FOD Extra 1 - Chapter (4-2) - မင္းမက်န္းမာတာ ဟြမ္ရီရဲ႕အမွားမဟုတ္ဘူး

6.1K 1K 6
                                    

FOD Extra 1 - Chapter (4-2) - မင္းမက်န္းမာတာ ဟြမ္ရီရဲ႕အမွားမဟုတ္ဘူး

ဒီကုသမႈတေလွ်ာက္လံုး က်ိဳးယြင္ရွန္႔က တက္ႂကြစြာပူးေပါင္းပါဝင္ေပးၿပီး ေတာက္ေလွ်ာက္စိုက္ၾကည့္ေနသည့္ ရႊယ္ဇီရႊမ္ကို ေက်းဇူးတင္ဟန္ ျဖဴစင္သည့္၊ ဝမ္းနည္းေနသည့္ အၾကည့္ေလးမ်ား ျပန္ေပးလိုက္သည္။ သူဒီလိုၾကည့္လိုက္တိုင္း တစ္ဖက္က အျပစ္မကင္းသလို၊ ဝမ္းနည္းဟန္ ျဖစ္သြားေတာ့သည္။ သူက ဝမ္းနည္းဟန္ေလးျဖင့္ ၾကည့္လိုက္တိုင္း ရႊယ္ဇီရႊမ္က သူ႔ကို သနားစာနာမႈတို႔ ပိုတိုးလာေတာ့သည္။

ဒါေပမယ့္ သူေရာက္ေနသည့္ေနရာကို စဥ္းစားမိေတာ့ က်ိဳးယြင္ရွန္႔ တုန္လႈပ္သြားခဲ့သည္။ တစ္ဖက္လူကို သူခန္႔မွန္းတာ မွားသြားၿပီထင္သည္။ တကယ္ေတာ့ ဒီေနရာက စိတ္ကူးၾကည့္လို႔မရေအာင္ ၾကမ္းတမ္းရိုင္းစိုင္းသည့္ ေလာကတစ္ခုသာျဖစ္သည္။ အျပင္ဘက္ေကာ္ရစ္ဒါဘက္မွ ေဒါက္ဖိနပ္သံကို ၾကားလိုက္ရၿပီး အခန္းထဲကို ရႊယ္လီဒန္နီႏွင့္ ရႊယ္က်င္းရီတို႔က ဖူဘိုႏွင့္အတူ ဝင္လာၾကတာကို ေတြ႕လိုက္ရသည္။

"မင္း ဘာေၾကာင့္ ဒီကိုေရာက္ေနတာလဲ.. တကယ္လို႔ Xiao Wang သာ အေမ့ကိုဖုန္းမဆက္ရင္ မင္း လမ္းေပ်ာက္ေနၿပီလို႔ အေမထင္မိမွာ.."

သူမက အေပၚထပ္ကိုညႊန္ျပကာ ေျပာလိုက္သည္။

"အေမ အေပၚထပ္က ဦးေႏွာက္နဲ႔အာရံုေၾကာဌာနမႉး Dr.Liu နဲ႔ ဖုန္းေျပာၿပီးသြားၿပီ.. အေပၚထပ္သြားၿပီး CT Scan ရိုက္ရေအာင္.. တကယ္လို႔ သားရဲ႕အေျခအေန မတည္ၿငိမ္ေသးရင္ တစ္ခါတည္း ေဆးရံုတက္သြားရေအာင္.."

ဆရာဝန္ကို စိတ္ပူစြာ ေမးခြန္းထုတ္ေနသည့္ ရႊယ္ဇီရႊမ္၏အမူအယာတို႔က ဒီစကားကိုၾကားေတာ့ ေအးစက္သြားၿပီး လက္ေခ်ာင္းေလးမ်ားကို ရိုက္ထားသည့္ ဓာတ္မွန္ေတြကို စာအိတ္ႀကီးထဲ ျပန္ထည့္လိုက္သည္။ ၿပီးေတာ့ ပိန္သြယ္ေသာေကာင္ေလး၏ လက္ေမာင္းကို ညင္သာစြာဆုပ္ကိုင္ကာ ေျပာလိုက္သည္။

"ဆရာဝန္က အားလံုး အဆင္ေျပတယ္လို႔ေျပာတယ္.. ကိုကိုတို႔ ေဆးညႊန္းေပးထားတဲ့အတိုင္း ေဆးဝယ္ဖို႔ ေအာက္ထပ္ကိုသြားရေအာင္.. ၿပီးရင္ အိမ္ျပန္ၾကစို႔.."

သူက က်ိဳးယြင္ရွန္႔ကိုဆြဲကာ ရႊယ္လီဒန္နီႏွင့္ ရႊယ္က်င္းရီကို အၾကည့္တစ္ခ်က္ေတာင္မေပးဘဲ ေဘးကျဖတ္ေလွ်ာက္ကာ ထြက္လာခဲ့သည္။

ရႊယ္လီဒန္နီသည္ သူမသားဆီက မတူညီတဲ့ဆက္ဆံမႈကို အႀကိမ္မ်ားစြာ ခံခဲ့ရသည္။ အခု သူက သူမကို 'mom' ဟုေခၚေနရာမွ 'အေမ' ဟုေခၚလိုက္သျဖင့္ လ်စ္လွ်ဴရႈခံရသလို ခံစားခဲ့ရသည္။ လြန္ခဲ့တဲ့ ၁၀ ႏွစ္ေက်ာ္ သူ႔သား စိတ္ကုထံုးခံခဲ့ရၿပီး သတိရလာခ်ိန္ကို ျပန္ေရာက္သြားသလို ခံစားရသည္။ အဲ့ဒီအခ်ိန္တုန္းက သူ႔သားက မိသားစုဝင္ေတြကို အာရံုမရွိဘဲ စႏၵယားကိုပဲ အေဖာ္လုပ္ခဲ့သည္။ သူ႔ဘဝကို စႏၵယားေလ့က်င့္ျခင္း၊ တီးခတ္ျခင္းျဖင့္သာ ႏွစ္ျမႇဳပ္ေနခဲ့လို႔ သူမက နာက်င္ဝမ္းနည္းခဲ့ရသည္။ အခုေတာ့ သူမသားက စႏၵယားကို ဘဝထင္ေနရာမွ ဟြမ္ရီကို ေျပာင္းလဲသြားခဲ့ေလၿပီ။ ဒီေကာင္ေလးကို သူ႔ဘဝလိုသေဘာထား ဆက္ဆံေနျခင္းက ရႊယ္လီဒန္နီကို ယခင္ကထက္ ဝမ္းနည္းနာက်င္လာေစသည္။ ရႊယ္လီဒန္နီက ႏွလံုးေရာဂါခံစားေနရသည့္ ေမြးစားသမီးထက္ သူမ၏သားကို အဆေပါင္းမ်ားစြာ ဂရုတစိုက္ ျပဳစုပ်ိဳးေထာင္ခဲ့သည္။ ဒါေပမယ့္ သူမသားက သူမ၏အျပဳအမူႏွင့္ အေတြးကို ဘယ္လိုေတာင္ လ်စ္လွ်ဴရႈႏိုင္ရတာလဲ..။

သူမသား သတိျပန္ရလာကတည္းက ဟြမ္ရီတစ္ေယာက္တည္းကိုပဲ စိုက္ၾကည့္ေနၿပီး ဟြမ္ရီေဘးက ခြာသြားတယ္လို႔ေတာင္ မရွိခဲ့ေပ။ သူသြားေလရာတိုင္း ဒီေကာင္ေလးရဲ႕လက္ေလးကို ဆုပ္ကိုင္ကာ တန္ဖိုးရွိၿပီး က်ိဳးပဲ့လြယ္တဲ့ရတနာေလးလို သေဘာထားၿပီး တယုတယဆက္ဆံေနပံုက ဘယ္လိုမွ မေမွ်ာ္လင့္ထား၊ လက္မခံႏိုင္ေသာ ကိစၥရပ္သာျဖစ္သည္။ ဒီေကာင္ေလးက သူ႔သားအေပၚ ေအာက္လမ္းေမွာ္ပညာကိုသံုးၿပီး ျပဳစားထားသလားလို႔ေတာင္ ရႊယ္လီဒန္နီ သံသယဝင္လာသည္။

"ဘယ္ကိုသြားမလို႔လဲ.. အခုခ်က္ခ်င္း ဒီကိုျပန္လာစမ္း.. မင္းကို ေဆးသြားစစ္ဖို႔ အေမေျပာေနတယ္ေလ.. ဒါက မင္းကို ထိခိုက္ေအာင္လုပ္ေနတယ္လို႔ ထင္ေနတာလား.."

သူမသားက လံုးဝလ်စ္လွ်ဴရႈကာ ထြက္သြားတာေတြ႕ေတာ့ ရႊယ္လီဒန္နီက သားေနာက္ အေျပးအလႊားလိုက္ခဲ့သည္။ ရႊယ္က်င္းရီက အနီးက ကပ္ပါလာသည္။ ဒီေန႔တစ္ေနကုန္ ေျပးလႊားသြားလာေနရလို႔ ႏွလံုးေရာဂါသည္သူမက limit ကိုေက်ာ္ၿပီး လဲၿပိဳက်ခ်င္ေလာက္ေအာင္ ပင္ပန္းလို႔ေနၿပီ။ ဒါေပမယ့္ သူမ လဲၿပိဳလို႔မျဖစ္ေပ။ သူမ လဲက်သတိလစ္သြားရင္ ဟြမ္ရီ႕ေဘးကို ကိုကို လံုးဝေရာက္ရွိသြားမည္ကို ေၾကာက္လို႔ အတင္းေတာင့္ခံထားရသည္။

မဟုတ္ေသးဘူး..။ သူမ မွားသြားၿပီထင္တယ္။ တကယ္လို႔ သူမ ခုေန လဲက်သြားရင္ အစ္ကိုႀကီးက ဘယ္သူ႔ကိုေရြးခ်ယ္မယ္ ထင္သလဲ..။ ငယ္ကတည္းက ယုယခဲ့သည့္ ညီမကိုလား..၊ လတခ်ိဳ႕ပဲသိခဲ့တဲ့ ဟြမ္ရီ႕ကိုလား..။ ဒီအေတြးေပၚလာၿပီးေနာက္ ရႊယ္က်င္းရီရဲ႕အေတြး တန္႔သြားၿပီး နံရံကိုလက္ေထာက္ကာ သူမလက္တစ္ဖက္က ရင္ဘတ္ကိုဖိဆုပ္ကာ ေအာ္ေျပာလိုက္သည္။

"အစ္ကိုႀကီး.."

သူမက ေျပာၿပီး ၿပိဳလဲခ်လိုက္သည္။

"က်င္းရီ.. က်င္းရီ.. ျမန္ျမန္.. ဆရာဝန္ေခၚေပးၾကပါဦး.. ျမန္ျမန္.."

ရႊယ္လီဒန္နီက စိုးရိမ္စြာျဖင့္ သမီးနားေျပးလာၿပီး စိတ္လႈပ္ရွားစြာ ေအာ္ဟစ္လိုက္သည္။

"သခင္မေလး.. သခင္မေလး.. သတိထားပါဦး.. ေဆး.. ေဆး ဘယ္မွာလဲ.."

ဖူဘိုက ရႊယ္က်င္းရီ အျမဲယူေဆာင္ေလ့ရွိေသာ ႏွလံုးေဖာက္ရင္ေသာက္ရသည့္ အေရးေပၚေဆးကို ဘယ္လိုမွရွာမေတြ႕ေတာ့ မ်က္ႏွာျဖဴေရာ္သြားခဲ့သည္။ ဒါေပမယ့္ ကံေကာင္းၿပီး ေဆးရံုမွာျဖစ္လို႔ ဆရာဝန္နဲ႔သူနာျပဳေတြ ခ်က္ခ်င္းေရာက္ရွိလာၿပီး သူမကို လူနာကုတင္ေပၚ သယ္သြားၿပီး ကုသမႈကို အခ်ိန္မွီ လုပ္ေဆာင္ေပးလိုက္ၾကသည္။

Xiao Wang က ဒီေအာ္သံကိုၾကားေတာ့ ေခါင္းကိုလွည့္ၿပီး သခင္ေလးၾကားေအာင္ ျပန္ေျပာလိုက္သည္။

"မေကာင္းေတာ့ဘူး.. မမေလး ႏွလံုးေဖာက္ေနၿပီ.."

က်ိဳးယြင္ရွန္႔က ဒီအသံကိုၾကားေတာ့ မတ္မတ္ရပ္ၿပီး ေခါင္းငံု႔ကာ ေနလိုက္မိသည္။ ခ်က္ခ်င္းစုေဝးလာသည့္ လူအုပ္ႀကီးကို ေငးၾကည့္ေနမိသည္။ ရႊယ္က်င္းရီကို လူနာတြန္းလွည္းေပၚတင္လိုက္ၿပီး ဆရာဝန္က သူမရင္ဘတ္ကို စမ္းသပ္လို႔ေနၿပီး သူနာျပဳမ်ားက တြန္းလွည္းတေလွ်ာက္ လမ္းေၾကာင္းမွာပိတ္ေနသည့္ လူမ်ားကို ဖယ္ေပးရန္ေအာ္ေျပာရင္း ဓာတ္ေလွကားဘက္ကို တြန္းယူသြားၾကသည္။

Xiao Wang က တြန္းလွည္းေနာက္ကို ေျပးလိုက္သြားၿပီး လဲၿပိဳလုလုျဖစ္ေနသည့္ ရႊယ္လီဒန္နီကို ဖူဘိုႏွင့္အတူ ေဘးကေန ေဖးမေပးလိုက္သည္။

ရႊယ္က်င္းရီက လံုးလံုးသတိလစ္မသြားေပ။ သူမမ်က္လံုးကို တစ္ဖက္ဖြင့္ထားၿပီး တြန္းလွည္းက ရႊယ္ဇီရႊမ္နားျဖတ္သြားစဥ္ သူမလက္ကိုေျမႇာက္ကာ အစ္ကိုႀကီးကိုစိုက္ၾကည့္ၿပီး လွမ္းဆုပ္ရန္ ကမ္းေပးေနသည္။ အသက္ရႉရခက္သျဖင့္ သူမ၏နဖူးေပၚမွာ ေခြ်းတို႔ရႊဲေနၿပီး သူမ၏မ်က္ဝန္းေထာင့္မွ မ်က္ရည္စတို႔ တြဲခိုေနသည္။ ျဖဴေရာ္ေျခာက္ေသြ႕သည့္ ႏႈတ္ခမ္းတို႔က ဟေနၿပီး တစ္စံုတစ္ေယာက္ကို လွမ္းေခၚေနသလိုပင္။

'အစ္ကိုႀကီး' လို႔ေခၚလိုက္ေပမယ့္ အသက္ရႉမဝလို႔ ဒီအသံက သူမႏႈတ္မွ ထြက္မလာႏိုင္ခဲ့ေပ။ ရႊယ္ဇီရႊမ္၏ အက်ႌလက္ကို လွမ္းဆြဲခ်င္ေပမယ့္ ဆြဲဖို႔ အားမရွိေအာင္ျဖစ္ေနလို႔ သူမမ်က္ဝန္းထဲ နာက်င္ခံစားမႈျဖင့္ မ်က္ရည္ေတြ ဆက္တိုက္စီးက်ေနသည္။

သူမပံုစံက သနားစရာေကာင္းလြန္းလို႔ က်ိဳးယြင္ရွန္႔ပင္ စိတ္မေကာင္းျဖစ္လာမိသည္။ ရႊယ္လီဒန္နီက မခံမရပ္ႏိုင္စြာျဖင့္ သားျဖစ္သူကို လွမ္းေျပာလိုက္သည္။

"မင္း ဘာလုပ္ေနတာလဲ.. မင္းညီမက မင္းကိုေခၚေနတယ္ေလ.. ျမန္ျမန္လာၿပီး သူမလက္ကို ကိုင္ထားေပးလိုက္.."

သူမသမီးက ေနမေကာင္းတိုင္း သူမကို မ'တ'ဘဲ သူမသားကိုသာရွာေၾကာင္း တစ္အိမ္သားလံုး သိထားၿပီးျဖစ္သည္။

က်ိဳးယြင္ရွန္႔က မလိုအပ္ေတာ့တဲ့ စာနာသနားမႈကိုရုပ္သိမ္းကာ ရႊယ္ဇီရႊမ္ကို ေခ်ာင္းၾကည့္လိုက္သည္။ သူက ရႊယ္ဇီရႊမ္၏ မတုန္မလႈပ္ ေအးစက္စက္ပံုစံကိုျမင္ေတာ့ အံ့အားသင့္သြားသလို ရႊယ္လီဒန္နီေျပာတာ မွားယြင္းတယ္ဆိုတာ သိလိုက္ရသည္။ ရႊယ္ဇီရႊမ္၏မ်က္လံုးက ေမွာင္မိုက္ေနၿပီး ေအးစက္ေနေပမယ့္ သူက က်ိဳးယြင္ရွန္႔၏ပုခံုးကို သိုင္းဖက္ကာ က်န္လက္တစ္ဖက္က သူ႔အက်ႌအိတ္ထဲထည့္ကာ သူ႔မိသားစုဝင္ အေရးေပၚျဖစ္ေနတာကို စိုးရိမ္ျခင္း ပူပန္ျခင္းမရွိ စိုက္ၾကည့္လို႔ေနသည္။ ဒီလူငယ္၏ႂကြက္သားမ်ားက ေတာင့္တင္းမႈကင္းကာ သက္ေတာင့္သက္သာပံုစံပင္ ရပ္ေနသည္။

ရႊယ္ဇီရႊမ္က ခါတိုင္းဆိုလွ်င္ ခုလိုေအးစက္ကာ ဖာသိဖာသာေနေပမယ့္ ရႊယ္က်င္းရီအေပၚကိုေတာ့ ၾကင္နာတယ္မဟုတ္ဘူးလား။ သူ ဘာျဖစ္သြားတာလဲ..။ ဒီလူက တစ္ညေနခင္းနဲ႔ အားလံုးေျပာင္းလဲသြားမယ္ဆိုတာ က်ိဳးယြင္ရွန္႔ မယံုႏိုင္ေပ။ သူ ဦးေႏွာက္ေပါက္မတတ္ ေတြးေနေပမယ့္ ဒီလူ ျပန္လည္ေမြးဖြားလာမယ္ဆိုတာ လံုးဝမေတြးမိခဲ့ေပ။

ေနမေကာင္းျခင္း၊ အားနည္းျခင္းက ရႊယ္က်င္းရီ၏ အားအကိုးရဆံုးလက္နက္ဆိုတာ အရင္ဘဝက ေနာက္ဆံုးခ်ိန္ေရာက္မွ ရႊယ္ဇီရႊမ္ သိခဲ့သည္။ သူမ ဘာမဟုတ္တာလုပ္ထားပါေစ ရင္ဘတ္ကို လက္နဲ႔ဆုပ္ကိုင္ျပ လိုက္ၿပီး ညည္းညဴျပလိုက္တာနဲ႔ တစ္မိသားစုလံုးက သူမရဲ႕အမွားကို ခြင့္လႊတ္ခဲ့ၾကစျမဲပင္။ ၿပီးေတာ့ သူမလိုခ်င္တာကို ခ်က္ခ်င္း သူမေရွ႕ကို ပို႔ေပးခဲ့ၾကသည္။ ၾကာေတာ့ သူမက ဒီလို 'လိုတရ' အျဖစ္က သူမရသင့္သည့္အရာဟု ထင္လာၿပီး တစ္ဖက္သားကို ထည့္မစဥ္းစားေတာ့ေပ။ ေနာက္ဆံုး သူမ၏အမႊာအစ္ကို၏ဘဝကို ဖ်က္ဆီးဖို႔ပင္ ဝန္မေလးေတာ့ေပ။

ဒီဘဝမွာေတာ့ သူမ၏လွည့္ကြက္ထဲ သူ ဘယ္ေတာ့မွ ထပ္ဝင္ေတာ့မည္မဟုတ္ေပ။ သူမအားနည္းေတာ့ေရာ ဘာျဖစ္လဲ..၊ သူမေသခါနီးေတာ့ေရာ ဘာျဖစ္လဲ..၊ ဒါက သူမရဲ႕ကံတရားပဲ။ ေမြးရာပါ ႏွလံုးေရာဂါနဲ႔ ေမြးဖြားလာရတာက ဟြမ္ရီရဲ႕အျပစ္မဟုတ္ေပ။ သူမရဲ႕ကံတရားကို သူတစ္ပါးကို ပံုခ်လိုက္လို႔မရေပ။ သူမအသက္ရွင္ဖို႔ သူတစ္ပါးအသက္ကို ႏႈတ္ယူပိုင္ခြင့္ သူမမွာမရွိေပ။ သူမျပႆနာကို သူမဘာသာပဲ ေျဖရွင္းသင့္သည္။

=========================

FOD Extra 1 - Chapter (4-2) - မင်းမကျန်းမာတာ ဟွမ်ရီရဲ့အမှားမဟုတ်ဘူး

ဒီကုသမှုတလျှောက်လုံး ကျိုးယွင်ရှန့်က တက်ကြွစွာပူးပေါင်းပါဝင်ပေးပြီး တောက်လျှောက်စိုက်ကြည့်နေသည့် ရွှယ်ဇီရွှမ်ကို ကျေးဇူးတင်ဟန် ဖြူစင်သည့်၊ ဝမ်းနည်းနေသည့် အကြည့်လေးများ ပြန်ပေးလိုက်သည်။ သူဒီလိုကြည့်လိုက်တိုင်း တစ်ဖက်က အပြစ်မကင်းသလို၊ ဝမ်းနည်းဟန် ဖြစ်သွားတော့သည်။ သူက ဝမ်းနည်းဟန်လေးဖြင့် ကြည့်လိုက်တိုင်း ရွှယ်ဇီရွှမ်က သူ့ကို သနားစာနာမှုတို့ ပိုတိုးလာတော့သည်။

ဒါပေမယ့် သူရောက်နေသည့်နေရာကို စဉ်းစားမိတော့ ကျိုးယွင်ရှန့် တုန်လှုပ်သွားခဲ့သည်။ တစ်ဖက်လူကို သူခန့်မှန်းတာ မှားသွားပြီထင်သည်။ တကယ်တော့ ဒီနေရာက စိတ်ကူးကြည့်လို့မရအောင် ကြမ်းတမ်းရိုင်းစိုင်းသည့် လောကတစ်ခုသာဖြစ်သည်။ အပြင်ဘက်ကော်ရစ်ဒါဘက်မှ ဒေါက်ဖိနပ်သံကို ကြားလိုက်ရပြီး အခန်းထဲကို ရွှယ်လီဒန်နီနှင့် ရွှယ်ကျင်းရီတို့က ဖူဘိုနှင့်အတူ ဝင်လာကြတာကို တွေ့လိုက်ရသည်။

"မင်း ဘာကြောင့် ဒီကိုရောက်နေတာလဲ.. တကယ်လို့ Xiao Wang သာ အမေ့ကိုဖုန်းမဆက်ရင် မင်း လမ်းပျောက်နေပြီလို့ အမေထင်မိမှာ.."

သူမက အပေါ်ထပ်ကိုညွှန်ပြကာ ပြောလိုက်သည်။

"အမေ အပေါ်ထပ်က ဦးနှောက်နဲ့အာရုံကြောဌာနမှူး Dr.Liu နဲ့ ဖုန်းပြောပြီးသွားပြီ.. အပေါ်ထပ်သွားပြီး CT Scan ရိုက်ရအောင်.. တကယ်လို့ သားရဲ့အခြေအနေ မတည်ငြိမ်သေးရင် တစ်ခါတည်း ဆေးရုံတက်သွားရအောင်.."

ဆရာဝန်ကို စိတ်ပူစွာ မေးခွန်းထုတ်နေသည့် ရွှယ်ဇီရွှမ်၏အမူအယာတို့က ဒီစကားကိုကြားတော့ အေးစက်သွားပြီး လက်ချောင်းလေးများကို ရိုက်ထားသည့် ဓာတ်မှန်တွေကို စာအိတ်ကြီးထဲ ပြန်ထည့်လိုက်သည်။ ပြီးတော့ ပိန်သွယ်သောကောင်လေး၏ လက်မောင်းကို ညင်သာစွာဆုပ်ကိုင်ကာ ပြောလိုက်သည်။

"ဆရာဝန်က အားလုံး အဆင်ပြေတယ်လို့ပြောတယ်.. ကိုကိုတို့ ဆေးညွှန်းပေးထားတဲ့အတိုင်း ဆေးဝယ်ဖို့ အောက်ထပ်ကိုသွားရအောင်.. ပြီးရင် အိမ်ပြန်ကြစို့.."

သူက ကျိုးယွင်ရှန့်ကိုဆွဲကာ ရွှယ်လီဒန်နီနှင့် ရွှယ်ကျင်းရီကို အကြည့်တစ်ချက်တောင်မပေးဘဲ ဘေးကဖြတ်လျှောက်ကာ ထွက်လာခဲ့သည်။

ရွှယ်လီဒန်နီသည် သူမသားဆီက မတူညီတဲ့ဆက်ဆံမှုကို အကြိမ်များစွာ ခံခဲ့ရသည်။ အခု သူက သူမကို 'mom' ဟုခေါ်နေရာမှ 'အမေ' ဟုခေါ်လိုက်သဖြင့် လျစ်လျှူရှုခံရသလို ခံစားခဲ့ရသည်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် သူ့သား စိတ်ကုထုံးခံခဲ့ရပြီး သတိရလာချိန်ကို ပြန်ရောက်သွားသလို ခံစားရသည်။ အဲ့ဒီအချိန်တုန်းက သူ့သားက မိသားစုဝင်တွေကို အာရုံမရှိဘဲ စန္ဒယားကိုပဲ အဖော်လုပ်ခဲ့သည်။ သူ့ဘဝကို စန္ဒယားလေ့ကျင့်ခြင်း၊ တီးခတ်ခြင်းဖြင့်သာ နှစ်မြှုပ်နေခဲ့လို့ သူမက နာကျင်ဝမ်းနည်းခဲ့ရသည်။ အခုတော့ သူမသားက စန္ဒယားကို ဘဝထင်နေရာမှ ဟွမ်ရီကို ပြောင်းလဲသွားခဲ့လေပြီ။ ဒီကောင်လေးကို သူ့ဘဝလိုသဘောထား ဆက်ဆံနေခြင်းက ရွှယ်လီဒန်နီကို ယခင်ကထက် ဝမ်းနည်းနာကျင်လာစေသည်။ ရွှယ်လီဒန်နီက နှလုံးရောဂါခံစားနေရသည့် မွေးစားသမီးထက် သူမ၏သားကို အဆပေါင်းများစွာ ဂရုတစိုက် ပြုစုပျိုးထောင်ခဲ့သည်။ ဒါပေမယ့် သူမသားက သူမ၏အပြုအမူနှင့် အတွေးကို ဘယ်လိုတောင် လျစ်လျှူရှုနိုင်ရတာလဲ..။

သူမသား သတိပြန်ရလာကတည်းက ဟွမ်ရီတစ်ယောက်တည်းကိုပဲ စိုက်ကြည့်နေပြီး ဟွမ်ရီဘေးက ခွာသွားတယ်လို့တောင် မရှိခဲ့ပေ။ သူသွားလေရာတိုင်း ဒီကောင်လေးရဲ့လက်လေးကို ဆုပ်ကိုင်ကာ တန်ဖိုးရှိပြီး ကျိုးပဲ့လွယ်တဲ့ရတနာလေးလို သဘောထားပြီး တယုတယဆက်ဆံနေပုံက ဘယ်လိုမှ မမျှော်လင့်ထား၊ လက်မခံနိုင်သော ကိစ္စရပ်သာဖြစ်သည်။ ဒီကောင်လေးက သူ့သားအပေါ် အောက်လမ်းမှော်ပညာကိုသုံးပြီး ပြုစားထားသလားလို့တောင် ရွှယ်လီဒန်နီ သံသယဝင်လာသည်။

"ဘယ်ကိုသွားမလို့လဲ.. အခုချက်ချင်း ဒီကိုပြန်လာစမ်း.. မင်းကို ဆေးသွားစစ်ဖို့ အမေပြောနေတယ်လေ.. ဒါက မင်းကို ထိခိုက်အောင်လုပ်နေတယ်လို့ ထင်နေတာလား.."

သူမသားက လုံးဝလျစ်လျှူရှုကာ ထွက်သွားတာတွေ့တော့ ရွှယ်လီဒန်နီက သားနောက် အပြေးအလွှားလိုက်ခဲ့သည်။ ရွှယ်ကျင်းရီက အနီးက ကပ်ပါလာသည်။ ဒီနေ့တစ်နေကုန် ပြေးလွှားသွားလာနေရလို့ နှလုံးရောဂါသည်သူမက limit ကိုကျော်ပြီး လဲပြိုကျချင်လောက်အောင် ပင်ပန်းလို့နေပြီ။ ဒါပေမယ့် သူမ လဲပြိုလို့မဖြစ်ပေ။ သူမ လဲကျသတိလစ်သွားရင် ဟွမ်ရီ့ဘေးကို ကိုကို လုံးဝရောက်ရှိသွားမည်ကို ကြောက်လို့ အတင်းတောင့်ခံထားရသည်။

မဟုတ်သေးဘူး..။ သူမ မှားသွားပြီထင်တယ်။ တကယ်လို့ သူမ ခုနေ လဲကျသွားရင် အစ်ကိုကြီးက ဘယ်သူ့ကိုရွေးချယ်မယ် ထင်သလဲ..။ ငယ်ကတည်းက ယုယခဲ့သည့် ညီမကိုလား..၊ လတချို့ပဲသိခဲ့တဲ့ ဟွမ်ရီ့ကိုလား..။ ဒီအတွေးပေါ်လာပြီးနောက် ရွှယ်ကျင်းရီရဲ့အတွေး တန့်သွားပြီး နံရံကိုလက်ထောက်ကာ သူမလက်တစ်ဖက်က ရင်ဘတ်ကိုဖိဆုပ်ကာ အော်ပြောလိုက်သည်။

"အစ်ကိုကြီး.."

သူမက ပြောပြီး ပြိုလဲချလိုက်သည်။

"ကျင်းရီ.. ကျင်းရီ.. မြန်မြန်.. ဆရာဝန်ခေါ်ပေးကြပါဦး.. မြန်မြန်.."

ရွှယ်လီဒန်နီက စိုးရိမ်စွာဖြင့် သမီးနားပြေးလာပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

"သခင်မလေး.. သခင်မလေး.. သတိထားပါဦး.. ဆေး.. ဆေး ဘယ်မှာလဲ.."

ဖူဘိုက ရွှယ်ကျင်းရီ အမြဲယူဆောင်လေ့ရှိသော နှလုံးဖောက်ရင်သောက်ရသည့် အရေးပေါ်ဆေးကို ဘယ်လိုမှရှာမတွေ့တော့ မျက်နှာဖြူရော်သွားခဲ့သည်။ ဒါပေမယ့် ကံကောင်းပြီး ဆေးရုံမှာဖြစ်လို့ ဆရာဝန်နဲ့သူနာပြုတွေ ချက်ချင်းရောက်ရှိလာပြီး သူမကို လူနာကုတင်ပေါ် သယ်သွားပြီး ကုသမှုကို အချိန်မှီ လုပ်ဆောင်ပေးလိုက်ကြသည်။

Xiao Wang က ဒီအော်သံကိုကြားတော့ ခေါင်းကိုလှည့်ပြီး သခင်လေးကြားအောင် ပြန်ပြောလိုက်သည်။

"မကောင်းတော့ဘူး.. မမလေး နှလုံးဖောက်နေပြီ.."

ကျိုးယွင်ရှန့်က ဒီအသံကိုကြားတော့ မတ်မတ်ရပ်ပြီး ခေါင်းငုံ့ကာ နေလိုက်မိသည်။ ချက်ချင်းစုဝေးလာသည့် လူအုပ်ကြီးကို ငေးကြည့်နေမိသည်။ ရွှယ်ကျင်းရီကို လူနာတွန်းလှည်းပေါ်တင်လိုက်ပြီး ဆရာဝန်က သူမရင်ဘတ်ကို စမ်းသပ်လို့နေပြီး သူနာပြုများက တွန်းလှည်းတလျှောက် လမ်းကြောင်းမှာပိတ်နေသည့် လူများကို ဖယ်ပေးရန်အော်ပြောရင်း ဓာတ်လှေကားဘက်ကို တွန်းယူသွားကြသည်။

Xiao Wang က တွန်းလှည်းနောက်ကို ပြေးလိုက်သွားပြီး လဲပြိုလုလုဖြစ်နေသည့် ရွှယ်လီဒန်နီကို ဖူဘိုနှင့်အတူ ဘေးကနေ ဖေးမပေးလိုက်သည်။

ရွှယ်ကျင်းရီက လုံးလုံးသတိလစ်မသွားပေ။ သူမမျက်လုံးကို တစ်ဖက်ဖွင့်ထားပြီး တွန်းလှည်းက ရွှယ်ဇီရွှမ်နားဖြတ်သွားစဉ် သူမလက်ကိုမြှောက်ကာ အစ်ကိုကြီးကိုစိုက်ကြည့်ပြီး လှမ်းဆုပ်ရန် ကမ်းပေးနေသည်။ အသက်ရှူရခက်သဖြင့် သူမ၏နဖူးပေါ်မှာ ချွေးတို့ရွှဲနေပြီး သူမ၏မျက်ဝန်းထောင့်မှ မျက်ရည်စတို့ တွဲခိုနေသည်။ ဖြူရော်ခြောက်သွေ့သည့် နှုတ်ခမ်းတို့က ဟနေပြီး တစ်စုံတစ်ယောက်ကို လှမ်းခေါ်နေသလိုပင်။

'အစ်ကိုကြီး' လို့ခေါ်လိုက်ပေမယ့် အသက်ရှူမဝလို့ ဒီအသံက သူမနှုတ်မှ ထွက်မလာနိုင်ခဲ့ပေ။ ရွှယ်ဇီရွှမ်၏ အင်္ကျီလက်ကို လှမ်းဆွဲချင်ပေမယ့် ဆွဲဖို့ အားမရှိအောင်ဖြစ်နေလို့ သူမမျက်ဝန်းထဲ နာကျင်ခံစားမှုဖြင့် မျက်ရည်တွေ ဆက်တိုက်စီးကျနေသည်။

သူမပုံစံက သနားစရာကောင်းလွန်းလို့ ကျိုးယွင်ရှန့်ပင် စိတ်မကောင်းဖြစ်လာမိသည်။ ရွှယ်လီဒန်နီက မခံမရပ်နိုင်စွာဖြင့် သားဖြစ်သူကို လှမ်းပြောလိုက်သည်။

"မင်း ဘာလုပ်နေတာလဲ.. မင်းညီမက မင်းကိုခေါ်နေတယ်လေ.. မြန်မြန်လာပြီး သူမလက်ကို ကိုင်ထားပေးလိုက်.."

သူမသမီးက နေမကောင်းတိုင်း သူမကို မ'တ'ဘဲ သူမသားကိုသာရှာကြောင်း တစ်အိမ်သားလုံး သိထားပြီးဖြစ်သည်။

ကျိုးယွင်ရှန့်က မလိုအပ်တော့တဲ့ စာနာသနားမှုကိုရုပ်သိမ်းကာ ရွှယ်ဇီရွှမ်ကို ချောင်းကြည့်လိုက်သည်။ သူက ရွှယ်ဇီရွှမ်၏ မတုန်မလှုပ် အေးစက်စက်ပုံစံကိုမြင်တော့ အံ့အားသင့်သွားသလို ရွှယ်လီဒန်နီပြောတာ မှားယွင်းတယ်ဆိုတာ သိလိုက်ရသည်။ ရွှယ်ဇီရွှမ်၏မျက်လုံးက မှောင်မိုက်နေပြီး အေးစက်နေပေမယ့် သူက ကျိုးယွင်ရှန့်၏ပုခုံးကို သိုင်းဖက်ကာ ကျန်လက်တစ်ဖက်က သူ့အင်္ကျီအိတ်ထဲထည့်ကာ သူ့မိသားစုဝင် အရေးပေါ်ဖြစ်နေတာကို စိုးရိမ်ခြင်း ပူပန်ခြင်းမရှိ စိုက်ကြည့်လို့နေသည်။ ဒီလူငယ်၏ကြွက်သားများက တောင့်တင်းမှုကင်းကာ သက်တောင့်သက်သာပုံစံပင် ရပ်နေသည်။

ရွှယ်ဇီရွှမ်က ခါတိုင်းဆိုလျှင် ခုလိုအေးစက်ကာ ဖာသိဖာသာနေပေမယ့် ရွှယ်ကျင်းရီအပေါ်ကိုတော့ ကြင်နာတယ်မဟုတ်ဘူးလား။ သူ ဘာဖြစ်သွားတာလဲ..။ ဒီလူက တစ်ညနေခင်းနဲ့ အားလုံးပြောင်းလဲသွားမယ်ဆိုတာ ကျိုးယွင်ရှန့် မယုံနိုင်ပေ။ သူ ဦးနှောက်ပေါက်မတတ် တွေးနေပေမယ့် ဒီလူ ပြန်လည်မွေးဖွားလာမယ်ဆိုတာ လုံးဝမတွေးမိခဲ့ပေ။

နေမကောင်းခြင်း၊ အားနည်းခြင်းက ရွှယ်ကျင်းရီ၏ အားအကိုးရဆုံးလက်နက်ဆိုတာ အရင်ဘဝက နောက်ဆုံးချိန်ရောက်မှ ရွှယ်ဇီရွှမ် သိခဲ့သည်။ သူမ ဘာမဟုတ်တာလုပ်ထားပါစေ ရင်ဘတ်ကို လက်နဲ့ဆုပ်ကိုင်ပြ လိုက်ပြီး ညည်းညူပြလိုက်တာနဲ့ တစ်မိသားစုလုံးက သူမရဲ့အမှားကို ခွင့်လွှတ်ခဲ့ကြစမြဲပင်။ ပြီးတော့ သူမလိုချင်တာကို ချက်ချင်း သူမရှေ့ကို ပို့ပေးခဲ့ကြသည်။ ကြာတော့ သူမက ဒီလို 'လိုတရ' အဖြစ်က သူမရသင့်သည့်အရာဟု ထင်လာပြီး တစ်ဖက်သားကို ထည့်မစဉ်းစားတော့ပေ။ နောက်ဆုံး သူမ၏အမွှာအစ်ကို၏ဘဝကို ဖျက်ဆီးဖို့ပင် ဝန်မလေးတော့ပေ။

ဒီဘဝမှာတော့ သူမ၏လှည့်ကွက်ထဲ သူ ဘယ်တော့မှ ထပ်ဝင်တော့မည်မဟုတ်ပေ။ သူမအားနည်းတော့ရော ဘာဖြစ်လဲ..၊ သူမသေခါနီးတော့ရော ဘာဖြစ်လဲ..၊ ဒါက သူမရဲ့ကံတရားပဲ။ မွေးရာပါ နှလုံးရောဂါနဲ့ မွေးဖွားလာရတာက ဟွမ်ရီရဲ့အပြစ်မဟုတ်ပေ။ သူမရဲ့ကံတရားကို သူတစ်ပါးကို ပုံချလိုက်လို့မရပေ။ သူမအသက်ရှင်ဖို့ သူတစ်ပါးအသက်ကို နှုတ်ယူပိုင်ခွင့် သူမမှာမရှိပေ။ သူမပြဿနာကို သူမဘာသာပဲ ဖြေရှင်းသင့်သည်။

=========================




ရွှယ်ဇီရွမ် (Completed) (MM Translation)Where stories live. Discover now