၇၇။ မရီးကို စစ်ဆေးမေးမြန်းခြင်း(၁)

3.9K 401 12
                                    

လွန်ခဲ့တဲ့ ၁နာရီခန့်က....

ရှန်းရွှီ... အိပ်ယာပေါ် လှဲချလိုက်ပြီး သူ့ဦးနှောက်က အရမ်းကို ရှုပ်ထွေးလွန်းနေတော့ နဖူးပေါ်လက်တင်လိုက်ကာ မျက်နှာကျက်ကိုပဲ ကြည့်နေမိသည်။ သူ ဒီအိမ်ထဲကို ဝင်လာတာနဲ့ သူ့အစ်ကိုက သူ့ကို ကန်ချမယ်လို့ ထင်ထားပေမယ့် ရုတ်တရက် မိန်းမငယ်လေးကို တွေ့လိုက်ရသည်လေ....

သူ့ရဲ့ စိတ်ပုတ်တဲ့အစ်ကိုက အံ့ သြနေခြင်းမရှိ​ပေ။ အဲ့ဒီမိန်းကလေးက ခေတ်ဆန်တဲ့ အသိုင်းအဝိုင်းက မိန်းကလေးတွေလောက် မလှပေမယ့် သူ့အစ်ကိုနဲ့တော့ လိုက်ပေသည်။

ဒီမိန်းကလေးက ရှန်းရီကို ဘယ်လိုများဆွဲဆောင်လိုက်တာလဲ...? ရှန်းရီက သာမန်မဟုတ်ဘူးလေ...ရှန်းလုပ်ငန်းစုရဲ့ ဥက္ကဌ ဒီမွန်ကြီးလေ...သူမကရော မကြောက်ဘူးလား....?

အရင်က ဒီအခန်းမှာ သူနေခဲ့ဖူးသည်။ အခန်းက အရင်ကထက် ပိုရှင်းလင်းပြီး တောက်ပြောင်နေသလိုပင်။ ရေချိုးခန်းလည်း အရမ်းသန့်ရှင်းနေပြီး အိပ်ယာခင်းက အစ တာဝါအဆုံး အကုန်အသစ်ဖြစ်နေ၏။

ထို့နောက် သူ့ဆီမှာ အတွေးတစ်ခုဝင်လာ၏။ သူတို့နှစ်ယောက် ငါ့ကို လှည့်စားနေတာများလား..? ဒီလိုသွေးအေးတဲ့ သူဆီမှာ မိန်းမရှိတယ်ဆိုတာက တကယ်ကို နားလည်ရခက်လွန်းတယ်။ မရီးကရော သူ့အစ်ကိုကို ယူထားတာ ပိုက်ဆံမက်လို့များလား...? ဒါပေမယ့် သူမပုံစံက အဲ့လိုမျိုး မဟုတ်ပါဘူး...အမူအယာကနေကြည့်ရင် သိနိုင်ပါတယ်လေ....

ထို့နောက် နေ့လည်လောက်ကျတော့ ရှန်းရွှီ ဗိုက်ဆာလာပြန်၏။ သူ့ဗိုက်က အရမ်းကို အော်နေတဲ့အတွက် သူ..စားဖို့ လိုလာပြီ။

သူ..အောက်ထပ်ဆင်းလာပြီး မီးဖိုချောင်ထဲဝင်သွားတော့....

" အာ..၊ဗိုက်ဆာနေပြီလား...?''
ချင်းယီက မီးဖိုနားမှာ အလုပ်ရှုပ်နေရင်းနဲ့ ပြုံးပြလာသည်။

" နေ့လည်စာကို ကိုယ်တိုင်ချက်နေတာလား...? မဒမ်ဂျင်ရော...?''
ရှန်းရွှီ အံ့ သြစွာနဲ့ မေးလာ၏။ မနက်စာကိုလည်း ချင်းယီ ပြင်ပေးတာပဲ တွေ့ရပြီး မဒမ်ဂျင်ကိုလည်း မတွေ့မိပေ။

" မဒမ်ဂျင်က ကျွန်မအတွက် ဈေးသွားဝယ်ပေးနေတာ....နေ့လည်လောက်မှပြန်ရောက်မယ်လို့ ကျွန်မကိုပြောသွားတယ်....''
သူမ ပြန်ဖြေလာ၏။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now