၇၈။

3.6K 395 5
                                    


❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

အပိုင်း ၇၈။ မရီးကို စစ်ဆေးမေးမြန်းခြင်း (၂)

ရှန်းရွှီက ချင်းယီပေးတဲ့ ကိတ်မုန့်ကို မြန်မြန်စားလိုက်တာက မသိရင် သူ့အစ်ကို လာလုစားမယ့် အလား..။ နောက်ပြီး နေ့လည်စာစားဖို့လည်း စိတ်လှုပ်ရှားစွာနဲ့ စောင့်စားနေမိ၏။

" အစ်ကိုနဲ့ လက်ထပ်လိုက်တာ ဘယ်လောက်ကြာပြီလဲ...?''
သူကတော့ အစားအသောက်ဆီ စိတ်ရောက်သွားပေမယ့် အဲ့တာတော့မမေ့ပေ။

" တစ်လလောက်ရှိပြီ....၊ နင့်အစ်ကိုက ဘာမှမပြောပြဘူးလား...?''

" ကျွန်တော့အစ်ကို...?''
သူ ရယ်လိုက်ပြီး...

" သူက အရမ်းလျှိုတယ်လေ.... အဖေနဲ့အမေ ကွာရှင်းပြီးကတည်းက သူ...အရမ်းပြောင်းလဲလာတယ်....''

ချင်းယီ...ရှန်းရွှီကို ကြည့်လိုက်၏။ သူမရဲ့ စိတ်ထဲမှာတော့ အံ့ သြမှုတွေ ပြည့်နှက်လို့နေသည်။

" အခုထိပဲ...၊ သူက တစ်ခုခုဆိုရင် ဘယ်သူ့ကိုမှ မပြောဘဲ ကြိတ်ခံစားတတ်တယ်....သူ လက်ထပ်လိုက်တယ်ဆိုတာကို ကျွန်တော်လေ..ယုံတောင်မယုံနိုင်ဘူး...''

" မရီးတို့ ဘယ်လိုဆုံကြတာလဲ...?''
နောက်ထပ် ကိတ်မုန့်တစ်တုံးက ရှန်းရွှီ ပန်းကန်ထဲ ရောက်လာ၏။

" သူက ဒိတ်မလုပ်ချင်ဘဲ ထွက်ပြေးမလို့ လုပ်နေတုန်း ငါနဲ့ တွေ့တာလေ...''
ချင်းယီ...၊ သူမယောင်္ကျားနဲ့ ဆုံတွေ့တဲ့ နေ့ကို မှတ်မိပြီး ပြုံးလိုက်သည်။

" ဝါး...၊ အရမ်းစိတ်ကူးယဉ်ဆန်မှာဘဲ...''
ဒါပေမယ့် သူ့အစ်ကိုရဲ့ တွေ့ဆုံမှုကလည်း ရယ်စရာကြီး...။

" သူနဲ့ ဘယ်လိုများ သည်းခံပြီးနေတာလဲ...?''

ချင်းယီက စားပွဲပေါ်မှာ ပန်းကန်တွေချနေပြီး ဟင်းတွေ ထည့်နေ၏။

" ရှင်သိလား..ရှန်းရွှီ...၊ တစ်ခါတစ်လေကျရင် ရှင့်အစ်ကိုကလေ သူမဟုတ်တဲ့အတိုင်း မူယာမာယာများလွန်းတယ်...ဒါပေမယ့်လည်း လူတွေ ပြောသလောက်လည်း မဆိုးလှပါဘူး...''

ရှန်းရွှီသဘောတူစွာနဲ့ ခေါင်းညိတ်လိုက်၏။ ဟုတ်ပါတယ်လေ....သူ့အစ်ကိုက တစ်ခါတစ်လေ လည်း ပြောရလွယ်တယ် မဟုတ်လား...?

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now