Part 16 ( ယွဲ့ဖုန်ရေကန်က မီးမျှောပွဲ)

5.8K 791 39
                                    

အပိုင်း ၁၆ ( ယွဲ့ဖုန်ရေကန်က မီးမျှောပွဲ)

ကောင်းကင်ယံရှိ နေမင်းကြီးသည် တောက်ပလျက်ရှိသော်လည်း တောတောင်အတွင်း ပေါက်ရောက်လျက်ရှိသော သစ်ပင်ကြီးငယ်များကြောင့်တော့ နေရောင်ခြည်ပြင်းပြင်းက မြေပြင်ထိ တိုက်ရိုက်ကျရောက်မလာနိုင်ကြချေ။ တစ်ရွေ့ရွေ့လာနေသော မြင်းခွာသံတို့သဲ့သဲ့နှင့်အတူ မြေနီလမ်းထက်တွင် မြင်းခွာရာတို့က ထင်ကျန်ရစ်နေခဲ့သည်။

" ရှေ့မှာ ဘာမြို့လဲ။"

အန်းလုက ချီရှန်း၏ရှေ့တွင်မြင်းကိုခွကာထိုင်ထားပြီး ချီရှန်းက အန်းလု၏နောက်မှနေ၍ မြင်းဇာတ်ကြိုးအားထိန်းကိုင်ထားသည်။ အန်းလုက မေးတာကြောင့် ချီရှန်းက မြေနီလမ်း၏ အဆုံးကိုကြည့်ရင်း ဖြေလိုက်သည်။ ဘေးတွင် ရှောင်းရှင်းကမြင်းတစ်စီး၏ကိုယ်ပေါ်မှ လိုက်ပါလာ၏။

"ကျီရင်း မြို့။ ကိုယ်တို့က ယွဲ့ဖုန် မြို့မှာ နားမှာ။ အဲ့မြို့ကနေ ဖြတ်ရမှာ ခဏပဲ ကြာမှာမလို့ နောက်မြို့တစ်မြို့ကျမှနားမယ် နေဝင်ချိန်နဲ့ကိုက်အောင်လို့လေ။ အန်းလု ပင်ပန်းနေလို့လား။"

"မ...မဟုတ်ပါဘူး။ ဒီအတိုင်းသိချင်လို့မေးကြည့်တာ။"

(ယွဲ့ဖုန်ဆို...ယွဲ့တိုင်းပြည်နဲ့ နီးနေပြီမလား။ ငါ သွားကြည့်လိုက်သင့်လား။

အကြောင်းစုံလည်း သိသေးတာမဟုတ်တော့ ငါဘာမှလုပ်နိုင်မယ်မထင်ဘူး။ နည်းနည်းလောက်တော့ လေ့လာနိုင်မယ်ထင်တယ်။"

အန်းလုက သူ၏လက်နှစ်ဖက်အား ဆုပ်ကိုင်ကာ ခေါင်းကိုငုံ့နေသည်။ ချီရှန်းက သူ၏ ကိုယ်ခန္တာအား အနည်းငယ်ရှေ့သို့တိုးကာ အန်းလုဘေးထိ သူ၏မျက်နှာကိုတိုးကပ်လိုက်သည်။ အန်းလု၏ နားဘေးနားမှနေ၍ ခပ်တိုးတိုးအသံဖြင့်

"အဲ့ဒီမြို့မှာ ဒီညမီးမျှောပွဲရှိတယ်။ မင်း စိတ်လှုပ်ရှားနေတာလား။ "

"မီးမျှောပွဲ!!!"

အန်းလုက သူ၏ခေါင်းကိုနောက်သို့လှည့်လိုက်ပြီး ချီရှန်းကို ဝင်းလဲ့သွားသည့်မျက်ဝန်းတစ်စုံဖြင့် မေးလိုက်သည်။ ချီရှန်းက သူ၏ ကိုယ်ခန္တာအား ပုံမှန်အတိုင်းပြန်နေကာ မြင်းကိုဆက်သွားစေလိုက်ရင်း

LOVE, BUT HURT (Season 3)_ The Last Begin_[Completed] Where stories live. Discover now