•Darkness-9•

139 8 0
                                        

ကော်ဖီတစ်ခွက်ကို တကျိုက်တည်းမော့ချတော့
နာကျင်မှုဒီဂရီဟာ
မဆိုသလောက်လေးလျော့သွားတယ်

မက်ဖူးသမျှအိပ်မက်တွေကို ဖန်ပုလင်းတွေထဲထည့်ပြီး
စင်ပေါ်မှာ ညီညီလေးစီထားလိုက်တယ်
စိတ်တွေထိုင်းမှိုင်းရင်
မင်းပါတဲ့အိပ်မက်တွေဖောက်သောက်တယ်

ပွက်ပွက်ဆူနေတဲ့ရေနွေးထဲ
ငါ့စိတ်နှလုံး ကိုထည့်တယ်
ချက်ချင်းဆိုသလို ငါပြန်ထုတ်
ရေသေချာဆေး၊ ဓားနဲ့ပါးပါးလေးလှီးပြီး
ကြွေပန်းကန်လှလှလေးထဲ စီစီရီရီထည့်ထားတယ်

မပျော်ရခြင်းတွေ
စိတ်ဆင်းရဲခြင်းတွေ
ဖိအားတွေ၊ ဒဏ်ရာတွေ
အစရှိတာတွေ ငါဖောက်ထည့်

ခရင်းနဲ့ထိုးပြီး
အရည်ကို ဇွန်းနဲ့ခပ်သောက်တယ်

ချောင်မှာငြိမ်သက်နေတဲ့ပန်းအိုးထဲက
ညိုးနွမ်းတဲ့နှင်းဆီလေးပဲဖြစ်ဖြစ်
ဖြစ်ချင်တယ်

ငါ့နာကျင်မှုတွေကို
အသံခပ်စူးစူးလေးတချက်နဲ့
အပြီးသတ်အသိပေးနိုင်တဲ့
ကြောင်ပေါက်လေးဖြစ်ချင်တယ်

ခဏလောက် ပျောက်ကွယ်သွားချင်တယ်
ခဏလောက် အနားယူချင်တယ်
ခဏလောက် အိပ်စက်ချင်တယ်

ဒီလိုတွေတတွတ်တွတ်ပေးပြီး
ကွင်းလယ်တွေထဲ ငါဆင်းပြေး
ကြယ်တွေကြွေတော့
ငါ့လက်ဖဝါးနဲ့ခံယူတယ်

နင့်အနားငါရှိတယ် ဆိုတဲ့
အပေါင်းအဖော်တွေ
ငါခိုက်ခိုက်တုန်နေချိန်
သူတို့အနွေးထည်တွေလှမ်းမပစ်ပေးကြဘူး

ချောက်အစွန်းမှာရပ်တာမြင်တော့
ကျောခိုင်းပြီးလှည့်ပြေးကုန်ကြပြီ

ဒါတောင်
နင့်အနားငါရှိတယ် တဲ့လား
စောက်ပိုတွေ လို့အော်ဆဲပစ်လိုက်တယ်

လောကကြီးက ငါ့ကိုရှိတယ်လို့တောင်မထင်လည်း
ငါကတိုက်မယ်တကဲကဲနဲ့။

Parallel universe ကငါ့ကို
ငါဖုန်းခေါ်တယ်
တကယ့်တကယ်တမ်းမှာ
ငါ့ကိုယ်စောင့်နတ်တောင် ငါ့အနားမရှိခဲ့

ဘယ်သူမှမချစ်လည်း ငါ့ကိုယ်ငါချစ်တယ် လို့ပြောရင်း
ငါ့ကိုယ်ငါ ကျပျောက်ခဲ့ရတယ်
သူတို့တည်ဆောက်ထားတဲ့ပုံစံခွက်ထဲ
မလှုပ်မယှက်ငါနေရင်း
ငါ့ကိုယ်ငါ ကျပျောက်ခဲ့ရတယ်

F r o m a f a rDonde viven las historias. Descúbrelo ahora