Unicode
ကွယ်လွန်သူမိဘနှစ်ပါး၏ ဓာတ်ပုံဘေးတွင်
သုထက်ကိုကို ငြိမ်သက်စွာပင် ထိုင်နေမိ၏။
လာသမျှ ဧည့်သည်တို့ကိုလည်း ဧည့်ခံရရှာ
သေးသည်။နှစ်သိမ့်စကားများကြောင့် ငိုချင်
စိတ်တို့ကို ပို၍ဖြစ်စေပေသော်လည်း ငိုခဲ့ခြင်း
ပင်မရှိခဲ့။လူဆိုတာသေမျိုးကြီးပါပဲ။သေချိန်တန်သေကြရမယ်။ကိုယ်အပါအဝင် လူတွေ
ဟာ တစ်ချိန်ချိန်မှာတော့ သေကြရမှာပါပင်
ဖြစ်သည်။သို့သော်ရုတ်တရက်ဆိုသလို
မိဘနှစ်ပါးလုံးက ဘဝထဲမှ ပျောက်ကွယ်
ထွက်သွားခဲ့ကြလေပြီဖြစ်၏။နှုတ်ဆက်ဖို့
အခွင့်အရေးတို့ပင် သုထက်ကိုကို မရခဲ့ပါ။ဖေဖေ့ကုမ္ပဏီကလည်း ဒေဝါလီခံရတော့
မည်။ထို့ကြောင့် ငယ်သူငယ်ချင်းနှင့်အဆက်
အသွယ်ရ၍ အကူညီတောင်းဖို့သွားသည့်လမ်း
တွင် ကံမကောင်းအကြောင်းမလှစွာနှင့်ပင်
ကားအက်စီးဒင့် ဖြစ်ခဲ့ရရှာသည်။ကျောင်းမှ
အမြန်ဆုံးဆေးရုံသို့လိုက်သွားခဲ့ပေမဲ့လည်း
အသက်ပင် မမှီလိုက်ပေ။မငိုခဲ့ပါ။
အခုထိလည်းမငိုဖြစ်သေး။တောင့်ခံထား
သည်။ငိုချင်လာလျှင်အံကြိတ်ထားလိုက်သည်။စိတ်ဖြောင့်ဖြောင့်နဲ့သာ ဘဝတစ်ပါးကိုသွားကြ
ပါတော့ဖေဖေနဲ့မေမေဟု တိုးတိတ်စွာ ဆိုမိ
လေသည်။တစ်ရွေ့ရွေ့နဲ့နာရီလက်တံလေးဟာ၂နာရီကို
ညွှန်ပြနေချေပြီ။ဧည့်သည်များသည်လည်းမရှိတော့။ အိမ်မှအလုပ်သမားတွေကိုလည်း
ဆက်ပြီးမငှားထားနိုင်တော့တာကြောင့် သူတို့
လည်းသူတို့၏နေရပ်ကိုပြန်ရန်အထုပ်တွေနှင့် အဆင့်သင့်ဖြစ်နေကြပြီလည်း ဖြစ်သည်။
မကြာခင် သူလည်း ဒီအိမ်ကနေထွက်ခွာပေး
ရဦးမည်။ဘယ်သွားရမယ်မှန်းလည်းမသိပါ။
မွေးကတည်းကအရာရာပြီးပြည့်စုံခဲ့တဲ့
ကိုယ်ဟာ အခုတော့ တစ်ကောင်ကြွက်နေစရာ
နေရာလည်းမရှိတော့။သုထက်ကိုကိုကသူ့ရဲ့
အတွေးကြောင့် "ဟက်"ခနဲတစ်ချက်ပင်ရယ်မိသည်။အချိန်တိုလေးအတွင်းမှာပင်အားကိုးရာ
မဲ့ခဲ့ရပြီ မဟုတ်ပါလား။"အစ်ကိုလေး မိနွယ်တို့သွားကြတော့မလို့"
"အော် အင်းအင်း။ပြန်ဖို့လမ်းစရိတ်ယူသွားဦးနော်"
YOU ARE READING
ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}