Chapter - 53 ( 💔💔💔 )

28.5K 3.8K 453
                                    

#Unicode

" ပါပါး ... ပါပါး "

" ပတ်ဆူးယောင် ... ပတ်ဆုန်းချူ "

အရင်တစ်ခါ အိမ်မက်နဲ့တူညီတဲ့ လူတစ်ယောက်ရဲ့ပုံရိပ် ... သူ့ရဲ့အရှေ့မှာ လှပတဲ့အမျိုးသမီးတစ်ဦးရပ်နေတယ် ... သေးငယ်တဲ့ကလေးလေးတွေက လက်ချင်းယှက်လျှက် သူ့ရဲ့ဘေးမှာ ပျော်ရွှင်စွာ ကစားနေကြတယ် ... ကလေးတွေက သူမရဲ့အော်သံကိုပင်ကြားဟန်မတူ ... သူမက ထိုမြင်ကွင်းလေးကိုပြုံးကာကြည့်နေပေမဲ့ သူမမျက်ဝန်းတွေက အရည်လဲ့လို့နေတယ် ...

" ယီယီ ... သားလေးကို ခေါ်မသွားပါနဲ့လားကွာ "

ထိုစဉ်သူမရှေ့ကလူက ဝမ်းနည်းစွာဖြင့်ပြောလာတယ် ... ထိုအခါ သူမက ...

" ရှင်သမီးလေးကိုခေါ်ထားမှာဆို ...

ကျွန်မက သားလေးကိုခေါ်သွားမယ် ...

ပါးတို့က ကျွန်မတို့ရင်သွေးလေးတွေကို ကြည့်ချင်နေကြတယ် "

" ဒါ ... ဒါပေမဲ့ မသွားလို့မရဘူးလား ...

ကိုယ်အလုပ်အားမှ အတူတူသွားရအောင် "

" ရှင်က ဘယ်တော့အလုပ်အားမှာလဲ ...

ကလေးတွေလဲ ၅ နှစ်အရွယ်ရောက်နေပြီ ...

သူတို့ A မြို့ကို တစ်ခါမှ မရောက်ဖူးသေးဘူး ...

ကျွန်မနဲ့သားလေးသွားနှင့်မယ် ... ရှင်နဲ့သမီးလေး နောက်မှလာခဲ့ပေါ့ "

သူမက သားလေးလက်ကို ဆွဲကာ ကျောခိုင်းလိုက်တယ် ... ဆူးယောင်နဲ့ ဆုန်းချူက လက်ချင်းယှက်တွဲထားလျှက် မခွဲချင်၍ အော်ငိုနေရှာတယ် ...

ဖခင်ဖြစ်သူက သားလေးကို ပွေးချီလိုက်ပြီး ...

" ပါးနဲ့ညီမလေး အနောက်ကလိုက်လာခဲ့မယ် ...

သားလေး ဖိုးဖိုးအိမ်သွားနှင့်နော် "

ကလေးလေးက ချက်ချင်းပဲအငိုတိတ်သွားတယ် ... ပြီးနောက် သူတို့ကျောခိုင်းကာ ထွက်ခွာသွားကြလေတယ် ... မင်းယွီထိုမြင်ကွင်းကို ပြတ်သားစွာမြင်နေရပြီးနောက် တဖြေးဖြေးပျောက်ကွယ်သွားလေတယ် ... ဒါက သူ့အတိတ်ကိုအိမ်မက်ကမ္ဘာထဲမှာ မြင်နေရတာပထမဆုံးပဲ ...

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now