၇၂။Silver Leaf Academy

3.8K 412 0
                                    

အခုတော့ တစ်ပတ်နီးပါးရှိသွားပြီဖြစ်ပေမယ့် ရှန်းရီကို ကြည့်ရတာ ထူးထူးဆန်းဆန်း အလုပ်တွေ များနေသလိုပင်။ နောက်ပြီး ဖုန်းဝင်လာမှာကိုလည်း စောင့်နေပြီး တစ်ခုခုရပြီးတာနဲ့ သူမနဲ့ အဝေးမှာ သွားနေ၏။ သူ မူမမှန်နေတာကိုတော့ သူမ သတိထားနေမိပြီ။

လွန်ခဲ့တဲ့ တနင်္လာနေ့က ဖြစ်ခဲ့တဲ့ ကိစ္စတွေ ပြီးကတည်းက ရှန်းရီ အိမ်မှာပဲ အမြဲနေပြီး တကယ်လို့ အပြင်ထွက်ရရင်လည်း သူမကို အမြဲ ဖုန်းဆက်သည်။

ပူအိုက်စိုစွတ်တဲ့ ရာသီ ပြီးသွားကတည်းက လုချင်းယီ...ချက်ပြုတ်နည်း အသစ်တွေထွက်မှာ စောင့်စားနေမိသည်။ အာ...ချက်ပြုတ်နည်း အသစ်တွေအကြောင်း စဉ်းစားရင်းနဲ့ Silver Leaf သင်တန်းကျောင်းကိစ္စကို ရှန်းရီ ဘယ်လိုလုပ်လိုက်လဲဆိုပြီး အတွေးဝင်လာ၏။
........

လုချင်းယီ... လက်ထဲမှာ စာအိတ်ကြီးကို ကိုင်ပြီး
ဖွင့်ကြည့်ရမလား... မဖွင့်ကြည့်ရဘူးလားဆိုပြီး စိတ်ထဲမှာ လွန်ဆွဲနေ၏။  နောက်ပြီး စာအိတ်မှာကလည်း Silver Leaf သင်တန်းကျောင်း အမှတ်တံဆိပ်နဲ့...

ရှန်းရီက အိပ်ရာထဲမှာ အိပ်ပျော်နေတုန်း သူမက အောက်ထပ်ဆင်းသွားပြီး ထိုင်ခုံမှာ ထိုင်နေမိသည်။ သူမက စားပွဲပေါ်က စာအိတ်ကိုသာ စိုက်ကြည့်နေပြီး တွေဝေနေ၏။

ထို့နောက် သူမ အချိန်မဖြုန်းတော့ဘဲ အပေါ်ထပ်ပြန်တက်ခဲ့ကာ အခန်းထဲ ပြန်ဝင်ခဲ့၏။
သူမ တံခါးကို ဖြည်းဖြည်းပိတ်လိုက်ပြီး သူမကိုယ်သူမ ထိန်းချုပ်လိုက်ကာ အသက်ဝဝရှူလိုက်၏။

သူမက Silver Leaf Academy ကို အရမ်းတက်ချင်တာကို ရှန်းရီလည်း သိသည်။ အဲ့ကျောင်းမှာ သူမအဖေလည်း တက်ခဲ့ပြီး ဘွဲ့ တော့ မရလိုင်ပေ။  Silver Leaf Academy က ဒီနိုင်ငံမှာ အကောင်းဆုံး ဟင်းချက်သင်တန်းကျောင်းဖြစ်ပြီး သူမက သူမအဖေမရလိုက်တဲ့ ဘွဲ့ ကို သူမ ကြိုးစားသင်ယူပြီး ရချင်သည်။

ငယ်ငယ်လေးထဲက သူမအဖေလို စားဖိုမှူးတစ်ယောက် အရမ်းဖြစ်ချင်ခဲ့သည်။ သူမရဲ့ခြေရာကို လိုက်နင်းနိုင်ဖို့ဆိုတာကလည်း မလွယ်ကူဘူးလေ...
သူမရဲ့ အရည်အချင်းတွေ တိုးတက်လာဖို့ဆိုတာကလည်း အဲ့လိုကျောင်းမျိုးတက်မှ အဆင်ပြေလှမည်။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now