိုင်းရင်ကော..မင်းနားနားနေနေ နေလို့ရတာပေါ့"

"Xiao Cang အဲ့တာတွေက ငါလုပ်ကိုလုပ်ရမယ့်အလုပ်တွေဆိုတာနားလည်ရဲ့လား"

"ငါသိပါတယ်...မင်းအဲ့တာတွေကိုကြည့်ရင်းမျက်မှောင်ကျုုံနေတာတွေ့ရတာကိုငါမုန်းတယ်...Zhengကိုလုပ်ခိုင်းမယ်ဆိုရင်မင်းနေပြန်ကောင်းအောင်အားယူရင်းပျော်ပါးဖို့လည်းအချိန်ရတာပေါ့"

ပျော်ပါးခြင်းဆိုတာအားJingမငြင်းဆန်နိုင်မှာကိုLu Cangသိသည်။
မှန်းထားသလိုပင်ပီတိအပြုံးများဖျာလာပြီး

"အဲ့တာဆိုလည်းပြီးတာပဲ..မင်းပြောသလိုပဲZhengကိုအပြစ်ပေးလိုက်တော့မယ်"

Ding Pengလုပ်ရပ်များ၏နောက်ကွယ်တွင်စေခိုင်းသူသည်Zhengဖြစ်နေမှန်းသူသိတာပေါ့။Da Liထောင်အတွင်းအကျဥ်းကျခံနေရသောသူကိုဘယ်သူကများနန်းမျိုးနန်းနွယ်၏အမိန့်ခွင့်ပြုချက်မရပဲလာတွေ့ရဲမှာလဲ?အရေးတကြီးနှင့်အမြန်လိုနေသောDing Pengပုံအရသူထိခိုက်ရန်ရည်ရွယ်ခြင်းမဟုတ်ကြောင်းသိသည်။ဒါပေမဲ့လည်းကျင်းဆီကနေခွဲခဲ့ရသည်မဟုတ်လား။

"Jing...ဘာကြောင့်ငါ့ကိုဒီလိုလာစစ်ဆေးတာလဲဆိုတာကိုမပြောရသေးဘူး"

"ငါ့ကဘာလို့စမ်းသပ်ရမှာလဲ..ပြောပြီးပြီမလား..မင်းကိုငါအယုံကြည်ဆုံးပါဆိုတာ"

"ငါမင်းမှန်းမသိဘူးဆိုရင်ဘာဆက်လုပ်မှာလဲ"
ကျင်း၏မှန်းဆမရသောလုပ်ရပ်များအပေါ်လုချန်၏သိချင်စိတ်ကလည်းအနားမနေနိုင်။

"ဟမ်...ငါကမမှတ်မိပါစေနဲ့ဆုတောင်းလာတာ..မင်းကိုအပြစ်တွေဆက်ပြီးပေးချင်လို့..
အခုတော့ အချိန်တိုအတွင်းမှာတောင်မှတ်မိတယ်..တိုးတတ်လာတာပဲ"

ခဏမျှရယ်ပြီးကျင်းအကျိုးသင့်အကြောင်းသင့်ဆက်ပြောပြလာသည်။

"ပြီးတော့ငါမရှိတုန်း အဲ့အိမ်ရှေ့စံဘယ်လိုဆက်ဆံလဲလည်းသိချင်လို့..
ကြည့်ရတာမလုပ်သင့်တာတော့မလုပ်ဘူးပဲ..ငါ့Xiao Cangအခွင့်အရေးမပေးတာလည်းပါမှာပေါ့"

အိမ်ရှေ့သံ၏အလဲလဲအပြိုပြိုဖြစ်နေသောမြင်ကွင်းကိုပြန်မြင်ယောင်ပြီးတေးသံတမျှသာသောရယ်သံကထွက်ပေါ်လာသည်။ဝမ်းမြောက်ဝမ်းသာဖြစ်နေပုံရသည်။

လုချန်လည်းမတတ်သာပဲအပြုံးဖျော့ဖျော့ပြုံးရင်းခေါင်းခါယမ်းကာသက်ပြင်းချမိသည်။မည်မျှအခြေအနေတွေတင်းမာနေစေကာမှုJingသည်အသေးစိတ်ကိိုအကြံထုတ်နေဆဲ။အခြားသူများသေမတတ်စိုးရိမ်နေကျချိန်တွင်သူ့သေခြင်းရှင်ခြင်းအပေါ်ပေါ့ပေါ့လေးသဘောထားနေပြန်သည်။သို့ပေမဲ့လည်းကျင်းအပေါ်ကိုဒေါသတော့မဖြစ်မိ။အသက်ရှင်ဆဲရှိနေသေးသည်ဆိုတာကြောင့်ဥာဏ်ဆင်ခဲ့သည်များကိုLu Cangခွင့်လွှတ်ပေးနိုင်သည်။

"ထားပါတော့.. တပ်မှူးDingကိုလည်းဘာအပြစ်များပေးခဲ့တာလဲ"

အစကတည်းကမေးချင်နေတာဖြစ်ပေမဲ့Zhengအကြောင်းရှိနေ၍ဘေးချထားခြင်းဖြစ်သည်။
"ငါနဲ့အတူတူလိုက်လိမ်ပေးရတယ်လေ"

Ding Peng၏ဝမ်းနည်းပက်လက်ဖြစ်နေသောမျက်နှာနှင့်ဒေါသပုန်ထသွားသောမျက်နှာကိုမြင်ယောင်ပြီးကျင်းတခစ်ခစ်ရယ်တော့သည်။

"ငါသေသွားပြီပြောတုန်းကဖြစ်နေတဲ့သူရဲ့အပြစ်ရှိသလိုခံစားနေရတဲ့မျက်နှာကိုလည်းကြည့်ပါဦး...သူကြားညှပ်တာသိသွားတုန်းကဒေါသထွက်သွားတဲ့မျက်နှာကတော့တကယ်အဖိုးမဖြတ်နိုင်ဘူး"

ကျင်းပြောသည့်အတိုင်းအမှန်ပင်ဖြစ်သည်။ကျင်းသည်Zhengအမိန့်ကိုမျက်လုံးစုံမှိတ်နာခံကာလုချန်ကိုMingdiပို့ရန်ရွေးချယ်ခဲ့သောDing Pengကိုအပြစ်တင်ကြိမ်းမောင်းခဲ့သည်။Ding Pengသည်Zhengအမိန့်ကိုမတတ်သာပဲနာခံ၍အလုံခြုံဆုံးနေရာဖြစ်သောMingdiကိုပို့ခဲ့ရကြောင်းကျင်းနားလည်သည်။သို့ပေမဲ့လည်းထိုနေရာကဝံပုလွေထောက်ချောက်ဖြစ်နေသည်။Mu Yueရှိနေသော်ငြားလည်းလက်မခံနိုင်။

ကျင်း၏ဒေါသတွေကိုမရှောင်တိမ်းနိုင်သောDing Pengအဖို့ကျင်းဆိုလာသမျှလိုက်လုပ်ရတော့သည်။ဧကရာဇ်၏အခြေအနေကိုလိမ်လည်ပြောဆိုခြင်းသည်ကြီးမားသောအပြစ်ဖြစ်တာကြောင့်ဧကရာဇ်ကိုယ်၌ကအမိန့်ပေးထားတာတောင်Ding Pengလွန်စွာတွန့်ဆုတ်နေခဲ့သည်။ဤအလိမ်အညာသည်ဧကရာဇ်အပေါ်ရိုသေလေးစားမှုမရှိစော်ကားသောဖြစ်ရပ်ဟုသာDing Pengယူဆသည်။ပြီးလျှင်အခြားမောင်းမတော်များနှင့်မတူဧကရာဇ်အပေါ်ကိုစိတ်ရင်းနှင့်သာဆက်ဆံသောလုချန်ကိုလည်းသူနှစ်မြို့လှသည်။

ဤအကြောင်းအရာများကိုMu Yueအားပြောပြခဲ့စဥ်ကရုဏာသက်စွာပုခုံးပုတ်ပေးလာ၏။အိမ်ရှေ့စံ၏ဒုက္ခခံရစဥ်အခါကDing Pengကြည့်ခဲ့သော'ကံကောင်းပါစေ'ဆိုသောအကြည့်နှင့်Mu Yueပြန်ကြည့်ပေးချင်နေသည်။သို့ပေမဲ့သူ့ထက်ပိုပြီးDing Pengဒုက္ခများမည်ကိုသိသည်။ကျင်းနှင့်ကောလုချန်နှင့်ပါနှစ်ဖက်စလုံးနှင့်ရင်ဆိုင်ရမည်။အတွေးနှင့်ပင်စစ်သူကြီးတစ်ယောက်ကြက်သီးထမိသည်။အနည်းဆုံးတော့Mingdiမှာရှိသောသူ့တာဝန်များအဆင်ပြေချောမွေ့သည်ဟုဆိုရမည်။Huan Shu Chengကိုယ်၌ကလည်းသင့်လျော်မှန်ကန်မှုရှိသည်။လုချန်အပေါ်တွင်လည်းယဥ်ကျေးပြူငှာလှသည်။လုချန်နှင့်ထိန်းထိန်းသိမ်းသိမ်းနေပေမဲ့လည်းလုချန်ရှိသောအနီးတစ်နေရာမှာအိမ်ရှေ့စံရှိနေတတ်သည်။ခေါင်းမာသောလုချန်သည်အံ့သြသင့်ဖွယ်ကောင်းအောင်နေတတ်ထိုင်တတ်ခဲ့သည်။လျှေက်လည်ရန်အိမ်ရှေ့စံဆွဲခေါ်သွားတတ်သောအချိန်များမှလွဲ၍လုချန်သည်သူ့ဟာသူနေတတ်၏။လုံခြုံရေးဆိုသောစာသားအောက်တွင်သူလိုက်ပါမှုကိုလည်းနှစ်ယောက်သားဒုက္ခများသည်ဟုမယူဆကြ။

နောက်တနေ့တွင်တော့Fuတိုင်းပြည်နှင့်ရှင်းစရာကျန်နေသေးတာများကိုလုချန်မှဝင်မပါရန်အပြင်းအထန်ကန့်ကွက်မှုနှင့်Mu Yueလက်တွင်းထားခဲ့ကာကျန်သူများDatongသို့ပြန်ရန်ပြင်တော့သည်။

အလွန်ကောင်းမွန်သောအိမ်ရှင်ဖြစ်ခဲ့တာကိုတွေးဆလျှင်မပြန်ခင်သေချာနှုတ်ဆက်ပြီးကျေးဇူးတင်သင့်သည်ဟုလုချန်တွေးမိသည်။ဘယ်အချိန်ပြန်လာဖြစ်မလဲဆိုတာဘယ်သူသိမှာလဲ?Jingအကြောင်းအားသိနေသူLu Cangအဖို့Mingdiကိုဘယ်သောအခါမှလာခိုင်းတော့မည်မဟုတ်ကြောင်းသိသည်။

"ပြန်တွေ့ကျမယ်နော်ဆရာHuan..ကတိပေးထားတဲ့အတိုင်းDatongကိုလာလည်မယ်မလား"

ယဥ်ကျေးမှုအနေနှင့်လာလည်ရန်လုချန်ဖိတ်ခေါ်မိသည်။ဤသို့ဖိတ်ခြင်းအားJingမကြိုက်မှာကိုသိပေမဲ့လည်းသူ့တိုင်းပြည်မှာနေခဲ့သူအဖို့ ကိုယ်တိုင်းပြည်ကိုတော့ဖိတ်ရမည်မလား?

လုချန်သည်သူ့အတွက်ဖြစ်မလာနိုင်တာကိုShu Chengနားလည်သည်။အထူးသဖြင့်ဧကရာဇ်အသက်ရှင်နေသ၍တော့ဖြစ်လာမည်မဟုတ်။လုချန်ကမ္ဘာတွင်နေမင်းအသွင်ဧကရာဇ်တစ်ဦးတည်းသာလိုအပ်သည်။ဧကရာဇ်ရှိမနေလျှင်လုချန်ကမ္ဘာတစ်ခုလုံးမှောင်မိုက်သွားပြီးအေးစက်လာလိမ့်မည်။နားလည်သလိုပင်နှလုံးသားကလည်းနာကျင်လှသည်။သို့ပေမဲ့လည်းဧကရာဇ်သာရှိမနေလျှင်လုချန်နှလုံးသားကိုပိုင်ဆိုင်နိုင်မည်ဟုShu Chengတွတ်ထားဆဲဖြစ်သည်။စိတ်ရှည်စွာစောင့်နိုင်ပေမဲ့လည်းထိုလူသား၏ချိုမြိန်လှသောချစ်ခြင်းတရားကိုရဖို့ရန်ဘယ်အချိန်ထိစောင့်ရဦးမှာလဲကမေးခွန်းတစ်ခုဖြစ်လာသည်၊

ဘယ်တော့မှဖြစ်မလာတော့တာထက်စာရင်တော့တစ်ကြိမ်ကတော့သာနေပါသေးသည်။ရုတ်တရက်ပေါ်လာသောအတွေးနှင့်

"Lu Cang"

ပြန်တော့မည့်လုချန်အားဖမ်းဆွဲကာခေါင်းကိုထိန်းကိုင်ပြီးနှုတ်ခမ်းသားကိုမွတ်သိပ်စွာနမ်းရှိုက်လိုက်သည်။မျက်မြင်ကိုယ့်တွေ့မြင်သွားရသူအပေါင်းတို့မှာအံ့သြမှုကြောင့်စက်ဝိုင်းသဖွယ်မျက်လုံးများပြူးလာကြသည်။ဘယ်လောက်တောင်ထိတ်လန့်သွားကြလည်းဆိုလျှင်ရပ်နေဆဲနေရာမှတုပ်တုပ်မှမလှုပ်။

Lu Cangမှာရုတ်တရက်ဖြစ်လွန်း၍ တွန်းထုတ်ဖို့ရန်ပင်သတိမရလိုက်။ Shu Chengနမ်းနေသည့်အတိုင်းတောင့်တောင့်ကြီးသာရပ်ပေးနေမိသည်။

"ခွေးသား"

ကျိန်ဆဲသံနှင့်အတူအတွင်းအားများလွှတ်ကာShu Chengသတ်ရန်အနားသို့ပျံသန်းလာသည်၊Shu Chengကိုသတ်ရန်ဦးတည်လာနေသောJingကြောင့်Lu Cangသတိပြန်လည်လာပြီးအနမ်းမှရုန်းထွက်ကာShu Chengရှေ့ပိတ်ရပ်လိုက်သည်။ကျင်းကိုကြည့်ရင်းဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေသည်။

"Lu Cang ..ငါ့ကိုမတားနဲ့.."

Jingဒေါသသံတွေသည်လည်းရုတ်တရက်ရရှိလာသည့်Lu Cangအနမ်းတွေကြောင့်ပျောက်ရှကုန်တော့သည်။လူအများသည်တော်ဝန်စုံတွဲထံမှအံ့သြသင့်ဖွယ်ရာမြင်ကွင်းကိုထပ်မံမျက်မြင်ကိုယ်တွေ့ကြုံရပြန်သည်။

ဘေးကရပ်ကြည့်နေသောMu Yueနှင့်Ding Pengလည်းအသီးသီးခေါင်းခါယမ်းလိုက်ကြသည်။အိမ်ရှေစံသည်အမျှော်အမြင်ရှိစွာနှင့်သူ၏ခံစားချက်များကိုလုချန်မြင်အောင်ချပြလေ့ရှိသည်။ယခုတော့အတည်ဖြစ်သွားပြီထင်သည်။စိတ်ဒုက္ခအပေးဆုံးသူသုံးဦး၏ရှုပ်ထွေးလှသောသုံးပွင့်ဆိုင်သည်အခုတွင်တော့စတင်လာမည့်ပုံပေါ်သည်။Huan Shu Chengသည်အတိအလင်းစစ်ကြော်ငြာလာပြီ။

နမ်းနေဆဲဖြစ်သောစုံတွဲကိုမနှစ်မြို့ပေမဲ့လည်းသူလုပ်ခဲ့သည့်လုပ်ရပ်အပေါ်အကျေနပ်ကြီးကျေနပ်နေလေရဲ့။ဧကရာဇ်တစ်ယောက်သာပိုင်သောတားမြစ်အသီးကိုထိုဧကရာဇ်ရှေ့မှာတင်မြည်းစမ်းခွင့်ရလိုက်သည်။ထင်ထားသလိုပဲပန်းဝတ်ရည်ကဲ့သို့ချိုမျှလျက်နမ်းလို့မဝနိုင်ပေ။ကိုယ်သင်းရနံ့ကလည်းလူကိုမူးယစ်စေသည်။လွန်ခဲ့သည့်တစ်လအတွင်းသူသိရှိခဲ့သောလုချန်၏ကောင်းသောအမူအကျင့်တွေလည်းရှိသေးသည်။ဒါကြောင့်လည်းယုံကြည်မှုလွန်ကဲနေသောဧကရာဇ်သည်လုချန်အနားမှမခွာနိုင်အောင်ဖြစ်နေတာကိုသူနားလည်သည်။ဂုဏ်ယူဝံ့ကြွားတတ်သောဧကရာဇ်၏ဖြစ်သွားသောရက်စက်ကြမ်းကြုတ်သောမျက်နှာထားသည်အဖိုးမဖြတ်နိုင်။Huan Shu Chengလိုချင်လာပြီဆိုလျှင်ဧကရာဇ်တင်မကဘယ်သူကမှတားဆီးနိုင်မည်မဟုတ်ကြောင်းသက်သေပြနိုင်ခဲ့ပြီမလား?လုချန်သည်သူ့အတွက်ဖြစ်လာရမည်။လူကြီးလူကောင်းဆန်စွာနှင့်လုချန်ဖိတ်ခေါ်မှုအပေါ်သွားပေးရပါဦးမည်။

စက္ကန့်မျှသောအနမ်းသည်လုချန်အတွက်တစ်သက်တာလိုပင်။အခြားယောကျ်ားတစ်ယောက်ထံမှအနမ်းကြောင့်လုချန်ထိတ်လန့်ပြီးအတင်းအကျပ်နမ်းလာမှုအပေါ်တောင့်ခံနေခဲ့သည်။ဆိုးရွားဖွယ်ကောင်းတာမျိုးမဟုတ်သလိုသာယာဖွယ်လည်းမဟုတ်ဘာခံစားချက်မှလုချန်မခံစားရ။ထို့အပြင်နှုတ်ခမ်းထက်အခြားယောကျ်ားတစ်ဦး၏အရသာရနေခြင်းကိုမရပ်တည်နိုင်။နမ်းပြီးသောအခါမနှစ်မြို့ဖွယ်ရာခံစားချကိသာကျန်ခဲ့သည်။ထိုအနမ်းတွေကိုဖြေဖျောက်ဖို့ရာJingနှုတ်ခမ်းများလိုအပ်လှသည်။ထို့ကြောင့်ပဲတိုက်ခိုက်ရန်ပြင်လာသောကျင်းကိုသူတားလိုက်ခြင်းဖြစ်သည်၊Shu Chengကိုကာကွယ်ရန်တားလိုက်သည်မဟုတ်။ပြီးလျှင်Shu Chengကိုသတ်တာပဲဖြစ်ဖြစ်ကျင်းစိတ်ကြိုက်လုပ်နိုင်သည်။အခုတော့မဟုတ်။နှုတ်ခမ်းထက်ကျန်ရှိနေသောမသက်မသာဖြစ်စေသောအရသာပပျောက်သွားရန်ကျင်းကိုလိုအပ်သည်၊

Jingနှင့်ပထမဆုံးအကြိမ်နမ်းခဲ့သည်ကိုမှတ်မိနေသေးသည်။မနှစ်မြို့ဖွယ်ရာအရသာတော့မရ။အတင်းအဓမ္မအနမ်းခံခဲ့ရတာဖြစ်ပေမဲ့လည်းသူလက်ခံနိုင်သောချိုမြိန်မှုတော့ရှိနေသေးသည်။ဤကဲ့သို့သောအနမ်းတော့မဟုတ်။

မမျှော်လင့်သောဖြစ်ရပ်ကြောင့်ခံစားရသည်များပျောက်ကွယ်သွားတော့မှသာJingကိုနမ်းနေရာမှာရပ်လိုက်ပြီးတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းပြုံးမိပြန်သည်။
အခြားသူနမ်းတာတောင်လက်မခံနိုင်သောသူသည်ဘယ်လိုစိတ်နဲ့များထားသွားနိုင်မှာလဲ?အခုအချိန်မှာတော့သူ့ကိုနားလည်ပြီးကျင်းယုံကြည်သွားလောက်ပါပြီ။

"Jing..အိမ်ပြန်ရအောင်"

နှုတ်ဆက်တာကိုပင်လုချန်ဆက်မလုပ်နိုင်တော့။ဆိုးရွားသောမှတ်ဥာဏ်များသာပေးသောဤနေရာမှမြန်နိုင်ရင်မြန်နိုင်သလောက်Lu Cangပြန်ချင်လှပြီ။

တန်ဖိုးအထားရဆုံးနှင့်အချစ်ရဆုံးသူနာကျင်နေတာကိုမြင်နေရတာတော်လောက်ပြီ၊

နှစ်ဦးစလုံး၏အချစ်ရိပ်မြုံဖြစ်သောကြာပန်းဥယျာဥ်ကိုအမြန်ပြန်ချင်လှပြီ။ကြာပန်းတွေလည်းသတိရလို့နေမှာပေါ့။လေပြေညှင်းတွေကတစ်ဆင့်နန်းတွင်းရှိစုံတွဲဘာကြောင့်ပျောက်နေသလဲတီးတိုးပြောရင်စောင့်စားနေပေလိမ့်မည်။သစ်ပင်များနှင့်ဖုံးနေ၍မမြင်ရတာပဲလားလည်းထင်နေလိမ့်မည်။

Xiao Gui Ziလည်းစိုးရိမ်နေလိမ့်မည်။အလုပ်ကြိုးစားပြီးသစ္စာရှိသောအမူထမ်း Xiao Gui  Ziကိုလည်းLu Cangသတိရသည်။

ပြန်ရောက်လာလျှင်နန်းတွင်းသူနန်းတွင်းသားအချို့သည်လည်းပြုံးလျက်စောင့်မျှော်နေပါလိမ့်မည်။

အဆုံးအစမရှိသောချစ်ခြင်းများအတွက်တော့အကောင်းဆုံးတွေသာဖြစ်လာပါစေဟုဆုတောင်းပေးလျက်သာ
•••••••••

Hua Hua You Long Fanfiction 2(ဘာသာပြန်)Where stories live. Discover now