Arc(2.7)

9.7K 1.6K 10
                                    

Unicode

Arc(2.7) - Saint Magus

ထိုနေရာသို့မသွားခင်မှာအဲလ်ဗစ်က သေးငယ်သည့်လမ်းကြားလေးတစ်ခု ထဲသို့အလျင်အမြန်ဆင်းွသားလိုက်ပြီး ပြန်မထွက်လာခင်မှာသူ့ခန္တာကိုယ်ပေါ် တွင်အနက်ရောင်ဝတ်ရုံကိုဝတ်ဆင် လိုက်သည်။ဝတ်ရုံ၏ခေါင်းစွပ်ကသူ့ မျက်နှာအများစုကိုဖုံးကွယ်ထားပြီးသူ့ မေးစေ့အောက်လိုင်းကိုသာအကြမ်း ဖျင်းလောက်တွေ့မြင်နိုင်၏။

အဲလ်ဗစ်ကထီလွန်မြို့၏မှော်စွမ်းအား စမ်းသပ်သည့်နေရာသို့ချက်ချင်းသွား လိုက်သည်။

စမ်းသပ်တဲ့နေရာ၏တည်နေရာသည် မြို့အနောက်ဘက်ထောင့်တွင်ရှိသည်။ အဲ့ဒီနေရာကတစ်ခြားနေရာများနှင့်ယှဉ် ရင်အလွန်တိတ်ဆိတ်ငြိမ်သက်နေပြီး တံခါးမကြီးအားဖြတ်သန်းသွားလာမည့် လူတစ်ဦးလောက်တွေ့ဖို့ကိုပင်အချိန် များစွာကြာမြင့်သည်။

အဲလ်ဗစ်ဝင်ပေါက်ဝသို့ခြေချလိုက်သည် နှင့်ခေါင်းလောင်းသံတစ်ခုကစတင်ပြီး မြည်လာခဲ့ကာအသက်ကြီးကြီးအသံ တစ်ခုကပဲ့တင်ပြီးထွက်လာခဲ့သည်။

"ဖောက်သည်ခင်ဗျား...ဒီနေရာက မှော်စွမ်းအင်စမ်းသပ်တဲ့နေရာပါ ဈေးဆိုင်မဟုတ်ပါဘူးအကယ်၍ အသင်တစ်ခြားလိုအပ်တာရှိတယ်ဆို ရင်ကျေးဇူးပြုပြီးလှည့်ထွက်သွားပေးပါ"

အဲလ်ဗစ်ကရှေ့ကကောင်တာဆီသို့ တိုက်ရိုက်သွားလိုက်ပြီးအထဲမှာထိုင် နေသည့်လူအိုကြီးကိုပြောလိုက်သည်။

"ဒီကိုမှော်စွမ်းအင်စမ်းသပ်ဖို့လာခဲ့တာ" သူသုံးလိုက်သည့်အသံကပုံမှန်ထက် ဒီဂရီအနည်းငယ်နိမ့်ကျနေပြီး၎င်းသည် သူ့ရဲ့လက်ရှိအသက်ထက်နှစ်အနည်းငယ် ပိုပြီးကြီးပုံပေါက်နေသည်။

မူလကခေါင်းငုံ့ပြီးစာဖတ်နေခဲ့သည့် လူအိုကြီးကချက်ချင်းမော့ကြည့်လိုက် ပြီးသူ့လက်များကိုသုံး၍သူ့နှာခေါင်း ပေါ်ကမျက်မှန်ကိုပင့်တင်လိုက်ကာသူ့ ရဲ့ပါးရည်တွေတွန့်နေပြီဖြစ်သည့်မျက် လုံးများကတော့အနည်းငယ်ကျဉ်း မြောင်းလိုက်ရင်းမျက်နှာတစ်ဝက် လောက်ခေါင်းအုပ်ဖြင့်ဖုံးကွယ်ထား သည့်အဲလ်ဗစ်အားခဏမျှကြည့်နေ လိုက်ပြီးမှပြောလိုက်သည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now