၈၃။

4K 369 4
                                    

❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

အပိုင်း ၈၃။

ကုန်းယီကျွင်းရဲ့ အမေဆိုင်မှာတော့.....

ရွှမ်းရှုတစ်ယောက် ကောင်တာမှာထိုင်ရင်း မျက်နှာမဲမှောင်နေသည်။ လက်ထဲမှာတော့ အကြောင်းကြားစာကိုကိုင်ရင်း....

ဝန်ထမ်းတွေကို မတရားခိုင်းစေမှုနဲ့ အစားအသောက်တွေ မသန့်ရှင်းဖူးလို့ ရုံးကိုတိုင်ကြားသူရှိသောကြောင့် အမိန့်စာ ရောက်လာခြင်းပင်။
သူမကတော့ မိသားစုစီးပွားရေးအတွက် ကြံရာမရ ဖြစ်နေမိပြီ။

နောက်ထပ် ပိုဆိုးတဲ့စာတစ်စောင်က ဆိုင်နေရာကို ဖယ်ရှားပေးဖို့ပင်။ သူမတို့ ဆိုင်ခန်းရှိရာ မြေနေရာကို ပိုင်ရှင်က ကုမ္ပဏီတစ်ခုကို ရောင်းလိုက်တာကြောင့် ဒီနေရာကနေ မဖြစ်မနေ ဖယ်ရှားရတော့မည်။ ပိုင်ရှင် အသစ်ကလည်း ဒီနေရာမှာ ရှော့ပင်းမော ဆောက်ချင်သည်တဲ့လေ....အဲ့တာကြောင့် သူမလိုပဲ ဘေးပတ်ဝန်းက ဆိုင်တွေကပါ ဖယ်ရှားရတော့သည်။ ပစ္စည်းတွေ သိမ်းဆည်းဖို့ကိုလည်း အချိန်နှစ်ပတ်ပဲ ပေးထားခဲ့သည်။

မန်ကျောက်....၊ လက်ထဲက အကြောင်းကြားစာကို ကိုင်ရင်း တွေဝေနေသည်။ ' ဒီနေရာကနေ ဖယ်ရှားပေးပါ' ဆိုတဲ့ စာကြောင်းကြီးက သူမကို ကြောက်ရွံ့ နေသည်လေ....ဒီဆိုင်ရဲ့ မန်နေဂျာတစ်ယောက်အနေနဲ့ သူမလည်း အလုပ်ကို ဆုံးရှုံးရမည် မဟုတ်ပါလား....
ဒါဆို သူမတို့ရဲ့ ဝင်ငွေကရော....?

ပိုက်ဆံမရှာနိုင်ရင် Silver Leaf မှာ ဘယ်လို သွားတက်နိုင်ပါ့မလဲ...? နောက်ပြီး သူမမှာလည်း ကိုယ်ဝန်၂လနဲ့....
ဒါပေမယ့် သူမရဲ့ အချစ်တော်ကြီးကတော့ သူမကို လက်ထပ်ဖို့ ငြင်းဆန်နေပြီး လုချင်းယီဆီပဲ သွားဖို့ စိတ်အားထက်သန်နေတော့သည်။

သူမကိုယ်သူမ စိတ်ပျက်နေမိပြီ။ ကုန်းယီကျွင်းအတွက် လုချင်းယီ အဖေရဲ့ ချက်ပြုတ်နည်းစာအုပ်ကို ယူရာတွင် သူမကူညီပေးခဲ့ပြီး သူမသိမ်းထားခဲ့သေးသည်။ ဒီစာအုပ်က လုချင်းယီအတွက် ဘယ်လောက်အရေးပါလဲဆိုတာကို သူမသိသည်လေ....ဒါပေမယ့် ကံဆိုးသွားတာက အဲ့ဒီစာအုပ်က ယွမ်ကျင့်လက်ထဲ ပြန်ရောက်သွားတာပင်။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now