၇၉။

3.6K 389 6
                                    

❤ စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

အပိုင်း ၇၉။ ငါက ချင်းယီကို ကာကွယ်ဖို့ လက်ထပ်ခဲ့တာ....

" မင်း..ငါ့အိမ်ကို ဘာလို့လာတာလဲ...?''
ရှန်းရွှီက သူ့ကို အသိပေးခြင်းမရှိဘဲ ဒီလို ရောက်ချလာတာက ပိုပြီး သံသယဖြစ်စရာကောင်းသည်။

" မကြာခင်မှာ အဖွားပြန်လာတော့မယ်.. ''
ရှန်းရွှီ...ခပ်တည်တည်နဲ့ ပြောလာ၏။

" ငါ့ကို အပြည့်အစုံပြော...''

" ရှားယုဟန်ကို မောင်းထုတ်လိုက်တဲ့ အစ်ကို့ရဲ့ အပြစ်တွေကြောင့်ပေါ့....''
ရှန်းရွှီ လက်ပိုက်လိုက်ပြီး သူ့အစ်ကိုကို ကြည့်လိုက်၏။ မရီးကတော့ သူတို့အနားမှာ မရှိနေပေ။

ဟမ်...ငါ ကိတ်မုန့်တွေ စားပြီးပြီလေ...ဗိုက်က ဘာလို့ထပ်ဆာလာရတာလဲ....? မသိရင် အငတ်တိုင်းပြည်က လာတာ ကျနေတာပဲ....

ရှားယုဟန်အကြောင်း စဉ်းစားလိုက်တော့.....

သူ့ရဲ့ အဖေနဲ့ အဖွားက သူ့အစ်ကိုကို ရှားယုဟန်နဲ့ အတင်းဒိတ်လုပ်ခိုင်းသည်လေ....အဲ့တာကို သူ့အစ်ကိုက မျက်နှာပြောင်တိုက်ပြီး မောင်းထုတ်လိုက်တာကြောင့် အဖွားက ဒေါသထွက်နေခြင်းပင်။

" ငါကတော့ ချင်းယီကို လုံးဝလက်လွှတ်မှာ မဟုတ်ဘူး....''

" ချင်းယီက သာမန်မိန်းကလေးဖြစ်လို့ အဖေလက်မခံမှာ ကြောက်နေတာလား...?''

ရှန်းရီ... ရေခဲသေတ္တာဆီကို သွားလိုက်ကာ ရေဘူးယူလိုက်ပြီး သူ့ညီစားထားတဲ့ ပန်းကန်ကို ကြည့်လိုက်၏။ နောက်ဆုံးတော့ သူထင်သလိုပဲ သူ့မုန့်တွေ စားလိုက်ပြန်ပြီ.....

" ချင်းယီက သာမန်မိန်းကလေး မဟုတ်ဘူး...Sun မိသားစုရဲ့ မြေးပဲ.......နောက်ပြီး
ငါ ခွင့်မပြုဘဲနဲ့ ငါ့မုန့်တွေကို မစားနဲ့.!''
ရှန်းရီ သတိပေးလာလေ၏။

"ဘာတွေ လာပြောနေတာလဲ...? မရီးက ကျွန်တော့်ကို ကျွေးတာလေ...! နောက်ပြီး.. ဘာ..ဘာပြောလိုက်တယ်...? သူမက Sun မိသားစုက...?''

ရှန်းရီက ပန်းကန်ပြားကို သူ့ညီဆီ ပစ်ထုတ်လိုက်တော့....

" Holy sh*t ! ကျွန်တော့်ကို သတ်ဖို့ကြိုးစားနေတာလား...?''
ရှန်းရွှီ ဖင်ထိုင်ရက် လဲကျသွားပြီး အခြေအနေတွေကို နားမလည်နိုင် ဖြစ်နေ၏။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now